ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

 

+ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ရောင်ဝါနေသို့ လင်းပါစေ။
+ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မှောင်ခွါခြွေလို့ ရှင်းပါစေ။
+ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ နောင်ကြာရှည်လို့ ထွန်းပါစေ။

ငါသာငါထက် မာန်မတတ်နဲ့ အထက်နေမင်း လေးကျွန်းချင်းလည်း မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏။
(ရှင်မဟာရဋ္ဌသာရ)

ကျေးဇူးမြင်လျှင် မေတ္တာပေါ်သည်။
ကျေးဇူးပျောက်လျှင် မာနပေါ်သည်။
(ပိုင်းလော့ ဆရာတော်)

ကိုယ်တည်းတစ်ယောက်၊ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်၊ အားမထုတ်ဘူး
ဗုဒ္ဓမြတ်စွာ၊ သာသနာ၏
ရှည်ကြာအဓွန့်၊ ရောင်လျှံကွန့်ဖို့
စွန့်စားမပြတ်၊ တို့ဆောင်ရွက်သည်
စဉ်ဆက်သာသနာတည်စေသော်။
(မဟာဂန္ဓာရုံ ဆရာတော်)

မေတ္တာခြုံလို့ လုံပါစေ
သစ္စာဆောင်လို့ အောင်ပါစေ
မင်္ဂလာကျင့်လို့ မြင့်ပါစေ။

ပါးစပ်မှာဓါး၊ သတိထား
စကားဆင်ခြင်ပြော။
အကျိုးရှိ မရှိ၊ ဆင်ခြင်ကြည့်
အကျိုးရှိမှပြော။
ပြောသင့် မသင့်၊ အခါချင့်
ပြောသင့်ခါမှပြော။
(ထိုင်ဝမ် ဆရာတော်ဦနန္ဒ၀ံသ)

ချိန်ခါတိကျ၊ မသိရလည်း
သေရမည်မှာ မလွဲပါ။
ချိန်ခါမလင့်၊ မဂ္ဂင်ဖြင့်
တရားကျင့်၍စောင့်နေပါ။
(မိုးကုတ် ဆရာတော်)

Forum

မြန်မာ ပြက္ခဒိန်

                                      ကဆုန်လ

ရတနာဝါသဘုရားကျောင်း၏ စာစောင်များ

(1)ရတနာဝါသကျောင်းဝတ်ရွတ်စဉ်     

Chanting Book 

課誦本.pdf

 

(2)ရတနာဝါသကျောင်း နှစ်ပတ်လည် စာစောင်.pdf

 

(3)ရတနာဝါသကျောင်းသစ် ဖွင့်ပွဲ အထိမ်းအမှတ်.pdf

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox
This free slideshow personalized with Smilebox


နိုင်ငံတကာ နာရီ

လာရောက်လည်ပတ်သူများ.......

widgeo.net

 

 

 

Photos

Loading…

Blog Posts

တရားပွဲ အထူးသတင်း

ထေရ၀ါဒ တက္ကသိုလ် ပါဠိပါမောက္ခ မိုးကုတ်ရိပ်သာဌာနချုပ် နာယက


ကျိုက်ကလော့ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသ
(ပထမကျော်၊ သ၊ စ၊ အ ဓမ္မာစရိယ)…

Continue

Posted by ukkmaung on May 26, 2012 at 4:00pm

အလိုမကျ ဖြစ်ကြရာဝယ်

အလိုမကျ ဖြစ်ကြရာဝယ်
ဘုန်းဘုန်းအပါအ၀င် သတ္တ၀ါတွေဟာ တစ်ခုမဟုတ် တစ်ခုတော့ အလိုမကျ ဖြစ်နေတတ်ကြသလို ဖြစ်လည်းဖြစ်ဖူးကြပါတယ်။ ပုထုဇဉ်တွေ ဖြစ်နေတဲ့အတွက်လည်း အလိုပြည့်တယ်ဆိုတာ မရှိနိုင်ပါဘူး။ တစ်မျိုးမျိုးနဲ့ အလိုမကျ ဖြစ်နေကြမှာပါ။ ခုလည်းဖြစ်နေကြသလို နောင်လည်း ဖြစ်နေဦးမှာပါပဲ။ ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်တဲ့အခါ ရှိကြသလို သူများကိုကြည့်ပြီး အလိုမကျ ဖြစ်နေတာတွေလည်း ရှိတတ်ပါတယ်။ ကိုယ့်ရှိတဲ့ အရာတွေအပေါ်မှာ အလိုမကျ ဖြစ်တတ်သလို သူ့ရှိတဲ့ အရာတွေကြောင့်လည်း အလိုမကျ ဖြစ်တာတွေလည်း…
Continue

Posted by ukkmaung on May 26, 2012 at 7:16am

“မော့ မော် မော နဲ့ မော့ မော မော်”

“မော့ မော် မော နဲ့ မော့ မော မော်”

