ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ပဋ္ဌာန်းရွတ်တဲ့အခါ ဒိဋ္ဌဓမ္မ ဒီဘဝမှာပဲ အကျိုးပေးအောင် စံချိန်ကိုက်ရွတ်ဖတ်နည်း

ပဋ္ဌာန်းရွတ်တဲ့အခါ ဒိဋ္ဌဓမ္မ ဒီဘဝမှာပဲ အကျိုးပေးအောင် စံချိန်ကိုက်ရွတ်ဖတ်နည်း
ပဋ္ဌာန်းရွတ်တဲ့အခါ ဒိဋ္ဌဓမ္မ ဒီဘဝမှာပဲ အကျိုးပေးအောင် စံချိန်ကိုက်ရွတ်ဖတ်နည်း (၄)နည်းရှိသည်။

၎င်းတို့မှာ……

(၁)ခန္ဓာကိုယ် သန့်ရှင်းစေရမည်။

(၂)အချိန်မှန်မှန်ရွတ်ဖတ်ရမည်။

(၃)ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။

(၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။

အဓိပ္ပာယ်အကျယ်-

(၁) ခန္ဓာကိုယ်သန့်ရှင်းစေရမည်။

ပဋ္ဌာန်းရွတ်ဖတ်လျှင် အနီးနားရှိ နတ်ဗြဟ္မာများ တရားနာလာကြသည်။ပဋ္ဌာန်းရွတ်ဖတ်သူက နံစော်နေပါလျှင်ပဋ္ဌာန်းတရားနာသည့် နတ်ဗြဟ္မာတို့က နှာခေါင်းရှုံ့သွားပြီး ပြန်သွားကြသည်။သို့အတွက် ခန္ဓာကိုယ်သန့်ရှင်းပါစေ။ချွေးစော် ချေးညှိစော် မနံပါစေနှင့်။

(၂) အချိန်မှန်မှန် ရွတ်ဖတ်ရမည်။

ပဋ္ဌာန်းရွတ်ဖတ်ပါများလျှင် နတ်ဗြဟ္မာတို့ တရားနာလာကြသည်။အချိန်ကိုမှတ်ထားပြီး ည ၈-နာရီ ၊ ၉-နာရီ စသည်ဖြင့် အချိန်မှတ်ပြီးလာကြသည်။အခြားမြို့ရွာတို့မှ နတ်ဗြဟ္မာတို့ကို၎င်း ၊ အခြားတိုင်းပြည်အခြား စင်္ကြာဝဠာမှ နတ်ဗြဟ္မာတို့ကို၎င်း ၊ခေါ်လာတတ်ကြသည်။

၎င်း နတ်ဗြဟ္မာတို့ တရားနာရန် လာချိန်၌ ပဋ္ဌာန်းရွတ်ဖတ်သူက ပဋ္ဌာန်းမရွတ်ပဲဟိုလုပ် ဒီလုပ် လုပ်နေလျှင် ၄င်း နတ်ဗြဟ္မာများစိတ်ပျက်ပြီး ပြန်သွားကြလေသည်။

(၃) ပီပီသသ အသံကျယ်ကျယ်ရွတ်ဖတ်ရမည်။

တိုးတိုးလေး ဆီမန်း မန်းသလို ရွတ်ဖတ်လျှင် တရားနာနတ်ဗြဟ္မာများနာ၍အားမရ နားမလည်၍ စိတ်တိုပြီးပြန်သွားတတ်ကြသည်။

(၄)ပြီးလျှင် အမျှဝေ မေတ္တာပွားရမည်။

ပဋ္ဌာန်းရွတ်ဖတ်ပြီးလျှင် ပဋ္ဌာန်းတရားနာရန် ကြွရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်းတို့အား အမျှပေးဝေပါ၏။အခြား ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကိုလည်း အမျှပေးဝေပါ၏။ သာဓုခေါ်ကြပါ။နတ်၌ဖြစ်သော စည်းစိမ်ချမ်းသာတို့ကိုလည်းရရှိ၍ နတ်းစည်းစိမ်ချမ်းသာ တိုးတက်ကြပါစေ။ကျွန်ုပ်၏ သာသနာပြုလုပ်ငန်းတို့ကိုလည်း ပြီးစီးအောင်မြင်အောင် စောင့်ရှောက်ကြပါစေ။

