ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Chong Li, Taiwan R.O.C
အမျိုးသမီးတွေရဲ့ ထဘီတန်းအောက်ကို ဝင်ရင် ဘုန်းနိမ့်တတ်သလား?
အမျိုးသမီးတွေရဲ့ ထဘီတန်းအောက်ကို ဝင်ရင် ဘုန်းနိမ့်တတ်သလား?
”နိမ့်တယ်ထင်ရင် နိမ့်ပါတယ် ၊ မနိမ့်ဘူးထင်ရင် မနိမ့်ပါဘူး” ဘာကြောင့်လဲဆိုတော့ ထဘီကြောင့် နိမ့်တာ မဟုတ်ပဲ ”ထင်”ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်သွားတယ်လို့ထင်တာပါ။
ပိတ်စတစ်ခုပဲဖြစ်တဲ့ ထဘီ လိုနူးညံ့တဲ့ပိတ်စ တစ်ခုဟာ သင့်ကိုဘယ်လိုများဒုက္ခရောက်စေမလဲ။ ဘုန်းနိမ့်တယ် ဆိုတာက သင်ထင်သလိုမဟုတ်ပြန်ဘူး။ ”ဘုန်းနိမ့်ပြီဟဲ့”ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feelingဘက်ကိုရောက်သွားတယ်။ စိတ် အလိုမကျဖြစ်စေတယ်။ စိတ်ကို နောက်ကျိစေတယ် ၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ”
”ဒါဆို အရှင်ဘုရားအနေနဲ့ ဝင်ခဲ့မိရင်ရော နိမ့်မှာလား”
”အဓိပ္ပာယ်မဲ့ ထဘီတန်းအောက်ဝင်ဖို့ တော့ စိတ်ကူးမရှိဘူး၊ လိုအပ်ခဲ့လို့  ဝင်ရပြီဆိုလည်း ဘုန်းနိမ့်တယ်လို့  မယူဆ ပါဘူး။ ရဟန်းတစ်ပါးရဲ့ အစွမ်းအစဖြစ်တဲ့ သီလသမာဓိပညာဟာ ဒီထဘီတန်းကြောင့် ကျဆင်းစရာ မရှိပါဘူး”
”သင်္ကန်းဟာ မြင့်မြတ်ပါသလား၊ဘုရား.”
”သင်္ကန်းကမြင့်မြတ်တာမဟုတ်ပဲ သင်္ကန်းဝတ်ဆင်ရခြင်း ရည်ရွယ်ချက်က မြင့်မြတ်နေတာပါ’ဒကာ။
”ဘာရည်ရွယ်ချက်မို့ လို့ လဲဘုရား”
”ရောင့်ရဲ ခြိုးခြံလိုခြင်း”
”တပည့်တော် ကြားဖူးတာက မိန်းမဟာ ဘုန်းကံနိမ့်တဲ့အတွက် မိန်းမ အောက်ပိုင်းဝတ်တဲ့ ထဘီတန်းအောက်ဝင်ရင်
ဘုန်းနိမ့်တယ်လို့ ကြားဘူးထားပါတယ်ဘုရား”
”ဘုန်းဆိုတာကို ရှင်းမှ ရတော့မယ်ဒကာ ၊ဘုန်းဆိုတာအကျိုးသဘောတရားပါ။ အစွမ်းအစလည်းဖြစ်တယ်။ အားသာချက် လည်းဖြစ်တယ် ဒကာ။ အကျိုးသဘောတရားပေါ့။ ဒါဟာအကြောင်းတရား လုပ်ဆောင်ချက်ကို မူတည်ပြီး အကျိုးတရား ဘုန်းကံရယ်လို့  ဖြစ်လာတယ်။
အလေးမခြင်း အကြောင်းဟာ သန်မာခြင်းအကျိုးကိုရမယ်။ သန်မာခြင်းဟာ ဘုန်းပဲ။ ဖော်ရွေပျူ ငှာခြင်းအကြောင်းဟာ လူချစ် လူခင်များခြင်း အကျိုးကိုရမယ်။  ဒီလူချစ်လူခင်များခြင်းဟာ ဘုန်းပဲ။ ထဘီတန်းအောက်ဝင်ခြင်း အကြောင်းကြောင့် ဘယ်အကျိုးများ ထိခိုက်စေသလဲ။ ဒကာတွေးကြည့်ပါ။ ရက်ကြာကြာဝတ်ပြီး မလျှော်ရသေးတဲ့ ထဘီဆိုရင်တော့ အနံ့ အသက်ဆိုးတဲ့ ဝေဒနာကို ရချင်ရမှာပေါ့”
”ဘုန်းဘုန်း ခုနကပြောတယ် နိမ့်တယ်ထင်ရင် နိမ့်တယ်ဆို”
”ဒါဟာ ထဘီတန်းအောက်ဝင်ခြင်းကြောင့် နိမ့်တာမဟုတ်ဘူး နိမ့်တယ်လို့  ထင်မိတဲ့ ဥပါဒါန်အကြောင်းကြောင့်ပဲ။ စိတ်မသက်မသာ ခံစားရတယ် မဟုတ်လား။ ဒါ သက်တောင့်သက်သာစိတ် ပျက်စီးသွားခြင်းပေါ့။ စိတ်သက်တောင့် သက်သာဖြစ်တာ မကောင်းဘူးလား”
