ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

စိတ်၏ အညစ်အကြေးများ (သို့မဟုတ်) နီဝရဏတရား ၅-ပါး

စိတ်၏ အညစ်အကြေးများ (သို့မဟုတ်) နီဝရဏတရား ၅-ပါး

 

စိတ်၏ အညစ်အကြေးများ (သို့မဟုတ်) နီဝရဏတရား ၅-ပါး

 

ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာက စိတ်၏ အညစ်အကြေးများ အဖြစ် နီဝရဏတရားတွေကို ၅-ပါးအားဖြင့် ရေတွက် ဟောပြောခဲ့ပါတယ်။ အဲဒီတရားတွေကတော့ …

 

+ ကာမဂုဏ်တို့၌ ဖြစ်ပေါ်သော လိုလားတောင့်တခြင်း (ကာမစ္ဆန္ဒ နီဝရဏ)

+ သူတစ်ပါးကို ပျက်စီးစေလိုခြင်း (ဗျာပါဒ နီဝရဏ)

+ စိတ်၏/ကိုယ်၏ မခံ့ကျန်းခြင်း လေးလံ ထိုင်းမှိုင်းခြင်း (ထိန,မိဒ္ဓ နီဝရဏ)

+ စိတ်ပျံ့လွင့်ခြင်း၊ နှလုံးမသာခြင်း။ (ဥဒ္ဓစ္စ,ကုက္ကုစ္စ နီဝရဏ)

+ ယုံမှားခြင်း (ဝိစိကိစ္ဆာ နီဝရဏ) တို့ဖြစ်ပါတယ်။

 

ဘုရားရှင်က အထက်ဖော်ပြပါ နီဝရဏတရားတွေကို ကုသိုလ်တရားတွေကို ပိတ်ပင်တတ်တဲ့၊ ဉာဏ်ပညာကို ပိတ်ပင်တတ်တဲ့ စိတ်၏ အညစ်အကြေးများအဖြစ် ဟောခဲ့ပါတယ်။ အချို့သော ဘာသာရေးသုတေသီတွေက အစ္စလာမ်တို့ရဲ့ တမန်တော် မုဟမ္မဒ်ကို ပိဋကတော်မှာ လာရှိတဲ့ မေတ္တေယျဘုရားဖြစ်မယ်လို့ တွေးတောရေးသားကြတာတွေ တွေ့ရပါတယ်။

 

အင်္ဂလိပ်လိုရေးတဲ့ သုတေသန စာတမ်းတစ်ခုက ဆိုရင် ခရစ်တော်ကို မေတ္တေယျဘုရားရှင် မဖြစ်နိုင်ကြောင်း၊ မုဟမ္မဒ်သည်သာ မေတ္တေယျဘုရားရှင်ဖြစ်ဖို့ရှိကြောင်းကို အကြောင်းပြချက်တွေ အမျိုးမျိုးပေးပါတယ်။ အဲလိုပေးတဲ့ အထဲမှာ “လူပျိုဘုရား မရှိငြား” ဆိုတဲ့စကားကိုတောင် ကိုးကားထားတာတွေ့ရပါတယ်။ တမန်တော် မုဟမ္မဒ်ကို ဘုရားတစ်ဆူ၊ ဂူတစ်လုံးကဲ့သို့ ဦးထိပ်ပန်ဆင် ရိုသေချင်သူတွေက အိမ်ထောင်သားမွေးတာကိုပဲ ဗုဒ္ဓဝါဒဖြစ်သလိုလို၊ ဒီနေ့ခေတ် ထေရဝါဒ သံဃာတော်များ အိမ်ထောင်သားမွေးခြင်း မပြုတာကိုပဲ ဗုဒ္ဓရဲ့ လမ်းစဉ်က သွေဖယ်သလိုလိုတွေ ရေးကြပါတယ်။

 

ကျွန်တော်တို့ ယုံကြည်လက်ခံထားတဲ့ အတိုင်းဆိုရင် ရှေ့ဘုရားရှင်ရဲ့ အဆုံးအမ သာသနာတော် အလုံးစုံကွယ်ပျောက်မှသာ နောက်ဘုရားဆိုတာ ပွင့်ရိုးထုံးစံရှိတာမို့လို့ ခရစ်တော်ရော၊ တမန်တော် မုဟမ္မဒ်ပါ ဘယ်သူမှ မေတ္တေယျဗုဒ္ဓ မဖြစ်နိုင်ပါဘူး။

