ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

Magic Dictionary V 1.0 For Android လက်ကိုင်ဖုန်းအတွက် အဘိဓာန်

Magic Dictionary V 1.0 For Android လက်ကိုင်ဖုန်းအတွက် အဘိဓာန်

ပိုစ့်ရေးသားသူ= Sai Thet(Myanmar Mobile Users Group)

မြန်မာတို့အတွက် အလန်းစား English – Myanmar Dictionary တစ်ခု နဲ့မိတ်ဆက်ပေ:ပါရစေ …..
ကျွန်နော်တို့တွေ website ကြည့်တာပဲဖြစ်ဖြစ်… ebook တွေဖတ်နေတာပဲဖြစ်ဖြစ် စကားလုံးတစ်လုံးကို မသိတဲ့ အခါ… သူ့ရဲ့ ဆိုလိုရင်းကို သိချင်တဲ့ အခါမှာ… လက်ရှိ ကြည့်နေတဲ့ application ကိုပိတ်… dictionary app တစ်ခုခုကိုဖွင့်… ပြီ:ရင် သူ့ရဲ့ ဖွင့်ဆိုချက်ကိုရှာပြီ:ကြည့်……. ပြီ:ရင် မူရင်းကြည့်နေတဲ့ application ကိုပြန်သွားစသဖြင့် အဆင့်ဆင့် ဟိုသွားဒီသွားနဲ့ အလုပ်ရှုပ်ပါတယ် ။ အဲ့ဒီ့အလုပ်မရှုပ်အောင်လို့ ဒီmagic dictionary ကိုသုံးကြည့်စေချင်တယ်… သူက ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ website ဖြစ်ဖြစ် ebook ဖြစ်ဖြစ် ဖတ်ခါနီး မှာ ဒီ application ကို ဖွင့်ထားလိုက်ပါ…. သူက screen ပေါ်မှာ icon လိုမျိုး အလုံးလေး ပုံစံနဲ့ ပဲရှိပါမယ် …. အဲ့ ဖတ်နေရင်းနဲ့ မသိတဲ့ စကားလုံးတစ်လုံး ကို ရှာချင်တဲ့ အချိန်မှာ အဲ့ဒီ့ icon အလုံးလေးကို နိပ်ပြီ: ပေါ်လာတဲ့ pop up box ထဲမှာ မသိတဲ့ စကားလုံးကို ရှာကြည့်လို့ရပါတယ်…. ရှာလို့ ပြီ:သွားရင် အလုံးလေးကို ပြန်နိပ်ထားပြီ: hide ထားလို့ရပါတယ်… ကျွန်နော်တို့လို technology website တွေဖတ်နေကြ လူတွေအတွက်ကတော့ တော်တော်အသုံးဝင်တဲ့ dictionary app လေးပါပဲ… ဒီ magic dictionary app ကို မြန်မာ developer ကိုစည်သူဝင်းမှ ရေးသားထားပြီ: Google Play မှာ free ဒေါင်:လို့ရပါတယ် … အောက်က link ကနေတစ်ဆင့်ဒေါင်းလိုက်လို့ရပါတယ် .. 

 

ဆော့ဝဲလ်အားရယူရန်

 

by http://www.myanmarmobileapp.com/

Views: 176

Reply to This

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service