ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

"စိတ်ညစ်ရင် အာရုံပြောင်းပါ"

"စိတ်ညစ်ရင် အာရုံပြောင်းပါ"


တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿဆိုတဲ့ ကိုရင်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဒီလိုနဲ့  တစ်နေ့ မှာ စိတ်ညစ်စရာ အာရုံတစ်ခုနဲ့ တွေ့ ပြီး လူထွက်ချင်လာပါသတဲ့။ ကိုရင် တိဿက သူစိတ်ညစ်လို့  လူထွက်ချင်တဲ့အကြောင်းကို ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ်။ ဒီတော့ ဆရာဘုန်းကြီးက "အင်း အာရုံကြောင့် ဖြစ်တဲ့စိတ်ဟာ အမြဲတမ်း အဆိုးဘက်ကိုချည်း ယိမ်းမနေဘူး၊ အာရုံကြောင့် ဖြစ်တဲ့စိတ်ကို အာရုံနဲ့ ပဲ ပြန်ကုပေးမှ။ လူဆိုတာ အာရုံသစ်ကို အခြေတည်ပြီး ပျော်ရွှင်တတ်ကြတယ်။ ဒါကြောင့် အာရုံသစ်တစ်ခု ပြောင်းပေးလိုက်မှပဲ" ဆိုပြီး တွေးမိပုံရပါတယ်။ 


ဒါကြောင့် ဆရာဘုန်းကြီးက "ကောင်းပြီ ငါ့တပည့်၊ လူထွက်ဖို့  ဆုံးဖြတ်ပြီးရင်လည်း ငါတို့ မတားလိုဘူး။ ဒါပေမယ့် ငါတို့ နေတဲ့  ကျောင်းဟာ ချိုးရေ အလွန်ရှားတယ်။ ငါ့တပည့် လူမထွက်ခင် ငါတို့ ကို ရေပေါရာ စိတ္တရတောင်ကို ပို့ ပေးခဲ့ပါဦး" လို့  မိန့် လိုက်ပါတယ်။

ကိုရင်တိဿကလည်း ဆရာဘုန်းကြီးပြောတဲ့အတိုင်း သူ့ ဆရာကို စိတ္တရတောင်ကို ပို့ ပေးရှာပါတယ်။ စိတ္တရတောင်ရောက်တော့ ဆရာဘုန်းကြီးက ဘယ်လိုထပ်မိန့် ပြန်သလဲဆိုတော့ "ငါ့တပည့်ရယ်၊ ဒီစိတ္တရတောင်တွေမှာ ရှိတဲ့ ကျောင်းတွေဟာ သံဃာပိုင်
သံဃိကကျောင်းတွေကွဲ့ ၊ သံဃိကကျောင်းဆိုတော့ နေတာထိုင်တာ အစစအရာရာ ဆင်ခြင်နေရတယ်။ သိပ်လွတ်လပ်မှု မရှိဘူးပေါ့။ ဒါ့ကြောင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းလေးတစ်ကျောင်းတော့ လိုချင်တယ်၊ ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ်"လို့  ဆက်မိန့် ပါတယ်။


ကိုရင်တိဿကလည်း လူထွက်ခါနီး ဆရာသမားကို နောက်ဆုံးပြုပေးခြင်းဆိုတဲ့ အသိနဲ့  တက်တက်ကြွကြွနဲ့ ပဲပြုပေးရှာပါတယ်။ ကိုရင်တိဿ ဆောက်ပေးဖို့ စိတ်ကူးတဲ့ ကျောင်းကလေးက သူတို့ သီဟိုဠ်ခေတ်က ကမ္မဋ္ဌာန်း ဘုန်းကြီးတွေ အကြိုက် လှိုဏ်ဂူကျောင်း ပုံစုံလေးပါ။ ဒါကြောင့် ကိုရင်တိဿလည်း ဆရာဘုန်းကြီး ကမ္မဋ္ဌာန်း အားထုတ်ဖို့ အဆင်ပြေမယ့် ကျောင်းပုံစံကို စိတ်ကူးနဲ့ ဦးစွာ
သေချာစိတ်စားပါတယ်။ ပြီးတော့မှ ဥတုသုံးပါးနဲ့ လည်း သင့်တော်မယ့် တောင်ခြေတစ်ခုမှာ လှိုဏ်ခေါင်းစတူးပါတယ်။

