ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သြဝါဒ

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သြဝါဒ

တို့ဟောတာ… ကျင့်ရအောင်လို့ ဟောထားတာ…

ရှေ့ကသွားတဲ့လမ်းက……ကင်းထောက်…တွေ့ဖူးလား??

ကင်းထောက်ဆိုတာ ရှေ့ကနေ မြှားလေးပြထားခဲ့တာတို့… သစ်ကိုင်းလေးပြထားခဲ့တာတို့ …

အချက်ပြနဲ့ …သွားတာလေ။

မှန်ပါ့ဘုရား။ 

တို့မော်လမြိုင်တုန်းလဲ အဲဒါတွေ… တွေ့ခဲ့ဖူးပါတယ်

သုဝဏ္ဏသျှမ်တောင်နေတုန်းကလဲ အဲ့ဒါတွေ …တွေ့ခဲ့ဖူးပါတယ်၊

ရှေ့ကသွားတဲ့သူက သူသွားတဲ့ခရီးလမ်းကြောင်းကို သိအောင်လို့ အချက်ပြအနေနဲ့လုပ်ပြီးတော့

ရှေ့ကသွားတယ်၊

နောက်ကလိုက်တဲ့ပုဂ္ဂိုလ်က အဲ့ဒီအချက်ပြကြည့်ပြီး လိုက်ရတာ……

တို့ဟောနေတွေလဲ ရှေ့က တို့သွားဖူးတဲ့လမ်းအတိုင်း ဟောနေတာ၊

ဟို …တို့ အမျိုးမျိုးရှိမှာပေါ့ကွယ်…သိတာတော့ သိဖို့ ကျင့်ကြတာချည်းပဲ။

 

ဝေဘူဆရာတော်ဘုရားကြီးတို့ကြတော့ သူက" ဝီရိယ"ကို ရှေ့တန်းတင်ပြီး တိုက်တာ……

သူ့တရားသွားနာရင် "ဝီရိယ"ကို အဓိကထား ဟောပါတယ်။ သဒ္ဓါ နဲ့ ဝီရိယ ညီမျှပလားဆိုမှဖြင့်နဲ့ ၊

အာရုံမှန် တန်းတန်းတစ်ခု* မှန်မှန်ဝီရိယနဲ့ ၊ ဝီရိယက မချဘူး……

 

မိုးကုတ်ဆရာတော်ဘုရားကြီးတရားနာကြည့်ပါ …။ သူက "ပညာ"ကို အထွဋ်တပ်သွားတာ…

ဒါကြောင့် "ပညာ"နဲ့ပတ်သက်တဲ့ စကားတွေ အများကြီး ပြောပါတယ်။ ဟုတ်တယ်နော် ။

 

လယ်တီဆရညတေည်ကြီး၊ အနာဂမ်ဆရာသက်ကြီးတို့။ လယ်တီရဲ့ တပည့်တွေပေါ့ ၊ အဲဒါ သွားနားထောင်ရင်

"သမာဓိ" ဦးစားပေး ဟောပါတယ်၊

 

မဟာစည်ဆရာတော်ဘုရားကြီးတရားနားထောင်ရင် "သတိ" ဦးစားပေး ဟောမှာပဲ၊

တို့ ဗိုလ် (၅) ပါးရှိတဲ့အထဲမှာ သဒ္ဓါ ကို ချန်လှပ်ပြီး ၊

 

သဒ္ဓါ က ယုံရမှာကိုး ၊ လုပ်ရမှာမှ မဟုတ်ပဲ၊ ကျန်တဲ့ ဗိုလ် ၄ ပါး ၊ တစ်ပါးပါးကို အဓိကရှေ့တန်းတက်ပြီး တိုက်ကြရတာကိုး။

အဲ့တော့ ကိုယ်သွားနေကျ ကိုယ်ကိုင်နေကျဗိုလ်နဲ့ ကင်းထောက်သမားလိုပဲ ရှေ့ကနေ လမ်းပြပြီး ခေါ်တာပဲ၊

အဲဒါကြည့် လိုက်ရဦးမှာဗျ…… လိုက်မလား?? ဒီ(ဒကာ/မ) တွေ...

