ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကိုယ့်ကိုနာကျင်စေသူအတွက် ဘယ်တော့မှ မငိုပါနဲ့

ကိုယ့်ကိုနာကျင်စေသူအတွက် ဘယ်တော့မှ မငိုပါနဲ့

“ကိုယ့်ကို ထိခိုက်နာကျင်စေသူတစ်ယောက်အတွက် ဘယ်တော့မှ မငိုလိုက်ပါနဲ့၊ စိတ်ပျက်အားငယ်မှု့မျိုး မဖြစ်လိုက်ပါနဲ့၊ ၀မ်းနည်း နာကျည်းသွားတာမျိုးလည်း မဖြစ်လိုက်ပါနဲ့….အပြုံးမပျက်ဘဲ “သင့်ထက် စိတ်ဓာတ်အားဖြင့် မြင့်မြတ်ပြီး လူသားဆန်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ အခွင့်အရေးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်ပါတယ်လို့…….. ပြောဆိုလိုက်ပါ။”

ထိခိုက်နာကျင်စေတယ်ဆိုတဲ့စကားထဲမှာ ကိုယ်ဖြင့်ထိခိုက်နာကျင်အောင် လာရောက်စော်ကားရိုက်နက်ခြင်းကြောင့်လည်း ကိုယ့်ခန္ဓာကိုယ်ကို နာကျင်စေတဲ့ နာကျင်မှု့မျိုး၊ နှုတ်ဖြင့် ရိုင်းပြစွာ ကြိမ်းမောင်းဆဲဆိုတာမျိုး၊ ကြမ်းကြုတ်ခက်ထန်တဲ့ အမနာပစကားမျိုးနဲ့ ဆဲရေးခံရခြင်းကြောင့်လည်း ကိုယ့်စိတ်ကို နာကျင်စေတဲ့ နာကျင်မှု့မျိုးတို့ ပါဝင်ကြပါတယ်။

 

ဒီနေရာမှာ ဦးစားပေးပြောပြသွားချင်တာကတော့ ဒုတိယနာကျင်စေမှု့မျိုးကိုပါပဲ။ အပြန်အလှန်အားဖြင် ပထမနာကျင်စေမှု့ကိုလည်း စာဖတ်သူတို့ကိုယ်တိုင် တွေးခေါ်နားလည်နိုင်လိမ့်မယ်ဆိုတာ နားလည်မိထားလို့ပါ။

 

အမိယုတ်သော် နှုတ်ကြမ်း၏…….တဲ့။ ဒီအဆိုအရ နှုတ်ကြမ်းတဲ့ သူအားလုံးဟာ ယုတ်ညံ့တဲ့ အမိက ပေါက်ဖွားလာတယ်လို့တော့ စာရေးသူ လက်မခံပါဘူး မဆိုလိုပါဘူး။ မြင့်မြတ်တဲ့ အမိရဲ့ တစ်ချို့ သား သမီးတွေကလည်း ရိုင်းပျစွာ နှုတ်ကြမ်းအာကြမ်း ဆဲဆိုတတ်သူတွေလည်း ရှိပါတယ်။ မိဘတွေကပညာမဲ့ဖြစ်နေကြပေမယ့် သားသမီးတွေက ပညာတတ်တွေ ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီးတွေ ဖြစ်နေကြတာတွေလည်း သာဓကများစွာ ရှိပါတယ်။ 

 

ရှိစေတော့………အမိယုတ်လို့ နှုတ်ကြမ်းတဲ့ သူတစ်ယောက်ရဲ့ နာကျင်သွားစေတဲ့ ကြမ်းကြုတ်ဆဲရေးစကားမျိုး သို့မဟုတ် အမိမြတ်သော်လည်း သူ၏ပင်ကိုစိတ်ဓာတ်ကိုက ယုတ်ညံ့လို့ နှုတ်ကြမ်းတဲ့ သူတစ်ယောက်ရဲ့ ရင်နာသွားစေလောက်တဲ့၊ စိတ်နှလုံးကို နာကျည်းခံပြင်းသွားစေလောက်တဲ့ ကြမ်းတမ်းတဲ့စကားမျိုး မိုက်ရိုင်းတဲ့စကားမျိုး မခံသာတဲ့စကားမျိုးနဲ့ အပြောခံရတာမျိုး ဘ၀မှာ တစ်ကြိမ်တစ်ခါ သို့မဟုတ် ရံဖန်ရံခါမှာတော့ ကြုံရတတ်ပါတယ်။ 

