ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

တရားအားထုတ်သူ (ယောဂီ) လမ်းညွှန်

တရားအားထုတ်သူ (ယောဂီ) လမ်းညွှန်

 

တရားအားထုတ်သူ တွေဟာ ကိုယ်သန်ရာသန်ရာကို အားကိုးတတ်ကြတယ်။

ဝီရိယ သန်တဲ့သူ က ဝီရိယ အားကိုးနဲ့ လေးငါးခြောက်နာရီ ထိုင် လိုက်နိုင်တယ်။

သမာဓိ သန်တဲ့ သူကလည်း သူယူထားတဲ့ အာရုံကလွဲ လို့ကျန်တာ ဘာကိုမှ အာရုံမပြုဘဲ နေနိုင်တယ်။

သဒ္ဓါသန်တဲ့သူကလည်း ဆရာသမားအဆုံးအမ ကို တစ်လုံးမကျန် မျက်စိစုံမှိတ်ပြီး လိုက်လုပ် တော့တာပါဘဲ။

ပညာသန်တဲ့သူ ကလည်း အမျိုးမျိုး အဖုံဖုံ ဆင်ခြင် ဝေဖန် ဉာဏ် ကွန့်မြူး နေလေ့ရှိတယ်။

သတိ သန်တဲ့သူကလည်း အချိန်တိုင်းသတိ ရှိအောင် ကြိုးစားနေလေ့ရှိတယ်။

 

အဲဒီ လို သန်ရာသန်ရာ သွားနေရင်း ကိုယ်နဲ့ အသွားမတူသူ တွေ ကို အပြစ်မြင်လေ့ ရှိပြန်ပါတယ်။

တူရာတူရာ ကို လည်းအထင်ကြီးလေ့ရှိပါတယ်။ တကယ်တော့ အဲလို တစ်ခုခု သန်နေပြီး ဟန်ချက်မညီ ဖြစ်နေရင် တရား ရ ကို မရပါဘူး။

အစ ပိုင်းမှာ ကိုယ်သန်ရာနဲ့သွားရ ပေမဲ့ သွားရင်းနဲ့ ကိုယ်လိုတာကို ဖြည့်နိုင်ရပါမယ်။

ဘယ်သူမှတော့ ဒီ ၅ ခုစလုံး ညီညီညာညာ သွားနေသူ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ဘာလို နေတယ်ဆိုတာသိရမယ်။

လိုနေတာကို ဖြည့်ရမယ်။

မသိရင် သိတဲ့ ဆရာကို မေးရမယ်။

အတွေ့အကြုံရှိတဲ့ မိတ်ဆွေ ကို မေးရမယ်။

အဲလိုမှ မညှိဘဲ သန်ရာသန်ရာ သွားပြီး ထင်ရာလုပ်နေ သမျှ တော့ မြင်နေလျက်ပါနဲ့မရောက် တဲ့ ပန်းတိုင်လို ဖြစ်နေပါလိမ့်မယ်။

လမ်းပေါ် ရောက်ပါလျက်နဲ့ လမ်းချော်နေတာ နစ်နာလှပါတယ်။

ဘယ်လိုဘဲ အားထုတ် အားထုတ် ဘာဘဲသန်သန် လမ်းပေါ် ရောက်နေသူဖြစ်ပါတယ်။

ဘာလို နေလဲ။

ဘာပိုနေလဲ။

အဲဒါမျိုး စိစစ် ပြီး ပြုပြင် တာကို တရားအားထုတ်တယ်လို့ခေါ်ပါတယ်။

စတုရာရက္ခ ကမ္မဋ္ဌာန်း၏ အကျိုးဂုဏ်အင် အာနိသင်”

စတုရာရက္ခ{ကိုယ်​စောင့်​}တရား()ပါး။ ။

 

၁။ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း

ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို အဖန်ဖန် အထပ်ထပ် ပွားများအားထုတ်သော ယောဂါဝစရပုဂ္ဂိုလ်  သူမြတ်သည် ဘုရားရှင်အပေါ်၌ ရိုသေခြင်း တုပ်ဝပ်ကျိုးနွံခြင်း ရှိ၏။

သဒ္ဓါဝေပုလ္လ = အရိယာ သူတော်ကောင်းတို့၏ ဘုရားရှင်အပေါ်၌  မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း အဝေစ္စပသာဒနှင့် တူစွာ သဒ္ဓါတရား ပြန့်ပြောပေါများသည်၏ အဖြစ်ကိုလည်းကောင်း၊