”ကောင်းပါတယ်ဘုရား”
”မိမိပိုင်ဆိုင်ထားသော ကောင်းသောအရာတစ်ခု ပျက်စီးယုတ်လျော့ခြင်းဟာ ဘုန်းနိမ့်ခြင်းပါပဲ”
”ရှေးအဆက်ဆက်က ဒီလိုပဲပြောလာကြတာဘုရား… အရှင်ဘုရားလည်း သိမှာပါ ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ရှေးကတည်းက အယူအဆပါ”
”ဗုဒ္ဓက ကာလာမသုတ်ကိုဟောတယ် ရှေးကပြောတဲ့စကားမို့ လို့ လည်း အမှန်မယူလေနဲ့ တဲ့’
”ရှေးထုံးကပယ်သင့်သလားဘုရား”
”ပယ်သင့်ခြင်းမပယ်သင့်ခြင်းဟာ ရှေးထုံးတွေ ဒီနေ့ ခေတ်ထုံးတွေပေါ်မှာမမူတည်ပါဘူး။ အမှန်အမှားပေါ်သာ မူတည် ပါတယ်။ မှန်ရင်ယူမယ် မှားရင်ပယ်မယ်။အမှန်အမှားကို ခွဲခြားဖို့  သင့်မှာ ဥာဏ်ရည်ရှိတယ်၊ ဆင်ခြင်နိုင်စွမ်းလည်းရှိတယ်
သင်တွေးကြည့်ပါ ထဘီအောက်ဝင်ရင် ဘယ်လို အစွမ်းအစမျိုး ကျဆင်းနိုင်ပါသလဲ”
”မရှင်းတာတွေမေးဦးမယ်ဘုရား”
”မေးပါ ဒကာ”
”ထိုင်ခြင်း ထခြင်းနှစ်မျိုးမှာ ထိုင်ခြင်းက ပိုသက်သာတယ်ဒကာ။ ထခြင်းဟာ ပို အားစိုက်ရတယ်။ ဒီလိုဆိုတော့ အင်အား နည်းပါးသူဟာ ထိုင်ဖို့  ပိုလိုအပ်တယ်။ ဒါကြောင့် အင်အားနည်းသူကို ဦးစားပေးရမယ်။ အကယ်၍အင်အားရှိသူချင်း ယှဉ်လာရင် အိနြေ္ဒပိုထိန်းရသူကို ဦးစားပေးမယ်… ကားအလှုပ်မှာ ယိုင်ထိုးနေမယ် ဆိုရင်အိနြေ္ဒထိပါးတယ်။ သဘောက ကလေးချော်လဲတာ ရုပ်မပျက်ပေမယ့် လူကြီးချော်လဲတော့ ရုပ်ပျက်တယ်။ ဒါကြောင့် ကျန်းမာရေးကြောင့် အင်အား နည်းသူ အသက်အရွယ်ကြောင့်အင်အားနည်းသူကို ဦးစားပေးပြီးရင် အိနြေ္ဒဆောင် ရဟန်းသံဃာကိုလည်း ဦးစားပေး သင့်ပါတယ်”
”ရဟန်းထက် ပိုဦးစားပေးရတာ ရှိတဲ့သဘောပေါ့”
”အကြောင်းအရာပေါ်မူတည်ပြီး ဗုဒ္ဓထက်ကို ပိုဦးစားပေးရတာတွေ ရှိပါတယ်… အားလုံးဟာ ဆင်ခြင်တုံတရားနဲ့  တွေးရင် အဖြေထွက်ပါတယ်ဒကာ”
”ဘုန်းကြီးပုံစံက ရှေးရိုးစွဲ ဗုဒ္ဓဘာသာနဲ့  မူကွဲနေသလိုပဲ”
”ကွဲဖို့ လည်း ကြိုးစားခြင်းမဟုတ်သလို တူဖို့ လည်း ကြိုးစားနေခြင်းမဟုတ်ပါဒကာ။ ရှေးရိုးကို စွဲပြီဆိုရင် ဗုဒ္ဓဘာသာ
ရယ်လို့ မခေါ်ပါဘူး။ ဘာကိုမှ စွဲနေလို့ မရဘူးဒကာ။ ဘုန်းဘုန်းတို့ က ထေရဝါဒဆိုတဲ့ ခေါင်းစဉ်အတွင်းမှာ နာမည် တပ်ခံထားရတယ်။ ဒကာက ဘုန်းဘုန်းလို့ ခေါ်တယ်။ ဒီပညတ်တွေကို အသည်းအသန် ငြင်းဆန်ဖို့ မလိုလို့  ဒီအတိုင်း လက်ခံထားတယ်.။ ဇာတကဝတ္ထုတွေ ဇာတ်ကြီးဆယ်ဘွဲ့  တွေသင်ကြားရတယ်။
”ဒါကို သင်ကြားရခြင်းကို ရှေးရိုးစွဲပါလို့  လာပြောလို့ မရဘူး အကြောင်းအရာကိုတော့ တူညီစွာသင်ခဲ့ရတယ်။ သဘောတရား ကိုတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆင်ခြင်တုံတရားနဲ့  ယူပါတယ်။ မဟာဇနက တကယ် လက်ပစ်ကူးခဲ့ မကူးခဲ့ဆိုတာကို ဘုန်းကြီးမတွေးဘူး ဘာ messageပေးသလဲဆိုတာကို ဘုန်းကြီးယူတယ်။ ”မသေမချင်း အလျှော့မပေးနဲ့  ”ဆိုတဲ့ message….