★ တရားနာလာကြသည့် တစ္ဆေသရဲ ပြိတ္တာ မှင်စာအပါယ်လေးဘုံသားတို့အားလည်း အမျှပေးဝေပါ၏။အမျှရ၍ကျန်းမာချမ်းသာကြပါစေဟုအမျှဝေမေတ္တာပွားပါလေ။

ဤကဲ့သို့ ပဋ္ဌာန်းတရားကို ရွတ်ဖတ်ပွားများပါလျှင် လောကီအကျိုးများ တနေ့တခြားတိုးပွား၍ ဘုန်းကြီး သက်ရှည် ရောဂါအန္တရာယ်တွေ ကင်းသွားပါလိမ့်မည်။

★ ပဋ္ဌာန်းတရားဆိုတာကတော့ ပြဋ္ဌာန်းတဲ့အကြောင်းတရားပေါ့။ အဲ့ဒီလိုပြဋ္ဌာန်းတဲ့အကြောင်းက(၂၄)ပါး ၊(၂၄)ပါးသော အကြောင်းတရား ၊အကြောင်းတရားဆိုသဖြင့်သူနဲ့ဆက်သွယ်တဲ့ အကျိုးတရား ပစ္စည်းတရား ပစ္စုယုပ္ပန်တရား အကြောင်းတရား၊အကျိုးတရား အကြောင်းအကျိုးတွေ ခွဲခြားပြီးတော့ မြတ်စွာဘုရားသခင် ဟောကြားတဲ့ တရားတော်။အဲ့ဒါကို ပဌာန ကာရဏ ။ပဋ္ဌာန်းလို့ (န)သတ်လိုက်တော့ ပဋ္ဌာန်းလို့ဖြစ်သွားတယ်။တကယ်ကတော့ ပဌ်ဌာန်းပေါ့လေ။

ပဋ္ဌာန-ပဋ္ဌာန်းလို့ ဆိုပေမယ့်လို့ ဗမာက ပေါ့ပေါ့ရွတ်ဆိုတဲ့အကျင့်ရှိလို့မို့ ပဋ္ဌာန်းလို့ ဒီလိုဖြစ်သွားတာ။

★ အဲ့ဒီ ပဋ္ဌာန်းတရားတော်ကို မြတ်စွာဘုရားသခင် ဘုရားဖြစ်ပြီးတော့

သတ္တသတ္တာဟ(၇) သတ္တာဟ၊ ခုနှစ် ခုနှစ်လီ (၄၉)ရက်ဗောဓိပင်နဲ့ရွှေပုလင်တော်နားနေပြီး သတင်းသုံးနေတဲ့အချိန်စတုတ္တထသတ္တာဟ ။ပထမက ပလ္လင်္ကသတ္တာဟ-ဗောဓိပင်အောက်(၇)ရက်နေ။ဒုတိယကဗောဓိပင်ရဲ့အရှေ့မြောက် (၁)ဖာလုံလောက် ဝေးတဲ့နေရာကနေ ဒီနေရာငါတရားထူးတရားမြတ်ရတဲ့နေရာ ဘုရားဖြစ်တဲ့ သဗ္ဗေညုတဉာဏ် ရရှိတော်မူတဲ့နေရာဆိုပြီးတော့ (၇) မျက်တောင်မခပ်ဘဲနဲ့ မတ်တပ်ရပ်ပြီးတော့ ကြည့်နေတဲ့နေရာ။

ဒါကို အနိမိသ သတ္တာဟ ။နိမိတ-ဆိုတာက မျက်တောင်ခတ်တယ်ပေါ့ အနိမိတ-ဆိုတာကမျက်တောင်မခတ်ဘူး။ မျက်တောင်မခတ်ပဲနဲ့နေနိုင်ဘို့ဆိုတာကသိပ်မလွယ်ဘူး။

