ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဗုဒ္ဓဓမ္မကို လှစ်ဟပြနေသည့် ဗုဒ္ဓဂယာ


ဗုဒ္ဓဓမ္မကို လှစ်ဟပြနေသည့် ဗုဒ္ဓဂယာ

ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် အထွတ်အမြတ်ထားရာ နေရာကား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ Buddha Gaya ဟု အမည်တွင်သော နေရာဖြစ်သည်။

    ဗုဒ္ဓဘာသာဝင်မှန်သမျှ ဗုဒ္ဓဂယာအရပ်သို့ တစ်သက်တွင် တစ်ခါတော့ ရောက်အောင်သွား၍ ဖူးမျှော်သင့်သည်။ ဗုဒ္ဓဘာသာ ၀င်တို့အဖို့ ဇေတ၀န်ကျောင်းတော် ဆိုသည့် အမည်ကို ရင်းနီးကျွမ်းဝင်စွာ ကြားဘူး သိရှိထား ကြသည်။

   ဇေတ၀န်ကျောင်းတော်ဆိုသည်မှာ ရှင်တော်ဗုဒ္ဓသည် ဘုရားအဖြစ် 45 နှစ်တာ ကာလပတ်လုံး 24 ၀ါမျှ သီတင်းသုံးခဲ့သည့်နေရာ ဖြစ် သည်။  ဇေတ၀န်ကျောင်းတော်သည် သာဝတ္ထိပြည်၌ တည်ရှိသည်။ သာဝတ္ထိပြည်နှင့် ဇေတ၀န်ကျောင်းတော်သည် ဗုဒ္ဓ၇ှင်တော်တစ်ပါးတည်း သီတင်းသုံးခဲ့သည့် နေရာသာမကပေ။  ဤဘဒ္ဒမ္ဘာတွင် ပွင့်တော်မူခဲ့သော ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမရှင်လေးဆူစလုံး ထိုဇေတ၀န်၌ သီတင်းသုံးခဲ့သည်ဟု ရှေးရှေး အစဉ်အဆက်ကတည်းက ဗုဒ္ဓဘာသာဝင်တို့ လက်ခံခဲ့ကြသည်။

   ထိုပြင် နောင် အနာဂါတ်ကာလ၌ ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားရှင်သည်လည်း ဤဇေတ၀န် ကျောင်းတော်၌ပင် သီတင်းသုံးကာ သာဝတ္ထိပြည်အနှံ့ တရားဟောအုံးမည်ဆိုသည်။


 ထို့ကြောင့် ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်လေးဆူစုံး မစွန့်လွှက်သည့် နေရာ ဇေတ၀န် အပါအ၀င် အ၀ိဇဟိတဌာန ကိုးဌာနနေရာသည် အိန္ဒိယနိုင်ငံ၌ရှိသည်။


  အ၀ိဇဟိတ ကိုးဌာန ဆိုသည်မှာ ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်အားလုံး သီတင်းသုံးမည့်နေရာ၊ တရားဒေသနာများ ဟောကြား မည့် နေရာဟု ခေါ်ကြ သည်။


  အ၀ိဇဟိတဌာနကို အချိ့က ကိုးဌာန၊ အချိ့က လေးဌာန၊ အချိုက ငါးဌာန၊ အချို့က ရှစ်ဌာနဟု အယူအဆ အမျိုးမျိုးရှိကြ၏။ ယင်းအယူအဆ အားလုံးမှာ ပါဠိတော် လာချည်းမဟုတ်။ အများဆုံးဖြစ်သည့် ကိုးဌာနကို ဗဟုသုတအလို့ငှာ ဖေါ်ပြထားပါ သည်။

အ၀ိဇဟိတ ဌာနများ
၁။ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ဖွါးမြင်တော်မူရာ လုမ္ဗိနီအင်ကြင်း ဥယျာဉ်။
( နော်ဂါဘူတာမှ နီပေါနိုင်ငံထဲသို့ ၂၂ မိုင်ခန့်ရှိသည်။)

၂။ ရှင်တော်ဗုဒ္ဓ သဗ္ဗညုတရွှေဉာဏ်တော် ရရှိကာ ဘုရားစင်စစ် ဧကန်ဖြစ်တော် မူရာ ဗုဒ္ဓဂယာအရပ်ရှိ ဗောဓိပင်နှင့် ရွှေပလ္လင်ပေါက်ရာဌာန။ (ဂယာမြို့တောင်ဘက် ၁၀ မိုင် ခန့်ရှိသည်။)

