ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ထရားထိုင်လို့ ခန္ဓာကိုယ်က ထွက်လာတဲ့ ဓာတ်

ထရားထိုင်လို့ ခန္ဓာကိုယ်က ထွက်လာတဲ့ ဓာတ်

══════════════════

သမာဓိကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်

တော်တော်ကိုသမာဓိကောင်းလာတဲ့ အချိန်ကျရင်တော့ ဝေဒနာ လုံးလုံးပျောက်သွားတာလည်း ရှိတယ်။ အဲလို ဝေဒနာပျောက်သွားရတဲ့အကြောင်းတွေထဲမှာ အကြောင်းအများကြီး ရှိနိုင်တယ်။ သတိ သမာဓိကောင်းလာရင် ဝေဒနာပျောက်သွားတယ်ဆိုတာ သတိကြောင့် သမာဓိကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တစ်မျိုးထွက်လာတယ်။ ဒါကိုတော့ ဗမာပြည်မှာ သိပ်ပြောလေ့ မရှိဘူး။ အနောက်နိုင်ငံတွေမှာတော့ သူတို့တွေက အမျိုးမျိုး စမ်းသပ်တတ်တဲ့ အလေ့အကျင့်ရှိတာကိုး။

 

တရားအားထုတ်လို့ သမာဓိကောင်းလာတဲ့လူရဲ့ ဒီသမာဓိ အားကောင်းနေတုန်းမှာ ဦးနှောက်ကနေ ပြန်ထွက်လာတဲ့ သွေးကိုယူပြီးတော့ ဓာတ်ခွဲကြည့်တဲ့အခါမှာ အဲဒီသွေးထဲမှာ' Endophin ' အင်ဒိုဖင်း ဆိုတဲ့ဓာတ် တော်တော်များနေတာ တွေ့ရတယ်။ ဦးနှောက်က ဒီEndophinဓာတ်ကို  ထုတ်ပေးတယ်။

 

သာမန်လူတွေမှာလည်း ' အင်ဒိုဖင်း ' ဆိုတဲ့ ဓါတ်ကရှိတယ်။ အဲဒီ ' အင်ဒိုဖင်း ' ဓာတ် မထွက်လို့ရှိရင် ဒီခန္ဓာကိုယ်ဟာ အချိန်ပြည့် နာကျင်ကိုက်ခဲနေတောမှာပဲ။ အင်ဒိုဖင်းဆိုတာ ' Endogenenous Morphine ' ကို ပြောတာ။' Endogenenous ' ဆိုတာ ခန္ဓာကိုယ် ကိုယ်တွင်းမှာဖြစ်တာ။

 

' Morphine ' ဆိုတာ ဟော်မုန်းဓာတ်တစ်မျိုးရဲ့နာမည်ပဲ။ ပြင်ပကလုပ်ထားတဲ့ Morphine နဲ့ မတူဘူး။ ပြင်ပက လူတွေလုပ်ထားတဲ့ မော်ဖင်း' Morphine ' က ထိုင်းမှိုင်းတယ်၊ ငိုက်မြည်းတယ်။ ခန္ဓာကိုယ်တွင်းက သူ့အလိုလိုဖြစ်လာတာက ထိုင်းမှိုင်းမှု ငိုက်မြည်းမှု မဖြစ်ဘူး။  နာကျင်မှုတွေ ပျောက်ပြီးတော့  ကြည်လင်ပြီးတော့ အေးချမ်းနေတဲ့သဘော ရှိတယ်။ ခန္ဓာကိုယ်ရော စိတ်ရော နှစ်ခုလုံးကို ကြည်လင်ငြိမ်းချမ်းစေတယ်။

 

တရားအားထုတ်ရင် ဒီဓာတ်ကထွက်လာတာ။ ဒါတွေကအခု အနောက်နိုင်ငံမှာ တရားအားထုတ်တဲ့ သူတွေနဲ့တွေ့ပြီးတော့ Research တွေအများကြီးလုပ်လို့ တွေ့ရှိတဲ့အချက်တွေပါ။ ဒီ Research တွေလည်း America မှာတော့ အမြဲတမ်းလိုလို လုပ်နေတယ်။ ဒါရဲ့တန်ဖိုးကိုလည်း သူတို့သိလာတယ်။

 

' အင်ဒိုဖင်း ' များများထွက်အောင် လုပ်လို့ရရင် ခန္ဓာကိုယ်မှာ အများကြီး အကျိုး ရှိတယ်။ စိတ်နဲ့ပက်သက်လို့လည်း အကျိုးအများကြီးရှိတယ်ဆိုတာ သူတို့သိတယ်။ ခန္ဓာကိုယ်ရော စိတ်ရော နှစ်ခုလုံးငြိမ်းချမ်းနေတဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှာ (Stress) စိတ်ဖိစီးမှုတွေနည်းပြီး (immunity) ခုခံစွမ်းအား ကောင်းလာတယ်။

 

ဒီ အင်ဒိုဖင်းထွက်တဲ့အချိန်မှာ စိတ်ပင်ပန်းတာလုံးဝ မရှိတော့ဘူး။ တရားထိုင်လိုက်လို့ အင်ဒိုဖင်း ထွက်လာရင် စိတ်ကျရောဂါ(depression) ပျောက်သွားရော။ အလွယ်ဆုံးပဲ။ ဆေးဝယ်သောက်စရာ မလိုဘူး။ အဲဒီ အင်ဒိုဖင်း level မြင့်လာတဲ့အခါ ညောင်းတာ နာတာ လျော့သွားတယ်။ အဲဒီ အင်ဒိုဖင်း level မြင့်လာဖို့ ဆိုတာ လည်းပဲ သမာဓိအား အတော်လေးကောင်းတဲ့အထိကို အားထုတ်ရမှာ။

 

ဝေဒနာပြင်းထန်လာလို့ သမာဓိမရဘူးလို့ ဒီလိုပြောပြီးတော့ ရပ်ထားလို့ မရဘူးနော်။ ဝေဒနာဖြစ်နေတာကိုပဲ သိ သိ သိပြီးတော့ ဆက်သွားရမှာပဲ။ တကယ်ပဲ မခံနိုင်တဲ့အဆင့်ကို ရောက်ရင်တော့ သိပြီးတော့ ဖြည်းဖြည်း ပြင်ပါ။ ပြင်နေတုန်းမှာ ဝေဒနာရဲ့သဘာဝ ပြောင်းသွားနေတာကို သိနေပါ ..... ။

 

(ဆရာတော်ဦးဇောတိက)

Views: 16

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
1 hour ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service