ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အိပ်လည်းအိပ်ပျော်၍ နိုးလည်း နိုးကြားသူ

အိပ်လည်းအိပ်ပျော်၍ နိုးလည်း နိုးကြားသူ

တစ်ခါတုန်းက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး အုပ်စိုးနေစဉ် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်ပါတယ်။ ဘုရာလောင်းသည် ရသေ့ပြု၍ ဟိမ၀န္တာ၌ နေပြီး ညဥ့်အချိန်အခါများမှာ အိပ်စက်ခြင်းမပြုပါ၊ ရပ်ခြင်း၊ သွားခြင်း တည်းဟူသော ဣရိယာပုတ်နှစ်ပါးဖြင့် တရားရူမှတ်ကာ မိုးလင်းအချိန်အထိ စင်္ကြန်လျှောက်ပါတယ်။

တစ်နေ့တွင် ဘုရားလောင်း၏ ကျင့်စဉ်ကို သဘောကျသော ရုက္ခစိုးနတ်သမီးက-
“အရှင်ရသေ့ ဤလောက၌ အဘယ်သူသည် နိုးကြားနေသူများကြား၌ နိုးကြားနေသူမည်ပါသနည်း” ဟု မေးပါတယ်။
ရသေ့ကြီးက- “ နတ်သမီး  ငါသည် နိုးကြားနေတော်မူကြသော ရဟန္တာကြီးများ၏ကြား၌ အိပ်ပျော်နေသူပါ၊ ငါသည်ပင်လျှင် အိပ်ပျော်နေသူများကြား၌ နိုးထနေသူပါ” ဟု ဖြေလိုက်ပါတယ်။
ထို့နောက် နတ်သမီးက-“ အရှင်ရသေ့ ၊ သင်သည် နိုးကြားနေသူများကြား၌ အဘယ်သို့လျှင် အိပ်ပျော်နေသူဖြစ်ရပါသနည်း၊ အိပ်ပျော်နေသူများကြား၌ အဘယ်သို့လျှင် နိုးကြားနေသူဖြစ်ပြန်သတုန်း” ဟု  မေးပြန်ပါတယ်။
ရသေ့ကြီးက-“ နတ်သမီး၊ အရိယာဖြစ်သောရဟန္တာများသည် ရာဂ၊ ဒေါသ၊ အ၀ိဇ္ဇာတရားများမရှိကြ၊ နိုးကြားနေတော်မူကြသော ထိုအရိယာဖြစ်သောရဟန္တာကြီးများ၏အလယ်၌ ငါက တကယ်အိပ်ပျော်နေသူပါ၊  အကြင်သူများသည် မဂ်ဖြင့်လာသော သီလဟူ၍လည်းကောင်း၊ ဣန္ဒြိယသံဝရသီလဟူ၍လည်းကောင်း၊ လောကုတ္တရာတရားကိုးပါးကိုလည်းကောင်း မသိကြချေ၊ ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းဖြင့် မေ့လျော့နေကြပါတယ်၊ ငါက ထိုသူများ၏အလယ်၌ နိုးကြားနေသူ တစ်ယောက်ဖြစ်ပါတယ်” ဟု ဖြေကြားလိုက်ပါတယ်။
နတ်သမီးသည် ရသေ့၏ ရှင်းလင်းဖြေဆိုချက်ကိုသဘောကျသဖြင့် သာဓုခေါ်ပြီး သူ့ရဲ့နေရာဗိမာန်သို့ထွက်ခွားသွားပါတော့တယ်။ 
အထက်ပါဇာတ်လမ်းလေးကို ကောက်ချက်ချကြည့်ရအောင်ပါ။ တကယ်တမ်းတော့ ဘုရားလောင်းဟာ အိပ်လည်းအိပ်ပျော်၍ နိုးလည်းနိုးကြားနေသူပါ။ အတွေးလေးတစ်ချက်ဝင်မိတာက မိမိက အိပ်ပျော်နေသူတစ်ယောက်ဖြစ်နေသလို နိုးကြားနေသူတစ်ယောက်မဖြစ်သေးတာတော့ သေချာနေပါတယ်။  မိမိက သီလတရားတွေကိုသိတယ်၊ လောကုတ္တရာတရားတွေကိုသိရုံဖြင့်လည်း အိပ်ပျော်နေသူများ၏ကြား၌ နိုးကြားနေသူတစ်ယောက်မဖြစ်နိုင်လောက်ပါဘူး။ မိမိက တကယ့်လက်တွေ့ကျင့်သုံးမှသာလျှင် ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းဖြင့် မေ့လျော့နေသူများမှာကြားမှာ နိုးကြားသူတစ်ယောက်ဖြစ်နိုင်ပါလိမ့်မယ်။ ဒါကြောင့်မို့လည်း မြတ်ဗုဒ္ဓက ဓမ္မပဒမှာ- “ဘုရားဟောပိဋကတ်သုံးပုံပါဠိတော်များကို ရွတ်ဖတ်နေသောငြားလည်း ပေါ့ပေါ့ဆဆနေပြီး တရားဟော်နှင့်အညီ လက်တွေ့မကျင့်ကြံသောသူသည် သူတစ်ပါးတို့၏ နွားများကို ရေတွက်သော နွားကျောင်းသားတစ်ယောက်နှင့်တူ၏။ သူသည် မဂ်ဖိုလ်၏အကျိုးကျေးဇူးများကို မခံစားရပေ။”