 

လက်နက်များစွာနဲ့ တိုက်ခိုက်ခြင်းခံရလို့ နာကျင်တဲ့ ဒဏ်ရာထက် ကြမ်းကြုတ်တဲ့စကား ရိုင်းပျတဲ့စကားနဲ့ အပြောခံရတဲ့ စိတ်ဒဏ်ရာက ပိုပြီးပြင်းထန်တယ်၊ ပိုပြီး နာကျင်မှု့ဖြစ်စေတယ်……..ဆိုတဲ့အဆိုကို လူတိုင်းရင်းနှီးသိရှိနားလည်ပြီးသားပါ။ 

တစ်ပါးသူက ဘယ်လောက်ပဲ ကြမ်းကြတ်တဲ့စကားမျိုးနဲ့ စော်ကားဆဲရေးနေပါစေ၊ ဘယ်လောက်ပဲ အကျင့်သိက္ခာမဲ့ပြီး လူမဆန်စွာ နာကျင်စေလောက်တဲ့ စကားမျိုးနဲ့ ဆဲရေးနေပါစေ……….သူ့ရဲ့ အချည်းအနှီးအကျိုးမဲ့စကားအတွက်၊ ရိုင်းပျတဲ့စကားအတွက်ကြောင့် နာကျင်ခံစားမှု့မျိုး မိမိရင်မှာ မဖြစ်စေလိုက်ပါနဲ့။ ခံပြင်းဒေါသထွက်သွားစေတာမျိုး အဖြစ်မခံလိုက်ပါနဲ့။

 

ငါဒီလို ကြမ်းကြုတ်စွာဆဲဆိုခံရတယ်လို့တွေးပြီးတော့ ၀မ်းနည်းအားငယ်စွာ ငိုချလိုက်တာမျိုးလည်း မလုပ်ပါနဲ့၊ တူညီတဲ့ တုန့်ပြန်ဆဲရေးမှု့ကိုလည်း မတုန့်ပြန်လိုက်ပါနဲ့ အပြုံးမပျက်ဘဲ “သင့်ထက် စိတ်ဓာတ်အားဖြင့် မြင့်မြတ်ပြီး လူသားဆန်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ အခွင့်အရေးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်ပါတယ်လို့…….. ပြောဆိုလိုက်ပါ။” ဒါဟာ ပညာရှိသူတော်ကောင်းတွေရဲ့ ပညာမဲ့လူရမ်းကားတွေအပေါ်မှာ ပညာရှိသူတော်ကောင်းပီပီ လက်တုန့်ပြန် အနိုင်ယူလိုက်ခြင်းပါပဲ။ 

 

သည်းခံခွင့်လွှတ်နားလည်စိတ်နဲ့အတူ စိတ်ဓာတ်မြင့်မားပြီး ယဉ်ကျေးသူ တစ်ယောက်ပီပီ ပညာရှိသူတော်ကောင်းတို့ရဲ့ အပြုမူမျိုး တုန့်ပြန်မှု့မျိုးနဲ့ ပြုမူ တုန့်ပြန်လိုက်လို့ မိမိမှာ ဘာတစ်ခုမှ ဆုံးရှုံးနစ်နာသွားတာမျိုး မရှိနိုင်ပါဘူး။ နားလည်ပေးလိုက်ခြင်းအားဖြင့်၊ တောင်းပန်လိုက်ခြင်းအားဖြင့်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခပြဿနာတို့ကို ပြေငြိမ်းပြီးတော့လည်း သွားစေနိုင်ပါတယ်။ အမုန်းမဖက် အပြုံးသက်သက်နဲ့လည်း ဆက်ဆံပေါင်းသင်းမှု့ကနေ ရှောင်သွားလို့လည်း ရပါတယ်။ ဘာလုပ်မှာလဲ မိမိဘ၀အတွက် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု့ ဘ၀တိုးတက်မှု့တိုကို အကျိုးမပြုနိုင်သူတစ်ယောက်ကို ဝေးဝေးရှောင်နေလိုက်ရလို့ ၀မ်းနည်းအားငယ်နေဖို့ မလိုပါဘူး။

 