ပညာဝေပုလ္လ = ပညာတရား ပြန့်ပြောပေါများသည်၏ အဖြစ်ကိုလည်းကောင်း၊

ပုညဝေပုလ္လ = ကုသိုလ်တရား ပြန့်ပြောပေါများသည်၏ အဖြစ်ကိုလည်းကောင်း ရရှိနိုင်၏။

 

နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇတရားများပြားပြန့်ပြောနိုင်၏။ ဘေးငယ်ဘေးကြီး အသွယ်သွယ်ကို နှိမ်နင်းနိုင်၏။ ဘုရားရှင်၏ ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ပွားများခြင်း ဖြင့် ကာယိကဒုက္ခ၏ ပိန်းကြာဖက်၌ ကျသောရေကဲ့သို့ လျှောဖြေ၍ ကာယိကဒုက္ခကို သည်းခံခြင်းငှာ စွမ်းနိုင်၏။ ဘုရားရှင်နှင့် အတူတကွ နေထိုင် ရသည့် အမှတ်သညာကို ရနိုင်၏။ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်ကို အဖန်ဖန် အလီလီ အောက်မေ့ ဆင်ခြင်သော သတိ၏ စွဲနေကိန်းအောင်း ရာလည်းဖြစ်သော ထို ဗုဒ္ဓါနုဿတိကမ္မဋ္ဌာနိက ယောဂီသူမြတ်၏ ခန္ဓာအိမ်သည်လည်း စေတိယဃရ = စေတီအိမ်ကဲ့သို့ ပူဇော်ထိုက်၏၊ ပူဇော်ခံထိုက်၏။

ဗုဒ္ဓဘူမိသို့ စိတ်ဓာတ်သည် ညွတ်ကိုင်းရှိုင်း၏။ သီလကို ပျက်စီးစေနိုင်သော လွန်ကျူးအပ်သော ဝတ္ထုနှင့် တွေ့ကြုံလတ်သော် ထိုယောဂီ သူတော်ကောင်း၏ မျက်မှောက်၌ ဘုရားရှင်ကို ဖူးမြင်ရသကဲ့သို့ မကောင်းမှု အကုသိုလ်တရား ဒုစရိုက်တရားတို့မှ ကြောက်ခြင်း ဩတ္တပ္ပတရားသည်လည်း ရှေးရှုတည်လာ၏။ အထက်ဖြစ်သော မဂ်ဖိုလ်ကို ထွင်းဖောက် မသိမမြင်နိုင်ခဲ့သော် သုဂတိဘုံဘဝလျှင် လည်းလျောင်းရာ ရှိ၏။

(ဝိသုဒ္ဓိ-၁-၂၀၆။)

 

၂။ မေတ္တာကမ္မဋ္ဌာန်း

မေတ္တာကမ္မဋ္ဌာန်းတရားကို ပွားများအားထုတ်လိုသော ပွားများအားထုတ်နေသော ယောဂါဝစရပုဂ္ဂိုလ်သူမြတ်သည် ရှေးဦးစွာ ပိုင်းခြား၍ ဥပစာရသိမ် = ကျောင်းတိုက်အတွင်း၌ တည်ရှိသော ဘိက္ခုသံဃာ၌ “ဤကျောင်းတိုက်၌ ခပ်သိမ်းကုန်သော ရဟန်းတော်တို့သည် ချမ်းသာကြပါစေ စိတ်ဆင်းရဲ ကင်းကြပါစေ” ဤသို့ စသည်ဖြင့် မေတ္တာဘာဝနာကို ပွားများအပ်၏။ ထိုနောင် ဥပစာရသိမ် ကျောင်းတိုက်အတွင်း၌ တည်ရှိနေကြကုန်သော နတ်တို့၌၊ ထိုနောင် ဆွမ်းခံရွာ၌ အစိုးရသော အုပ်ချုပ်သူ မင်း၌၊ ထိုနောင် ဆွမ်းဖံရွာနေ လူသားအားလုံးတို့ကို အစပြု၍ ခပ်သိမ်းကုန်သော သတ္တဝါတို့၌ မေတ္တာကို ပွားများအပ်၏။

