ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ချည်ကြိုးနှင့် နွားနှစ်ကောင်

"ချည်ကြိုးနှင့် နွားနှစ်ကောင်"


ကောသမ္ဗီပြည်၊ ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေထိုင်စဉ် အရှင်အာနန္ဒာကို အရှင်ကာမဘူက ယခုလို မေးလျှောက်၏။ “ငါ့ရှင် မျက်စိသည် အဆင်းတို့၏ အနှောင်အဖွဲ့ဖြစ်သလား။ အဆင်းတို့သည် မျက်စိ၏ အနှောင်အဖွဲ့ဖြစ်သလား။ နားသည် အသံတို့၏ အနှောင်အဖွဲ့လား။ အသံသည် နား၏ အနှောင်အဖွဲ့လား။ နှာခေါင်းသည် အနံ့တို့၏ အနှောင်အဖွဲ့လား။ အနံ့တို့သည် နှာခေါင်း၏ အနှောင်အဖွဲ့လား။ လျှာသည် အရသာတို့၏ အနှောင်အဖွဲ့လား။ အရသာတို့သည် လျှာ၏ အနှောင်အဖွဲ့လား။ ကိုယ်သည် အတွေ့အထိတို့၏ အနှောင်အဖွဲ့လား။ အတွေ့အထိတို့သည် ကိုယ်၏ အနှောင်အဖွဲ့လား။ စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့လား။ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့လား။ ငါ့ရှင်အာနန္ဒာ သိသာအောင် ဖြေကြားပါလော”

“ငါ့ရှင် ကာမဘူ၊ အကျွန်ုပ်ဖြေကြားပါမည်။ ကောင်းစွာနာကြားပါလော။ ဤလောက၌ နွားဖြူနှင့် နွားနက်နှစ်ကောင်ကို တစ်ချောင်းတည်းသော ကြိုးဖြင့် တွဲချည်ထားသည်ဆိုပါတော့။ နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့တည်း။ နွားဖြူသည် နွားနက်၏ အနှောင်အဖွဲ့တည်းဟု တစ်စုံတစ်ယောက်က ပြောကြားသည်ဆိုပါတော့။

ထိုသူပြောကြားသော စကားသည် စင်စစ်အားဖြင့် မှားသည်သာတည်း။ နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့မဟုတ်။ နွားဖြူသည်လည်း နွားနက်၏ အနှောင်အဖွဲ့မဟုတ်။ အဘယ်အရာသည် အနှောင်အဖွဲ့ဖြစ်ပေမည်နည်း။ ချည်ဖွဲ့ထားသော “ကြိုး” သည်သာလျှင် နွားဖြူနှင့် နွားနက်တို့၏ အနှောင်အဖွဲ့ဖြစ်သည်။ ဟုတ်ပါသလော။”

“ငါ့ရှင် အာနန္ဒာ ဟုတ်မှန်ပေ၏။ ဆက်လက်၍ ပြောကြားပါဦးလော” 

"နှောင်ကြိုးအစစ်"

ငါ့ရှင် ကာမဘူ - ဤဥပမာအတိုင်းပင်တည်း။ မျက်စိသည် အဆင်းတို့ အနှောင်အဖွဲ့မဟုတ်၊ အဆင်းတို့သည် မျက်စိ၏ အနှောင်အဖွဲ့မဟုတ်။ အမှန်အားဖြင့်သော်ကား ထိုနှစ်မျိုးလုံးကိုစွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု “ဆန္ဒရာဂ” သည် ထိုနှစ်မျိုးလုံး၏ အနှောင်အဖွဲ့မည်ပေ၏။ ထို့အတူပင်-

နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် တို့သည် အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ သဘောတို့၏ အနှောင်အဖွဲ့ မဟုတ်ကုန်၊ အပြန်အလှန်အားဖြင့် အနှောင်အဖွဲ့ မဟုတ်ကုန်။ ထိုထို နှစ်မျိုးနှစ်စုံတို့ကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု “ဆန္ဒရာဂ” သည် သာလျှင် ထိုထိုနှစ်မျိုးနှစ်စုံတို့၏ အနှောင်အဖွဲ့မည်ပေ၏။

(အရှင်အာနန္ဒာ - သဠာယတနသံယုတ်၊ သမုဒ္ဒဝဂ်၊ ကာမဘူသုတ်)

မေတ္တာရှင်(ရွှေပြည်သာ)၏ “လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ အတွဲ-၈”မှ
ကောက်နှုတ်ပူဇော်မျှဝေပါသည်။

စာဖတ်သူအားလုံး ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ 
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။ ။

Views: 132

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Mgaye is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 9
Star is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
joy clark updated their profile
Aug 7
joy clark posted a blog post
Aug 7

Birthdays

There are no birthdays today

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service