တရားရအောင်လုပ်မယ်လို့…စိတ်ဘယ်တော့မှ မထားနဲ့။



ကြိုးစားချင်စိတ်သာ ရှိရမယ်။
ရချင်တဲ့စိတ် မရှိရဘူး………။

သူပြတဲ့နေရာကို ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်တွေက ပြလာမှာ။

လိုချင်တဲ့စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်…။

စိတ်မပါ လက်မပါကြည့်ရင် သွေးကမဲနေလို့မမြင်ရဘူး…။
မရ ရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးကမည်းတယ်။ အဲဒီတော့ မမြင်ရဘူးပေါ့…။

အဲဒီတော့ တရားရှာတဲ့အခါ  အဲဒီစိတ် (၃)စိတ်မပါရဘူး…………။ တွေးတဲ့စိတ်ကတော့ တွေးမှာပဲ။
ဝိပဿ နာဥာဏ်တွေဘယ်လောက်တက်တက် တွေးမှာပဲ။
စိတ်ကိုမနိုင်ရကောင်းလားဆိုပြီး… ရန်မလုပ်ရဘူး…။ လျှော့လည်းမလျှော့ရဘူး…။

မှတ်စရာရှိတာ မှတ်…။ အမှတ်များရင်အတွေးက သူ့ဟာသူလျော့သွားလိမ့်မယ်။
လူတိုင်းလူတိုင်းဟာ မွေးကတည်းက အတွေးနဲ့မွေးလာတာ။ တစ်သက်လုံးလည်းအတွေးနဲ့နေတာ။
လုပ်စရာရှိလည်း အတွေးနဲ့လုပ်နေတာ။ အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေးတယ်။

ချက်ချင်းတော့ မရနိုင်သေးဘူး။ မှတ်အားကောင်းရင်သူ့ဟာ သူတက်သွားမှာပဲ။

စိတ်အလို လိုက်



"သတိ " အလိုက်မခံနိုင်သူများ အတွက်ကား ..မည်သည့် ရိပ်သာဝင်ဝင်၊မည်သည့်နည်းဖြင့် မှတ်မှတ်၊
မည်မျှ စည်းကမ်း တင်းကြပ်နေပါစေ ..တရားကား ရှားပါးလွန်းလှ၏။ အထိုင်ဒဏ် မခံနိုင်တော့ ၍ အိမ် ပြန်ပြေးသူများ လည်းရှိ၏။

စင်္ကြံ မဖြောင့် ကြွက်သားတောင့်၍ တိုင်မှီနေသူများလည်း ရှိ၏။

စားသုံးရာ အစာနောက် အငမ်းဖက် အမှတ်ပျ က်နေသူများလည်း ရှိသေး၏။

တစ်ဖန် စိတ်အလို ကိုယ်မလိုက်ဘဲ ဓာတ်ဆိုး၏ ဓာတ်ခိုးကို တိုက်ဖျ က်လိုသူ ဖြစ်နေခဲ့ပါသော်...

... ဝီရိယကောင်းသော အိမ်ရှင်မ ထမင်းချ က်ရင်းက ငရုတ်သီးထောင်းပြီးသာ ဖြစ်နေပါသည် ပမာ.....
ကာမကို ဓမ္မနှင့်အုပ် တစ်ခါတည်း နှစ်လုပ် ပြီးစီးသွားတော့သည်။

သညာသိကို "သတိ"နှင့်ချူ ပ် တစ်ခါတည်း နှစ်လုပ် ပြီးစီးသွားတော့သည်။

သို့ဖြစ်ရာ …………စိတ်အရှိ "သတိ" ဖြင့် အဖိခံနိုင်သူများအတွက် တရားမခက်တော့ပါ။

ယင်းကို ဘုရားလက်ထက်တော် ကာလတုန်းက သာဝတ္ထိနေ ပြည်သူ၊ပြည်သားများက ကိုယ်တွေ့လုပ်ပြသွားပြီး ရှိနေပြီ…………။

ဘုရား က သာ…... ထောက်ခံ လှေခွက်ချည်းကျန်…… အလံမလဲ

-ကိစ္စတစ်ခုမပြုကျင့်မှီ မိမိပြုကျင့်ရမည့် ထိုကိစ္စသည် ဘုရားအဆုံးမတော်နှင့် -ကိုက်၏/ -မကိုက်၏။ …