ကိုယ့်ကို နာကျင်စေသူတစ်ယောက်အတွက်နဲ့ ကိုယ့်စိတ်သန္တာန်မှာ သူ့လို ညစ်ညမ်းတဲ့ စိတ်ဓာတ်တွေ၊ ယုတ်ညံ့တဲ့ စကားတွေ၊ ဒေါသတွေ၊ နာကျည်းမှု့တွေ၊ အာဃာတတွေ ရန်ငြိုးဖွဲ့မှု့တွေ ဖြစ်ပေါ်စေပြီး စိတ်မချမ်းမသာ ဖြစ်နေမှာလား…….လုံးဝမတန်ပါဘူး…….မဖြစ်မခံလိုက်ပါနဲ့။ နာကျင်စေသူကို အကြောင်းပြုပြီးတော့ ကိုယ့်သန္တာန်မှာ ဘာကောင်းကျိုးကိုမှ အထောက်အပံ့ မပေးနိုင်တဲ့ အကုသိုလ်စိတ်ဓာတ်မျိုးကို မဖြစ်စေလိုက်ပါနဲ့……..။

 

ဗုဒ္ဓမြတ်စွာက သူတစ်ပါးရဲ့ ဆဲရေးတိုင်းထွာ ကြမ်းကြုတ်တဲ့ ဖရုသ၀ါစာစကားတွေကို ဂရုစိုက်မနေပါနဲ့…..တဲ့၊ ကိုယ့်ရဲ့ ကောင်းကျိုး မကောင်းကျိုးအတွက်ကိုသာ သတိရှိရှိထားရှိနေဖို့ တိုက်တွန်းခဲ့ပါတယ်။ အက္ကောသဘာရဒွါဇ၏ ကြမ်းကြုတ်တဲ့ ဖရုသ၀ါစာစကားတို့ကို အပြုံးမပျက် သည်းခံတော်မူခဲ့ဖူးပါတယ်။ 

 

တစ်နေ့တော့ ဗုဒ္ဓထံလာပြီး ယုတ်မာညစ်ညမ်းတဲ့ ဆဲရေးနည်းပေါင်းစုံနဲ့ လာရောက်ဆဲရေးနေပါတယ်။ အက္ကောသဘာရဒွါဇ ဆဲရေးတိုင်းထွာအပြီးမှာ အပြုံးမပျက်ဘဲ ပုဏ္ဏား သင့်အိမ်မှာ သင်၏ ဆွေမျိုးတို့ကိုပဲဖြစ်ဖြစ် အပေါင်းအသင်းမိတ်ဆွေတို့ကိုပဲဖြစ်ဖြစ် ဖိတ်ပြီးအစားအသောက်တို့ဖြင့် ကျွေးမွေးဧည့်ခံတယ်ဆိုပါစို့၊ သင်ပေးကမ်းကျွေးမွေးတဲ့ အစားအသောက်တို့ကို ထိုသူတို့က မစားသောက်ဘူး မသုံးဆောင်ဘူးဆိုရင် အဲဒီသင်ပြင်ဆင်ထားတဲ့ အစားအသောက်အစားတွေကို သင်ဘာလုပ်ပစ်မလဲ…….။ 

 

အရှင်ဂေါတမ….ကျွန်ုပ် အဲဒီအစားအသောက်တွေကို စွန့်ပစ်မှာမဟုတ်ပါဘူး….မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးကြီး စားသောက်ပစ်မှာပေါ့…..လို့ ပြန်လျှောက်ထားတော့…..ဒီဥပမာအတိုင်းပဲ ပုဏ္ဏား…..သင်ယခုဆဲရေးတိုင်းထွာနေတဲ့ ကြမ်းကြုတ်ညစ်ညမ်းတဲ့ ဖရုသ၀ါစာစကားတွေကို ငါဘုရားလက်မခံဘူး…….သင်ကိုယ်တိုင်ပဲ လက်ခံသုံးဆောင်ရလိမ့်မယ်………ဆိုပြိး ပညာရှိသူတော်ကောင်းတို့ရဲ့ စိတ်နေစိတ်ထားကို သိစေခဲ့ဖူးပါတယ်။

 