★ နတ်တွေ ဗြဟ္မာတွေပဲ နေနိုင်တယ်။

လူတွေထဲက မျက်တောင်မခတ်ဘဲ နေ့ရောညရော နေနိုင်ဖို့ မတတ်နိုင်ပါဘူး။ပြီးတော့မှ ပလ္လင်နဲ့ အနိမိတ သတ္တဟ ကြားထဲမှာ စင်္ကြန်လျှောက်ပြီးတော့(၇)ရက်နေပါတယ် ဒါကို စင်္ကမ သတ္တာဟ ။ပလ္လင်္က သတ္တာဟ၊ အနိမိသ သတ္တာဟ ၊စင်္ကမ သတ္တာဟ (၂၁)ရက်ကြာသွားတယ်။(၂၁)ပြီးတော့မှ (၂၂) ကနေစပြီးတော့စတုတ္တထ သတ္တာဟ အဲ့ဒီမှာ အဘိဓမ္မာ(၇)ကျမ်း သုံးသပ်ဆင်ခြင်တော်မူပါတယ်။

ဓမ္မသင်္ဂဏီကျမ်း၊ ၀ိဘင်းကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ်ကျမ်း၊ကထာဝတ္ထုကျမ်း၊ ယမိုက်ကျမ်း၊ ဆိုပြီး ဒီလို ရှေ့(၆)ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့အခါမှာ ဘာမှမထူးပါဘူး။

★ ပဋ္ဌာန်းကျမ်းကြီးဆင်ခြင်သုံးသပ်တဲ့အချိန်ကြမှ ရောင်ခြည်တော်တွေ အိမ်လုံးမက တောင်လုံးမက ရောင်ခြည်တော်တွေ အကြီးအကျယ်ထွက် ရောင်ခြည်တော်တွေအနန္တစင်္ကြာဝဠာ ပြေးသွားနေကြ။

အခုခေတ် သိပ္ပံနည်းနဲ့ တိုင်းတာတဲ့အခါ အရောင်တွေရဲ့ ပြေးနှုန်းသွားနှုန်းဟာ တစ်စက္ကန့်ကို ၁၂၆၀၀၀ လောက်သွားပါတယ်။

အဲ့ါဒီပြေးနှုန်းနဲ့ ရောင်ခြည်တော်တွေ ပြေးသွားနေတာ အခုထိ ပြေးတုန်းသွားနေတုန်းပဲ အဲ့ဒါနောက် သာသနာ(၅၀၀၀)ရှိတဲ့အခါ ကွေ့ပြီးတော့ စင်္ကြာဝဠာရဲ့သဘောကဝေ့ပြီးတော့သွားတဲ့သဘောရှိတာ။ သိပ္ပံနည်းအရလည်း ကမ္ဘာကြီးက လည်နေတော့ လည်လိုက်တဲ့အခါမယ် ဝိုင်းသွားတာ။ဝိုင်းသွားတော့ ရောင်ခြည်တော်တွေကအစသွားတုန်းကတော့ အဖြောင့်ပြေးသွားတာ။နောက်ကျတော့ ဝိုင်းသွားတော့ ဒီနေရာပြန်ရောက်တယ် ပြန်ရောက်တဲ့နေရာကို ရောင်တော်ပြန်ပွဲလို့သာသနာ(၅၀၀၀) ရှိတဲ့အခါ ရောင်ခြည်တော်တွေ အစထွက်တဲ့နေရာ ပြန်ရောက်လာလို့ ရောင်တော်ပြန်ပွဲလို့ခေါ်တယ်။

အဲ့ဒီရောင်တော်ပြန်ပွဲမှာ အကြီးအကျယ် တရားထူးတရားမြတ်များရကြလိမ့်ဦးမယ်။

★ ပြောလိုရင်းကတော့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတော်မှ ပဋ္ဌာန်းတရားဆင်ခြင်သုံးသပ်မှ ရောင်ခြည်တော် အကြီးအကျယ်ထွက်တယ်။