၃။ ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောအရပ် ရှင်တော်ဗုဒ္ဓက ဓမ္မစကြာတရားဦး ဟောကြားရာ နေရာဌာန။ ( ဗာရာဏသီမြို့မှ လေးမိုင်အကွာ ဆာနသ်ဒေသတွင် ရှိသည်။ )

၎။ နာဠာဂီရိဆင်ကို ဆုံးမတော်မူသည့် ရာဇဂြိုဟ်ပြည်ရှိ ဂိဇ္ဈကုဋ်တောင်ထိပ်။
(ဂယာမြို့မှ မြောက်ဘက် မိုင်၄၀ အကွာ ဂယာ ပတ္တနားလမ်း၌ ရှိသည်။)

၅။ ရှင်တော်ဗုဒ္ဓသည် ဘုရားဖြစ်တော်မူပြီး နှစ်ပေါင်း ၄၅ နှစ်အတွင်း ၂၄ ၀ါတိုင်တိုင် သီတင်းသုံးတော်မူရာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော် ဌာန( ဂေါရပူ-ဂွန်းဒါ ရထား လမ်း သာလမ်ပူမြို့မှ ၁၁ မိုင်အကွာတွင် ရှိသည်။

၆။ ဝေသာလီပြည် ရေကန်တစ်ခုအနီး ဘုရားရှင်အား မျောက်မင်းက ပျားရည်ဆွမ်း ကပ် လှုရာဌာန။ ( ပတ္တနားမြို့မှ ဂင်္ဂါမြစ်ကိုကူး၍ မြောက်ဘက် မူးဖောမြို့သို့ မီးရထားနှင့် သွားကာ ၂၁ မိုင်အကွာ၌ ရှိသည်။

၇။ တာဝတိံသာနတ်ပြည်တွင် မယ်တော်နတ်သားကို အဘိဓမ္မာတရားဟောပြီး ရှင် တော်ဗုဒ္ဓ လူ့ပြည်သို့ ဆင်းသက်၇ာ သင်္ကဿနဂိုရ်ဌာန။( လက်ကနောင်းမြို့ အနောက် တောင်ဘက် မတ်ကနားဘူတာရုံမှ  ၅ မိုင်ခန့်အကွာ၌ ရှိသည်။)

၈။ ဥတေနမင်းကြီးနှင့် သာမာဝတီတို့၏ ရာဇဌာနီ၊ ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်း တော်ဌာန။ ( အလ္လာဟာဘတ်မြို့မှ တောင်ဘက် မိုင်၄၀ အကွာ ယမုံနာမြစ် အနီး၌ ရှိသည်။)

၉။ ကုသိန္နာရုံ၊ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ရှင်တော်ဗုဒ္ဓ ပရိနိဗ္ဗာန် စံတော်မူရာ ဌာန။ (ဂေါရပူမြို့နှင့် ဒိုးရီးယားမြို့ ကားလမ်းဘေး၌ ရှိသည်။ )

အ၀ိဇဟိတဌာန နှင့် သံဝေဇနိယ ဌာန။
အ၀ိဇဟိတဌာနများနှင့် သံဝေဇနိယ ဌာနများ လွဲမှားစွာ ကောက်ယူတတ်ကြ သည်။ အငြင်းပွါးလေ့ရှိတတ်သည်။
သံဝေဇနိယဆိုသည်သည် အ၀ိဇဟိတဌာနများထက် သာလွန်မွန်မြတ်သောဌာနများဖြစ်၏။ သံဝေဇနိယဌာနများသို့ တစ်သက်တွင် တစ်ခါ ရောက်ဖူးရုံမျှနှင့် အပါယ်တံခါးပိတ်သည်ဟု ယူဆသူများလည်း ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသံဝေဇနယ ဌာနများသည်  သံဝေဂ အထူးရနိုင်သောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။

