ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

တိပိဋက အဘိဓာန်နှင့် ပိဋကသုံးပုံ ပါဠိ အဋ္ဌကထာ ဋီကာများ

Downloads

တိပိဋကအဘိဓာန်နှင့် ပိဋကသုံးပုံ

ပိဋကတ်လမ်းညွှန်ကျမ်းနှင့် ဆဋ္ဌသင်္ဂီတိ ဆဋ္ဌသင်္ဂါယနာကျမ်းများ

ဗုဒ္ဓဝင်ပန်းချီ

ပါဠိတော်နိဿကျမ်းများ

အဋ္ဌကထာ၊ ဋီကာနိဿယများ

ဝိနည်းငါးကျမ်းနှင့်ပတ်သက်သမျှ

ဖားအောက်ဆရာတော်ကြီး၏ ကျမ်းစာများ

မင်းကွန်းဆရာတော်ကြီး၏ ကျမ်းစာများ

ဒေါင်းလုပ်လင့်များကို Mediafire ဖြင့်တင်ထားပါသဖြင့် direct လင့်များကို ချက်ချင်း အလိုရှိပါက ဒီနေရာ ကို သွားပီ လင့်များကို ထည့်သွင်း၍ အမြန် ဒေါင်းလုပ်ချနိုင်ပါသည်။


တိပိဋကအဘိဓာန်နှင့် ပိဋကသုံးပုံ

ပါဠိလိုရေးထားတဲ့ ပိဋကကျမ်းစာတွေ မြန်မာစာတတ်သူတွေနဲ့ မဝေးတော့ဘူး…

ခါတိုင်းဆိုရင် ပါဠိတော် မြန်မာပြန်ကျမ်းလောက်သာ ဖတ်ခွင့်ရခဲ့တယ်.. .

အခုဆိုရင် အဋ္ဌကထာ၊ ဋီကာတွေကို မြန်မာပြန်မဟုတ်ပေမဲ့ မြန်မာပြန်လောက်နီးပါး ဖတ်လို့ ရပါပြီ….

ပိဋကတ်သုံးပုံလုံးလည်း မွှေနှောက်နိုင်ပါပြီ ပါဠိစကာလုံးတိုင်းတို့ရဲ့ အဓိပ္ပါယ်ကိုပဲ ရှာရှာ၊ ကျမ်းညွန်းပဲ ရှာရှာ....

ဒါလေးကို ဒေါင်းလုပ်ချလိုက်ပါ.. (120 MB)ကျော် ရှိပါတယ်.. ပြီရင် ဇစ်ဖြည်လိုက်ပါ...

အဲဒီထဲမှာ Zipped ဆိုတဲ့ ဘာမှ မရှိတဲ့ ဖိုဒါတစ်ခုတွေ့ပါမယ်.. အဲဒီထဲကို ဟောဒီအောက်က လင့်က ဖိုင် (၂၃)ခုကို ဒေါင်းလုပ်ချပြီ ဒီအတိုင်းထည့်လိုက်ပါ. ဇစ်ဖြည်စရာမလိုပါဘူး..

ပြီရင် ဒါလေးတွေကို ဒေါင်းလုပ်ချပါဦး။ ဇစ်ကိုတော့ ဖြည်လိုက်နော်.. ပြီရင် TPKD ဖိုဒါထဲ ထည့်လိုက်..

အဲဒီ TPKD- ဖိုဒါကို DVD ခွေထဲမှာထည့်ပြီ သုံးလည်း ရပါတယ်… ဒါမှ မဟုတ်။ မိမိရဲ့

ကွန်ပျူတာထဲမှာ သိမ်းထားပြီ အသုံးပြုလည်း ရပါတယ်. အဲ နောက်ဆုံးမှာ setup- Application ကို Install လုပ်ပြီးသုံးလို့ရပါပြီ..

အခုချိန်က စပြီး ပိဋကသမုဒ္ဒရာထဲမှာ သင်ကူးခတ်နိုင်ပါပြီ..

အသုံးပြုပုံကို ဗီဒီယို flv ဖိုင်အနေနဲ့ ရှင်းရှင်းလင်းလင်း ကြည့်ချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ချကြည့်ပါ..