လူလည်းပဲ ဗြဟ္မာတွေလည်းပဲတစ်ဦးတစ်ယောက်ဟာ အကျိုးမပေးဘူး။ ကံမကောင်းဘူးလို့ ဖြစ်နေရင်ပဋ္ဌာန်းတရားသာ ရွတ်ဖတ်သရဈာယ် အကျိုးပေးလာတယ်။ကံကောင်းလာတယ်။အဲ အကျိုးမပေးပဲ အကုသိုလ်တွေက ပိတ်ပင်တားဆီးထားတော့တစ်ချို့စာတတ်တယ် တစ်ချို့ ပညာတတ်တယ်။ စာတတ်ပြီး ပညာတတ်ပေမယ့်လို့ ဘာမှဘုန်းမကြီးဘူး။ဘုန်းနည်း ကံနည်းနဲ့ နေရ။

အဲ့ဒီလို ပုဂ္ဂိုလ်တွေ ပဋ္ဌာန်းသာရွတ်လိုက် ချမ်းသာပြီ။လိုချင်တာတွေ အကုန်ရပြီ။အဲ့ဒီလို မြတ်စွာဘုရားသခင်ရဲ့ပဋ္ဌာန်း တရားတော်သည်အလွန်တရာမှ တန်ခိုးအာနုဘော် ရှိပါတယ်။ဘေးဥပါဒ်အန္တရာယ်တွေလည်းကင်းပါတယ်။

★ တပည့်တော်တို့ မင်းကွန်းတိပိဋကဆရာတော်ကြီး တစ်ခါတော့ မြန်မာနိုင်ငံမိုးကုတ်ရဲ့အရှေ့ဘက် မိုးမိတ်မြို့ဆိုတာ ရှိသေးတယ်။မိုးမိတ်မြိုသွားတရားဟောမိုးမိတ်မြို့တရားဟော ပြန်လာတဲ့အခါကျတော့ မိုးကုတ်ကကားနဲ့ဖြတ်မောင်းပြီးတော့ ပြန်လာတယ်။

အဲ့ဒီမှာ မိုးကုတ်က ဒကာတွေကလျှောက်တယ် ဆရာတော် ရှေ့မဆက်နဲ့တော့ ဘုရား။ တပည့်တော်တို့ မိုးကုတ်မှာ တစ်ညကြိမ်းပါ။

ဘာလို့လဲဒကာကြီးတို့ဆိုတော့ အခုလေးတင် ရေဒီယိုက ကြေညာသွားတယ်ဘုရားလေမုန်တိုင်းကြီး စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအကြား အကြီးအကျယ်တိုက်လိမ့်မယ်။အဲ့ဒီတော့ အဲ့ဒီနေရာအတွင်း အပြင်ရောက်နေတဲ့လူတွေက ဘေးဥပါတ်ကင်းမယ့်နေရာလေးမှာ တိမ်းရှောင်နေကြပါ။

ကိုယ့်အိမ်အတွင်းက လူတွေကလည်း အိမ်အတွင်း လေဘေးခံနိုင်တဲ့နေရာမှာ နေကြပါလို့ကြေညာသွားတယ်။ ဆရာတော်ဆက်သွားရင်လေမုန်တိုင်းမိလိမ့်မယ်ဘုရားဆိုတော့အာ အဲ့ဒါမှ ကျုပ်ကသွားရမှာဗျာဆိုပြီး ဆရာတော်ကကားပေါ်ကကို ဆင်းမနေတော့ဘူး။ တခါတည်းဆက်သွား။