  မဟာပရိနိဗ္ဗာနသုတ်၌ ရှင်တော်ဗုဒ္ဓက ဤသို့ဟောကြားခဲ့သည်။ ချစ်သားအာနန္ဒာ ရတနာသုံးပါးကို ယုံကြည်၍ သဒ္ဓါတရားရှိကုန်သောသူတို့ သွားရောက်ဖူးမျှော်သင့်သော ၊ တရားရဖွယ်ဖြစ်သော ဌာနလေးပါးရှိကုန်၏။
ယင်းလေးပါးဌာနတို့ကား……
(၁) အကြင်အရပ်၌ ဘုရားသခင်ဖွားမြင်တော်မူရာ ဖြစ်အံ့၊ ထိုအရပ်သို့ သွား ရောက်ဖူးမျှော်အပ်၏။ တရားကိုရစေ၏။
(၂) အကြင်အရပ်သည် ဘုရားသခင် သဗ္ဗညုတ ဉာဏ်တော်ကို ရ၍ ဘုရား ဖြစ်တော်မူရာအရပ် ဖြစ်အံ့၊ ထိုအရပ်သို့ သွား ရောက်ဖူးမျှော်အပ်၏။ တရားကိုရစေ၏။
(၃) အကြင်အရပ်သည် ဘုရားသခင် ဓမ္မစကြာ တရားတော်ကို အဦးအစ ဟော တော်မူအရပ် ဖြစ်အံ့။ ထိုအရပ်သို့ သွား ရောက်ဖူးမျှော်အပ်၏။ တရားကိုရစေ၏။
(၄) အကြင်အရပ်သည် ဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူရာ ဌာနတစ်ခုဖြစ်အံ့။
ထိုအရပ်သို့ သွား ရောက်ဖူးမျှော်အပ်၏။ တရားကိုရစေ၏။
ယင်းကဲ့သို့ မြတ်ဗုဒ္ဓ မိန့်မှာဖူးသော ဘုရားဟောကျမ်းလာ သံဝေဇနိယဌာနကြီး လေးရပ်ကား…..

၁။ မြတ်စွာဘုရားလောင်း ဖွားမြင်ရာ နီပေါပြည်ရှိ လုမ္ဗိနီ အင်ကြင်းဥယျာဉ်။

၂။ သဗ္ဗညုတ ရွှေဉာဏ်တော်ရပြီး ဘုရားဖြစ်တော် မူသော ဗုဒ္ဓဂယာရှိ ဗောဓိပင်နှင့် ရွှေပလ္လင်။

၃။ ဓမ္မစကြာတရား ဟောကြားတော်မူရာ ဗာရာဏသိမြို့အနီးရှိ မိဂဒါဝုန်အရပ်။

၎။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်အရပ်တို့ ဖြစ်ကြသည်။

 

  ဗုဒ္ဓဘာသာဝင်တို့အဖို့ ရှင်တော်ဗုဒ္ဓအနေနှင့် ၄၅နှစ်တာကာလပတ်လုံး လှည့်လည်၍ သွားလာနေထိုင် တရားဓမ္မများ ဟောကြားခဲ့ရာ၊ ရှင်တော်ဗုဒ္ဓဖွားမြင်ရာ၊ ဘုရား ဖြစ်ရာ၊ ပရိနိဗ္ဗာန်စံဝင်ရာ ဌာနများသို့ သွားရောက်ပူဇော်လေ့ရှိတတ်သည်။

  အထက်ပါ ဒေသများသို့ သွားရောက်ဖူးခြင်းကို ဗုဒ္ဓဂယာသို့ သွားရောက်ခြင်းဟု ခေါ်ဝေါ် အသုံးပြုကြသည်။ ဗုဒ္ဓဂယာ အရပ်သို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဗုဒ္ဓဘာသာဝင်တို့ လာရောက်သည့်အခါ မိမိတို့နိုင်ငံဒေသနှင့် ယဉ်ကျေးမှုများ ထုံမွှမ်းထားသော သာသနိက အဆောက် အအုံများ ဆောက်လုပ်၍ လှူဒါန်းခဲ့ကြသည်။

နိုင်ငံစုံမှ ဘုရားဖူးများဗုဒ္ဓဂယာအရပ်၌ နိုင်ငံနှင့်လူမျိုးကို ကိုယ်စားပြု ဆောက်လုပ်ထားသော ဘုရား ကျောင်း များစွာကို တွေ့ရသည်။ နေရာဒေသ မျိုးစုံမှ ရောက်လာကြသည့် ဘုရားဖူး များကလည်း အရောင်စုံ၊ အရွယ်စုံ၊ လူမျိုးစုံ။

   ဒီလို မွန်မြတ်တဲ့ နေရာကို ရောက်တုန်း အချိန်နည်းနည်းလောက် အကုန်ခံလိုက်ဦးမယ်။ ကျွန်မကိုသင်ကြား ပေးလိုက်တဲ့အတိုင်း မျက်စိ အကုန်ကိုပိတ်၊ ခြေနှစ်ဘက် တင်ပလ္လင်ခွေထိုင်၊ ဦးဏှောက်ထဲ ၀င်လာမည့်အရာတွေ အားလုံးကို ရပ်ပစ်လိုက်၊ ခန္ဓာ ကိုယ်ထဲမှာ လာကပ်နေတဲ့ စိတ်တွေကို မောင်ထုတ်ပစ်လိုက်။"