ပိဋကတ်သမိုင်း pdf ဖိုင်ကို ကြည့်ချင်ရင်တော့ ဒီမှာ ဒေါင်းပါ..



မိမိရဲ့ ကွန်ပျူတာ ဗားရှင်နိမ့်လို့ တိပိဋကအဘိဓာန်ကို သုံးလို့မရဘူးဆိုရင်..

ဒီက Beta ဗာရှင်းကို အသုံးပြုပါ...

ဒီလင့်ကို ဒေါင်းလုပ်ချလိုက်.. အဲဒီမှာ ဗီဒီယိုဖိုင်ပါတယ်. ဘယ်လိုသုံးမရမလဲ ပြောထားတယ်.. အင်စတောလုပ်စရာမလိုပါဘူး။

အဲဒီထဲမှာ Zipped ဆိုတဲ့ ဖိုဒါတစ်ခု ရှီတယ်.. အဲဒီထဲမှာ ဘာမှ မရှီဘူး. အဲဒီ Zippedဖိုဒါထဲကို ဒီအောက်က ဖိုင် (၂၃)ခုကို ဒေါင်းလုပ်ချပါ..ပြီ ထည့်လိုက်ပါ. အဲသူတို့ကိုတော့ ဇစ်ဖြေစရာမလိုဘူးနော်. ဒီအတိုင်း စုပြီ ထည့်လိုက်.. သုံးလို့ရပြီ



ပိဋကတ်လမ်းညွှန်ကျမ်းနှင့် ဆဋ္ဌသင်္ဂီတိ ဆဋ္ဌသင်္ဂါယနာကျမ်းများ

ပိဋကတ်လမ်းညွှန် ပထမတွဲ..
ပိဋကတ်လမ်းညွှန် ဒုတိယတွဲ
ပိဋကတ်လမ်းညွှန် တတိယတွဲ
ဆဋ္ဌသင်္ဂီတိ-၁
ဆဋ္ဌသင်္ဂီတိ-၂



ဗုဒ္ဓဝင်ပန်းချီ

ဗုဒ္ဓဝင်ပန်ချီးကားကောင်းတွေ လိုချင်ရင် ဒီလင့်မှာ ဒေါင်းလုပ်ချပါ.... ပုံဆိုက်လည်း ကြီးတယ်. ပရင့်ထုတ်ဖို့ ကောင်းပါတယ်..မိမိအလိုရှိရာ စာတန်းလည်း ထိုးနိုင်ပါသည်။

နမူနာပုံတွေ ကြည့်ရအောင်..

အင်္ဂလိပ်စာတမ်းထိုးကို လိုချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ချပါ..


The Life of the Buddha with English Substitle

မြန်မာစာတန်းထိုးက ဒီမှာပါ


မြန်မာစာတန်းထိုး



ပါဠိတော်နိဿကျမ်းများ

ကျမ်းကြီးကျမ်းခိုင်တွေကို လေ့လာခွင့်ရမှ အားရတဲ့သူတွေအတွက်..

ပိဋကတ်သုံးပုံလုံးကို မြန်မာပြည်မှာ ထွက်ရှိသမျှ ထင်ရှားကျော်ကြားတဲ့ နိဿယကျမ်းအားလုံးကို စကန်ဖတ်ထားပြီ အလွယ်တကူ တွဲဖက်လေ့လာနိုင်ဖို့ ရှာဖွေနိုင်ဖို့အခွင့်အရေးတစ်ခု ပေါ်ထွက်လာပြန်ပါပြီ...

ဘယ်လောက် အသုံးဝင်သလဲ ဘယ်လောက်ကောင်းသလဲကို မကြေညာတော့ပါဘူး.. ကောင်းလွန်းလှတယ်လို့ပဲ ပြောလိုက်တော့မယ်..

ဟောဒီလင့်လေးကို ဒေါင်းလုပ်ချ... အဲ ကွန်နက်ရှင်တွေတော့ ကောင်းဖို့ လိုမယ်ထင်တယ်.. ဖိုင်ဆိုက်တွေက ကြီးလွန်းလှတယ်..

အဲဒီထဲမှာ အောက်က အတိုင်း Icon သုံးခုတွေ့မယ်..

