ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

Ukkmaung's Blog – September 2014 Archive (27)

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခိုနား

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခိုနား
ကောင်းမွန်သည့် သစ်ပင်ကြီးသည် ငှက်အပေါင်း တစ်သောင်းမက မှီခိုရာ…
Continue

Added by ukkmaung on September 30, 2014 at 10:43am — No Comments

ပံ့သကူ

ပံ့သကူ

 

ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့ ပစ္စည်း ၊ အလိုအလျှောက် ရရှိလာတဲ့ ပစ္စည်းများကို ခေါ်တာ ဖြစ်ပါတယ်။ မဟာဇနက မင်းသား တောထွက်တော့ ရွာတစ်ရွာ အနီးကို ရောက်ပါတယ်။ အဲဒီ ရွာနီးချုပ်စပ်မှာ နေတဲ့သူ တစ်ယောက် ကင်ထားတဲ့ အမဲကင် တစ်ခုကို ပိုင်ရှင် အလစ်မှာ ခွေးကချီ…

Continue

Added by ukkmaung on September 28, 2014 at 10:04am — No Comments

ရဟန်းနှင့် ကြာ

ရဟန်းနှင့် ကြာ

စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ရသေ့ကို ဖူးမြင်ရ၍ ထိုအခါ ငါ၏ အသက်ရှင်ခြင်းသည် အကျိုး ရှိလေစွဟု အောက်မေ့ မှတ်ထင်ခဲ့၏။

‘အရှင်ရသေ့ … အရှင့်အား အခြားပေးလှူရန် လှူဖွယ် မရှိပါ..။ အရှင့်အား ဤကြာပန်း တို့ကို လှူပါ၏။ အရှင်ရသေ့ ၏ သမ္မာသမ္ပောဓိဥာဏ်…

Continue

Added by ukkmaung on September 27, 2014 at 9:30am — No Comments

၁၄။ တောထွက်ခန်း Renunciation 放棄

၁၄။ တောထွက်ခန်း Renunciation 放棄

 

ထို့နောက် သိဒ္ဓတ္ထမင်းသည် တစ်ညလုံး ခရီးပြင်းနှင်လာခဲ့သည်။  နောက်ဆုံးတွင် အနော်မာမြစ်၏ တစ်ဖက်ကမ်းသို့ ရောက်လာသည်။ ထိုနေရာတွင် ဆံတော်ကိုပယ်၍ ရဟန်းအဖြစ်သို့ ခံယူသည်။

" အမောင်ဆန္န ၊ ပြန်လော့။…

Continue

Added by ukkmaung on September 26, 2014 at 8:30am — No Comments

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၁)

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ (၁) 

မြတ်ဗုဒ္ဓ ၄၄၀ါပြည့်ပြီး ၄၅၀ါမြောက် နောက်ဆုံးဝါဆိုသွားသောနေရာသည် ဝေသာလီမြို့အနီးရှိ ဝေဠုဝရွာငယ်ကလေးပင်ဖြစ်၏။ ထိုရွာကလေးသို့ မရောက်မီမှာ မြတ်ဗုဒ္ဓသည် ရာဇဂြိုလ်မြို့အနီးရှိ အမ္ဗပါလီအမျိုးကောင်းသမီး၏…

Continue

Added by ukkmaung on September 25, 2014 at 9:50am — No Comments

ကောလာဟလ ငါးပါးအကြောင်း

ကောလာဟလ ငါးပါးအကြောင်း

 

ကောလဟာလဟူသည် အုတ်အုတ်ကျက်ကျက် ဤသို့ဖြစ်တော့မည်တဲ့ဟု မဖြစ်မီကကြိုတင်၍ သတင်းစကား တစ်ဦး နှစ်ဦးကစ၍ အများအပြားစုပေါင်းကာ စကားတူ အသံတူ ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို ဆိုလို ပါသည်။



ဤအရာတွင် နောက်နောင်အခါ…

Continue

Added by ukkmaung on September 24, 2014 at 9:29am — No Comments

ပညတ်နှင့် ပရမတ်…

ပညတ်နှင့် ပရမတ်…

 

ပညတ်နှင့် ပရမတ်ဟူသော စကားများကို အတော်များများ ကြားသိနေကြမည် ဖြစ်၏။ စာပေများ တွင်လည်း အရေးများသကဲ့သို့ ဆရာတော် အတော်များများကလည်း ဟောပြောပေးနေသဖြင့် ရင်နှီးနေသော စကားများ ဖြစ်၏။ သို့သော် တိကျသည့် အဓိပ္ပါယ်နှင့် ဆိုလိုရင်းကိုကား မသိသူ…

