C Cleaner အကြောင်းကတော့ အထူးပြောစရာ မလိုတော့ဘူးလို့ထင်ပါတယ် ကျွန်တော်တို့ အင်တာနက်သုံးတဲ့နေရာမှာ IE, Firefox စတဲ့ Browser တွေနဲ့သုံးကြတယ် အွန်လိုင်းကနေ ဈေးဝယ်ချင်လည်း ဝယ်ကြမယ် (ကျွန်တော်တော့ မဝယ်နိုင်ပါ) ......း)း)
အဲလိုသုံးကြတဲ့နေရာမှာ Bank Account တွေလည်း သုံးကြရမယ် အကြွေးဝယ်ကဒ်ရဲ့ နံပါတ်တွေ လျှို့ဝှက်နံပါတ်တွေ ရိုက်ထည့်ပေးရတာမျိုးတွေရှိတယ်...။
အီးမေးလ်သုံးကြတယ် Password တွေရိုက်ထည့်ပေးရတယ် ပြီးတော့ ကိုယ်ဝင်ကြည့်ထားတဲ့ Website တွေ အချက်လက်တွေ စသည်စသည်ဖြင့် အများကြီးပေါ့ဗျာ အဲဒီလို အချက်လက်တွေကို ကွန်ပျုတာမှာ ကျန်မနေခဲ့အောင် ရှင်းတဲ့နေရာမှာ C Cleaner ကိုသုံးကြပါတယ်...။
သုံးရတာတော့ လွယ်ပါတယ် ဘယ်လိုသုံးရမလဲဆိုတာတော့ နည်းနည်း ရှည်လိုက်ဦးမယ်...း)
အထက်က ကျွန်တော်ပြောခဲ့သလို အချက်လက်တွေမကျန်ခဲ့အောင် ဘယ်လိုရှင်းမလဲ အောက်မှာ ကြည့်ပါ...
(1) ကအတိုင်း Cleaner ကိုကလစ်ပေးပါ...
(2) Analyze ကိုကလစ်ပေးပြီး....
(3) မှာပြထားသလို Run Cleaner ကိုကလစ်ပေးလိုက်ရုံပါပဲ
Windows Tab အောက်က အချက်လက်တွေကို ရှင်းပြီးရင် Application Tab အောက်က အချက်လက်တွေအတွက်လည်း ဒီအတိုင်းပါပဲ...။
CCleaner သုံးပြီး Registry ကိုပြင်ဘို့ကတော့ အောက်က အဆင့်လေးတွေအတိုင်းသွားလိုက်ပါ...
(1) Registry ကိုကလစ်...
(2) scan for Issues ကိုကလစ်ပေးပြီး...
(3) Fix Selected Issues ကိုကလစ်ပေးပါ...
(4) Yes ကိုကလစ်ပေးပြီး နောက်တစ်ဆင့်မှာတော့ Registry Backup file ကို save ပေးလိုက်ပါ...
ဒီအဆင့်မှာတော့ ပြထားတဲ့အတိုင်း Fix All Selected Issues ကိုကလစ်ပေးလိုက်ပါ...
CCleaner မှာ ဒီလိုလုပ်လို့ရတာတွေတင်ပဲလား ဆိုတော့ မကသေးပါဘူး Tool မှာ ပါတဲ့ Startup နဲ့ Uninstall ဆိုတဲ့ tool နှစ်ခုရဲ့ စွမ်းဆောင်မှုကလည်း CCleaner ကိုအကြိုက်တွေ့ကြရတဲ့ အချက်တွေထဲမှာ ပါနေပြန်ပါသေးတယ်...
Startup ကဘာတွေလုပ်ပေးသလဲဆိုရင် Windows Loading လုပ်ချိန်ကြာရတဲ့ အကြောင်းရင်းကိုတော့ သိမှာပါ တကယ်လိုအပ်တဲ့ Program မဟုတ်ပဲ Windows တက်လာတာနဲ့ စဘို့ကျွန်တော်တို့ခိုင်းထားတဲ့ program တွေကြောင့်ပါပဲ အဲလို မလိုအပ်တာတွေကို Windows ကရှာနေရလို့ ကြာတာပါ Anti virus လိုမျိုးကလွဲလို့ ကျန်တဲ့ program တွေကို stratup မှာ ပိတ်ထားရင် Windows တက်တာမြန်ပါတယ်...။
(1)Tool ကိုကလစ်ပါ..
(2) startup ကိုကလစ်ပေးပါ...
(3) မှာတော့ Windows စတာနဲ့ အလုပ်လုပ်ဘို့ မလိုအပ်တဲ့ program ကိုကလစ်ပေးပြီး
(4) ကအတိုင်း Disable ပေးထားလိုက်ပါ Windows တက်ချိန်မြန်ဆန်လာပါလိမ့်မယ်...
Uninstall Tool ကတော့ မလိုအပ်တဲ့ program တွေကို ဖြုတ်ပစ်ဘို့ရန်အတွက် သုံးရပါတယ်...
ပုံထဲမှာ ပြထားတဲ့ နံပါတ်စဉ်လေးတွေအတိုင်း လုပ်သွားလိုက်ပါ....။
CCleaner ဟာလည်း ကွန်ပျုတာတစ်လုံးမှာ ရှိထားသင့်တဲ့ Software တစ်ခုပါပဲခင်ဗျာ...
ဒီနေရာလေးမှာ သွားရောက် Download လုပ်ယူလိုက်ကြပါခင်ဗျာ...
အားလုံး အဆင်ပြေကြပါစေ...
Tags:
Views: 18

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)
| မြန်မာဝက်ဆိုက် ဘလော့များ လမ်းညွှန် |



ကြွရောက်လာသော ဓမ္မမိတ်ဆွေအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝပြီး သာသနာပြုနိုင်ကြပါစေ….။
© 2013 Created by ukkmaung.
Powered by