ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

စိတ်အလှပြင်ခန်း

စိတ်အလှပြင်ခန်း

 

စိတ်အလှပြင်ခန်းဟူသည် ဘုရားခန်းဖြစ်၏။ မနက်မိုးလင်းလျှင် ဘုရားခန်းဝင်ပါ။ ဘုရားဆွမ်းတော်၊ ပန်းတော်၊ ရေချမ်းတော်၊ သစ်သီးဆွမ်း၊ ဆီမီး စသည်များကပ်လှူပါ၊ ဘုရားရှိခိုးပါ၊ ဂုဏ်တော်ပွားပါ၊ ပုတီးစိပ်ပါ၊မေတ္တာပို့ပါ၊ တရားမှတ်ပါ၊ အမျှဝေပါ။ ဤလုပ်ငန်းစဉ်သည် စိတ်သန့်ရှင်းရေးအလုပ်၊ စိတ် အလှပြင်နေခြင်းဖြစ်၏။


တစ်နေ့တာ၏ကန့်လန့်ကာကို ဘုရားတရားအလုပ်နှင့်ဖွင့်လိုက်ပါ။ တစ်နေ့တာ ၏လုပ်ငန်းစဉ်ကို ဘုရားတရားအလုပ်နှင့် နိဒါန်းပျိုး မင်္ဂလာယူလိုက်ပါ။ တစ်နေ့တာ၏စိတ်အစဉ်ကို ဘုရား တရား လုပ်ပြီး ကြည်လင်အေးချမ်းလှပသောစိတ်နှင့် အစပျိုးလိုက်ပါ။


ဤကမ္ဘာလောက၌ ဘုရား တရားသည်သာ ရတနာအစစ်ဖြစ်သကဲ့သို့ ဘုရားတရား သည်သာ မင်္ဂလာအစစ်ဖြစ်ပါ၏။ ဘုရား တရားနှင့် တစ်နေ့တာစာမျက်နှာကိုဖွင့်လိုက်သောနေ့သည် မင်္ဂလာရှိသော၊ ကျက်သရေအပေါင်းနှင့် ပြည့်စုံသော၊ ရတနာထိုက်သော နေ့ထူးနေ့မြတ်ဖြစ်ပါ၏။


ဤသို့ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောစိတ်အစဉ်နှင့်တစ်နေ့တာလုပ်ငန်းစဉ်အတွင်းသို့ ဝင်လိုက်လျှင် တစ်နေ့တာလုံး ပြောသမျှ၊ ဆိုသမျှ၊လုပ်သမျှ၊ကိုင်သမျှစိတ်ကူးကြံစည်သမျှ အဆင်ပြေချောမွေ့ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်နှက်နေတော့မည်မှာ သေချာပါ၏။


လောဘ၊ဒေါသစသောကိလေသာတို့သည်စိတ်၏အညစ် အကြေးများသာဖြစ်၏။ ကိလေသာ အညစ်အကြေးတို့သည် စိတ်ကို မည်းနေအောင်၊ ညစ်နေအောင်၊ ပေကျံနေအောင်၊ မိုက်မှောင် နေအောင်၊ အရောင်မထွက်အောင် လုပ်ထားလေ၏။


“အန္ဓဘူတော အယံလောကော”ဟုဘုရားရှင်ကိုယ်တော်မြတ်ညည်းတွားခြင်းသည် ဤကိလေသာ အမိုက်မှောင်ကြီးကို မြင်တော်မူရသဖြင့် စိတ်မသက်သာစွာ ညည်းတွားတော် မူခြင်းဖြစ်၏ ဘုရားရှင်ကိုယ်တော်မြတ် ဘုရားဖြစ်တော် မူခါစ အဇပါလညောင်ပင်ရင်း သီတင်းသုံးတော်မူစဉ် ကမ္ဘာလောကကြီးကိုကြည့်ပြီး စိတ်ဓာတ်ကျတော်မူခဲ့ရ၏။