ဦးစွာ သတိ သမ္ပဇဉ် ဥာဏ်ဝင်လျက်က ချင့်တိုက်ကြည့်။

အကယ်တိတိ ဘုရားအလိုတော်ကျ မဟုတ် …ဟူ၍ မုချဧကန် ဥာဏ်၌ပေါ်လာသော်

မည်မျှပင်အခွင့်အရေး ရ ရ စိတ်မျှပင်ထွက်၍ မလွန်ကျူးသင့်။

ဘုရားအလိုတော် မ ကျသောကိစ္စ သည် ဒိဋ္ဌ အမှားတွေ့ သောကြောင့်။

 

#တကယ်တိတိ ဘုရားအလိုတော်နှင့် ဒိဋ္ဌကျ ကိုက်နေခဲ့သော်…

-အဟန့်အတားတို့မည်မျှ ရှုပ်ပွေနေပစေ နောက်မဆုတ်လေနှင့်။

-ဖက်ပြိုင်သူတို့ ဘယ်မျှ အနိုင့်ကျင့်ကျင့် စိတ်ဝယ်ထင့်မနေနှင့်။

-မကျေနပ်သူတို့ ဘယ်မျှ ပုတ်ခတ်ပုတ်ခတ် သူ့အရှုပ်အဟုတ်မှတ်မနေနှင့်။

ဘုရားရှင်သည်…

- အကျိုးမဲ့ဆို တား။ အကျိုးရှိဆို သွားလမ်းစ မြှားပြထားတော်မူခြင်း …။

-ဘုန်း ကံ ဥာဏ် တန်ခိုးတို့ဖြင့် ရန် ဘက်အမျိုးမျိုး တို့ အပေါ်လွှမ်းမိုးပေးထားခြင်း…။

-မှန်ကန်နေသောသိက္ခာရှင်၏ နောက် သမ္မာနတ်တို့ လိုက်လံ စောင့်ရှောက်နေရခြင်း။

ထိုအချက်များကြောင့်…

-အခက်ကြားမှပင် လိုရာပန်းဦး ဆွတ်ခူးခွင့်ရစေသည်။

-သွားလမ်းပျက်သဖြင့် မဆက်နိုင်သော်မှ အခက်အလက်တို့ကိုကား .. ချိုင်ပြီးသားပင်။

သို့ကြောင့် ……ငါသည် ဤ သို့ကြွေးကြော်၏။

# ငါ့နောက်လှည့်ကြည့် ဘုရားသာရှိပစေ တစ်စိလေးမျှ မကြောက် ဟူ၍ပင်တည်း…။

လှည့်ကြည်၍ မှ ဘုရားမတွေ့ .....ရောက်ရာအရပ် မှ ကွေ့ပြန်မည် ဟူ၍ ပင်တည်း…။

ကိုယ်တစယောက်တည်း လည်နေသော ဝဋ်ကို ပို၍ ကြောက်ပါ…………


- ပတ်ခြာလည်ကာ သံသရာ ခြေရာမဆုံးပြီ!
၁ ။ ကြိုက်စွဲ မကြိုက်စွဲတို့သည်ကား ကိလေသာဝဋ်တည်း……
၂ ။ထို အစွဲတို့အတိုင်း ကိုယ်လှုပ် နှုတ်ဖွင့် ပြုကျင့်ပေးရခြင်းကား ကမ္မဝဋ်တည်း……
၃ ။ကိုယ်ပြုကျင့်သောအတိုင်း ကိုယ်ပြန်လည် ခံစားနေရခြင်းကား ဝိပါကဝဋ်တည်း……

ထိုဝဋ်ဟူသည် လည်ပတ်ခြင်း ကိုဆို၏။

ကိုယ်ကြိုက်လာသောအချက် တစ်လည်ကွက်ကွက် ကြံစည်ပြုကျင့် ခံစားခွင့်ရနေခြင်းတည်း………
ထို လည်ပတ်မှုသည်

က။ မိမိတစ်ဦးတည်းလည်း လည်စေ၏။
ခ ။ တစ်ဖက်သားများနှင့် အပြန်အလှန်လည်းလည်စေ၏။

ထိုတွင် တစ်ဦးတည်း လည်ပတ်မှုကား
၁ ။ ငါသည် ကြက်သားစားချင်၏………။ဤတွင် ကိလေသာဝဋ် စတင်လိုက်ချေပြီ…
၂ ။ ငါသည် မည်သည့်အချိန် မည်သည့်အကောင်သတ်မည်ဟု ဆုံးဖြတ်ချက်နှင့်အတူ

