ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

Ning Com ရဲ့ အသစ်(update) အသုံးပြုနည်း


အသင်းဝင်များအားလုံးမင်္ဂလာပါ
နိုင်ကွင်းရဲ့ အသစ်အသစ်တွေပေါ့
ဒါပေမဲ့ သုံးရပိုလွယ်သွားပါတယ်
HTML ရေတတ်တဲ့လူတွေအကြိုက်ပေါ့
ကျွန်တော် ကတော့ မရေးတတ်ပါဘူး
လေ့လာနေတုန်းပါ အလုပ်သွားခါနီးထိတော့
ဘာမှမတွေ့သေးပါဘူး ခုအလုပ်ကပြန်လာမှ
ကွန်မန့်လေးတွေ ပေးမလို့ လုပ်မှ တွေ့လို့
တင်ပေးလိုက်တာပါ မသိသေးသူများအတွက်သာရည်ရွယ်ပါတယ်ဗျာ

အောက်ကပုံလေးတွေ
ကြည့်လိုက်ပါနော်

၁။။

၂။။


၃။။


၎။။


၅။။


၆။။


၇။။


၈။။



ပြောစရာလေးတစ်ခုကတော့
တစ်ချိုတွေ လုပ်ပြီးသား ကွန်မန့်လေးတွေ
ကူးလာခဲ့ရင် ကိုယ် Comment ပေးမဲ့နေရာလေးမှ
HTML ဆိုတဲ့နေရာလေးကို အရင်ကလစ်ပါ
ပြီးမှထဲ့ပါ အောက်ကပုံလေးတွေအတိုင်းပေါ့

၁။။


၂။။ HTML ဆိုတဲ့နေရာလေးတွေ မကလစ်ရင်တော့
အောက်ကပုံလေးအတိုင် ကုဒ်တွေချည်းဘဲပေါ်နေပါလိမ့်မယ်




အားလုံးဘဲ ပျော်ရွှင်ကြပါစေဗျာ


ကောင်းသောနေ့လေးပါ
အရာအားလုံးကံကောင်းပါစေ

ညီကိုမောင်နှမလေးများအား
ထာဝ၇လေးစားချစ်ခင်လျှက်
by ☂Xman_နတ်လူမုန်း☂ Forever Friends မှ

 

sign in ၀င်စရာမလိုသော features အသစ်များ ning network မှ ထည့်သွင်း

1 vote
ကျွန်တော်တို့ MMiTD Website လေးဟာ ning network ပေါ်မှာ မှီခိုထားခြင်း ဖြစ်တဲ့ အတွက်ကြောင့် ning မှ users များ အဆင်ပြေစေရန် ထပ်ပေါင်းထည့်ပေးသော features များတွင်လည်း ခံစားခွင့်များ ရရှိပါသည် ။

ယနေ့ 11.11.2010(ကြာသပတေး) မနက်တွင် site လေး အတွင်းသို့ ဝင်ရောက်လိုက်ရာ ning မှ new features များ ထည့်သွင်းပေးထားသည်ကို တွေ့ ရှိရပါသည် ။



ယခင်က မိမိ email account ဖြင့်သာ တည်ဆောက်ခွင့်ပေးထားသော ning network မှာ ယခု feature အသစ်ကြောင့် email account ဖြင့် တကူးတစ်က new account တစ်ခု တည်ဆောက်နေရန် မလိုအပ်တော့ပဲ

-facebook account
-gmail account
-yahoo account

တို့ ရှိလျှင်လည်း ning မှ တည်ထောင်ထားသော မည်သည့် network မဆို အကောင့် အသစ် တည်ဆောက်နေရန်မလိုအပ်ပဲ ချက်ခြင်း ၀င်ရောက်နိုင်မည့် feature ဖြစ်ပါသည် ။

ယခင်က အောက်ပါ အဆင့်များအတိုင်း email  လိပ်စာ ၊ password တို့ ဖြင့် ning network တွင် အကောင့်တစ်ခု တည်ဆောက်ရသောလည်း ထပ်ပေါင်းထည့်ပေးထားသော ( ဘေးတွင် ၀ိုင်းထားပါသည်) feature အသစ်ကြောင့် ထိုအဆင့်များအတိုင်းလိုက်လံ လုပ်ဆောင်နေစရာမလိုပဲ ......