     သာသနာပြုလုပ်ငန်းတွေထဲမှာ “ယဉ်ကျေးလိမ္မာသင်တန်း”ဆိုတဲ့ ခေတ်တစ်ခေတ်ကို စတင်စိတ်ကူးလံှု့ဆော်လိုက်တဲ့ ဓမ္မဒူတ အရှင်ဆေကိန္ဒ ရဲ့ ကလေးများအတွက် ယဉ်ကျေးလိမ္မာ သင်တန်းစိုက်ခင်းကြီး အောင်မြင်ဖြစ်ထွန်းလာတဲ့အတွက် အနံ့လည်းသင်း၊ အဆင်း လည်းလှ၊ အရိပ် လည်းရရုံမျှမက မျိုးဆက်တွေ၊ မျိုးစေ့သစ်တွေပါ ဖြစ်ထွန်းပေါ်ပေါက်လာလိုက်ကြတာ အခုဆိုရင် မြန်မာပြည် တစ်နံ တစ်လျားအပြည့်လို့ ဆိုရလောက်အောင်ကို ပျံ့နှံ့သွားပြီဖြစ်လို့ “ကျောင်းပိတ်ရက်”ဆိုတဲ့ရာသီကို “ယဉ်ကျေးလိမ္မာရာသီ”လို့တောင်ဆိုလို့ ရလောက်နေပြီ ထင်ပါ တယ်။…

Continue

Posted by ukkmaung on May 25, 2012 at 8:30am

အထူးသတင်း

Posted by ukkmaung on May 24, 2012 at 5:40pm

ဝိပဿနာဥာဏ်စဉ်များဖြစ်ပုံ

အချို့တရားရှုမှတ်ပုံကား နာမ်ရုပ်တို့၏ အကြောင်းအကျိုးကို မသိမ်းဆည်းဘဲ အဖြစ်အပျက်ပဲ အဖြစ်အပျက်ပဲဟု သော်လည်းကောင်း၊ သုညတပဲ ဟုသော်လည်းကောင်း အပျက်ချည်းပဲ ဟုသော်လည်းကောင်း ဆင်ခြင်ပြီး ရှုမှတ်နေကြသည်။ ယင်းသို့ ဆင်ခြင်ပြီး ရှုမှတ်ခြင်းသည် ခန္ဓ၀ဂ္ဂ သံယုတ်ပါဠိတော် ဆန္နသုတ်တွင် လာရှိသည့် ဆင်ခြင်ရုံမျှသိသော ၀ိပဿနာ အတု (ဒုဗ္ဗလ၀ိပဿနာ) နှင့် တူနေကြောင်းကို မဟာစည်ဆရာတော်ဘုရားက သီလ၀န္တသုတ် တရားတော်တွင် ထည့်သွင်း သတိပေးတော်မူ၏။ ကမ္မဋ္ဌာန်းတရား ကျွမ်းကျင်တော်မူသော ဆရာတော် သံဃာတော်တို့သည် ယောဂီပုဂ္ဂိုလ်များ၏ ဤဒုဗ္ဗလ၀ိပဿနာမျိုးကို လိုလားတော် မမူ။…

Continue

Posted by ukkmaung on May 24, 2012 at 8:15am

အထူးသတင်း

Posted by ukkmaung on May 23, 2012 at 2:57pm

အားလုံးမှာတာဝန်ရှိသည်

အားလုံးမှာတာဝန်ရှိသည်



မဟာဂန္ဓာရုံဆရာတော်ကြီးသည် အမိမြန်မာနိုင်ငံကြီး လွပ်လပ်ရေးရခါနီးတွင် နိုင်ငံတော်ကြီးကို အဘက်ဘက်က ပြုပြင်စေလိုသည့်အတွက် အနာဂတ်သာသနာရေးကျမ်းစာကို ရေး၍ နိုင်ငံသူနိုင်ငံသားအားလုံးအား တပ်လှန့်ခဲ့ပါသည်။ ဆရာတော်ကြီးသည် တိုင်းပြည်နှင့်သာသနာကိုလည်း ကမ္ဘာ့အလယ်မှာ တင့်တယ်ထည်ဝါစေချင်၏။ ထို့ကြောင့် ဘာသာထိရင် မချိအောင်နာတတ်ဖို့အတွက် “ဘာသာသွေး” စသော ကျမ်းစာအုပ်များကိုလည်း ရေးတော်မူ ခဲ့ပြန်ပါသည်။

တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ချစ်မြတ်နိုးသည့်စိတ်ကို အမျိုးသားရေးစိတ်ဓာတ် ဟုခေါ်၏။



မဟာဂန္ဓာရုံ ဆရာတော်ကြီး၏…

Continue

Posted by ukkmaung on May 23, 2012 at 8:11am

“ သတိပဋ္ဌာန် ”

 “ သတိပဋ္ဌာန် ” 