ထိုအတိုင်း ကိုယ်နှုတ်နှစ်ပါး တစ်ပါးပါးတို့ဖြင့် သတ်ချေသတ်စေ၏။ ကမ္မဝဋ် ဆိုက်လာပြီ…………
၃ ။ ထိုကြက်သားကို ချက်ပြီးသော် စားသုံးမိ၏ ဝိပါကဝဋ်သို့ ထိုးဆိုက်သွားတော့ပြီ……
တစ်ဖန် စားမိက တိုးကြိုက်လာ၏။ တိုးကြိုက်က တိုးစွဲသွားချေရာ ကိလေသာဝဋ်သို့ တစ်ကြော့ပြန်ချေပြီ …

ထို အစွဲကြီးအတိုင်းလျှင် ကြံစည်လိုက် ဆုံးဖြတ်လိုက် ပြုကျင့်လိုက်တို့ဖြင့် တစ်ဘဝလုံးလုံး ဝဋ်သုံးမျိုး
တစ်ဦးတည်း ပတ်လည်လှည့်နေတော့ရာ …
ကြက်ကြိုက်စွဲသမားတို့လည်း အနားမရတော့ရှာပြီ…
ဝက်ကြိုက်စွဲသမားတို့လည်း အနားမရတော့ပါပြီ

သည့်အတူ နွားစွဲ ငါးစွဲမှသည် မယားစွဲ သားစွဲတိုင်အောင်သော အစွဲအငြိသမား အားလုံးလျှင်

သက်မဲ့သက်ရှိမကျန် အပြန်ပြန် အလှန်လှန်အားဖြင့်သော်လည်းကောင်း…

အလှန်လှန် အပြန်ပြန်အားဖြင့်သော်လည်းကောင်း …

ဝဋ်လည်နေတော့ရာ အားရသည်…နားရသည်ဟူ၍ အလျဉ်းမရှိကြပြီ…

စိတ်သည် သူ့ဆန္ဒဖြင့် ရထားသော ဤကိုယ်ကို အနားမပေးလို !!
ကိုယ်သည်လည်း စိတ်ပေးဘဝ ချမ်းသာလိုရကား ၄င်းစိတ်ကို အနားမယူစေလို!!
ဤသို့ဖြင့် စိတ်ကစားလိုက် ကိုယ်သွားလိုက် တစ်ဖန် ကိုယ်ကစားလိုက် စိတ်သွားလိုက်တို့ဖြင့်
တစ်ဦးနှင့်တစ်ဦး တို့ လှုပ်နေကြရာ အဘယ်မှာ အအား…အနား… ရပါချိမ့်မည်နည်း????
ဤကား တစ်ဦးတည်း ဝဋ်လည်နေကြရပုံများတည်း…။

"နီဝရဏ"

"နီဝရဏ" ဟူသည် မကောင်းရာမှ ကောင်းရန် အားယူနေသောစိတ်ကို လိုက်လံဖျ က်ဆီးနေသော

  နောက်ယောင်ခံ ယုတ်စိတ်များပင်တည်း။

ထိုနီဝရဏတို့သည်လည်း မူရင်းအားဖြင့် တားဆီးပိတ်ပင်မှုတစ်ခုသာ။ 

၎င်းမှ ခွဲဖြာထွက်လာသော အစိတ်အပိုင်းများကားငါးမျိုးပင် ပြားချေ ၏။


အဘယ်ကြောင့်ဆိုသော် တားရမည့် တစ်ဖက်ဈာန်တို့၏ သဘောသတ္တိများကလည်း သဘာဝငါးမျိုး ကွဲနေခြင်းကြောင့်တည်း။

နီဝရဏ ငါးမျိုးဆိုသည်မှာ......