“သတ္တဝါတွေကရာဂဒေါသတွေ အားကြီးလိုက်တာ၊ ငါတရားဟောလို့လည်း အကျိုးထူးမှာ မဟုတ်ပါဘူး။ ရာဂဒေါသအမှောင်တွေ လွှမ်းဖုံးနေတဲ့ သတ္တဝါတွေဟာနက်နဲသိမ်မွေ့တဲ့ ငါ့တရားကို မြင်နိုင်ကြမှာမဟုတ်ပါဘူး။ မမြင်နိုင်တဲ့သူတွေကို ဇွတ်အတင်း တရားပြနေရင် ငါပဲ ပင်ပန်းမှာပဲ၊ အေးအေးနေတာပဲကောင်းပါတယ်”ဟုစိတ်လျှော့သွားတော်မူခဲ့ဖူး၏။


ဘာဝနာအလုပ် အားမထုတ်သောနေ့ရက်သည် အမှောင်ဖုံးသော နေ့ရက်ဖြစ်သကဲ့သို့ ဘာဝနာအလုပ် အားမထုတ်သော သူ၏ဘဝသည်အမှောင်လွှမ်းသောဘဝဖြစ်၏ ဘာဝနာအလုပ် အားမထုတ်သောသူ၏ စိတ်တွင်သည်လည်း လောဘ၊ ဒေါသစသော ကိလေသာအမိုက်တိုက်၊ အမှောင်တိုက်ကြီးက ကြီးစိုးနေလေတော့၏။


အမှောင်ထဲ၌ အမှန်တရားကို မတွေ့မမြင်နိုင်။ အမှောင်ထဲ၌ ကိုလည်းမမြင်၊ ငြောင့်ကိုလည်းမမြင်၊ ခလုတ်ကိုလည်းမမြင်၊ အန္တရာယ်ဟူသမျှ ဘာမှမမြင်။ အမှောင်ထဲနေထိုင်သွားလာရသူအဖို့ အလွန် အန္တရာယ်များလှ၏။ ထို့ကြောင့် အမှောင်ကိုခွင်းဖို့လို၏။ အမှောင်ကို ဘာနှင့်ခွင်းမည်လဲ။ အမှောင်ကို အလင်းနှင့်သာခွင်းရ၏။

 

မိမိတို့သည် တစ်သံသရာလုံး အမှောင်လမ်းမှာ စမ်းတဝါးဝါးနှင့်သာ သွားလာခဲ့ကြရ၏။ ထို့ကြောင့် အပါယ်လေးပါး ချောက်ထဲကျသည့်အခါကျ၊ ဆင်းရဲဒုက္ခ ဆူးငြောင့်ခလုတ်တွေ နင်းမိသဖြင့်   စူးသည့် အခါကစူး၊ အလွန်ဒုက္ခ ရောက်ခဲ့၏။ မိမိတို့ အမှန်တရားကို မြင်နိုင်၊ သိရှိနိုင်ဖို့ အလင်းရောင်လို၏။

 

ထိုအလင်းရောင်သည် ပညာအလင်းရောင်ဖြစ်၏။ ထိုပညာအလင်းရောင်ကို ရရှိစေနိုင်သော နည်းသည် ဘာဝနာအလုပ်အားထုတ်ခြင်းသာဖြစ်၏။ ထို့ကြောင့် အမှောင်ခွင်း အလင်းဆောင်နိုင်ဖို့ ဘာဝနာအလုပ်ကြိုးစားအားထုတ်ကြဖို့လိုအပ်၏။


အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
မြတ်မင်္ဂလာစာစောင် (၂၀၀၅-ခုနှစ် ၊ နိုဝင်ဘာလ)

Views: 120

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a blog post
20 hours ago
ukkmaung posted photos
Nov 30
Abiola Bawauh is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 29
Mya Kye Mone Soe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 23

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service