  ဟော်လန်နိုင်ငံသူ Hedwig Bakker က သူ့စိတ်တွင်း၌ တတွက်တွက် ရွတ်ရင်း တရားထိုင်တော့သည်။ ဟော်လန်နိုင်ငံသူ Hedwig Bakker သည် ဗုဒ္ဓဂယာရှိ ရှင်တော် မြတ်ဗုဒ္ဓ၏  ရုပ်ပွါးတော် ရှေ့မှောက်၌ တရားအားထုတ်နေသည်။

  ဗုဒ္ဓဂယာဆိုသည့်အရပ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ဘီဟာပြည်နယ်၌ရှိသည်။ ဗုဒ္ဓဘာသာဝင်များ နယ်၌ အလွန် ထင်ရှား ကျော်ကြားသည့် မဟာဗောဓိဘုရားကျောင်းတော်ကြီး တည်ရှိရာအရပ်လည်းဖြစ်သည်။ ၅၂ မီတာ မြင့်မားသော မဟာဗောဓိ ဘုရားကျောင်းနှင့် မဝေးလှသောနေရာ၌ သိဒ္ဓတ္ထမင်းသားသည် ဗောဓိပင်ဟုခေါ်ကြသော ညောင်ပင်ရင်း၌ တရားအလင်း ရရှိသွားခဲ့သည်။

 ရှင်တော်ဗုဒ္ဓ သဗ္ဗညုတဉာဏ်အလင်း ရတော်မူသည့် ဂယာအရပ်သို့ နိုင်ငံတကာမှ ဗုဒ္ဓဘာသာဝင်များ လာရောက် ဖူးမျှော်ခြင်းမှာ အထူးအဆန်းဟု မဆိုနိုင်ပေ။ တောင်ကိုးရီးယားနှင့် ထိုင်းနိုင်ငံများမှလည်းကောင်း၊ ထိုင်ဝမ်ကျွန်းမှလည်းကောင်း၊ အခြား အခြားသော အနောက်ဘက်နိုင်ငံ အများအပြားမှ ဗုဒ္ဓဘာသာဝင် အများအပြား သည်လည်း ဂယာအရပ်သို့ရောက်လာလေ့ရှိသည် ။


  ဗုဒ္ဓဂယာနေရာဒေသ၀န်းကျင်၏ အနေအထားမှာ ဆွဲဆောင်မှု တစ်စုံတစ်ရာကို ပိုင်စိုးထားသည့်ပမာ၊ အခြားဘာသာ ၀င်များသည်ပင်  ဤနေရာသို့ လာရောက်သည် နှင့်၊ တစ်နည်းတစ်ဖုံသော စွမ်းအင်တစ်ခုကို ခံစားသိရှိသည် ဆိုကြသည်။


  သို့သော်ရှင်တော်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသွားခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း၂၅၀၀ အထက်က ဖြစ်သည်။ သို့သော် ဤ ဂယာ အရပ်သည် ပျောက်ပျက် မသွား၊ လူးများက မေ့မသွားသည့်အပြင် ဗုဒ္ဓသာသနိက အဆောက်အအုံများ ထပ်၍ပင် တိုးတိုးလာနေ၏။


   ဗုဒ္ဓဘာသာဝင် နိုင်ငံအသီးသီးမှ လာရောက်ဆောက်လုပ် လှုဒါန်းကြသော သာသနိက အဆောက်အဦးများသည် သက်ဆိုင်ရာ ယဉ်ကျေးမှုကို ကိုယ်စားပြုထား ကြသည်။ ရိုးရာဗိသုကာ ပညာရပ်ကို ဖော်ကျူးကြ၏။ ထူးခြားအံ့ဘွယ် ကောင်းသည့် အချက်မှာ ယင်းအဆောက် အအုံးများ အားလုံးသည် ရှင်တော်ဗုဒ္ဓ ဟောကြားခဲ့သည့် မဇ္ဈိမပဋိပဒါ ' The Middle Way' ဆိုသည့် အလယ်အလတ် လမ်းစဉ်ကို ညွန်ပြနေသည့် သင်္ကေတများ အလား မည်သည့် အဆောက်အအုံ ဖြစ်စေ အချိုးအစား ညီလှသည်။


