ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မြင်ဖူး ကြုံဖူး ဖူးဖူးသမျှ ဝိနည်းဓိုရ်များ

မြင်ဖူး ကြုံဖူး ဖူးဖူးသမျှ ဝိနည်းဓိုရ်များ

 

ဝိနည်းဓိုရ်ဟေ့ ဆိုရင်အတော် ရေပန်းစားတာကတော့ 
မာတုဂါမကို မထိရမကိုင်ရဆိုတာနဲ့....ရွှေ ငွေအလှူမခံရတာ (ငွေမကိုင်ရတာ) နှစ်ခုပေါ့။ 
ရဟန်းတစ်ပါးဟာ……
၁။ ပိုက်ဆံမကိုင်ရင် 
၂။ မာတုဂါမဆို အစ်မတောင်မကိုင်ဘူးဆိုရင် ဝိနည်းလေးစားတယ်

မာတုဂါမကို အမေရင်း အစ်မရင်းတောင်မထိရ၊ မကိုင်ရ။ ဒါကြောင့် ဝိနည်းဓိုရ်ဆရာတော်တွေဆို ဆေးရုံတက်တဲ့အခါမျိုးတွေမှာ ဆရာဝန်သူနာပြု အမျိုးသမီးတွေက လက်အိတ်ကိုင်ပြီး စမ်းသပ်ကြတယ်။

 

#မြင်ကွင်းတစ်ခု( ပထမဆရာတော်)


လက်အိတ်နဲ့ ကိုင်ဖို့ အထူးသတိပေး စာကပ်ထားတဲ့ ဂိလာန ဝိနည်းဓိုရ်တစ်ပါး ဆေးရုံတက်တယ်။ အနားက စောင့်ရှောက်ဖို့လိုက်သူ ဒကာမကတော့ ငယ်ချစ်ဦး နှစ်(၂ဝ) လောက် ချစ်ကွမ်းဝင်ရင်းနှီးခဲ့သူ လက်မထပ်ပေမယ့် လက်ထပ်ထားသလို နေခဲ့သူက ဝေယျာဝစ္စပြုပါတယ်။ (သူလည်း လက်အိပ်စွပ်ပြီး ကိုင်မှာပါပဲ။) ဝိနည်းဓိုရ်တယ်၊ မဓိုရ်ဘူး။ အပ်တယ်။ မအပ်ဘူး။ စဉ်းစားကြည့်မိတယ်။ စာမှာ အဆုံးအဖြတ်ကတော့ သာယာရင် အာပတ်။ မသာယာရင် အနာပတ်တဲ့....ထင်ရှားတယ်။

 

 ဥပမာကတော့ ဟိုဘက်တံတားထိပ်မှာ ရပ်နေတဲ့မာတုဂါမကို ဒီဘက်တံတားထိပ်က ရဟန်းက ဖောက်ပြန်တဲ့ စိတ်နဲ့ သာယာတယ်။ သင့်တယ်။ ဧရာမ အာပတ်။ (ပါရာဇိကဏ် ပါဠိတော်ရှု)။ အဲဒီရဟန်းဟာ အနာဂါမ်ဆိုလျှင် ဝေးဝေးနီးနီး ထိထိကိုင်ကိုင် မသာယာဘူး သေချာတယ်။ အနာဂါမ် မဟုတ်သေးလျှင်တော့ တာဝန်အရ တနေ့မှ တခါလာတဲ့ သူနာပြုနဲ့ အနားမှာ အမြဲရှိနေတဲ့ ငယ်ချစ် ဘယ်သူ့ကို သာယာမလဲ။ ဖြစ်နိုင်ခြေကို အလွယ်လေး တွက်လို့ရတယ်။

 

အနာဂါမ် မဖြစ် သေးသော်လည်း တရားပဲအမြဲမှတ်နေတယ်။ စိတ်မှာဖြစ်သမျှ ဖြစ်စကပင်သိတဲ့ သတိ အားကောင်းတယ်။ ထိုသတိမြဲနေ ကြာနအောင် တည်ထားတဲ့သမာဓိလည်း ရှိနေမယ်ဆို မာတုဂါမ က ကိုယ်လုံးတီး ချွတ်ဝင်လာတောင် သတိမူမိမှာ မဟုတ်ပါဘူး။ သူ့သတိက သူ့စိတ်မှာ တည်နေတာကိုး။ 