(၁) ကာမစ္ဆန္ဒ - တစ်ဖက်ရှိ ဝတ္ထု အာရုံတို့အပေါ်၌ ရယူ လိုစိတ်၊ ပိုင်နိုင်လိုစိတ်များ…။
(၂) ဗျာပါဒ - ၎င်းတို့ကိုမရမချ င်း မခံချ င်စိတ်၊ ထန်ပြင်း စိတ် ပြင်းခြင်းများ…။
(၃) ထိနမိဒ္ဓ - ထင်သလိုဖြစ်မလာသဖြင့် စိတ်မပါတော့ ခြင်း၊ ထိုင်းမှိုင်းခြင်းများ…။
(၄) ဥဒ္ဓစ္စ - ကုက္ကု စ္စ - စိတ်မပါတော့သဖြင့် လက်ရှိမှအပြင် ထွက်ခြင်း၊ နောင်တဖြစ်ခြင်းများ…။
(၅)ဝီစိကိစ္ဆာ - စိတ်လေများနေသဖြင့် ရှေ့ရေးတွေးကာ ချီတုံချ တုံ ဖြစ်ခြင်းများ…။

ထိုငါးမျိုးတို့သည် စ် ာန္စိတ္မ် ား ဖြစ်ပေါ်မလာစေရန်လည်း အစုလိုက် အအုံလိုက်လည်း ဝိုင်းဝန်းဆီးတားကြလေကုန်၏။

တစ်ခုချ င်း ကွင်းဆက်အားဖြင့်လည်း အချိတ်အဆက်လုပ်ကာ သူ့အစွမ်းသူပြ၊ ကိုယ့်အစွမ်းကိုယ်ပြဖြင့် တားဆီးကြလေကုန်၏။

ထိုနှစ်နည်းတို့ဖြင့် တစ်ဖက်၏ အဆက်မပြတ် သိပ်သည်းစွာ အရှိန်အဟုန်အားဖြင့် အဆင့်ဆင့် ရှေ့တိုးနေကြသော စ် ာန္စိတ္မ် ားကို...

အဆက်ကြားသို့ ကြားဝင်ကာ ဖြတ်တောက်ပစ်ကြလေ ကုန်၏။
ဈာန်သတ္တိတို့ တစ်ခုနှင့်တစ်ခု ခြားနားသွားစေပြီး အရှိန်ပျ က်စေရန်၊.

.. တစ်ခုနှင့်တစ်ခုကျဲပါးပြီး  အခိုးပြယ်စေရန် အစွမ်းကုန် ကြိုးစားကြချေ ကုန်၏။

အဘယ့်ကြောင့်ဆိုသော် ……

ထိုစ် ာန္ဟုန္မ် ား အင္အားႀကီးထြားလာၿပီး စိတ်ကိုအပိုင်ရသွားသောအခါ......

မိမိတို့အား သတ်ဖြတ်ပစ်ကြတော့မည်ကို အပိုင်သိထားပြီး ဖြစ်သောကြောင့်တည်း။ ။ ။

ဝိပဿ နာတရား

ဝိပဿ နာတရား… မဂ္တရား…ကေတာ့ သာသနာတွင်းမှာပဲ ရှိတာပါ ။
**ဒါကြောင့်…လူ့ဘဝရောက်နေကြတုန်း……သာသနာနဲ့တွေ့နေကြတုန်း……

ဒါန ရိက္ခာထုပ်ကြီးထမ်း… သီလဖဝါးလှမ်းတွေနဲ့တင် အရူးသွား …သွားမနေကြပါနဲ့ …။
* *ခရီးဆုံးဖို့ ……လမ်းဆုံးကြဖို့…ကိုယ်သွားနေတဲ့ သံသရာခရီးရပ်နားကြဖို့……

သာသနာတွင်းကာလမှာပဲ ရနိုင်တဲ့ ဝိပဿ နာတရား ကြိုးစားအားထုတ်ကြပါ …

တို့ဘုရားရဲ့…တရားတော်မှာ အောင့်ပြီး ပယ်ရတာ မရှိပါဘူး……။ ပေချုပ်နေရတာ မရှိပါဘူး…။
ကိုယ်ကိုယ်တိုင် ပယ်ဖို့လဲ ဘာမှမရှိပါဘူး…။မှတ်ပါ ……။

ပယ်စရာရှိတာ အဲ့ဒီ သတိက ပယ်သွားလိမ့်မယ်။
တို့လုပ်ရမှာမှ မဟုတ်ပဲ…။ တို့က မှတ်ဖို့ပြောတာနော်…။ ရှုတယ်… ၊ မှတ်တယ် …၊ ကြည့်တယ် …၊
ဒါလဲ သတိရဲ့ စကားလုံးတွေ မဟုတ်ဘူးလား ???