အသက်၄၁နှစ်ရှိပြီဖြစ်သော ဟော်လန်နိုင်ငံသူ မီးစ်ဘာကာ က--
' ကိုယ့်စိတ်ကိုကိုယ် အလုပ်ပေးဖို့ မိမိတစ်ယောက်တည်းပဲ လုပ်ရမယ်၊ တစ်ခြား ဘယ်သူကမှ ကူညီလို့မရဘူး'ဟု ပြောသည်။
မီးစ်ဘာကာသည် အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက်ရှိ ဒါရမ်ဆလာ Dharamsala မြို့ငယ်၌ တရားကျင့်ကြံအားထုတ်မှုကို သုံးလကြာ စခန်းဝင်၍ သင်ယူ ခဲ့သူဖြစ်သည်။


  ဗုဒ္ဓဂယာ နေရာဌာနသည် ဗုဒ္ဓဘာသာတရား၏ သမိုင်းကြောင်းကိုလည်း တနည်း တစ်ဖုံပြောပြနေသည့် အလား အခြားတစ်ဘက်မှလည်း  ဗုဒ္ဓ၏ ဓမ္မ တရား သို့မဟုတ် အနောက်တိုင်း အခေါ်အရ ဒဿနကို ကြည့်တတ် မြင်တတ်သူတို့ အတွက် လှစ်ဟပြ နေသည့်အလား။


လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ အထက်က ဒဿနဟု အမည်တပ်သည်ဖြစ်စေ၊ ဓမ္မ ဟု ခေါ်သည် ဖြစ်စေ၊ ယနေ့တိုင် တည်ရှိနေသေးခြင်းမှာ ဗုဒ္ဓ၏ ဓမ္မသည် အစစ် အမှန်နှင့် မကင်းကွာ၍သာ ဖြစ်မည်ဟု သိသာနေပါ၏။


အာရှဒေသ တစ်ခုလုံးနီးပါးသည် ဗုဒ္ဓဘာသာကို ယုံကြည်လက်ခံကာ ကိုးကွယ်ကြသည်။ ယခုအခါ အနောက်ဒေသကပါ ဗုဒ္ဓ၏ဓမ္မကို လက်ခံ လာနေပြီ ဖြစ်သည်။


ဗုဒ္ဓ၏ ဓမ္မ၌ အခြေခံအချက်မှာ ဘ၀သည် ဒုက္ခဖြစ်၏။ ယင်းဒုက္ခ ဖြစ်လာရခြင်း မှာ ဆန္ဒကြောင့်ဖြစ်သည်။ ဗုဒ္ဓ၏ ဓမ္မ၌ အဓိကအလေးထားသည့် အချက်မှာ မေတ္တာ၊ ကရုဏာ တရားဖြစ်သည်။


မေတ္တာကို သတ္တ၀ါအားလုံး အပေါ်မှာ ဖြန့်ကျက်ခြင်းဖြင့်  စိတ်၌ ဖိစီးမှု မှန်သမျှ သက်သာရာ ရမည်။
ဘီဟာဒေသသည် အိန္ဒိယနိုင်ငံ၏ အဆင်းရဲဆုံးသော ပြည်နယ်တစ်ခု ဖြစ်သည်။ ယင်းအခြေအနေ၌ ရှင်တော်ဗုဒ္ဓ၏ ဒုက္ခတရားနှင့် မေတ္တာ ကရုဏာတရား နေရာရကာ ပျံ့နှံ့သွားခြင်းမှာ  မဆန်းလှပေဟု သုံးသပ်သူလည်းရှိ၏။


  ဗုဒ္ဓ၏ ဓမ္မသည် လက်တွေ့ ပြုလုပ်ရန် ညွန်ပြသော တရားဖြစ်သည်။ လက်တွေ့ပြု လုပ်၍ရသော ဒဿနဟု အမည်တပ်ပါက ကမ္ဘာပေါ်တွင် နှစ်ပေါင်း ၂၅၀၀ ကျော် ကြာ ရှည် တည်တံ့သည့် ဒဿနဆို၍ ဗုဒ္ဓ၏ ဓမ္မတစ်ခုတည်းသာ ရှိသည်ဟု ဆိုနိုင်သည်။


ထို့ကြောင့်လည်း အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာ အရပ်သို့ လာကာ ရှင်တော်ဗုဒ္ဓကို ပူဇော်ဝတ်ပြုသူ တစ်နေ့တစ်ခြား တိုးလာခြင်း ဖြစ်သည်ဟု ဆိုရပေမည်။

 

မေတ္တုာများဖြင့်

ဇင်လူ

Views: 83

Tags: ဆောင်းပါး

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox
This free slideshow personalized with Smilebox

Birthdays

Birthdays Today

Members

© 2014   Created by ukkmaung.   Powered by

Report an Issue  |  Terms of Service