ကြည်ညိုသူတွေဘက်မှာက အမျိုးသမီးတွေ ထိကိုင်လို့မရဘူး လက်အိတ်နဲ့ ကိုင်ရတာ။ ဝိနည်း အရမ်းလေးစားတာ။ ငယ်ချစ်ကိုတောင် ထားသွားတာ။ ဟိုက ပါရမီဖြည့်ပေးနတော။ တရား အားထုတ်ရတာ ပျော်နတောတဲ့လေ...စသဖြင့် ကြည်ညိုစရာတွေချည်း။ ကြည်ညိုသူ ကြည်ညိုလိုသူ ကြည်ညိုစေချင်သူအတွက် ကောင်းဂုဏ် တွေချည်းသာပါ။ ငယ်ချစ်အနားမှာ ရှိနေတာကို သာယာတာ မသာယာတာ သူကိုယ်တိုင်ပဲသိမှာ။ မိမိအမြင်ကတော့ ဝိနည်းလေးစားသူ မဟုတ်ဘူး။ အကျွမ်းဝင်သူ မ-က ဆိတ်ကွယ်ရာမှာ ဝင်ထွက်ပြုစုနေတာ

( လူနာခန်း cctv တပ်ထားလျှင၊် တံခါးမ ပြတင်းတစ်ခုခု ဖွင့်ထားလျှင်၊ လူမြင်သာတဲ့ အနေအထားမှာ ရှိလျှင် ဆိတ်ကွယ်ရာလို့ မဆိုလိုပါဘူး) ။

 ကြည်ညိုလိုက ကြည်ညိုပါ။ ဝိနည်းဓုရ်ပါလို့တော့ တာဝန်ယူပြီး မကြော်ငြာပါဘူး။ မဓိုရ်ဘူးလို့လည်း မစွပ်စွဲပါဘူး။ သူတို့ပဲသိမှာ။

 

#ဒုတိယ မြင်ကွင်း (ဒုတိယဆရာတော်)


ဆရာတော်ကြီးက ငွေမကိုင်ပါဘူး။ လှူရင် ဒကာကိုလှူရပါတယ်။ ဒကာမပါတယ်ဆို ဒကာမကို အပ်ရပါတယ်။ သူလုံးဝ ငွေမကိုင်ပါဘူး။ တရားဟောတဲ့အခါ အာမိသ အလှူအကြောင်း ရွှန်းရွှန်းဝေအောင် ဟောတယ်။ လှူနိုင် တန်းနိုင်ကြတဲ့ ပါရမီရှင်တွေ အကြောင်းကို နိဗ္ဗာန်ရောက်ကြောင်းကဲ့သို အရေးတပါပါ ဟောတယ်။ လာကန်တော့ကြသူတွေကို မလှူနိုင် မတန်းနိုင်ရင် အရေးတောင် မလုပ်ပါဘူး။ ငွေမကိုင်သော ထိုရဟန်းသီလ ကိုယ့်ဘာသာ ဆင်ခြင်ကြလေကုန်။

 

ခုခေတ်မှာ လူချမ်းသာတွေလည်း ငွေသားမကိုင်ပါဘူး။ ရနိုင်သလောက် ရှာတယ်။ ရသမျှ ဘဏ်က သိမ်းပေးတယ်။ လက်သုံးလုံးလောက် ကဒ်ပါရင် ကပ္ပိပေးမယ့်နရောတွေ တစ်ပုံကြီးပါပဲ။ လှူဖို့ တန်းဖို့ ဇောင်းပေးဟောတယ်။ ဖူးမြှော်သူကို ဆင်းရဲချမ်းသာခွဲခြားတယ် ဆိုတာ အလွန်မြင့်တဲ့ သီလပိုင်ရှင် ရဟန်း မဆိုထားနဲ့ အခြခံ လူကျင့်ဝတ်နဲ့ ငါးပါးသီလပဲ ပြည့်စုံတဲ့ ဥပါသကာတောင် မလုပ်ပါဘူး။ ဝိနည်း မလေးစားပဲ လေးစားယောင်ဆောင်တာ..။ ငွေသားမကိုင်ပဲ ဗီဇာကဒ် ကိုင်ထားတာကို ငါတို့က ငွေမကိုင်ဘူး။ ငွေအလှူ မခံဘူး။ ထူးပြနေတာ ထူးအောင်ပြုနေတာက မာယာ သာဌေယျသာ ဖြစ်ပါတယ်။

 

#တတိယမြင်ကွင်း (တတိယဆရာတော်)