Continue

Added by ukkmaung on September 23, 2014 at 9:28pm — No Comments

ရန်ငြိုးဖြေရာ မေတ္တာတိုက်ပွဲ

*ရန်ငြိုးဖြေရာ မေတ္တာတိုက်ပွဲ* 

၁။ ရန်သူရှိလျှင် သို့မဟုတ် တနုံ့နုံ့ တမြေ့မြေ့ စိတ်မကျေချမ်းဖွယ်ရာ ရန်ငြိုးဖွဲ့မိသူ ရှိနေလျှင် အလွန်ချစ်မြတ်နိုးသူ၊ မချစ်မမုန်း အလယ်အလတ်စား ရှိသူများအပေါ် မေတ္တာဈာဉ်စိတ် (အနည်းဆုံး ဥပစာရသမာဓိ)…

Continue

Added by ukkmaung on September 22, 2014 at 12:12pm — No Comments

ဂုဏ်တော်အစွမ်း အံ့မခန်း

ဂုဏ်တော်အစွမ်း အံ့မခန်း
အချိန်ကား ဆယ်စုနှစ် တခုကျော် ကြာမြင့်ခဲ့ပါပြီ။ ယင်းအချိန်သည် ၁၉၉၅-ခုနှစ်ခန့်က ဖြစ်သည်။ စာရေးသူသည် မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့်…
Continue

Added by ukkmaung on September 21, 2014 at 5:15pm — No Comments

ကိုယ်အပင်ပန်းခံပြီး တရားအားထုတ်တာ အတ္တကိလမထ ဖြစ်သလား

ကိုယ်အပင်ပန်းခံပြီး တရားအားထုတ်တာ အတ္တကိလမထ ဖြစ်သလား



လူဝတ်ကြောင် ကမ္မဋ္ဌာန်းဆရာတစ်ယောက်ကတော့ “က္ကုရိယာပုထ်တစ်ခုခုမှာ ညောင်းပူနာကျင် အခံခက်လာရင် ချက်ချင်းပြုပြင်လိုက်ရမယ်၊ မပြုပြင်ဘဲ ရှုနေရင် အတ္တကိလမထာနုယောဂ ဖြစ်တယ်” လို့ ဆိုသတဲ့။…

Continue

Added by ukkmaung on September 20, 2014 at 5:23pm — No Comments

သမ္ဗုဒ္ဓေ ဂါထာ အမေးအဖြေ၊

သမ္ဗုဒ္ဓေ ဂါထာ အမေးအဖြေ၊

    * Ma yonwadi*၏ သမ္ဗုဒ္ဓေ ဂါထာအဓိပ္ပါယ်နှင့် ၄င်းဂါထာပါဘုရားများ ထေရ၀ါဒဖြစ်မဖြစ် စသည်မေးခွန်းကို ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။

 

       သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ…

Continue

Added by ukkmaung on September 19, 2014 at 10:20am — No Comments

လောကီသစ္စာနှစ်ပါး။

လောကီသစ္စာနှစ်ပါး။ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ။





သူတစ်ပါးသမီး

ထိုသူစိမ်းကြီးကို အိမ်ပေါ်တင်လျက်က

တစ်သက်လုံး ရှာဖွေကျွေးရသော ဒုက္ခ။



သူတစ်ပါးသမီး

ထိုသူစိမ်းကြီးမွေးသမျှကလေး

လိုသမျှ ရှာဖွေပေးရသော…

Continue

Added by ukkmaung on September 17, 2014 at 9:50am — No Comments

ငရဲသက်တမ်းနဲ့ လူ့သက်တမ်းနှိုင်းယှဉ်ခြင်း

“ငရဲသက်တမ်းနဲ့ လူ့သက်တမ်းနှိုင်းယှဉ်ခြင်း” 

မေး။ ။ လူ့ပြည်နဲ့ ငရဲပြည်ဆို အချိန်ဘယ်လိုတွက်ရပါသလဲ။ဥပမာ လူ့ပြည် နှစ် ၁၀၀ ဆို ငရဲပြည်မှာ ဘယ်လောက်လဲဆိုတာ ဖြေပေးပါအုံး။



ဖြေ။ ။(၁)။…

Continue

Added by ukkmaung on September 16, 2014 at 9:17am — No Comments

“သာဓုခေါ်ရကျိုး”

“သာဓုခေါ်ရကျိုး”



ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်အခါတွင် သာဝတ္ထိပြည်၌ ကြွယ်ဝချမ်းသာသော သူဌေးဇနီးမောင်နှံ ရှိလေသည်။ သူတို့သည် ရတနာသုံးပါးအား အထူးပင် ယုံကြည်မြတ်နိုး ကြလေသည်။ သူတို့သည် အသက်အရွယ်အားဖြင့် မကြီးလှသေးချေ။…