★ ဆက်သွားတော့ သပိတ်ကျင်းရောက်။ သပိတ်ကျင်းရောက်တဲ့အခါ ကျောင်းတစ်ကျောင်းဝင်တဲ့ပြီးတော့ပဋ္ဌာန်းစာအုပ် (၅)အုပ်ထုတ်ခိုင်း။ကဲရှိတဲ့ ကိုရင်တွေဦးပုဇဉ်းတွေ တစ်လှည့်စီ ဖတ်။ဟိုက လေမုန်တိုင်းကြီးလာနေတယ်။လေအန္တရာယ်ကင်းအောင် ဖတ်ကြပါ။မရပ်နဲ့ဆိုပြီးတော့ ဖတ်ခိုင်း။အဲ့ဒီကနေ ပြီးတော့ အောက်သွားအောက်နားလေးရောက်တဲ့အခါကျတော့ စဥ့်ကူးဆိုတာ ရှိတယ်။

အဲ့ဒီ စဥ့်ကူးကျတော့လည်း ဒီလိုပဲ ကျောင်းတစ်ကျောင်းဝင်ပဋ္ဌာန်းစာအုပ် (၅)အုပ် ထုတ်ခိုင်းထုတ်ပြီးတော့ ဦးပုဇဉ်းတွေ ကိုရင်တွေ ဖတ်ကြဆိုပြီးတော့ ပဋ္ဌာန်းဖတ်ခိုင်း။အဲ့ဒီကနေ မြစ်အနောက်ဖက် ကူး။

ရွှေဘိုရောက် ရွှေဘိုကြတော့လည်း အဲ့ဒီလို ခိုင်းခဲ့ပြီးတော့ဆရာတော်ကလည်း လမ်းတစ်လျှောက်လုံးပဋ္ဌာန်းပစ္စယနိဒ္ဒေသရွတ်ဖတ်ပြီးတော့ သရဈာယ်လာတယ်။

★ ဒီရွှေဘိုရဲ့တောင်ဘက်နားလေးရောက်တော့ ရေဒီယိုက ပြန်ကြေညာတယ်

စစ်ကိုင်းတိုင်း မန္တလေးတိုင်း တိုက်မယ့် လေမုန်းတိုင်းကြီး အနောက်ဖက်ရွေ့သွားပြီဒီဘက်မတိုက်တော့ဘူး လို့ အဲ့လိုကြေညာပါတယ်။အဲ့ဒီလို တကယ့်အန္တရာယ်ကြီးတွေကင်းပါတယ်။ တပည့်တော်တို့ နာဂစ်မုန်တိုင်းတုန်းကလည်းဒီလိုပဲ။နာဂစ်မုန်တိုင်းတုန်းက ဒီ့ပြင်ရွာတွေ မြို့တွေသာ ဒုက္ခရောက်တာ။ပုသိမ်မြို့က ဒုက္ခမရောက်ဘူး။

ပုသိမ်မြို့ အဲ့ဒီအချိန်မှာ ကိုးဋ္ဌာန ကိုးပိုင်းခွဲပြီးတော့တစ်မြို့လုံးဖြန့် ပဋ္ဌာန်းရွတ်နေကြတယ်။

ပဋ္ဌာန်းရွတ်နေတဲ့အတွက် ပဋ္ဌာန်းရဲ့တန်ခိုးကြောင့် ပုသိမ်မြို့မယ်အဲ့ဒီနာဂစ်မုန်တိုင်းကြီး မတိုက်ဘူး။ ဘေးကျော် တိုက်ချသွားတယ်။အဲ့ဒီလို ဘေးဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်လည်းကင်းစေနိုင်တယ်။ဘုန်းတန်ခိုး အာနုဘော်ကိုလည်း ကြီးစေနိုင်တဲ့ ပဋ္ဌာန်းတရားကို ကြိုးစားပြီးတော့ ရွတ်ဖတ်ကြပါ။