်facebook အကောင့် ၀င်ထားပါက (သို့ ) gmail အကောင့်ဝင်ထားပါက (yahoo ကတော့ လိုမည်မထင် ကျွန်တော်တို့ နိုင်ငံတွင် သိပ်မသုံးဟု ထင်မြင်မိသောကြောင့် ဖြစ်ပါသည် ။ )

facebook နှင့် gmail တစ်ခုခု အကောင့်ကို ၀င်ထားပါက gmail ၀င်ထားလျှင် google ကို နှိပ် ၊ facebook ၀င်ထားလျှင် facebook ကို နှိပ်ခြင်း အားဖြင့် ning network တွင် မိမိ email ဖြင့် automatic အကောင့် တစ်ခု ရရှိမည် ဖြစ်ပါသည် ။


ထို့ သို့ နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် အကောင့်အသစ် တည်ဆောက်စရာမလိုတော့ပဲ မိမိ profile create လုပ်ရသော page သို့ တစ်ခါတည်း ရောက်ရှိသွားမည် ဖြစ်ပါသည် ။

အကယ်၍ sign in ၀င်ပါကလည်း တစ်ကူးတစ်က email account ဖြည့် ၊ password ဖြည့်စရာမလိုအပ်တော့ပဲ gmail ၀င်ထားလျှင် google ကို နှိပ် ၊ facebook ၀င်ထားလျှင် facebook ကို နှိပ်ခြင်း အားဖြင့် မိမိ အကောင့်အတွင်းသို့ အလိုအလျှောက် ၀င်ရောက်ပြီးဖြစ်နေမည် ဖြစ်ပါသည် ။


ဤ feature သည် MMiTD တစ်ခုထဲ အတွက်သာ မဟုတ်ပဲ တစ်ခြား ning တွင် မှီခိုထားသော network အကုန်လုံးတွင် သက်ဆိုင်ပါသည် ။ အခြားသော ning site များတွင်လည်း အထက်ပါ အတိုင်း sign up , sign in ဆိုင်ရာ features အသစ်များကို လုပ်ဆောင်၍ ရရှိမည် ဖြစ်ပါသည် ။

ထို feature အသစ် ၏ ကောင်းသောအချက်မှာ မိမိ ning တွင် ၀င်ထားသော password ကို မှတ်မိနေစရာမလိုတော့ပဲ facebook အကောင့် ၊ gmail အကောင့် တို့ ဖြင့်သာ ၀င်ရောက်၍ ရပြီး ၊ ning မှ password ခိုးယူခံရခြင်း ရန်မှလည်း ကင်းဝေးစေမည် ဖြစ်ပါသည် ။

ဤ features အသစ်ကိုတွေ့ တွေ့ ခြင်း စမ်းသပ် အသုံးပြုကြည့်ပြီးချက်ခြင်း ရေးသားလိုက်ရခြင်း ဖြစ်ပါသောကြောင့် တစ်စုံတစ်ရာ အမှားပါသွားပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါတယ် ခင်ဗျာ ။ ထို features အသစ်ကို သေချာစွာအသုံးပြုကြည့်ပြီး ကျွန်တော် တင်ပြခဲ့သော ပိုစ့်လေးတွင် အမှားများ ပါသွားပါကလည်း ၀င်ရောက် ထောက်ပြ ပြောဆိုနိုင်ပါတယ်ဗျာ ။

ယခုထက် ပိုမို သိရှိချင်ပါက the FAQ ning မှ announce လုပ်ထားသော page တွင် သွားရောက် ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ ။

by Htet Zaw

MMiTD Admin Group

Views: 125

Reply to This

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox
This free slideshow personalized with Smilebox

Birthdays

There are no birthdays today

Members

© 2014   Created by ukkmaung.   Powered by

Report an Issue  |  Terms of Service