ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

Ukkmaung's Blog – August 2009 Archive (5)

ကျောင်းလှူအကျိုး(၇)မျိုး

လူနှင့်နတ်ဝယ်၊သန္ဓေတွယ်၍၊စိတ်ဝယ်မတ၊ဆောက်အုံရ၏။

မထကြက်သီး၊ကိုယ်လည်းမလှုပ်၊

ကြောက်ရုပ်မထင်၊ထိတ်လန့်စင်၏။

ခြင်္သေ့သစ်ကျား၊သားရဲများနှင့်၊ဖမ်းစားကလူ၊နှိပ်စက်မူသား၊

တောသူဘုတ်ပြိတ်၊အဆိပ်ထန်ပြင်း၊မြွေနှင့်ကင်းကား၊

အဆင်းဖေါက်ပြန်၊ဂုမ္ဘာန်ရက္ခိုက်၊

နတ်မိုက်ရန်ပေါင်း၊ဘေးလွတ်ရှောင်း၏။

မကောင်းအိပ်မက်၊မြင်မမက်ဘူး၊ထင်လျှက်သတိ၊ခိုင်မြဲဘိ၍၊

ဝိပရိဏတံ၊ဖေါက်ပြန်စိတ်ရင်း၊ရူးသွတ်ခြင်းမှ၊

ရှင်းရှင်းလွတ်ရှောင်း၊ကျိုးဆက်ကောင်း၏။

နောက်နှောင်းဘ၀၊ပစ္ဆိမ၀ယ်၊ဂုဏကဲပို၊အရဟတ္တဖိုလ်ဟု၊… Continue

Added by ukkmaung on August 25, 2009 at 5:13pm — No Comments

ရတနာဝါသကျောင်း၌ သီတင်းသုံးနေထိုင်ကြသော ဆရာတော်များ၏ ထေရုပ္ပတ္တိအကျဉ်း

အရှင်ဥက္ကံသ မဟာဓမ္မာစရိယ M.A.



၁။အမည်………………………. ဦးဥက္ကံသ(U Ukkamsa)



၂။သာသနာဝင်အမှတ်………. ၁၂/အစန(သ)၀၀၀၉၀၉



၃။မိဘအမည်…………………. ဦးအောင်စီ+ဒေါ်တင်လှ



၎။မွေးရပ်ဇာတိ……………….. တောင်သာမြို့ နယ်၊မန္တလေးတိုင်း



၅။မွေးသက္ကရာဇ်……………… သြဂုတ်လ(၈)ရက်၊၁၉၆၅ခုနှစ်



၆။ရဟန်းဖြစ်သည့်နေ့………… မေလ(၁၅)၊၁၉၈၅ခုနှစ်



၇။ဥပဇ္ဈာယ်ဆရာ…………… ဦးဝိမလာစာရ၊ဦးပညာဝံသ



၈။ပညာအရည်အချင်း……… သာသနတက္ကသီလ မဟာဓမ္မာစရီယ… Continue

Added by ukkmaung on August 25, 2009 at 11:30am — No Comments

ရတနာဝါသကျောင်း လိပ်စာ

Added by ukkmaung on August 25, 2009 at 10:37am — No Comments

Address ;ရတနာဝါသကျောင်း လိပ်စာ

ရတနာဝါသကျောင်း

YATANAVASA TEMPLE

No. 38, Long Dong Rd, Lane 445,Alley 19,

Chung Li City,Tao Yuan County, 320 Taiwan R.O.C.

Tel:(886)03-4162397

桃園縣中壢市龍東路445巷19弄38號

Added by ukkmaung on August 18, 2009 at 11:30pm — No Comments

Beautiful In Myanmar

Continue

Added by ukkmaung on August 17, 2009 at 8:39pm — No Comments

Monthly Archives

2019

2018

2017

2016

2015

2014

2013

2012

2011

2010

2009

1999

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service