ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

Android ဖုန်းတွေထဲက ဒေတာမှန်သမျှကို အလွယ်ကူဆုံး ကုန်စင်အောင်ဖျက်နည်း

Android ဖုန်းတွေထဲက ဒေတာမှန်သမျှကို အလွယ်ကူဆုံး ကုန်စင်အောင်ဖျက်နည်း

  

လက်ထဲမှာ ကိုင်ထားတဲ့ဖုန်းကို အကြောင်းအမျိုးမျိုးကြောင့် ဖုန်းသစ်လဲမယ်၊ သူများကို ပေးပစ်မယ်၊ ပြန်ရောင်းမယ်၊ ပိုက်ဆံအလိုက်ထပ်ပေးပြီး ဖုန်းလဲမယ် စသဖြင့် ဖုန်းပြောင်းကိုင်မယ်ဆိုရင် ကိုယ့်ဖုန်းထဲက ဒေတာတွေကို သူများမရယူနိုင်အောင် ဒေတာအားလုံး ဖျက်ထားသင့်ပါတယ်။ တကယ်လို့ စာဖတ်သူအနေနဲ့ ဖုန်းထဲကရှိသမျှ ကိုယ့်ဒေတာတွေကို အကုန်ပြန်ဖျက်ချင်တယ်ဆိုရင်တော့ အလွယ်ကူဆုံးလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းကတော့ Android ဖုန်းတိုင်းလိုလိုမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒေတာအားလုံးကို ဖျက်မပစ်ခင်မှာ ပထမဆုံး ဖုန်းထဲက ဒေတာတွေအားလုံးကို ဖုန်းသစ်ဆီ လွှဲပြောင်းကူးယူလိုက်ပါ။ တကယ်လို့ backup မကူးထားပဲ ဒီအတိုင်း ဖုန်းဟောင်းကို reset လုပ်လိုက်ရင် စာဖတ်သူရဲ့ ဒေတာတွေ အကုန်ပြောင်သွားမှာ စိုးတာကြောင့်ပါ။ ဖုန်းဟောင်းထဲက ဒေတာတွေကို ဖုန်းသစ်ဆီ အားလုံးပို့ပေးပြီးပြီ ဆိုရင်တော့….

  • Settings ကို သွားပါ။
  • Settings > System ထဲက Advanced > Reset options ကို ရွေးလိုက်ပါ။
  • ဒီအခါ ရွေးချယ်စရာ (၃) မျိုး တွေ့ပါလိမ့်မယ်။ အင်တာနက်ကွန်ယက်နဲ့ ပတ်သက်တဲ့ “Reset Wi-Fi, mobile & Bluetooth” နဲ့ ဖုန်းထဲက app/ noti တွေကို default အတိုင်း ပြန်ထားပေးမယ့် “Reset app preferences” တို့ကို တွေ့ပါလိမ့်မယ်။ သူတို့နှစ်ခုကို မရွေးပါနဲ့။ စာဖတ်သူ ရွေးချယ်ရမှာက “Erase all data (factory reset)” ကိုပါ။
  • ရွေးပြီးတဲ့အခါ ဒေတာတွေကို အကုန်ဖျက်တော့မယ်၊ ဆက်လက်လုပ်ဆောင်မှာလားဆိုပြီး ဖုန်းက မေးပါလိမ့်မယ်။ ဒီအခါမှာတော့ “Reset phone” ကို ရွေးချယ်လိုက်ပါ။ တကယ်လို့ ဖုန်းက လုံခြုံရေးအတွက် လျှို့ဝှက်ကုဒ်ပေးပါလို့ တောင်းတယ်ဆိုရင်လည်း ရိုက်ထည့်ပေးလိုက်ပါ။ ဖုန်းက သေချာလား၊ ဒေတာတွေကို ဖျက်မှာလားလို့ ထပ်မေးလာခဲ့ရင်တော့ “Erase Everything” ကို နှိပ်လိုက်ပါ။
  • ဒါဆိုရင် ပြီးပါပြီ။ (၂) မိနစ် (၃) မိနစ်လောက်နေရင် ဖုန်းက reboot ပြန်တက်လာပြီး ၀ယ်စတုန်းကလို အားလုံးက အသစ်အတိုင်း ပြန်ဖြစ်သွားပါပြီ။

theverge


theverge


theverge

ဒီနေရာမှာ နောက်ထပ်သိထားသင့်တာလေးတွေတော့ ရှိပါတယ်။ ကိုယ်သုံးနေတဲ့ဖုန်းက Android OS Version 8 နောက်ပိုင်းဆို ကိစ္စမရှိပေမယ့် version 8 မတိုင်ခင် OS တွေမှာတော့ နည်းနည်းလေး ထူးခြားနိုင်ပါတယ်။ အဲဒီ OS version တွေကျတော့ ဖုန်းထဲက ဒေတာအားလုံးကို ဖျက်ပစ်ပြီးလို့ reset ချပြီးတာတောင် တစ်ခါတစ်လေ reboot ပြန်တက်လာတဲ့အခါ screen lock ကုဒ်နံပတ်ကို ပြန်တောင်းတာမျိုး ရှိတတ်ပါတယ်။

ဒါကြောင့် စိတ်ချရအောင် အပေါ်မှာ ဖောပြထားတဲ့အဆင့်တွေအတိုင်း ဖုန်းထဲက ဒေတာအားလုံးကို မဖျက်ခင်မှာ screen lock ကို ပိတ်ခဲ့သင့်ပါတယ်။ သူ့ကို ပိတ်ဖို့အတွက်ကတော့ Settings ထဲက Security > Screen lock ကိုရွေး၊ ပြီးတော့ “None” ဆိုတာကို ရွေးလာခဲ့ပါ။ ပြီးတဲ့အခါ Settings > Account > Google ကိုသွားပြီး ကိုယ်ဝင်ထားတဲ့ google အကောင့်ကိုပါ ဖျက်ပစ်ခဲ့ပါ။

အကောင့်ဖျက်ပြီးရင်တော့ နောက်ဆုံးအနေနဲ့ လုပ်စရာတစ်ခုပဲ ကျန်ပါတော့တယ်။ အဲဒါကတော့ ကိုယ့်ထဲက ဒေတာအကြွင်းအကျန်မှန်သမျှ ဘာကိုမှ လူမသိရလေအောင် ခြေရာဖျောက်ဖို့ပါ။ ဒီအတွက် Settings ထဲကို ပြန်သွားပါ။ Settings ထဲက Security & location > Advanced > Encryption & credentials ဆီ သွားပါ။ အဲဒီမှာ “Encrypt phone” ကို ရွေးလိုက်ပါ။ အားလုံးပြီးသွားရင်တော့ စာဖတ်သူဟာ ဖုန်းကို reset လုပ်ဖို့အတွက် အသင့်ဖြစ်နေပြီး reset လုပ်ပြီးတဲ့အခါမှာတော့ စိတ်ချလက်ချနဲ့ သူများဆီကို လက်ပြောင်းလွှဲပေးနိုင်ပြီပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: theverge

Views: 8

Reply to This

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service