 

နောက်တစ်ခု သိဖို့လိုတာက ဗုဒ္ဓအလောင်းတော်ဟာ မင်းသားဘဝမှာတုန်းက အိမ်ထောင် သားမွေးလုပ်ခဲ့တာမှန်တယ်။ ဒါပေမဲ့ အဲဒီလိုနေလို့ ဘုရားဖြစ်လာတာမဟုတ်ဘူး။ ဗုဒ္ဓဖြစ်ပြီးတဲ့ နောက်ပိုင်းလည်း အဲဒီအလုပ်တွေကနေ ကင်းရှင်းခဲ့တယ်။ ဗုဒ္ဓဘုရားရှင်လူပျို မဟုတ်တိုင်း အိမ်ထောင်သားမွေးခြင်းဟာ ဘုရားရှင်ရဲ့ ဝါဒဆိုရင် သိပ်မိုက်မဲလွန်းရာကျမယ်။ ဗုဒ္ဓရဲ့ဝါဒကို လေ့လာပုံမှားယွင်းနေတယ်လို့ပြောရမယ်။

 

တရားထူးရှာတော့မယ်ဆိုပြီး တောထွက်သွားတော့လည်း ပထမပိုင်းမှာ အလွန်ပင်ပန်း ဆင်းရဲတဲ့ လမ်းမှားကျင့်စဉ်ကို လေ့ကျင့်ပြီး အချိန်တွေ အများကြီးကုန်ခဲ့တာမှန်တယ်။ ဒါပေမဲ့ အဲဒီ အကျင့်ကြောင့် ဘုရားဖြစ်လာတာ မဟုတ်သလို ဘုရားအဖြစ်ကြေငြာပြီး နောက်ပိုင်းမှာ အဲဒီကျင့်စဉ်တွေကို စွန့်လွှတ်တော်မူခဲ့တယ်။ အဲဒါကြောင့် အဲဒီနည်းဟာလည်း ဗုဒ္ဓရဲ့ ဝါဒလို့ မဆိုသာဘူး။ ဗုဒ္ဓရဲ့ဝါဒစစ်စစ်ကို ရချင်ရင် ဗုဒ္ဓဖြစ်ပြီးနောက်ပိုင်း ဟောတရားတွေမှာ ရှာဖွေမှ နေရာကျမယ်။

 

အိမ်ထောင်သားမွေးခြင်းကိစ္စကို ဗုဒ္ဓဝါဒအဖြစ် ဟောချင်ပြောချင်သူတွေ တွေ့နေရလို့ ဒီအကြောင်း တွေကိုရေးဖြစ်တာပါ။ နီးစပ်ရာ အခြားအကြောင်းတွေလည်း နည်းနည်းပါသွားတယ်။ ခေါင်စဉ်နဲ့ မလိုက်ဖက်ရင် သီးခံပေးပါ။

 

အိမ်ထောင်သားမွေးကိစ္စမှ မစွန့်လွှတ်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဗုဒ္ဓအဖြစ်လက်ခံဖို့တော့ ဝေးစွ။ သာမန်သီလနှင့် ပြည့်စုံစွာ နေသော သမဏ တစ်ပါးအဖြစ်သို့ပင် ပိဋက မှတ်ကျောက်က လက်မခံပါ။ အဲဒီပုဂ္ဂိုလ်မှာ ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော၊ ဉာဏ်ပညာကို ပိတ်ပင်တတ်သော နီဝရဏငါးပါးမှ ပထမဆုံး တစ်ပါးဖြစ်သော ကာမစ္ဆန္ဒ နီဝရဏ ရှိနေသေးပါတယ်။

 

ဗုဒ္ဓဟောခဲ့တဲ့ နီဝရဏ တရားငါးပါးထဲမှ အချို့ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ဉာဏ်ပညာ၏ အနှောက်အယှက်များမဟုတ်ပါ-လို့ ပြောချင်သူများအတွက် သုတ္တန်ပိဋက၊ အင်္ဂုတ္တရ နိကာယ၊ ဧကက နိပါတ်မှ ကာမစ္ဆန္ဒ နီဝရဏတရားများနှင့် သက်ဆိုင်သော ကျမ်းစာတစ်ပိုဒ်ကို ကူးယူဖော်ပြပေးလိုက်ပါတယ်။ ဘုရားရှင်က အကျိုးနဲ့ အကြောင်းနဲ့ ရှင်းပြထားပါတယ်။

