ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကွန်ပျူတာ ဝင်းဒိုး အလွယ်တင်နည်း

Image may contain: 1 person

ကွန်ပျူတာသုံးခါစသူများအတွက် #ဝင်းဒိုးအလွယ်တင်နည်းလေး အားလုံးကို အတိုဆုံးပြောပြပေးပါ့မယ်
====================================================


ကွန်ပျူတာတွေမှာ First Boot Device Second Boot Device တွေပေးပီးတော့ မတင်လည်းရပါတယ်
Memory Strick ကို usb bootable လုပ်ပီးတော့ တင်လိုက်လို့ရပါတယ်
လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုပြောပြပေးပါ့မယ်
အားသွင်းကြိုးမဖြစ်မနေတတ်ထားပါ၊ Drive C ထဲက အရေးကြီးတာတွေတခြားDrive ထဲထည့်ထားရန်လိုပါတယ်
တင်ချင်တဲ့ဝင်းဒိုးဖိုင်ဆော့ဝဲရှိရပါ့မယ် ၊ Memory Stick ရှိရပါမယ်


WindowsခွေCD /DVD ထဲမှာဆိုရင်လည်း ကွန်ပျူတာထဲသာကူးထည့်ထားလိုက်ပါ၊
#၁။ အရင်ဆုံး ဝင်းဒိုးဆော့လ်ဝဲကို ISO ဖိုင်ဖြစ်အောင် ချုပ်လိုက်ပါ (ဒေါင်းပီးယူရင်တော့ တော်တော်များများ ISO ဖြစ်ပီးသားမို့မလိုပါ)
#၂။ ပီးရင် Memory Stick တစ်ခုအလွတ်ကို တပ်ပီးတော့ Bootable လုပ်လိုက်ပါ (အနည်းငယ်ကြာလိမ့်မယ်)
#၃။ ပီးရင် ဘယ် Bios Boot Setti
ng တွေမှ မလိုပဲ အဲ့ဒီ Memory Stick ထဲက Setup ဖိုင်သာသွား run ပေးလိုက်ပါ 

ဝင်းဒိုးတင်သွားပါလိမ့်မယ် ...


လိုအပ်တဲ့ဆော့ဝဲတွေလင့်ပေးထားလိုက်ပါတယ် ပေါ့ပေါ့လေးနဲ့ဒေါင်းရလွယ်ကူအောင်လုပ်ပေးထားပါတယ်
#ISO ဖိုင်လုပ်ဖို့အတွက်
http://www.mediafire.com/…/x2zs6niqxqn1a…/freeisocreator.exe
#USB stick Bootable လုပ်ဖို့အတွက်
http://www.mediafire.com/…/WinUSB+Maker+v2.0+PUBLIC+BETA+RE…
#Windows8 ဒေါင်းရန်
http://getintopc.com/…/operatin…/download-windows-8-pro-iso/
#Windows10 ဒေါင်းရန်
http://getintopc.com/…/windows-10-pro-core-iso-32-64-bit-f…/
#Windows7 ဒေါင်းရန်
http://getintopc.com/…/windows-7-ultimate-download-iso-32-…/


ကြောက်စရာမလိုပါ ရဲရဲသာလုပ်ပါ မသိတာအားလုံးပြောပြပေးပါ့မယ် 
Partition C မှာပဲတင်ပါ ... Format ချစရာမလိုပါဘူး (ပြီးမှ WindowsOld ဖျတ်နည်းအောက်မှာဖတ်ကြည့်ပါ)
#WindowsOld ဖျတ်ဖို့အတွက်ကတော့အလွယ်ကူဆုံး Drive C Properties ထဲကနေ Disk Clean Up ကို သွား ပီးရင် ပေါ်လာတဲ့ Icon တွေအားလုံးကို Click အမှန်ခြစ်ပေးပီးတော့ Clean လုပ် ... ပီးရင် Box တခု တတ်လာမယ် အဲ့ဒီအခါကြရင်လည်း အားလုံး အမှန်ခြစ်ပြန်ပေးပီးတော့ Delete လုပ်လိုက် ဒါဆိုရင် ဝင်းဒိုးနဲ့ဆိုင်တာက လွဲလို့ အားလုံး ဖျတ်ပေးပီး ရှင်းပေးလိမ့်မယ်။


ဒီဂရုထဲက ဝါသနာရှင်များအတွက် လိုရင်းတိုရှင်းရေးမိလိုက်တာမို့ နားမလည်ရင် Chat Box မှာ စာပို့ပီးမေးလို့ရပါတယ် အောက်က မေးမယ့်မေးခွန်းတချို့လည်းဖြေပေးပါ့မယ် လိုချင်တဲ့ဆော့လ်ဝဲ Driver များလည်းတောင်းလို့ရပါတယ် အချိန်ရရင်ရသလို ပြန်ပို့ပေးထားပါ့မယ် ဂရုထဲကဝါသနာပါတဲ့သူတွေအတွက်ရည်ရွယ်တာပါ ...ကိုယ်တိုင်လုပ်မှကိုယ်တိုင်တတ်မှာပါ ... ရဲရဲသာလုပ်ပါ ဘယ်ပြသနာErrorမျိုးမဆို အားလုံးနည်းပါးပြန်ဖြေရှင်းလို့ရပါတယ် (ပျော်ရွှင်ပါစေ)
မှတ်ချက်။ ရှိပီးသား ဝင်းဒိုးမကောင်းလို့အသစ်တင်တာဖြစ်ဖြစ် Upgrade ဖြစ်တဲ့ဝင်းဒိုးတင်တာဖြစ်ဖြစ် ... တင်တဲ့နေရာမျိုးမှာသုံးခြင်းဖြစ်ပါတယ် ... ဝင်ဒိုးစတင်ရင်တော့ Boot ထဲကနေမဖြစ်မနေသွားရမှာဖြစ်ပါတယ် ဒါကိုမှ Stick နဲ့ Boot ထဲက တင်ချင်တယ်ဆိုရင်လည်း USB ကို Frist Drive သာပေးတင်လိုက်ပါ အိုကေပါတယ် (စာများရင် အာရုံများတတ်လို့လိုရင်းသာရေးချင်းဖြစ်ပါတယ်)


CD/DVD ကနေတိုက်ရိုက်တင်လို့ရပါတယ် ဒါပေမယ့် တခါတလေ CD DVD မလည်နိုင်ပဲဖြစ်ဖြစ် CD/DVD drive မကောင်းတာပဲဖြစ်ဖြစ် CD/DVD ချပ်တွေမကောင်းတာဖြစ်ဖြစ် Error ဖြစ်လေ့ရှိတတ်ပါတယ်
#ဝါသနာရှင်သိခါစသူများအတွက်သာ

Credit ကိုသားဖြိုး

Views: 247

Reply to This

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Mgaye is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 9
Star is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
joy clark updated their profile
Aug 7
joy clark posted a blog post
Aug 7

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service