Help ဆိုတဲ့ Folder မှာ ဓာတ်ပုံတွေ ပါတယ်.. ဘယ်လို အင်စတောလုပ်ရမလဲ အသုံးပြုရမလဲ ဖော်ပြထားတယ်.ဒါကြောင့် ဒီနေရာမှာ ဒေါင်းလုပ်ချပုံပဲရေးတော့မယ်...

Booksဆို တဲ့ Folderထဲမှာ ဟောဒီလို နာမည်နဲ့ ဖိုဒါငယ်သုံးခု လုပ်ပါ... ပုံကိုကြည့်ပါ..

ပြီရင် dic ဆိုတဲ့ ဖိုဒါထဲက ဟောဒီလင့်က ဖိုင်တွေကို ဒေါင်းလုပ်ချပြီ ထည့်လိုက်ပါ။

အောက်က ပုံပါအတိုင်း ဇစ်ဖိုင် (၂၃)ခု အဖြစ် ရပါလိမ့်မယ်။ အဲဒီဇစ်တွေတော့ ဖြည်စရာမလိုပါဘူး။

nsy ဆိုတဲ့ ဖိုဒါထဲကို ထည့်ဖို့ ဟောဒီလင့်ပါ။

ဒေါင်းရမှာတော့ များလှပါတယ်..

ဒေါင်းပြီလို့ အားလုံးကို စုလိုက်ရင်.. ဟောဒီလို ဇစ်ဖိုင် ၁၄၇ ဖိုင်ရပါမယ်

ကဲ နောက်ဆုံးတစ်ခုက pali ဆိုတဲ့ ဖိုဒါပါ။ သူ့အတွက် လင့်က

ဒေါင်းလုပ်လုပ်ပြီ စုလိုက်ရင် ဇစ်ဖိုဒါ ၄၀ ရပါမယ်..

အားလုံးဒေါင်းပြီလို့ စုပေါင်းလိုက်တော့ အထက်က ပြောခဲ့တဲ့ ဒီသုံးခုပဲပေါ့နော်..

အဲဒါအားလုံးကို DVD စီဒီချပ်ထဲမှာ ထည့်ပြီ မိမိကွန်ပျူတာမှာ အင်စတောလုပ်နိုင်ပါပြီ.. သူတစ်ပါးကိုလည်းမျှဝေ လှူဒါန်းနိုင်ပါပြီ...

အဲဒီမှာ ပါတဲ့ Installer ကို ညွန်ကြားချက်အတိုင်း အင်စတောလိုက်မယ်ဆိုရင် အသုံးပြုဖို့ အဆင့်သင့်ဖြစ်နေတဲ့ အောက်ပါ အိုင်ကွန်များကို တွေ့ရပါမယ်..



အဋ္ဌကထာ၊ ဋီကာနိဿယများ

ဗုဒ္ဓစေတမန်အဖွဲ့က ပိဋကတ်တော်နဲ့ ပတ်သက်တဲ့ အသုံးဝင်ဆော့ဝဲလ်တွေကို တစ်ခုပြီ တစ်ခု ထုတ်ဝေခဲ့တာ အားလုံး အသိဖြစ်ပါတယ်.. ထုတ်ဝေလိုက်တဲ့ ဆော့ဝဲလ်တိုင်းဟာ ပညာရှင်တိုင်း ချီးကျူးစရာဖြစ်ခဲ့ပါတယ်..

အခုလည်း ထွက်လာပြန်ပြီး နောက်တစ်ခု။ အဋ္ဌကထာ၊ ဋီကာနိဿယများတဲ့။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ပါဠိကို တိုက်ရိုက် မဖတ်တတ်သေးဘူးဆိုရင် မြန်မာပြန်ကို ဖတ်ရင် အဆင်ပြေနိုင်ပါတယ်.. ဒါပေမဲ့ ပါဠိတော်ရဲ့ အဖွင့်ဖြစ်တဲ့ အဋ္ဌကထာမြန်မာပြန်များက မရှိသေး။ ဓမ္မပဒအဋ္ဌကထာမြန်မာပြန်၊ ဇာတ်မြန်မာပြန်၊ ဝိသုဒ္ဓိမြန်မာပြန်တို့လောက်သာ အနည်းငယ်ရှိသေးသည်။

