ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

‘ခန္တီ’ နဲ့ ‘ဥပေက္ခာ’ ကွဲပြားခြားနားပုံ

‘ခန္တီ’ နဲ့ ‘ဥပေက္ခာ’ ကွဲပြားခြားနားပုံ

ခန္တီ နဲ့ ဥပေက္ခာ ဘာများထူးခြားသလဲ?????

ဒကာ။ ။ ခန္တီစ- သည်းခံရခြင်း၊
ဥပေက္ခာစ- လျစ်လျူရှုရခြင်းဟု ပြောဟောကြရာ… 

ခန္တီ- သည်းခံတယ်ဆိုတာ မသာယာခြင်းနဲ့ ပြန်လှန်လက်စားမချေဘဲ လျစ်လျူရှုထားလိုက်တဲ့ ဥပေက္ခာသဘောမို့ နာမည်ချင်း
သာခြားတာ သဘောတရားကတော့ အတူတူပါပဲလို့ အချို့ဆရာတို့က ပြောဟောကြပါတယ်။

ဆရာအချို့ကလည်း ခန္တီနဲ့ ဥပေက္ခာဟာ သဘောတရားချင်းမတူဘူး။ တခြားစီသာ ဖြစ်တယ်။ အကယ်၍ သဘောချင်းတူရင် 
ပါရမီဆယ်ပါးထဲမှာ အမည်နှစ်ပါးနဲ့ ခွဲခြားပြီး ဘုရားမဟောတန်ရာ။ ဒါ့ကြောင့် ထူးခြားတယ်ဟု ဟောပြောကြပါတယ်။ အဲဒီတရား
နှစ်ပါး ထူးခြားတယ် မထူးခြားဘူးဆိုတာ မှတ်သားရလွယ်အောင် မိန့်ကြားပါဦး ဆရာတော်။

ဆရာ။ ။ ဒီ တရားနှစ်ပါးကလည်း ဓမ္မ၀ိစယဉာဏ်ပညာနဲ့ မခွဲခြား မစိစစ်တတ်ရင် "ပုလင်းတူ-ဘူးဆို့" သဘောပဲလို့ မှတ်ထင်စရာ ဖြစ်နေတယ်။ အမှန်ကတော့ သဘောတရားခြင်း ခြားနားမှုရှိတယ်။ ယင်းတို့နှစ်ပါးခြားနားပုံကို လွယ်လွယ်နဲ့ ဒီလိုသိကြပေတော့။

“ခန္တီ”
-------
ခန္တီရဲ့သဘောက သက်ရှိ(သ၀ိညာဏ)က သတ္တ၀ါ သင်္ခါရတို့က မိမိအား ကိုယ်ဖြင့်သော်၎င်း၊ နှုတ်ဖြင့်သော်၎င်း၊ ကိုယ်နှုတ်နှစ်ပါးတို့ဖြင့်သော်၎င်း၊ ထိပါးပုတ်ခတ်မှုပြုလာသော် ဒေါသဖြင့် ယင်းပုဂ္ဂိုလ်အား စိတ်ဆိုးခြင်း, ပြန်လှန်၍ပြစ်မှားခြင်း, ထိပါးပုတ်ခတ်, လက်စားချေခြင်းမပြုဘဲ သည်းခံ၍ နေနိုင်ခြင်းနှင့်....

သက်မဲ့(အ၀ိညာဏ)က မိမိကိုယ်နဲ့စပ်တဲ့ အချမ်းအပူရာသီဥတု၏ နှိပ်စက်ခြင်းဒဏ်၊ အ၀တ်အစား၊ နေရာတို့၏ ကြမ်းတမ်း ခက်ထန်ခြင်း၊ 
မပြည့်စုံခြင်းစသည်တို့နဲ့ တွေ့ကြုံတဲ့အခါ ဒေါမနဿ စိတ်ဆင်းရဲခြင်း စိတ်နှလုံး မချမ်းမြေ့ခြင်းတို့ကို မဖြစ်စေဘဲ သည်းခံနိုင်ခြင်းတို့ကို ခန္တီလို့ ဆိုကြတယ်။ သူ့တရားကိုယ်က ‘အဒေါသ စေတသိက်’ ပဲ။

“ဥပေက္ခာ”
------------
ဥပေက္ခာရဲ့သဘောက ဣဋ္ဌာရုံခေါ်တဲ့ လိုချင်စရာ, ခင်မင်စရာ, ချစ်စရာ, နှစ်သက်စရာ, မြတ်နိုးစရာ အာရုံမျိုးတွေနဲ့ ဆုံခဲ့သော် သာယာ, ခင်မင်, လိုချင်, တပ်မက်, ဆာလောင်, စွဲလမ်းခြင်းဆိုတဲ့ တဏှာ, ဥပါဒါန်ဖက်သို့ မပါမရောက်အောင် စောင့်ရှောက် တားဆီးထားနိုင်မှု လျစ်လျူရှုခြင်းသဘောနှင့်....

အနိဋ္ဌာရုံဖြစ်တဲ့ မုန်းစရာ, ရွံစရာ, မခံချင်စရာ, စိတ်ဆိုးစရာ အာရုံအမျိုးမျိုးတွေနဲ့ တွေ့ကြုံတိုက်ဆိုင်လာတဲ့အခါမျိုးမှာလည်း ရွံမုန်းစိတ်ဆိုး ဒေါသဖက်သို့ မရောက်စေဘဲ စောင့်ရှောက်တားဆီးထားနိုင်မှု လျစ်လျူရှုခြင်း သဘောတမျိုးပဲဖြစ်တယ်။

အဲဒီ ဣဋ္ဌာရုံဖက်ကိုရော အနိဋ္ဌာရုံဖက်ကိုပါ ဘယ်ဘက်ကိုမှ မပါ မလိုက်ဘဲ ချစ်, မုန်း မပါ အလယ်အလတ် သဘောအသွင်ကိုဆောင်တဲ့ တတြ မဇ္ဈတ္တ စေတသိက်ကိုပင်လျှင် ဥပေက္ခာလို့ ခေါ်ဆို ဟောပြောကြတာပဲ။

ကဲ....အဲဒါ မှတ်သားရလွယ်အောင် အဘိဓမ္မာနည်းနဲ့ ထုတ်ဆောင်ပြလိုက်တာပဲ၊ ဒါထက် လွယ်လွယ် သိချင်ရင် သည့်ပြင်ဆရာတွေဆီမှာ သွားရောက် မေးမြန်းကြပေတော့။

**** အဲဒီတရားနှစ်ပါး လက်ကိုင်ထားနိုင်ရင် အလွန်စိတ်အေးမြ ငြိမ်းချမ်းတယ်၊ အဲဒါကိုလည်း အကျင့်လုပ်ထားပါ ****

ဒကာ။ ။ ဆရာသစ်တွေ ရှာနေစရာ မလိုတော့ပါဘူး ဆရာတော်..
ရှင်းလင်းပြတ်သား ကွဲပြားခြားနားစွာ သိပါပြီဘုရား…။
ဒီတရားနှစ်ပါးကိုလည်း လက်ကိုင်ရအောင်အကျင့် လုပ်ထားပါမည် ဆရာတော်…။
လက်စသတ်တော့ “ခန္တီက အဒေါသ စေတသိက် မေတ္တာ ဓာတ်သဘောကိုး” ခုမှပဲ ကွဲတော့တယ်။


(အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ)

Views: 243

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Mgaye is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 9
Star is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
joy clark updated their profile
Aug 7
joy clark posted a blog post
Aug 7

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service