ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

gtalk နှင့် google chrome မှာမြန်မာစာလုံးတွေမပေါ်တဲ့ပြဿနာ

မေး။ ။

gtalk နှင့် google chrome မှာမြန်မာစာလုံးတွေမပေါ်လို့ကူညီပေးကြပါအုံးနော်.....ကျွန်ုပ် computer window system က 64 ဘစ် ပါ။ကျွန်တော် myanmar zawgyi font ကိုသုံးပါတယ်...

ဖြေ။ ။(၁)

   windows က xp , 7  ဘယ်ဟာ သုံးမှန်းမသိလို့ အဆင်ပြေသလို ဖြေပေးလိုက်တယ်

Internet Explorer  ကိုဖွင့် ပါ ။ အပေါ်က menu မှာ tools>internet options ကိုသွားပါ general> fonts မှာ zawgyi-one  ပြောင်း ok ပေးပြီး Accessibility မှာ Ignore font styles ကို အမှန်ခြစ်ပေး ok နှိပ် Apply နှိပ်ပေးရင် ရပါပြီ ။

( start menu > control penael>network and internet>internet options ကနေ သွားပြင်လို့လည်း ရပါတယ်)

32-bit နဲ့ 64 အတွက် gtalk software အတူတူပါဘဲ ။ zawgyi font တော့မတူဘူး  ......ကိုသန့် တင်ထားတဲ့ ဒီပို့စ်ကို သေချာ ဖတ်ကြည့်ပါ     http://forverfriends.ning.com/profiles/blogs/2863689:BlogPost:6891197

ကိုလင်း (ဘောဂဝတီ ) မအားလို့

vovo ခေါ် ကိုကို ဖြေပေးလိုက်သည်


ဖြေ။ ။(၂)

gtalk အတွက်ပါ...

 google chrome  

အတွက် ဇော်ဂျီစာလုံးတွေပြောင်လို့ရအောင် အစ်ကို ပုံနဲ့တကွ ပြထားတယ်နော်..အဲဒီအတိုင်း လုပ်လိုက်ပါ....

 by DJကိုလင်း(သလ္လာဝတီ)MTSOnlineRadio
From Forever Friends
မှတ်ချက်။ ။Forever Friends ဆိုက်မှာ အသုံးပြုပုံကိုသာ ဆိုလိုခြင်း ဖြစ်ပါသည်။

                                                               

Tags: နည်းပညာ

Views: 88

Reply to This

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox
This free slideshow personalized with Smilebox

Birthdays

There are no birthdays today

Members

© 2014   Created by ukkmaung.   Powered by

Report an Issue  |  Terms of Service