ဒီတော့ မြတ်စွာဘုရား ဆိုလိုတဲ့ ခက်ခဲနက်နဲ့တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သိချင်လိုပါလျှင် အဋ္ဌကထာ နိဿယ။ ဋီကာ နိဿယများကိုသာ အားကိုးရပါတယ်.. အဲဒီအခါကျမှ ပိဋကတ်သုံးပုံ ရတနာသိုက်များကို ဖွင့်ဖို့ အညွန်းသော့ချက်များ အားလုံးကို နိဿယကျမ်းများမှ တဆင့် လွယ်ကူစွာ ဖွင့်လှစ် နားလည်နိုင်ခဲ့ပါတယ်..။ ကျေးဇူးများလှချေ၏ တကား။

သူတော်ကောင်းတရား ထွန်းကားဖို့အတွက် အစဉ်တစိုက် ကြိုးပမ်းပေးခဲ့ကြတဲ့ ဗုဒ္ဓစေတမန်အဖွဲ့မှ တာဝန်ရှိသူများနှင့် အဖွဲ့သူ အဖွဲ့သားများအားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း.....

အဋ္ဌကထာ၊ ဋီကာနိဿယများကို တွဲဖက် ဖတ်ရှုပြီ ပါဠိတော်များရဲ့ အရသာကို ခံစားလိုသူများအတွက် အောက်ပါလင့်များမှ ဒေါင်းလုပ်ချနိုင်ပါပြီ..

ATT TI.zip ဆိုတဲ ZIP ဖိုင်ကို ဖြည်လိုက်မယ်ဆိုရင် အောက်ပါ PDF flle နှစ်ခုနှင့် Folder သုံးခု တွေ့ပါလိမ့်မယ်.. ATT pdf ဖိုင်ကတော့ လှပစွာ ပုံဖော်ထားတဲ့ နိဿကျမ်း အားလုံးရဲ့ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်.

ဖွင့်ကြည့်ပြီလို့ သဘောကျတယ် ဆိုရင်တော့ အောက်က လင့်တွေကို ဒေါင်းလုပ်ချပေတော့.. စာအုပ်တွေက အများကြီးဗျ..

ဟောဒါက အဋ္ဌကထာ နိဿယလင့်ပါ။

အားလုံးကို ဒေါင်းပြီ Attha_Nsy ဆိုတဲ့ ဖိုဒါထဲကို ဇစ်ဖြည်ပြီ ထည့်ပေးပါ။ စုစုပေါင်း ပီဒီအက်ဖိုင် ၁၅၃ -ခု ရပါလိမ့်မယ်။ ပုံကို ကြည့်ပါ။

ကဲ နောက်တစ်ခါ ဟောဒီက ဋီကာနိဿယလင့်ပါ

သူ့ကိုလည်း အားမနာတမ်း ဒေါင်းလိုက်ပါဦး။ ပြီရင် ဇစ်ဖြည်လိုက်၊ Tika_Nsy ဆိုတဲ့ ဖိုဒါထဲ ထည့်ပေးလိုက်ပါ။ စုစုပေါင်း ၃၅-ဖိုင် ရပါလိမ့်မယ်။

ကဲ ဒါဆိုရင် သုံးလို့ရပြီနော်။ အင်စတောလဲ လုပ်စရာမလိုဘူး.. ပီဒီအက်ဖိုင်ဆိုတော့ သိချင်တဲ့ စာအုပ်ကို ရှာပြီ ဖွင့်ဖတ်ရုံပဲ မဟုတ်လား။ Read me ဆိုတဲ့ ပီဒီအက်လေးကို အရင်ဖတ်ကြည့်မယ်ဆိုရင်လည်း လမ်းညွန်လေး ရသွားမှာပါ.. ပိဋကတ် အသိဉာဏ်တိုးတက်ကြပါစေ။



ဝိနည်းငါးကျမ်းနှင့်ပတ်သက်သမျှ

မြန်မာပြည်မှာ ဝိနည်းနဲ့ ပတ်သက်တဲ့ ကျမ်းစာအုပ်တွေ အမျိုးမျိုးရှိပါတယ်. အဲဒါအားလုံး တစ်စုတစ်စည်းတည်း ပါဠိလို၊ မြန်မာလို့ အဘိဓာန်နှင့် တကွ တွဲဖက်လေ့လာကြရအောင်...