တစ်ခါတုန်းကလည်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးကို ပုဏ္ဏားတစ်ယောက်က ပြစ်တင်ဆဲရေးခဲ့ဖူးပါတယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ဆိတ်ဆိတ်ပဲ ထိုင်နေတောတွေတော့……..သင့်ကို ငါပြစ်တင်ဆဲရေးနေတာ မသိဘူးလား၊ မကြားဘူးလား.ဆိုတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ငါမကြားပါဘူး ပုဏ္ဏားကို တုန့်ပြန်ခဲ့ဖူးပါတယ်။ ဒါဟာလည်းပဲ ပညာရှိသူတော်ကောင်းတို့ရဲ့ တန်ဖိုးမရှိ အကျိုးမရှိတဲ့ စကားတို့အပေါ်မှာ မိမိစိတ်ကို စေလွတ်မထားအပ်ဘူး။ ဂရုမစိုက်သင့်ဘူးလို့လည်း နားလည်မိပါတယ်။

 

ဒေါသဆိုတဲ့အမုန်းကို အမုန်းနဲ့ မတုန့်ပြန်ဘဲနဲ့ သည်းခံခြင်းဆိုတဲ့အပြုံး၊ မေတ္တာအပြုံးတို့နဲ့သာ အနိုင်ယူလိုက်ပါ။

ကဲ…..စာချစ်သူ….။ ဆဲရေးတာ သူတို့အလုပ်ပါ ကိုယ်လုပ်ရမယ့် အလုပ်ကတော့ ဗုဒ္ဓမြတ်စွာ၏ တပည့်သားပီပီ ကြမ်းကြုတ်ခက်ထန်စွာ ဆဲရေးလာသူကို အမျက်မထွက်ဘဲ အပြုံးမပျက်ပေါ့………“သင့်ထက် စိတ်ဓာတ်အားဖြင့် မြင့်မြတ်ပြီး လူသားဆန်တဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ လူတစ်ယောက်ကို ရှာဖွေဖို့ အခွင့်အရေးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်ပါတယ်လို့…….. ပြောဆိုလိုက်ပါ။”

 

နောက်ပြီး..”ချိုစေသူ့နား၊ ချဉ်မခါးအောင်၊ စကားကျစ်လျစ်၊ အဆစ်ဆစ်၌၊ မထစ်မထုန်၊ မအုန်မထိုင်း၊ မရိုင်းမဆတ်၊ ရှဲခတ်ကိုက်စား၊ သစ်ပျဉ်ပြားနှယ်၊ ပြတ်သားသိမ်မွေ့၊ ချောမြေ့ပြေပြစ်၊ မာန်မယစ်ဘဲ၊ မြစ်မြစ်ချေချေ၊ လူဗိုလ်ခြေအား၊ သံခြေနှုတ်ညင်း။ ရွှေစောင်းညှင်းသို့၊ မပြင်းမပျ၊ သာချမ်းမြလျက်၊ ပျပျရွှင်ပျော၊ ဆိုမိန့်ပြောလော့..............”

 

ဆိုတဲ့ မဃဒေ၀လက်ာစာပိုဒ် (၂၁၁)မှာပါတဲ့ အကျင့်မြတ်တို့အတိုင်းပေါ့ မိမိက စကားပြောဆိုတဲ့အခါမှာ တစ်ဖက်သားရဲ နားကို ချိုသာစေတဲ့စကား၊ ယဉ်ယဉ်ကျေးကျေး၊ ပြေပြေပြစ်ပြစ် ပြောဆိုလိုက်ပါ။ ဒေါသ မာန်မာနတို့ကို ရှေတန်းတင်ပြီး ရိုင်းရိုင်းစိုင်းစိုင်း မောက်မောက်မာမာစကားတွေကို မပြောမိအောင် စိတ်ကိုထိန်းကျောင်းပေးရမှာပါ။ သာယာနာပျော်ဖွယ် စကားတို့ကိုသာ ပြောဆိုလိုက်ဖို့ပါပဲလေ…………။

 

အမှာ။ ။ ဆဲရေးခြင်းကို သည်းခံခြင်းနဲ့ပတ်သက်လို စာရေးသူ၏ သည်းခံခွင့်လွှတ်တတ်ပါစေ ဆိုတဲ့ ဆောင်းပါးမှာလည်း ရေးပြထားခဲ့ဖူးပါတယ်။

 

(ဥယျာဉ်မှူးလေး)

 

Views: 145

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Mgaye is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 9
Star is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
joy clark updated their profile
Aug 7
joy clark posted a blog post
Aug 7

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service