ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု

မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ သဗ္ဗညုတ ဥာဏ် ထူးကို ရရှိခဲ့သော သာကီနွယ်ဖွား ဂေါတမ ရှင်တော်မြတ်ဘုရားကို ဗုဒ္ဓ-ဟု ခေါ်သည်။ ယင်းမြတ်ဗုဒ္ဓ ဟောကြားခဲ့သော အယူဝါဒများ လမ်းညွှန် တရားတော်များသည် ဗုဒ္ဓဘာသာပင်ဖြစ်သည်။ ဗုဒ္ဓဘာသာဆိုင်ရာ ကျင့်ဝတ် များနှင့် လိုက်နာကျင့်သုံးမှုများသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုပင်ဖြစ်သည်။


မြတ်ဗုဒ္ဓသည် သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ပိုင်ရှင်ဖြစ်၍ သိစရာအားလုံးကို အကြွင်းအကျန်မရှိ သိသည်။ လောကဝိဒူ-ဂုဏ်တော်ရှင်ဖြစ်၍ လောက အကြောင်း နောကြေနေသည်။ လောကဓမ္မအကြောင်း ကောင်းကောင်း သိနေခြင်းကြောင့် လောကသားအားလုံးကို စနစ်တကျ ယဉ်ကျေးစေခဲ့ သည်။ ထို့ကြောင့် အနုတ္တရော ပုရိသဒမ္မသာရထိဂုဏ်တော် သတ္တာ ဒေဝ မနုဿနဂုဏ်တော်များဖြင့် တစ်လောကလုံး၏ တုန့်ပြန်ဂုဏ်ပြုမှု ဆရာ တင်မှုကို ခံရသည်။


မြတ်ဗုဒ္ဓကိုယ်တိုင် တစ်လောကလုံး အလေးပြုထိုက်သော အတုမရှိ ပုဂ္ဂိုလ် ဖြစ်နေခြင်းကြောင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုများလည်း ရေမြင့်ကြာတင့် ဖြစ်ရ သည်။ အခြားသော ယဉ်ကျေးမှုများထက် သာလွန်နေသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် ဆရာကောင်းတပည့် ပန်းကောင်းပန် ဖြစ်ကြရသည်။ ကိုယ်အမူအရာလည်း ယဉ်ကျေးသည်။

 

အတွင်းသဘော မနောဖြူစင်သည်။ ကိုယ်ချင်းစာတတ်သည်၊ နိုင်လိုမင်းထက် မပြုရက်၊ သူတစ်ပါးအသက်ကို သတ်ဖြတ်ညှင်းဆဲမှုမပြု၊ မတရားနည်းဖြင့် သူတစ်ပါး ပစ္စည်းကို ယူငင် ဖျက် ဆီးမှု မပြု၊ ကာမဂုဏ်အမှား မလိုက်စား၊ ဤသို့သော ငါးပါး၊ ရှစ်ပါး သီလ များဖြင့် ကိုယ်နှုတ်ယဉ်ကျေးသူများဖြစ်ကြသည်။


မကောင်းမှုပြုရန် ရှက်ကြောက်သည်။ သဒ္ဓါတရားရှိသည်၊ ပေးကမ်းလှူဒါန်း သည်၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ မိဘကိုလုပ်ကျွေးခြင်း၊ ရိုသေ လေးစား ခြင်း စသော မင်္ဂလာတရားတော်များကို ကျင့်သုံးခြင်းအားဖြင့် ကျက်သရေ မင်္ဂလာရှိသော လူ့ယဉ်ကျေးမှုများ ဖြစ်ကြသည်။


မိဘနှင့် သားသမီး သူ့ဘက် ကိုယ့်ဘက် တာဝန်ကျေပွန်ကြသည်။ မယားနှင့် လင် အရှင်နှင့်ကျွန် ထေရ်မွန်ဒကာ မိတ်သဟာ စသော လူ့အလွှာအသီးသီး သူ့စည်းကိုယ့်စည်း လုံခြုံကြသည်။ ဆက်ဆံရေးပြေပြစ်သည်။ သိင်္ဂါလောဝါဒ သုတ်လာကျင့်ဝတ်များကြောင့် သာယာစိုပြည်သော လူ့ဘောင်သစ်ကြီးဖြစ်ခဲ့ ရသည်။


ချစ်ကြည်သော မေတ္တာဓာတ်ဖြင့် သတ္တဝါများ၏ အစီးအပွါးကို လိုလားသည်။ ကရုဏာဖြင့် ဒုက္ခိတသတ္တဝါများကို သနားညှာတာသည်။ မုဒိတာဖြင့် ကြီးပွါး သူအတွက် ဝမ်းသာသည်။ ဥပေက္ခာဖြင့် သောက မများ။ ဤသည့် ဗြဟ္မစိုရ် တရားများဖြင့် စိတ်ကောင်း နှလုံးကောင်းမွေးမြူသည်။ ငြိမ်းချမ်းသော လောကကြီးအဖြစ် ဖန်တီးသည်။ ဗြဟ္မစိုရ် လက်ကိုင် ထားလျှင် ကမ္ဘာစစ်မီး ကြီးပင် ငြိမ်းသွားမည်။


ဗုဒ္ဓဘာသာယဉ်ကျေးမှုသည် အခြားယဉ်ကျေးမှုအားလုံးကို လွှမ်းခြုံနေသည် သာမက ပေါင်းသင်းဆက်ဆံရေး ကြီးပွါးတိုးတက်ရေး၊ လောကရေး၊ ဓမ္မရေး စသော အရေးအားလုံးကို ပေးနိုင်သော သီးမျိုးစုံ ပဒေသာပင်ကြီးပင် ဖြစ်ပေ သတည်း။

 

(၁၉၉၄-ခုနှစ် ပထမငယ်တန်းအဖြေစုံမှ)

ဆရာတော် ဦးတိလောကာဘိဝံသ

 

Views: 89

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Mgaye is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 9
Star is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
joy clark updated their profile
Aug 7
joy clark posted a blog post
Aug 7

Birthdays

There are no birthdays today

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service