ဝမ်းဝအောင်စားတယ်။ ခါးဝတ်ကို ရေမဝင်အောင် ဆီသုတ်တယ်။ ခါးဝတ်ကို သက်ကယ်ဘောလို လုပ်ပြီး ရှင်သန်ခွင့် ရှိသမျှ ရှင်သန်ဖို့  ကြိုးစားတယ်။ မေခလာနဲ့  တွေ့ တာ မတွေ့ တာနောက်ထား… သင်္ဘောပေါ်မှာ ဇနက အသက် အရှည်ဆုံးပဲမဟုတ်လား။ survival ရနိုင်သမျှ ရအောင် ရှင်သန်ရဲရမယ်။
သုတ္တံတွေဟာ ဥပမာဆောင်ပြီး ဟောတဲ့တရားပါ။ အီစွပ်ပုံပြင်တွေဟာ တကယ့်ဖြစ်ရပ်မဟုတ်သည့်တိုင် ယူစရာ messageတွေရှိရဲ့မဟုတ်လားဒကာ”
”ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက မဟာဇနကဇာတ်ကို တကယ်ဖြစ်ခဲ့ မဖြစ်ခဲ့မတွေးဘူးဆိုတော့ ဒီစကား တာဝန် မကြီးဘူးလားဘုရား”
”ဗုဒ္ဓဘာသာမှာ ဘယ်သူကမှ ကျမ်းဂန်လာတွေကို ယုံကိုယုံရမယ်ဆိုတဲ့ တာဝန်ရှိမနေဘူးဒကာ။ ယုံခြင်းမယုံခြင်းဟာ မိမိအခွင့်အရေး၊ ယုံခြင်း၏ကောင်းကျိုးလည်း မိမိစံ၊ ယုံခြင်း၏ဆိုးကျိုးလည်း မိမိခံ ဒါမျှတပါတယ်။ လေ့လာကြည့်ပါ
ကိုယ်ယုံတာကို သူများလည်းယုံစေလိုတဲ့ အရေးအသားတွေမြင်ရမယ်။ ကိုယ်ကြည်ညိုရာကို သူများလည်း  ကြည်ညိုစေလိုတဲ့ အရေးအသားတွေမြင်ရမယ်။ ဒါဟာ အနုမာနသဘောလည်းဖြစ်မယ်။ ကိုယ့်ဘာသာဝင် ကို များစေချင်တဲ့ လောဘလည်း ဖြစ်မယ်။ ဒါမှမဟုတ် ကောင်းရာသို့  အကြံပြု လိုတဲ့ မေတ္တာလည်း ဖြစ်မယ်…။
အတ္တာဟိအတ္တနောနာထော၊ (ကိုယ့်ကိုယ်ကိုသာ အားကိုးပါ။)တဲ့။ ဘုရားဟောတာ။
သင်ဘယ်လိုယူမလဲ ဘယ်လိုဆင်ခြင်မလဲ။ ဒါသင့်အပေါ်ပဲမူတည်တယ်”
”တင်ပါ့ဘုရား” နားလည်ပါပြီ ဘုရား… ။
သာဓု သာဓု သာဓု………. ။
ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
Views: 14
Comment
You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!
Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ
ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 
သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)
မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)
ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)
ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)
အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။
သူတော်ကောင်း သူတော်ကောင်း
သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမကောင်းလည်း ကိုယ်ကတော် 
သူမတော်လည်း ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။
ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)
အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)
သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။
သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)
မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်
(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)
picoodle.com
    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)
    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)
Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox
    "မြန်မာစာ မြန်မာစကား "
Birthdays
There are no birthdays today
Members
© 2019   Created by ukkmaung.   Powered by
Badges  |  Report an Issue  |  Terms of Service