ထိုကမ္မဋ္ဌာနိက ယောဂါဝစရပုဂ္ဂိုလ်သည် ကျောင်းတိုက်အတွင်း၌ တည်ရှိသော ဘိက္ခုသံဃာ၌ ပွားစေအပ်သော မေတ္တာဖြင့် သီတင်းသုံးဖော် သံဃာတော်တို့၏ မိမိအပေါ်၌ နူးညံ့သော စိတ်ရှိသည်၏ အဖြစ်ကို ဖြစ်စေနိုင်၏၊ ထိုသို့ ဖြစ်စေသည်ရှိသော် ထိုကမ္မဋ္ဌာနိက ယောဂါဝစရပုဂ္ဂိုလ်အား ထိုသီတင်းသုံးဖော် ရဟန်းတော်တို့သည် အချင်းချင်း စိတ်နှလုံး ချမ်းမြေ့သောဆက်ဆံခြင်း ရှိလာနိုင်၏။ တစ်ဖန် ဥပစာရသိမ်  ကျောင်းတိုက်အတွင်း၌ တည်ရှိနေကုန်သော နတ်တို့၌ ပွားစေအပ်သော မေတ္တာဖြင့် မိမိအပေါ်၌ နူးညံ့အောင် ပြုအပ်သော စိတ်ရှိကုန်သော နတ်တို့သည် တရားနှင့်လျော်သော စောင့်ရှောက်ခြင်းဖြင့် ကောင်းစွာ စီရင်အပ်သော အစောင့် အရှောက် ရှိလာနိုင်၏။

ဆွမ်းခံရွာ၌ အစိုးရသော အုပ်ချုပ်သူ မင်းအပေါ်၌ ပွားစေအပ်သော မေတ္တာဖြင့် မိမိ အပေါ်၌ နူးညံ့အောင်ပြုအပ်သော စိတ်နေစိတ်ထားရှိကြကုန်သောအစိုးရသူ အုပ်ချုပ်သူမင်းတို့သည် တရားနှင့်လျော်သော စောင့်ရှောက်မှုဖြင့် ကောင်းစွာ စောင့်ရှောက်အပ်သော ပရိက္ခရာ ရှိလာနိုင်၏။ ထိုဆွမ်းခံရွာ၌ လူသားတို့အပေါ်၌ ပွားစေအပ်သော မေတ္တာဖြင့် မိမိအပေါ်၌ ကြည်လင်စေအပ် ကြည်ညိုစေအပ်သော စိတ် ရှိကုန်သော ထိုရွာနေလူတို့သည် မနှိပ်စက်အပ်သည်ဖြစ်၍ ကျင်လည်ကျက်စား သွားလာနေထိုင်ရ၏။ အလုံးစုံသော သတ္တဝါတို့အပေါ်၌ ပွားစေအပ်သော မေတ္တာဖြင့်ခပ်သိမ်းသော အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာတို့၌ အထိအခိုက် အနှောင့်အယှက် မရှိသော ကျင်လည်ကျက်စား သွားလာနေထိုင်ရခြင်း ရှိနိုင်၏။

   (ဝိသုဒ္ဓိ-၁-၉၄။)

 

၃။ မရဏဿတိ = မရဏာနုဿတိ

သေရအံ့ သေရအံ့ဟု အဖန်တလဲလဲ အောက်မေ့သော မရဏဿတိဖြင့် “ငါသည် မချွတ်ဧကန် သေရအံ့” ဟု ကြံစည်အောက်မေ့သော သူသည် မလျောက်ပတ်သော ပစ္စည်း ရှာမှီးခြင်းကို ပယ်စွန့်၍ အဆင့်ဆင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ တိုင်အောင် တိုးပွားသော ထိတ်လန့်ခြင်း သံဝေဂ ရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ ရောက်ကြောင်း လမ်းမှန်ကျင့်စဉ်ဟူသော သမ္မာပဋိပတ်မှ မတွန့်ဆုတ်သော စိတ်ဓာတ် ရှိနိုင်၏။

(ဝိသုဒ္ဓိ-၁-၉၄။)

.

၎။ အသုဘသညာ = အသုဘဘာဝနာ

အသုဘသညာ၌ အဝါးဝစွာ လေ့လာအပ်သော စိတ်ထားရှိသော ယောဂါဝစရပုဂ္ဂိုလ်၏ စိတ်ကို လူ၌ဖြစ်သောအာရုံတို့ကို ထားဘိဦး၊ နတ်၌ဖြစ်ကုန်သော အာရုံတို့သော်မှလည်း လောဘ၏ အစွမ်းဖြင့် ထက်ဝန်းကျင်မှ မဆွဲဆောင်နိုင်ကုန်။

(ဝိသုဒ္ဓိ-၁-၉၄။)

by copy

Views: 18

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

joy clark updated their profile
Friday
joy clark posted a blog post
Friday
joy clark is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Friday
ဉာဏ်လင်းမြို့ is now a member of ရတနာ၀ါသ ဘုရားကျောင်း 華緬 三寶寺
Jun 27

Birthdays

Birthdays Today

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service