ဇနီးမယားကို ခွင့်ပန် သားသမီးတွေရပ်တည်နိုင်သည်အထိ စောင့်ရှောက်ခဲ့ပြီး၊ တောအရပ်ကိုမှီ ဓုတင်အားလုးံ တလှည့်စီဆောင်လိုက် တပြိုင်နက်ဆောင်လိုက်နဲ့ နှစ်သုံးဆယ်လောက် ကမ္မဌာန်း စီးဖြန်းနေတဲ့ ဆရာတော်တစ်ပါးလည်းဖူးရ မြင်ရဖူးတယ်။ နာချိန်မှာ သဘာဝအတိုင်း ဆေးရုံမှ သချိုင်း သူလိုငါလို ရင်ဆိုင်ရတဲ့အချိန် သမီးဆိုတာ ဇနီးဆိုတာ ဘယ်သူမှ မသိဖူး မမြင်ဖူးခဲ့ကြ။ ဆေးရုံမှာ သီးသန့်ခန်းကို မယူ။ လူနာ အများကြီးရှိတဲ့ အခန်းမှာ တက်တယ်။ ကျိန်းလည်း မကျိန်းဘူးး ။ကျိန်းလည်း ကျိန်းတယ်။ လူဒကာ မာတုဂါမ စသည်တို့နဲ့ တမိုးတရံတည်း ကျိန်းစက်လို့ ဖြစ်တဲ့ အပြစ်က လွတ်အောင် ကျိန်းစက်တယ်။ ဝိနည်းဓုရ်မို့ ဆရာဝန်ကစ ဒကာအဆုံး တမမ တသသ လုပ်ရတယ်လို့ မရှိ။ မထိရဲ မကိုင်ရဲ အဖျားမတိုင်းရဲ မျက်လုံးမျက်ဆန်ပြူးပြီး အနား ကပ်ရတဲ့သူ တစ်ယောက်မှ မရှိပါ။ ကိုယ် မကျန်းမာလို့ လာတာ။ ကုသပေးသူညွှန်ကြားတဲ့အတိုင်း လိုက်နာရမှာပေါ့..လို့ ဆိုတယ်။

 

ထိုဆရာတော် သဘောထားကတော့ မကျန်းမာလို့မှ ဆရာဝန်အကူအညီယူရပြီ။ ဆရာဝန်ရဲ့ ပညာကို မှီရပြီဆိုရင် ဆရာဝန်သူနာပြုဟာ ပထမပါ။ သက်တောင့် သက်သာ စမ်းသပ်ခွင့် မေးမြန်းခွင့် ညွှန်ကြားခွင့်ဟာ ဆေးကုသသူရဲ့ အခွင့်အရေးပါ။ တာဝန်ဆိုလည်း ဟုတ်ပါတယ်။ ဆေးကုပေးသူရဲ့ စိတ်မှာလည်း ရဟန်း ဘုန်းကြီး ဝိနည်းဓုရ်ကြီး ပြောမှားဆိုမှာ ထိမှားရင် အာပတ်သင့်မယ် ဆိုတာထက် နာနေတဲ့ ဒဏ်ရာဖြစ်နေတဲ့ ရုပ်ခန္ဓာကြီးကို ဘယ်ဆေးပေးရင် ကောင်းလာနိုင်ပါ့မလဲ ဆိုတဲ့ လွတ်လပ်စွာ သုံးသပ်ကုစားခွင့် ပေးလျှင် သူတို့ကို ကူညီရာလည်း ရောက်။ သူတို့ပညာကို လေးစားသမှုပြုရာလည်း ရောက်တယ်လို့ မှတ်သားရပါတယ်။

 

#ဘယ်ဆရာတော်ကို ကြည်ညိုသလဲ


ဘယ်သူကို ကြည်ညိုတယ်ဆိုတာ ကိုယ့်အခွင့်ရေးပါ။ ကိုယ့်အသိဥာဏ် ကိုယ့်နှလုံးသားက နှစ်ခြိုက်တဲ့အရာ ရှိတဲ့သူကို ကြည်ညိုခွင့် ရှိပါတယ်။ ဝိနည်းဓိုရ်တယ် မဓိုရ်ဘူးကတော့ ကိုယ်ဆုံးဖြတ်ရမယ့်အရာ မဟုတ်ပါဘူး။
ဝိနည်းလေးစားတာ ကြည့်ညိုစရာအကောင်းဆုံး။ ဝိနည်းဟာ သာသနာတော်ရဲ့ အသက်ပါတဲ့။ ဘုရားရှင်လည်းဟောတယ် တကယ်ကျင့်ကြံသူတွေလည်း လေးလေးစားစား လိုက်နာကြတယ်။ ဝိနည်းဓိုရ် မဆိတ်သုဉ်းပါဘူး။ ဖြောင့်မှန်စွာ ကျင့်ကြံသော ရဟန်းသံဃာများလည်း အမှန်တကယ်ရှိပါတယ်။