Continue

Added by ukkmaung on September 15, 2014 at 10:41am — No Comments

စကားနောက် တရားပါ

စကားနောက် တရားပါ

လူတိုင်းလူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း ပြောတတ်ကြသလို မမှန်တဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ကောင်းတဲ့စကားလည်း ပြောတတ်ကြသလို မကောင်းတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ အနှစ်ရှိတဲ့စကားလည်း ပြောတတ်ကြသလို…

Continue

Added by ukkmaung on September 14, 2014 at 12:04pm — No Comments

စာရိတ္တသတ္တိ နှင့် လူရှင်ပုပ်

စာရိတ္တသတ္တိ နှင့် လူရှင်ပုပ်

 

သတ္တိသုံးမျိုးက ကာယသတ္တိ၊ စိတ္တသတ္တိ၊ စာရိတ္တသတ္တိတို့ပါဘဲ။

ဒီသုံးမျိုးထဲမှာ ထိုးတယ်၊ ခုတ်တယ်၊ ရိုက်တယ် ဆိုတဲ့ ကာယသတ္တိဟာ အလွယ်ဆုံးပါဘဲ။ ဒီထက်ပိုခက်တာက  စိတ္တသတ္တိပါ။ ကိုယ်က…

Continue

Added by ukkmaung on September 13, 2014 at 12:43pm — No Comments

“ပညတ်မြင်ရင် မေတ္တာပွား၊ ပရမတ်မြင်ရင် ဝိပဿနာပွား”

“ပညတ်မြင်ရင် မေတ္တာပွား၊ ပရမတ်မြင်ရင် ဝိပဿနာပွား”

 

အစမထင် သံသရာတစ်ခွင်လုံးမှာ ဒီခန္ဓာကိုယ်ကြီးကို ငါ သူတစ်ပါး ယောက်ျား မိန်းမ စတဲ့ ပညတ်အမြင်နဲ့သာ မြင်ခဲ့ကြပါတယ်။ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမလို့မြင်တာ သိတာကို…

Continue

Added by ukkmaung on September 12, 2014 at 12:05pm — No Comments

စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ “အရဟံစေတီ” နေ့တိုင်း တည်

စိတ်ချမ်းသာချင်ရင် ရင်ထဲမှာ “အရဟံစေတီ” နေ့တိုင်း တည်

အရဟံဂုဏ် ပွားနေရင် ကိုယ့်ရင်ထဲမှာ “အရဟံ စေတီ” တည်လိုက်တာပါ။ အောက်ခြေ ပလ္လင်ကို “သီလ”နဲ့တည်ပါမယ်။



အလယ်ပစ္စယံ၊ အထက်ပစ္စယံ ကို “ဂုဏ်တော် ဘာဝနာ”နဲ့ တည်ပါမယ်။…

Continue

Added by ukkmaung on September 11, 2014 at 9:26am — No Comments

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍ

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဗုဒ္ဓဘာသာ၏ အခန်းကဏ္ဍ

 

ယနေ့ခေတ် (၂၁)ရာစုသည် အတွေးအခေါ် တော်လှန်သောခေတ်၊ အတွေးအခေါ် ပြောင်းလဲသော ခေတ်ဟုဆိုနိုင်ပါသည်။ အတွေးအခေါ် ပြောင်းလဲခြင်းဟူသည် သမရိုးကျ ရိုးရာအစဉ်အလာ အတွေးအခေါ်မှသည် ဆန်းသစ်သော…

Continue

Added by ukkmaung on September 10, 2014 at 10:43am — No Comments

၁၃။ တစ်ရေးနိုးသော် Wake up from sleep at midnight 從睡眠中醒來,半夜

၁၃။ တစ်ရေးနိုးသော် Wake up from sleep at midnight 從睡眠中醒來,半夜

 

 ထိုနေ့ညတွင် အခါတိုင်းကဲ့သို့ နန်းတွင်းသူများက အတီး၊ အဆို၊ အမှုတ်၊ အဆို၊ အကတို့ဖြင့် သိဒ္ဓတ္ထမင်းကိုဖျော်ဖြေသည်။ သိဒ္ဓတ္ထမင်းသည် ရှေးကကဲ့သို့ ပျော်ရွှင်နှစ်သိမ့်ခြင်း မရှိဘဲ၊ မကြာမီ…

Continue

Added by ukkmaung on September 9, 2014 at 9:23am — No Comments

Monthly Archives

2019

2018

2017

2016

2015

2014

2013

2012

2011

2010

2009

1999

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service