ဘုရားဟော ပိဋကတ်သုံးပုံပါဠိတော် အနည်းအကျဉ်းမျှကို ရွတ်ဖတ်နေသော်ငြားလည်း တရားတော်နှင့် အညီလက်တွေ့ကျင့်ကြံသော ရာဂ၊ ဒေါသ၊မောဟ တို့ကို အမြစ်နှင့်တကွ နုတ်ပစ်သောတရားတော်ကို ရှင်းလင်းစွာ နားလည် သဘောပေါက်သော ကိုယ်ကျင့်တရားနှင့်ဆိုင်သော ညစ်ညူးသည့်အရာများမှ လွတ်မြောက်ပြီးသော စိတ်ရှိသော ဤဘ၀ကို လည်းကောင်း၊နောက်ဘ၀ကိုလည်းကောင်း၊စွဲလမ်းမူမရှိတော့သောသူသည် ရဟန်းဘ၀၏ အကျိုးကျေးဇူးများကိုခံစားရ၏။ ဟုမိန့်တော်မူခဲ့ပါတယ်။ ပြောချင်တာက-မိမိက တရားတော်တွေကိုဘယ်လောက်ပဲသိသိ၊ မကျင့်ကြံရင် အကျိုးမရှိပါ၊ မိမိက တရားတော်ကို တစ်ပုဒ်တစ်ပါဒလေးပဲသိသိ၊ သိတဲ့အတိုင်းကျင့်ကြံသွားရင် မိမိကတရားတော်တွေအများကြီးသိတဲ့သူထက်အများကြီးအကျိုးကျေးဇူးများပြီး သူ့ထက်မြင့်မြတ်သူ တစ်ယောက်ဖြစ်သွားပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် မိမိက အိပ်ပျော်နေသူတစ်ယောက်ဖြစ်နေတာတော့သေချာပါတယ်။ ဒါဆိုရင်  နိုးကြားနေသူတစ်ယောက်အဆင့်အထိဖြစ်သွားအောင် ကြိုးစားလိုက်မိဖို့ပါပဲ။ နိုးကြားနေသူတစ်ယောက်အဆင့်အထိဖြစ်သွားဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဒါကလွယ်လွယ်လေးပါ၊ မိမိက သရဏဂုံတွေဆောက်တည်၊ သီလတွေစောင့်ထိန်း၊ မေတ္တာတွေပွားများ၊ ၀ိပဿနာတရားတွေကို လက်တွေ့ကျကျ ကျင့်သုံးသွားနိုင်မယ်ဆိုရင် မိမိက ကိလေသာဖြင့်အိပ်ပျော်နေသူများ၏ ကြား၌ မိမိက နိုးကြားသူတစ်ယောက်ဖြစ်ပြီး၊အရိယာဖြစ်သောရဟန္တာများ၏ကြား၌ တော့ အိပ်ပျော်နေဆဲဖြစ်နေဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကတစ်မဂ်တစ်ဖိုလ်မှမရသေးရင်တော့ အရိယာစာရင်းမ၀င်သေးလိုပါ။ ကဲ ဖတ်သူ ရေးသူနစ်ဦးစလုံး- အိပ်လည်းအိပ်ပျော် ၍ နိုးလည်းနိုးကြားသူအဆင့်ရောက်အောင်ကြိုးစားသွားကြပါစို့ဟု တိုက်တွန်းရင်းနိဂုံးသတ်လိုက်ရပါတယ်။ 
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။

Views: 165

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a blog post
21 hours ago
ukkmaung posted photos
Nov 30
Abiola Bawauh is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 29
Mya Kye Mone Soe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 23

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service