မတွေးဖြစ်အောင်လို့ ။ မှတ်သလောက် မတွေးဖြစ်ဘူး။ တွေးနေရင် …မမှတ်ဖြစ်ဘူး။

အမှတ် နဲ့ အတွေးဟာ ဆန့်ကျင်ဘက် …။
အမှတ်သာရင် အတွေးနောက်ဆုတ်မယ်။ အတွေးအားသန်ရင်……အမှတ်နောက်ဆုတ်မှာပဲ ။
အမှတ် နဲ့ အတွေးဟာ ဆန့်ကျင်ဘက်ပဲ။ မှတ်စမ်းပါ..!!!

မှတ်ပါများရင် …အတွေးနည်းသွားမှာပေါ့။ အမှတ်များရင် ကိုယ်ထားတဲ့နေရာ ကိုယ့်စိတ်ရှိတာပေါ့။

ကိုယ်ထားတဲ့နေရာ ကိုယ့်စိတ်ရှိရင် ကိုယ်ထားတဲ့နေရာရဲ့အကြောင်း သူ့ဟာသူကို သိလာတယ်။
- မရှာရပါဘူး။ မတွေးဖြစ်ဖို့ မှတ်ပေးနေရတာနော်!!
တို့က …အမှတ်ဘက်ကို တာဝန်ယူပြီး ဦးစားပေးစမ်းပါ။

ကိုယ့်​သတ္တိ ကိုယ်​ယုံကြပါ....

ဒို့အေ​ရေးကြီးတာ "ယုံကြည်​ဖို့"........
- ဘယ်​သူ့ကိုယုံရမှာလဲ????????- "ကိုယ့်​သတ္တိ ကိုယ်​ယုံဖို့ "​နော်​......
- ဘုရားရှင်​နဲ့ ရဟ န္တာ​တွေ​ရော ??- ရုပ်​အပို ..နာမ်​အပို မပါပါဘူး...
- ဒီရုပ်​...နဲ့ဒီနာမ်​..ဒီလိုဒုက္ခခံကျင့်​ ခဲ့ကြတာပဲ....
- ​ရှေ့ကပွင့်​သွားတဲ့ သူ​တော်​​ကောင်းအစားစား​ရော????ရုပ်​အပို ..နာမ်​အပို မပါပါဘူး...
- ဒီရုပ်​...နဲ့ဒီနာမ်​..ဒီလိုဒုက္ခခံကျင့်​ သွားခဲ့ကြတာပါပဲ....- သူတို့ ဒီလို ဒုက္ခခံကျင့်​နိုင်​​သေးရင်​...                

တို့​ရော.???..

သတမဲ့၍ အရိယာဘွဲ့ မရသူများ…


- ဗုဒ္ဓဝါဒီတို့ ဒါနပြုရာ၌ ကောင်းမှုလည်းပြု …ဆုလည်းတောင်းလေ့ရှိ၏။
ဣဒံမေ ပုညံ နိဗ္ဗန္နဿ ပစ္စယော ဟောတု
ဤကောင်းမှုသည်နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေသတည်း …ဟူ၍ပင် ။
တစ်ဖန် အချို့ မြန်မာလိုလည်းတောင်းကြသေး၏။
ဤကောင်းမှုကြောင့် နိဗ္ဗာန်ကို ရက်တိုတိုနှင့် ရောက်ရပါလို၏…ဟူ၍ပင် ။
မြန်ချင်သောဆန္ဒကား…နိဗ္ဗာန်ကိုပင် ဆွမ်းပန်းကန်ဖြင့် ရက်တိုသင်တန်းဖွင့်လိုက်ခြင်းတည်း…။
ထိုသို့ ဆုသာတောင်း၏…ရောက်ကြောင်းကိုကား မဆည်းပူးမိကြချေ ။


များသောအားဖြင့် ထိုဗုဒ္ဓဝါဒီ တို့၏ အလှူ ပွဲကို လေ့လာသုံးသပ်ပါလျှင်  အောက်ပါအချက်များကို တွေ့ရတတ်သည် ။