★ အဲ့ဒီလိုရွတ်ဖတ်သဖြင့် တပည့်တော်တို့ သိပ္ပံပညာရှင်တွေက ကြေညာတယ်မို့လား။

တစ်ချို့လည်း ကြားမိမယ်။တစ်ချို့လည်း မကြားမိလောက်ဘူး။

ကမ္ဘာကြီးအတွင်းကို ဒီပြင်စင်္ကြာဝဠာက ဂျူပီတာ ပလမ်နက် ခေါ်တဲ့ ကြာသပတေး ဂြိုလ်လောက်ကြီးတဲ့ ဂြိုလ်ကြီးတစ်လုံး အမှတ်မထင် ဝင်လာနေတယ်။(၂၀၁၂ ခုနှစ်နဲ့ ၂၁၁၃ ခုနှစ်) (၂)နှစ် တပည့်တော်တို့ ကမ္ဘာဂြိုလ်ကို ဒုက္ခပေးနိုင်တယ်။ရေတွေအကြီးအကျယ်ကြီးမယ်။ ဒီဂြိုလ်ကြီးဝင်လာတဲ့အတွက်

လေမုန်တိုင်းတွေ တိုက်မယ်။ မီးတောင်တွေပေါက်ကွဲမယ်။ လူတွေ ဒုက္ခရောက်ပါ့မယ်လို့ အဲ့ဒီလို ဒုက္ခဘေးတွေမှ ကင်းဝေးအောင် တပည့်တော်တို့

ကယ်နိုင်တဲ့ တရားကတော့ ပဋ္ဌာန်းတရားပဲ ရှိပါတယ်။အဲ့ဒါကြောင့် ပဋ္ဌာန်းတရား ကြိုးစားပြီးတော့ ရွတ်ဖတ်သရဈာယ် မူကြပါ။ကိုယ်တင်မကပဲ ကိုယ်နဲ့ဆက်သွယ်တဲ့သူတွေကိုလည်း ခိုင်းပေးကြပါဗျာ။တပည့်တော် ဂျပန်ပြည်သွားလည်း ဂျပန်ပြည်ခိုင်းတယ်ဘုရား အမေရိကမှာလည်း ကိုယ်ကိုယ်တိုင်လည်းရွတ်ခဲ့တယ်။သူတို့ကိုလည်း ရွတ်ဖို့ရန် တိုက်တွန်းခဲ့တယ်။

★ အဲ့ဒီလိုရွတ်ခိုင်းတာက ရောက်မယ့်ဘေးအန္တရာယ်တွေကို

ကာကွယ်နိုင်မှာက တပည့်တော်တို့ ပဋ္ဌာန်းတရားပဲရှိပါတယ်။

ပဋ္ဌာန်းတရားက ကယ်မှာ။ အဲ့ဒါကြောင့်ရွတ်တဲ့အခါမှာလည်း ကြိုးစားပြီးတော့ ရွတ်ကြပါဘုရား။နတ်တွေ ဗြဟ္မာတွေလည်း လာပါတယ်ဘုရား။

အရှင်ဘုရားတို့ကတော့ ကြုံချင်မှ ကြုံဘူးမယ်။တပည့်တော်က နတ်တွေဗြဟ္မာတွေလာတာလည်း ကြုံဖူးတယ်ဘုရား။

သူတို့လာရင် ဘယ်လိုသိသလဲဆိုတော့ တစ်ခန်းလုံးမွှေးကြိုင်နေတာပဲ။အဲ့ဒီအခါဆိုရင် နတ်တွေ ဗြဟ္မာတွေလာပြီ။နတ်တွေဗြဟ္မာတွေလာပြီဆိုရင် ကိစ္စတော်တော်လေးပြီးမြောက်အောင်မြင်ပါတယ်ဘုရား။

တပည့်တော်က နတ်တွေ ဗြဟ္မာတွေလာမှန်းသိတော့ဘယ်လိုပြောဖူးတုန်းဆိုတော့အသင်နတ်တို့ ဗြဟ္မာတို့ ခင်များတို့ လာတာ ကျုပ်နှာခေါင်းက သိတယ်ဗျာ။ ဒါပေမယ့်ကျုပ်က မျက်စိနဲ့မြင်ချင်တာ ခင်ဗျားတို့နတ်တွေ ဗြဟ္မာတွေပြစမ်းပါ ဘယ်လိုပုံရှိတုန်းဆိုတော့အဲ့သူတို့ပြပါတယ်ဘုရား ။အဲ့ဒီတော့ တပည့်တော်ကပဋ္ဌာန်းရွတ်ကျိုးနပ်တယ်။