အံ့သြဖို့ ကောင်းတာက ကိုရင်တိဿဟာ နောက်ဆုံး အခွင့်အရေးဆိုတဲ့ နှလုံးသွင်းနဲ့  အလုပ်သုံးခုကို တစ်ပြိုင်နက်တည်း လုပ်နေတာပါပဲ။ သူတစ်ပြိုင်နက် လုပ်နေတဲ့ အလုပ်က ကမ္မဋ္ဌာန်းကျောင်းအတွက် လှိုဏ်ဂူတူးတာရယ်၊ ဆရာဘုန်းကြီးဆီမှာ သင်ခဲ့တဲ့ သံယုတ္တနိကာယ်ကျမ်းကြီးကို ရွတ်ဖတ်သရဇ္ဈယ်နေတာရယ်၊ တေဇောကသိုဏ်းကို ရှုမှတ်ပွားများနေတာရယ်ပါ။ ထပ်ပြီး အံ့သြဖို့ ကောင်းတာက ကမ္မဋ္ဌာန်းလှိုဏ်ဂူပြီးစီးတဲ့နေ့ မှာပဲ သံယုတ္တ နိကာယ်ကျမ်း ရွတ်ဆိုသရဇ္ဈယ်မှု ပြီးဆုံးသွားသလို ပွားများနေဆဲ
တေဇောကသိုဏ်းဟာလည်း အပ္ပနာဈာန်အဆင့်ထိ ရောက်လာခဲ့တာပါပဲ။ (၀ိပဿနာအဆင့်ထိ မရောက်သေးဘူးပေါ့)

ကိုရင်တိဿလည်း အားရ၀မ်းသာနဲ့ ကျောင်းဆောင်ပြီးသွားပြီးဖြစ်တဲ့အကြောင်း ဆရာဘုန်းကြီးကို သွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက လှိုဏ်ဂူကျောင်းဆောင်ကလေးကို ကြည့်ပြီး ဘယ်လိုထပ်မိန့် ပြန်သလဲဆိုတော့ -

"အို .. ကောင်းလိုက်တဲ့ လှိုဏ်ဂူလေးပါလား၊ ငါတို့ တော်တော်သဘောကျပါတယ်ကွယ်။ ငါ့တပည့် ပင်ပင်ပန်းပန်းနဲ့ လုပ်ထားတဲ့ လှိုဏ်ဂူလေးဆိုတော့ ငါ့တပည့်က ဒီနေ့ တစ်ရက်တော့ အရင်နေလိုက်ပါဦး၊ ပြီးတော့ ငါ့တပည့်က လူထွက်သွားရင် ရဟန်းတရားနဲ့ ဝေးသွားမှာဆိုတော့ ငါတို့ ပေးထားတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့ လည်းစွမ်းနိုင်သလောက် ဒီလှိုဏ်ဂူလေးထဲမှာ ရှုမှတ်ပွားများ
လိုက်ပါဦး" လို့  ဆက်မိန့် လိုက်ပြန်တယ်။

ကိုရင်တိဿလည်း ဆရားစကားအတိုင်း မိမိပြုလုပ်ထားတဲ့ လှိုဏ်ဂူထဲမှာပဲ တရားရှုမှတ်မှုကို စပါတယ်။ လှိုဏ်ဂူလေးကလည်း အသစ်လှလှလေး၊ ရာသီဥတုကလည်းသာယာ၊ ဒီတော့ ကိုရင်တိဿရဲ့ စိတ်မှာ ၀မ်းမြောက်မှု ပီတိတွေ ဖြစ်လာပါတယ်။  ပြီးတော့ တေဇောကသိုဏ်းပွားပြီး အပ္ပနာဈာန်အထိလည်း ရထားတာဆိုတော့ ပီတိနဲ့ ရထားတဲ့
အပ္ပနာဈာန်ကို အခြေခံပြီး တရားအားထုတ်လိုက်တာ အရဟတ္တဖိုလ်တည်ပြီး ရဟန္တာဖြစ်သွားပါတော့တယ်။ ဒီတော့မှ ဆရာ့ကျေးဇူးကို သိပြီး ဆရာရှိရာအရပ်ကို မှန်းပြီး ဦးချပြီးတော့ "သြော် စိတ်ဆိုတာ အမြဲတမ်း အဆိုးဘက်ကို ယိမ်းမနေပါလား။ အာရုံပြောင်းလိုက်တာနဲ့ 
ဘ၀တစ်ဆစ်ချိုးပြီး အမြင့်ဆုံး ပန်းတိုင်တစ်ခုကို မထင်မှတ်ဘဲ ရောက်သွားပါလား"လို့  ဆင်ခြင်မိလိုက်ပါသတဲ့။

ကဲ ... စာဖတ်သူ ညီငယ် ညီမငယ်တို့ ရော .. စိတ်ညစ်ရင် စိတ်ညစ်တဲ့ အတိုင်း မထားပါနဲ့ ။ လောကပြစ်၊ ဓမ္မပြစ်
မဖြစ်စေတဲ့ ကိုယ်နှစ်သက်ရာ အာရုံသစ်တစ်ခုခုကို ပြောင်းလိုက်ပါနော်....။

ကျမ်းကိုး
မူလပဏ္ဏသအဋ္ဌကထာ(ပ)တွဲ၊စာမျက်နှာ (၃၉၅)

ရဝေနွယ်(အင်းမ)
(ကုသိုလ်ဖြစ်အောင် တွေးမယ် မှ)

Views: 105

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Sheinthu is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
2 hours ago
ukkmaung posted a blog post
Jan 9
ukkmaung posted a blog post
Jan 4

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service