 

၁၁။ ရဟန်းတို့ ဤ သုဘနိမိတ် (ရာဂဖြစ်ကြောင်း နှစ်သက်ဖွယ်အာရုံ)သည် မဖြစ်ပေါ်သေးသော ကာမစ္တန္ဒ၏ ဖြစ်ပေါ်ကြောင်း၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သကဲ့သို့၊ ဤ အတူ မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒ၏လည်း ဖြစ်ပေါ်ကြောင်း၊ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒ၏လည်း အဖန်ဖန်ပြန့်ပြောစွာ ဖြစ်ကြောင်း ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သုဘနိမိတ်ကို မသင့်လျှော်သော အကြောင်းအားဖြင့် နှလုံးသွင်းသော သူအား မဖြစ်ပေါ်သေးသော ကာမစ္ဆန္ဒသည်လည်း ဖြစ်ပေါ်၏။ ဖြစ်ပေါ်ပြီးသော ကာမစ္ဆန္ဒသည်လည်း အဖန်ဖန် ပြန့်ပြောစွာ ဖြစ်ခြင်းငှာ ဖြစ်၏ဟု (မိန့်တော်မူ၏။)

 

အထက်ဖော်ပြပါ စာပိုဒ်ကဲ့သို့ပင် အခြားသော နီဝရဏ တရားများအတွက်လည်း အဓိက အကြောင်းများကို တင်ပြကာ တစ်ပိုဒ်ချင်းစီ ရှင်းလင်းဟောပြတောမူခဲ့ပါတယ်။ အဲဒါတွေကတော့ စာဖတ်သူ ပျင်းနေမှာစိုးလို့ ကူးယူဖော်ပြမပေးတော့ပါ။

 

နီဝရဏ တစ်ပါးစီနှင့် ၄င်းတို့ဖြစ်ပေါ်စေသော အဓိကအကြောင်းရင်းများကိုသာ ပူတွဲပြီးမှတ်ရ လွယ်ကူအောင် ဖော်ပြပေးလိုပါတယ်။

 

(၁) ကာမဂုဏ်တို့၌ ဖြစ်ပေါ်သော လိုလားတောင့်တခြင်း (ကာမစ္ဆန္ဒ နီဝရဏ) အတွက် အဓကအကြောင်းမှာ ရာဂဖြစ်ကြောင်း နှစ်လိုဖွယ်အာရုံ (သုဘနိမိတ်)

 

(၂) သူတစ်ပါးကို ပျက်စီးစေလိုခြင်း (ဗျာပါဒ နီဝရဏ) အတွက် အဓိကအကြောင်းမှာ ဒေါသဖြစ်ကြောင်း မနှစ်သက်ဖွယ်အာရုံ (ပဋိဃနိမိတ်)

 

(၃) စိတ်၏/ကိုယ်၏ မခံ့ကျန်းခြင်း လေးလံ ထိုင်းမှိုင်းခြင်း (ထိန,မိဒ္ဓ နီဝရဏ) အတွက်အဓိက အကြောင်းမှာ မမွေ့လျှော်ခြင်း၊ ပျင်းရိခြင်း၊ ကိုယ်လက်ဆန့်ငင်ခြင်း၊ ထမင်းဆီယစ်ခြင်း

 

(၄) စိတ်ပျံ့လွင့်ခြင်း၊ နှလုံးမသာခြင်း။ (ဥဒ္ဓစ္စ,ကုက္ကုစ္စ နီဝရဏ) အတွက် အဓိကအကြောင်းမှာ စိတ်၏ မငြိမ်းအေး ခြင်း

 

(၅)ယုံမှားခြင်း (ဝိစိကိစ္ဆာ နီဝရဏ) အတွက် အဓိကအကြောင်းမှာ နှလုံးသွင်းမှားခြင်း တို့ပင်ဖြစ်သည်။

 

Ref: http://ywetwar.multiply.com/

 

Views: 654

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service