၁။အမျှော်လှူ ကများ၏ …မည်သို့သောပုဂ္ဂိုလ် မျိုးကို မည်သည့်ပစ္စည်းများ ပေးလှူ ကာ
ဆုတောင်းရလျှင် ငါ့အတွက်တော့--အတွေးဝင်သောအလှူ တည်း ။

၂။အပျော်အလှူ ကများ၏ ပညာမဲ့သောသဒ္ဓါသည် အရွှင်မျိုးသို့သာ ထိုးဆင်းသွားတတ်ချေရာ ဖြစ် ပျက်မြင် …

ဆင်ခြင်စိတ်မပါက လိုလားရာပုဂ္ဂိုလ်ကို …လိုလားသောပစ္စည်းများပေးလှူ ကာ

မိတ်ဖြစ် ဆွေဖြစ် အသင်းဖွဲ့နည်းပမာ အခင်ရှာနေခြင်း……။

၃။မတော်အလှူ လည်းပါသေး၏ အပျော်အလှူ များ၏ တစ်စိတ်တစ်ဒေသဖြစ်သော မြို့ အလိုက် ရပ်ကွက်အလိုက်

အပြိုင်ကြဲပွဲများတွင် ဦးဆောင်၏ လုပ်ရပ်လိုက်၍ ဦးဆောင်များအပေါ် အားနာ၍ လူရှေ့ သူရှေ့ ခေါင်းခါရမှာရှက်၍

မရှိမဲ့ရှိမဲ့ဖြင့် ထည့်ဝင်လိုက်ရခြင်း ဟူ၍ပင်…။

ထိုသုံးမျိုး မည်သို့အကျိုးပေးမည်နည်း????
ထိုသုံးမျိုး သတိအင်အား မည်သည့်နေရာ ထားသနည်း???
သို့ကြောင့် …ထိုဗုဒ္ဓဝါဒီတို့၏ မွဲခြင်းသည် ဒါနနည်း၍မဟုတ် လွဲနေခြင်းကြောင့်တည်း…

အထက်ပါအလှူ သုံးမျိုးကြည့်ပါ စေတနာနှင့် သဒ္ဓါ နေရာမရသည်ကိုမြင်ရပါမည် ။
(ခ)ထိုဗုဒ္ဓဝါဒီတို့မွဲခြင်းသည် အကျိုးမပေး၍ မဟုတ် ။

အဝင်ကားနည်း…အရွှင်ကား ကြီးလွန်းနေသောကြောင့်တည်း ။

စေတနာအကျိုးပေးကား စမ်းရေပမာ စိပ်စိပ်သာ…

အလှူ နှင့်အသုံးကား တောင်ကျရေအရာ ပရမ်းပတာ လက်ဖွာဖွာကိုမြင်ကြရပါမည်။

အထက်ကဆိုခဲ့ပြီးသော ဆုတောင်းနည်းအတိုင်းသာရလိုယူလိုသော် …
သတိ(ဥာဏ်)ပါ တိဟိတ်ကုသိုလ်ဖြစ်ဖို့လိုအပ်သည် ။
တိဟိတ်ကုသိုလ်တွင်း အလှူ ပွဲခင်းလုပ်က ဆုတောင်းဖို့ပင်မလို အလိုလိုဝင်လာမည် ။

ဆုတောင်းကား လမ်းမှန်း ……
ကုသိုလ်ပြုကား လမ်းသွား ……
ထိုသို့နှစ်မျိုးကွဲချေရာ ကိုယ်သွားမည့်လမ်း မှန်းနေရုံနှင့်မပြီး ပြောနေရုံနှင့်လည်း ခရီးမရောက်သည်ကို
သတိပြုပါ။

သတိဥာဏ်ပင်း တိဟိတ်ကုသိုလ်ခင်း မဖြစ်ဘူးပဲထားဦး …
အနည်းဆုံး တောင့်တမှုနှင့် ကြောင့်ကြမှု(လောဘ ဒေါသ)မပါသော ဒွိဟိတ် ကုသိုလ်ဖြစ်လောက်တော့
ဗုဒ္ဓဝါဒီတိုင်း ပြုသင့်ကြသည် ။

