ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

“တက္ကသီလသောတုဇနထံ မိခင်ကပေးသော ပီတိနှင့်သောက ပြောပြသည့်မေတ္တာစာ”

“တက္ကသီလသောတုဇနထံ မိခင်ကပေးသော ပီတိနှင့်သောက ပြောပြသည့်မေတ္တာစာ”

 

ဝေရိက္ခယ၊ တက္ကသီလာ၊ ကျောင်းတော်သာ၌၊ ပညာရင်နို့၊ သောက်စို့ကြိုးစား၊ မေ့သားရောင်ဝင်း၊ မောင်ပဉ္ဇင်း…၊

ရင်တွင်းကလာ၊ မိမေတ္တာနှင့်၊ မကြာချက်ခြင်း၊ ပြန်စာတော် သွင်းလိုက်သည်၊ တမြန်နေ့က၊ ၀တ္ထုငွေ အမှာစာရလို့၊ မောင့်နှမ နားကပ်၊ အပေါင်ဆိုင် ခဏအပ်ပြီး၊ ရိုးမဘက် ငွေကတို့နဲ့၊ နေ့ချင်းအရောက် ပို့လိုက်သည်၊ နှမမိဒေါင်း၊ နားကပ်ပေါက်ကြီး ဟောင်းလောင်းမို့၊ စိတ်မကောင်းဖြစ်ရပေမယ့်၊ သားလှရင်သွေး၊ ပညာရေးကို၊ ဦးစားပေးစိတ်ရည်၊ တက္ကသီ,ဓမ္မာစရိယ၊ ဘွဲ့တော်ကို မျှော်တလို့၊ စိတ်ထဲက ဖြေရသည်။

သားတို့ကွန်းခို၊ တက္ကသိုလ်သို့၊ ဟိုစဉ်တစ်ခေါက် မိခင်ရောက်ကတည်းက၊ အားကျလို့ဝမ်းသာ၊ ပီတိတွေဖြာခဲ့ရ၊ လှလိုက်တဲ့ဖြစ်ခြင်း၊ ဘွဲ့နှင်းတဲ့ ခန်းမ၊ ရွှေရောင်တွေ တကြွကြွနဲ့၊ မုခ်ဝက နာရီစဉ်၊ ပန်းဥယျာဉ်ကန်တော်ကြီး၊ ကျောင်းဆောင်တွေကလည်း ဟည်းလို့၊ သိမ်ကြီးက ခန့်ထည်၊ ကြီးလို့ပင် ကျယ်ပါရဲ့၊ အလယ်မှာ စာကြည့်တိုက်၊ စာသင်ဆောင် သည်တစ်ဝိုက်တွင်၊ အတန်းလိုက် ပန်းခရေ၊ ကံကော်တွေ တဝေေ၀နဲ့၊ မိုးပေါက်ချွေ၊ မြေမှာကျင်းလို့၊ စာပေရနံ့, ပန်းရနံ့တို့၊ တူနိုင်ကိုယ်နိုင် တလှိုင်လှိုင်၊ အပြိုင်သင်းတော့သည်…။

နံနက်ခင်းဝေလီ၊ စာအုပ်တွေကိုယ်စီနဲ့၊ ကြေးမောင်းစည် တဒေါင်ဒေါင်ပေးတော့၊ စာသင်ဆောင် အရောက်ပြေးကြ၊ စာဝါတွေပြီးမှဖြင့်၊ ဆွမ်းစားဆောင် ကုန်းစောင်းက၊ ထုံးဟောင်းမပျက်၊ အုံးမောင်းနှက်တော့၊ နံနက်နှင့် နေ့ဆွမ်း၊ သံဃာတွေ စီတန်းလို့၊ စည်းကမ်းနှင့် ချီကြွ၊ အလွန်လှလို့၊ မျက်စိကမထွက်၊ ယခုတိုင်မြင်လျက်ပဲ။ နေ့ခင်းဖက် စာဝါ၊ ညဆည်းဆာ ဘုရားရှိခိုး၊ အမျိုးမျိုးတာဝန်တွေ၊ သူရောငါ ၀န်တာကျေလို့၊ သမဂ္ဂေ သုခံ၊ ပီတိတွေ လျှံခဲ့ရသည်…။