 

ဝိနည်းဓိုရ် ဆိုတဲ့ ဝိသသေက မဂ်ဥာဏ် ဖိုလ်ဥာဏ် ပန်းတိုင်အတွက်ပါ။ လာဘ်လာဘနဲ့ ပူဇော်သက္ကာယကို မြှူဖို့ မဟုတ်ပါဘူး။ သူများထက် ငါထူးတယ်လို့ မဏ္ဍပ်တိုင် တက်ပြဖို့ မဟုတ်ပါဘူး။ ရဟန်းဝတ်နဲ့ ရဟန်းသီလ ထိန်းရတာ ဝတ္တရားပါ။ ထိုသီလက လာဘသက္ကာယ အတွက် အဖိုးအခ မဟုတ်ပါဘူး။ ခြူဆီလည်း မဟုတ်ဘူး။ ဝိနည်းဓိုရ်ကြေးတွေ ရအောင် ကြိုးစားတာက ဥဇုပ္ပဋိပ္ပန္န ဂုဏ်နဲ့ ဖြောင့်ဖြာင့်ကြီး ဆန့်ကျင်ပါတယ်။

 

#ဝိနည်း ဓိုရ်တာ ဗြဟ္မစိုရ်တရား ဆိတ်သုဉ်းနေတာ မဟုတ်ပါဘူး။

 

ထင်ရှားအောင် ပြောရလျှင် မေတ္တာ ကရုဏာ ဆိတ်သုဉ်းနတော မဟုတ်ပါဘူး။ သနားသဖြင့် စောင့်ရှောက်လို့ရ မေတ္တာစိတ်ဖြင့် ကူညီလို့ ရပါတယ်။ အထင်ကရ ဆရာတော်ကြီးတစ်ပါးဟာ ဦးဇင်းအရွယ်က သူ့ရှေ့မှာ မြွေကိုက်တဲ့ သီလရှင်တစ်ပါးကိုပွေ့ပြီး ဆေးရုံကို ခြေလျင် ပြေးရပါတယ်..တဲ့။ ကံကောင်းထောက်မစွာ မြွေကိုက်ခံရသူ အသက်ရှင်ခဲ့ပါတယ်။ ဆေးရုံ မရှိတဲ့ဒုက္ခကို လက်တွေ့ ထင်စွာ သိပြီးနောက် အဲဒီမတ္တောနဲ့ ကရုဏာက ဦးဆောင်စေ့ဆော်လို့ တစ် နေ့မှာ ဆေးရုံတည်ရမယ်ဆိုတဲ့ ရည်မှန်းချက်ဖြစ်ခဲ့ရပါတယ်။ ထောင်သောင်းသိန်းချီတဲ့ လူနာတွေ အခမဲ့ (သိုမဟုတ်) ဈေးနှုန်းသက်သာစွာ ဆေးကုသခွင့်ရတဲ့ ဆေးရုံကြီး ဖြစ်လာခဲ့တယ်။

 

ဒီလိုအ ခြေအနမှော ဗြဟ္မစိုရ်တရားက ဦးမဆောင်ပဲ မာတုဂါမမို့ မထိအပ်၊ မကိုင်အပ်တာကို ပဓာနပြုပြီး မြွေကိုက်ခံရသူကို လျစ်လျှူရှုခဲ့လျှင် ကျိန်းသေပေါက် သေမှာပါ။ ကယ်လျှင် ရှင်နိုင်ပါလျှက် မကယ်လို့ သေရတာကို ကံတရားပေါ့ လို့ ယိုးမယ်ဖွဲ့ပြီး အဆုံးသတ်လိုက်မှာပါ။ ထိရုံမကဘူး ပွေ့ဖက် ချီမပြီး သယ်ရတာ။ ဆေးရုံရှိရာ အရပ်ထိ ပြေးရတာ။ အတူတူအ ပြေးသန် သူတွေ တဖွဲ့ကြီး အတူပါလာမယ် မထင်ပါဘူး။ မသေဖို့ အဓိက ဖြစ်နေတဲ့စိတ်မှာ ဝိသဘာဂ အာရုံကို ပွေ့ဖက်ထားပေမယ့် ရာဂဖြစ်ပါ့မလား။ မတ္တောကရုဏာကို ရာဂနဲ့ လျဉ်းပါး ပုံဖေါ်မယ်ဆိုရင် လိင်တူ လိင်ကွဲကို မြင်သမျှ ကြားသမျှ ရာဂကြွတတ်တဲ့ အောက်တန်းကျသူတွေ အတွက်သာ မှန်နိုင်ပါတယ်။