ဘုရားနှင့်သူတော်ကောင်းကြီးများ၏ ခြေရာမထပ်မိသော်မှ ကပ်မိသော် တော်သေး ဆိုရမည် ။

ထိုဒွိဟိတ်ကုသိုလ်အပြု၌ …
၁။လောဘမကပ်စေခြင်းဖြင့် တွဲဖက် မာန ဒိဋ္ဌိ တို့ပါ ခွါပြီးဖြစ်နေစေရမည် ။

သို့မှသာ အကုသိုလ်တွင်း မဆင်းမိပဲဖြစ်ပေမည်။

၂။ဒေါသမကပ်စေခြင်းဖြင့် တွဲဖက် ဣဿာ မစ္ဆရိယ ကုက္ကုစ္စ တို့ပါခွါပြီး ဖြစ်နေစေရမည် ။
သို့မှသာ တစ်ဖက်သား ပြစ်မှားလိုမှုကင်းသဖြင့် အကုသိုလ်တွင်း မဆင်းရသူ ဖြစ်ပေမည်။

ထိုသို့ခွာထားနိုင်ရန်မှာ---ငါ ဝတ္ထု ပုဂ္ဂိုလ်တို့အပေါ် အစွဲ အငြိ မရှိမှ ဖြစ်နိုင်သည်။
တစ်ဖန် ငါကောင်းစားရေး (ငါ့ရှေ့ရေးအေးဆေးရန်) အတွက်

မည်သူ့သို့မည်သည့်ပစ္စည်းဖြင့် ရိက္ခာထုပ်မြှုပ်လိုက်ခြင်းဟူသော

ငါ ဝတ္ထု ပုဂ္ဂိုလ် သို့မသုံးသပ်ရန်မှာ အာရုံထားဖြောင့်မှန်မှသာ တတ်နိုင်သည်။

၁။သဒ္ဓါ၏ အထိမ်းအမှတ်အဖြစ် အလှူ ဝတ္ထုဖြင့် သက်သေခံ သတ်မှတ်ပေးသည်။
၂။စေတနာ၏ အထိမ်းအမှတ်အဖြစ် အလှူ ရှင်ကို ဆွဲထုတ်ပြသည်။
၃။သီလသိက္ခာ၏ အထိမ်းအမှတ်အဖြစ် အလှူ ခံကို ဆွဲထုတ်ပြသည်။
ထိုသို့ဆွဲထုတ်ပြသော်လည်း ထိုပြခြင်းမှာ အမှုခိုင်လုံရန်အတွက်မျှသာဖြစ်သည် ။ ထို့ထက်ကား မပိုစေသင့်ကြပြီ ……………

အနိုင်​ယူပါ - - -

၁။ တရားလိုက်​စား​လေသူတစ်​ဦး၊
၂။ အများအကျိုး သည်​ပိုး​လေသူတစ်​ဦး၊
၃။ သာသနာ့အကျိုး သည်​ပိုး​လေသူတစ်​ဦး၊
ထိုသုံးဦးစလုံး မျက်​ကန်း နားပင်း ​ရေငုံနှုတ်​ပိတ်​မှု အရည်​အချင်း ပြည့်​ဝ​နေကြရမည်​။
ခံနိုင်​​လေ အကျိုးစွမ်းပကားကြီးမား​လေပင်​။

ထိုတွင်​ တရားသမား၌ ကိ​လေသာအတိုက်​အခိုက်​၊
နိုင်​ငံ​ရေးသမား၌ စားကျက်​လုသူချင်း အတိုက်​အခိုက်​၊
ဘာသာ​ရေးသမား၌ ဉာဉ်​မတူသူချင်း အတိုက်​အခိုက်​ မုချ ​ပေါ်​ပေါက်​မည်​သာ။

*** မဟုတ်​ပြုံးခံ၊
*** ဟုတ်​ ကုန်းကြုံးခံခြင်းဖြင့်​သာ အနိုင်​ယူပါ။

【 #မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး 】

Views: 19

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Hein Thu Aung is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Thursday
Mgaye is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 9
Star is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
ဉာဏ်လင်းမြို့ is now a member of ရတနာ၀ါသ ဘုရားကျောင်း 華緬 三寶寺
Jun 27

Birthdays

There are no birthdays today

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service