★ တပည့်တော် နတ်တွေဗြဟ္မာတွေလည်း မြင်ဘူးတယ်။

အရှင်ဘုရားတို့ရောမြင်ဖူးကြလား။မြင်ဖူးချင်ရင်တော့ ပဋ္ဌာန်းရွတ်ကြပေါ့ဗျာ။အရင်ဆုံးကတော့ မွှေးကြိုင်လာဖို့လိုတယ်ဗျာ။

အဲ့ဒါဆိုရင် လာပြီ။ သူတို့က ပြီးတော့ကြတော့ နတ်တွေ ဗြဟ္မာတွေမွှေးကြိုင်လာတာကို တပည့်တော်ကို နည်းပေးတဲ့ သီလရှင်ကြီး ဒေါ်စိတ္တရာကပြောတယ်။

တပည့်တော်က ဘာသိတုန်းဆိုတော့ ပိုသိတာ ပုပ်အဲ့လာတာတွေလည်း ရှိတယ်အရှင်ဘုရား။တစ်ခါတစ်လေများ ခွေးသေကောင်ကြီးအနားဆွဲလာတဲ့အတိုင်း ပုပ်ပြီးတော့လာတယ်အဲ့ဒါဆိုရင်တစ္ဆေတွေ သရဲတွေ လာပြီ။ပြီးပြီဆိုတာ ကိုယ့်ခြောက်မလို့ လာတာမဟုတ်ဘူး။သူက သာဓုခေါ်ချင်လို။့ အဲ့ဒါအမျှဝေပြီးတော့မေတ္တာပွားလိုက်ရင်ဒီကောင်တွေလည်းပဲ ဝမ်းသာပြီးတော့ သွားကြတယ်။

ခွေးတွေဘာတွေ အူ ပုပ်အဲ့လာပြီဆိုရင် တစ္ဆေ သရဲတွေ လာပြီ။လာလည်းမကြောက်နဲ့။ အရှင်ဘုရားတို့ ရွတ်သာရွတ်ဖတ် သူတို့ကို မေတ္တာပို့ အမျှဝေလိုက်။

★ အဲ့ဒါကြောင့် တပည့်တော် ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံပေါ့ဗျာ။ လက်တွေ့အရှင်ဘုရားတို့လည်း ကြိုးစားပြီးတော့ ရွတ်ဖတ်သရဈာယ်ပါ။ရွတ်ဖတ်သရဈာယ်သဖြင့်ကိုယ်နဲ့ ပတ်သက်တဲ့ နိုင်ငံသူ နိုင်ငံသားတွေကိုယ့်ဒီကမ္ဘာလုံးကြီးမယ်နေထိုင်ကြတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေကျန်းမာချမ်းသာကြပါစေ လို့ မေတ္တာလည်းပွားကြပါဘုရား။

ဒီလောက်ဆိုရင် တော်လောက်ပါပြီ။

သာဓု သာဓု သာဓု။

တရားချစ်ခင်သူတော်စင်များ ကျန်းမာချမ်းသာကြပါစေဗျာ။

ဤတရားတော်အား အသံနားထောင်၍ ရေးရသောကုသိုလ်တို့ကြောင့် တိုင်းပြည်နှင့်သာသနာတော်အတွက် ကြီးစွာသောအလုပ်အကြွေးအထောက်အပံ့အစောင့်အရှောက် ပြုရပါလို၏။

ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကုမာရာဘိဝံသ

ဖိုးသူတော်(www.phothutaw.com)
Credit:tameelay.com

Views: 99

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

sawmaungnaing is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Jan 3
Tricia Cornwall updated their profile
Dec 18, 2020
Tricia Cornwall is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Dec 18, 2020
Minn Wai replied to ukkmaung's discussion လောကီ ဝိဇ္ဇာ ပညာရပ် စာအုပ်များ
Dec 14, 2020

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service