ကဲ ပုံလေးတွေ အရင်ကြည့်ရအောင်..

ကဲ သဘောကျပြီလား.. ဒါကို အရင်ဒေါင်းလုပ်ချ...

ပြီရင် အဲဒါကို ဇစ်ဖြည်လိုက်ရင်.. ပုံမှာပါတဲ့အတိုင်း အိုင်ကွန် အခုသုံးဆယ်တွေ့မယ်..

အဲဒီထဲကို ဒီနှစ်ခု ထပ်ဒေါင်းပြီ.. ဇစ်ဖြည့်ပြီ ဖိုဒါအလိုက် ထည့်လိုက်.. အားလုံးပေါင်း (၃၂)ခု ဖြစ်သွားပြီ..

အပေါ်က ပုံမှာ မြှားပြထားတဲ့ ဖိုဒါလေး တွေ့လား.. အဲဒီထဲမှာ ဘာမှ မရှိဘူး...အဲဒီထဲကို ဟောဒီအောက်က ဇစ်ဖိုဒါ (၁၄)ခုကို ဒေါင်းပြီ.. အထဲက ဖိုဒါစုစုပေါင်း (၅၉)ခုကို သာ ဇစ်ဖြည့်ပြီ ထည့်လိုက်ပေတော့..

ဒီပုံစံတွေ တွေ့ရမှာပါ..

ကဲဒါဆိုရင် setup ကို Run ပြီး သုံးနိုင်ပါပြီ.. ဘယ်လို သုံးမလဲဆိုရင် ဗီဒီယိုဖိုင်လည်း ထည့်ထားပေးပါတယ်..

ဒေါင်းလုပ်ချရင်း ကြည့်ချင်ရင်တော့.. ဒီမှာ ယူကျူ လင့်လေးပါ..



ဖားအောက်ဆရာတော်ကြီး၏ ကျမ်းစာများ

ဖားအောက်ဆရာတော်ကြီးရဲ့ နိဗ္ဗာနဂါမီနီပဋိပဒါကျမ်းကြီး ငါးကျမ်းအပါအဝင် အခြားဟောစဉ်တရားများ ယောဂီကိုင်ကျမ်းစာအုပ်များ အုပ်ရေ ၄၂-အုပ် ရှိပါတယ်။



မင်းကွန်းဆရာတော်ကြီး၏ ကျမ်းစာများ

မင်းကွန်းဆရာတော်ကြီးဟောကြားထားတော်မူတော် ဓမ္မဒေသနာများ၊ မဟာဗုဒ္ဓဝင် မြန်မာဘာသာကျမ်းကြီး၊ အင်္ဂလိပ်ဘာသာပြန်စသော စကန်ဖိုင် သန့်သန့်များကို တစ်စုတစ်စည်းတည်း ဖြစ်ပါတယ်။ ဒါကို အရင် ဒေါင်းလုပ်ချပါ။ ဇစ်ဖြည်လိုက်မယ်ဆိုရင် Min Gun_TPTK ဆိုတဲ့ ဖိုဒါတစ်ခုရမှာပါ။ အဲဒီထဲမှာ Books ဆိုတဲ့ ဖိုဒါတစ်ခုရှိတယ်။

ပြီရင်း ဟောဒီလင့် စာအုပ်တွေကို အကုန်ဒေါင်းလုပ်ချပီ Books ဆိုတဲ့ ဖိုဒါထဲ ထည့်ပေးလိုက်ပါ။

နောက်ထပ်ကျန်နေသေးတာက ဒီစာအုပ်ပါ။ သူ့ကိုလည်း Books ထဲပဲ ထည့်ပေးလိုက်နော်။ အားလုံးပေါင်း ကျမ်းစာအုပ် ၆၀ ရှိပါတယ်။

http://www2.pitakataw.com

မှ ထပ်ဆင့်မျှဝေ ဓမ္မဒါနပြုခြင်းပါ။

Views: 1846

Reply to This

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service