 

ဝိနည်းဟာ ဗြဟ္မစိုရ်တရားကို ပိတ်ပင်တဲ့အရာ မဟုတ်ပါဘူး။ ဝိနည်းလေးစားခြင်းက ဝိနည်းဓိုရ်ကို လူမဆန်အောင်ပုံဖေါ်တာ မဟုတ်ပါဘူး။ မသန်စွမ်းတွေကို ဒုက္ကဋ် အာပတ်အသင့်ခံပြီး ရဟန်းပြုပေးတာကို သာဓုခေါ်ကြပါတယ်။ အနာခံပြီး ချီးမြှောက်တယ်ပေါ့။ ကိုယ့်ရှေ့မှာ ကိုယ့်ဝန်းကျင်မှာ အပစ်ခံရတဲ့ ချက်ကြိုးတန်းလန်းနဲ့ မိန်းမငယ်ကို ကောက်ပြီး မွေးမြူတာ ကိုယ်မွေးမြူလိုက်လို့ အသက်မသေကြီးပြင်းလာတာ ကိုမြင်ရတွေ့ရတာ ပီတီဖြစ်စရာ။ စောင့်ရှောက်ထားသူ ရဟန်းက သူမကိုမြင်တိုင်း ပီတိဖြစ်မှာပါ။ ကြီးကြီးငယ်ငယ် ရွယ်ရွယ် မိန်းမမို့ မထိအပ်။ ဖောက်ပြန်တဲ့ စိတ်မရှိလျှင်တောင် လူမြင် မတင့်တယ်လို့ ပညတ်တော်ကြာင့်ဖြစ်တဲ့ အပြစ်က ဒုက္ကဋ်ပါတဲ့ ...။ ဒုက္ကဋ်ချင်း အတူတူ မသန်စွမ်း ခြေလက်အဂါင်္ မပြည့်စုံသူကို ရဟန်း ပြုပေးတာ တိုင်းပြည် အကြွေး ဒီဘဝမှ ဆပ်လို့ မကြေနိုင်သူကို ရဟန်းပြုပေးတာကျတော့ ဝမ်းမြောက်နိုင်ကျပြီး၊ သနားသဖြင့်စောင့်ရှောက်လို့ ချစ်ခင်ဖွယ် ကြီးပြင်းလာတဲ့ ကလေးမနဲ့ ရင်းနှီးပုံ ရှိနေတဲ့ အသာရုပ္ပကို ပါရာဇိကလောက် ပုံဖေါ်နေကြရင် မကူညီရဲ မစောင့်ရှောက်ရဲ ဖြစ်ကုန်ကြတော့မှာပါ။

 

ကူညီရင် စောင့်ရှောက်ရင်ကို ရဟန်းမဟုတ်တော့သလို ပုံဖေါ်တတ်တဲ့ အသိတွေ အစား အမြင့်ဆုံး ခုံမှာ စတိုင်နဲ့ထိုင် လိုင်စင်ရတဲ့အဝတ်နဲ့ လူသိများတဲ့ ကြော်ငြာနည်း မျိုးစုံသုံးပြီး ဝိနည်းဓိုရ်ကြောင်း ဖြန့်ပြီးသကာလ မျက်စိထဲ သဲပက်ပြီး အိတ်ထဲပါတာ နှိုက်စေတဲ့ အထာမျိုးတွေကို ဖြောင့်မတ်စွာ ကျင့်တာ မဟုတ်ဘူးလို့ သိတတ် မြင်တတ် ကြပါလျှင် ဗုဒ္ဓဝါဒက ကျဉ်းမြောင်းတယ်။ ရှင်ကြီးဂေါတမက လွတ်မြောက်နေသူ မဟုတ်ဘူးလို့ အထင်သေး အမြင်သေး ခံရခြင်းတွေ သက်သာမှာပါ။ ကိုယ်ကိုးကွယ်ရာ သာသနာကြီး မြတ်ပါတယ်။ မြတ်စွာဘုရား အဆုံးအမက တင့်တယ်စေပါတယ်။..မွန်မြတ်တင့်တယ်တဲ့ သာသနာကို ကိုယ်ဘောင်ခတ်လို့ မကျဉ်းစေချင်ပါ။ 


ဒေါ်သဋ္ဌေနန္ဒီ
၅-၇-၂၀၁၉

 

Views: 54

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Mgaye is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 9
Star is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
joy clark updated their profile
Aug 7
joy clark posted a blog post
Aug 7

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service