   "သတိတစ်လုံး၊ လက်ကိုင်သုံး၊ အားလုံးကိလေ၊ အောင်နိုင်ပေ"တဲ့ ဆရာတော် သီကုံး ထားတဲ့ လင်္ကာလေး ဖြစ်ပုံရပါတယ်။ သတိရဲ့ စွမ်းအားကို ဖေါ်ပြထားတဲ့ လင်္ကာလေးပါပဲ၊ ကမ္ဘာလောကကြီးမှာ တွေ့ကြုံနေရတဲ့ ရာနှုန်းပြည့် ဆင်းရဲနေရတဲ့ မြစ်ရင်း အကြောင်း တရားဟာ ကိလေသာတွေပါပဲတဲ့၊ ကိလောတွေဆိုတာ စိတ်ကို ညစ်ငြူးအောင် လုပ်တဲ့ လောဘ ဒေါသ မောဟ စတဲ့ တရာဆိုးတွေပါပဲ၊ ဒီတရားဆိုးတွေကို မအောင်နိုင်သေးသမျှ ဒုက္ခတွေ ကတော့ တွေ့နေကြရအုံးမှာပဲ၊ ဒီတရားဆိုးတွေ အောင်နိုင်ဖို့ နည်းလမ်း မရှိတာတော့ မဟုတ် ပါဘူး၊ ရှိပါတယ်၊ …

Continue

Posted by ukkmaung on May 22, 2012 at 8:08am

ကောသလအိပ်မက်တို့ ပျက်ပြယ်ချိန်မှာ

ကောသလအိပ်မက်တို့ ပျက်ပြယ်ချိန်မှာ

ဖုန်းမြည်လာ၍ နာရီကိုတချက်ကြည့်လိုက်တော့ ည (၁၁) နာရီထိုးလုလု၊ သည်အချိန်မှာဆက်လေ့ရှိသူသည် သူဟု သိလိုက်၏။ သူတာ ၀န်ပြီးချိန်နှင့် ကိုယ့်အားလပ်ခါချိန်၍ ဖုန်းဆက်လေ့ရှိသူမဟုတ်လား။

မန္တလေးမြို့၊ မိုးကောင်းတိုက်၊ ညောင်ရမ်းပါဠိတက္ကသိုလ်ရိပ်မှာ အတူခိုလှုံကြစဉ်က (၁) သုံးလုံးဇောတိကရယ်လို့ စာသင်သားလောကမှာ နာမည်ကြီးခဲ့သည့် ညီတော် North Carolina ရောက် “အရှင်ဇောတိကာ ဘိဝံသ” …။

“ဟလို အရှင်လေး”

“ဘုန်းကြီး … တပည့်တော်တို့ သိန်းသန်းကျောင်းဆရာတော် ဘန်ကောက်မှာ ဆေးရုံလာတက်တယ်တဲ့ .. အဲဒါ ….”

ဘုရားဘုရား ဆရာတော် ဘာများဖြစ်ပါလိမ့်။ သည်ကိုမထွက်ခွာခင် သွားရောက်ကန်တော့ခဲ့တာကို အမှတ်ရသည်။…

Continue

Posted by ukkmaung on May 21, 2012 at 7:48am

မဟာဗောဓိမြိုင် ဆရာတော်ကြီး မဟာမြိုင်တောကြီးမှ မိုးမိတ်သို့ ကြွတော်မူခြင်း -၃

မဟာဗောဓိမြိုင် ဆရာတော်ကြီး မဟာမြိုင်တောကြီးမှ မိုးမိတ်သို့ ကြွတော်မူခြင်း -၃

Share ပါးစပ်ရာဇဝင်အရ ဓားမြောင်(ဓားမြှောင်)မြို့လို့ခေါ်တဲ့ မိုးမိတ်မြို့အဝင်မှာ ဓားမြှောင်နဲ့ထောက်ပြီးမှ မွှေနှောက်လိုက်သကဲ့သို့ နှောင့်ယှက်ဟန့်တားခြင်းကို ကြုံလိုက် ရပြီး တဲ့နောက် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ရှေ့ခရီးကို တောက်လျှောက်မျှော် နေစဉ်မှာပဲ မောင်နိုင်နဲ့ နှင်းမှုန်ဆိုတဲ့ ပန်းရန် လင်မယားက ဆရာတော်ကြီး အနားရောက်လာဖူးမြော်ပါတယ်။ ဆရာတော်ကြီးရဲ့ မျက်နှာတော်မှာ ကြည်လင်ငြိမ်းချမ်း လှပါသော်လည်း ခြေဖမိုးတွေရောင်ကိုင်းလျက်၊ သွေးတွေရွှဲလျက်။ ဆရာတော်ကြီးက ခရီးဆက်မယ်ဆိုတဲ့အခါ ဆက်မကြွဖို့ ပန်းရန်လင်မယားက တောင်းပန်လျှောက်ထားကြပါတယ်။ ”ဆရာတော်ကြီးမှာ ခရီးလည်းပန်းလာပါတယ်။ သက်တော်လည်း…

Continue

Posted by ukkmaung on May 20, 2012 at 1:06pm

 
 
 

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)


မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။


ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)


ကြွရောက်လာသော ဓမ္မမိတ်ဆွေအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝပြီး သာသနာပြုနိုင်ကြပါစေ….။

Birthdays

There are no birthdays today

Members

© 2012   Created by ukkmaung.   Powered by

Report an Issue  |  Terms of Service