သို့ပေမယ့် မိမာတာ၊ ရင်ထဲမှာ ဘ၀င်မကျ၊ စိတ်ကလည်း မချသမို့၊ အမှာစာ ဆက်ရဦးမည်၊ စာတက်တဲ့ ကျောင်းဆောင်၊ နောက်ဖက်က ကန်ဘောင်မှာ၊ စုံမောင်နှံ လူဓလေ့တို့၊ အတော်ပင် တွေ့ခဲ့ရသည်၊ မိခင်သောက ပြောပါရစေတော့၊ သားတော်မောင် စင်္ကြံကြွလျှင်၊ စက္ခုနြေ္ဒ ခိုင်ခိုင်ချ၊ နာရီသိင်္ဂါရ၊ ဘာဝဇဖြင့်၊ ၀ိသဘာဂ အာရုံဆွလျှင်၊ ဟရိတစ ဈာနလာဘီ၊ လောင်းဇာနည်တို့သော်မှ၊ မတည်စိတ်ဇော၊ ဈာန်ယာဉ်ကြွေ မြေသို့လျှောရသည်၊ ပြောတဲ့ကြားက၊ မတော်လို့များ ဘွားခနဲတွေ့မှဖြင့် ‘အဋ္ဌိ ပုဉ္ဇောအယံ ကာယော’ကျမ်းဟောအရှိ၊ အဋ္ဌိက, ကမ္မဋ္ဌာန်း အမြန်သာ စီးဖြန်းလို့၊ ရဟန်းတို့မာန၊ ချက်ခြင်းသာ ပြပေတော့…..။

ထိုမှတဖြာ၊ မှာစရာကား၊ စာဝန်နှင့်ဝတ်တက်၊ ယောင်မှားလို့ မပျက်လိုက်နဲ့၊ တစ်ချက်လွှတ် စည်းကမ်း၊ အလွန်ပင် ကြမ်းသောကြောင့်၊ ပေါ့သွမ်းဖို့အရေး၊ စိတ်ထဲတောင် မတွေးပါနဲ့၊ စာမေးပွဲဂေဇက် နောက်တစ်ချက်ကား၊ နှစ်, နှစ်ဆက်နှစ်ခါကျ၊ (တူးအက်ဖ်)ထိမှဖြင့်၊ ကျောင်းတော်က ထွက်ရမည်…။

မိခင်ဖော်ပြ၊ ဤကိစ္စတွေကို၊ ဒိဋ္ဌကျော်လစ်၊ လေးနှစ်, လေးတန်း၊ အောင်ဆုကိုလှမ်းလျှင်၊ သားရဟန်း ရှင်လှ၊ အဆောင်ခန်းပဲ ရရ၊ တောင်းတန်းပဲ ကြွကြွ၊ မိခင်ကတော့ မက, ရုံတမယ်၊ ရွာအလယ်မှာ၊ ၀ါထည်လို့ ပြလိုက်မည်၊ တာတွယ်ရသည့် အမေ့သား၊ စာကြွယ်ဝဖို့ အမေ့စကားကို၊ အသည်းကြားမှ ပန်ဆင်၊ အမှန်ပင် ကျင့်သုံးစေဖို့၊ ဂါရဝေ စာခွေသပါရဲ့၊ ပါပကေ ခွါချေချပါလို့၊ မာပါစေ ထောမနာ ပန်းမကိုဋ်ကို၊ ကမ်းလိုက်တယ် ဘုရား….။……။…..။

ဖူလုံဖုန်းမြတ်(ရေစကြို)
ခံစားရေးဖွဲ့သည်…။

 

Views: 110

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a discussion
14 hours ago
Candima is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
14 hours ago
ukkmaung posted a blog post
17 hours ago
ukkmaung posted a blog post
Monday

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service