ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အမှားနောက်မှာ ...အမှောက်နားမယ်

 အမှားနောက်မှာ ...အမှောက်နားမယ် 


{*} အမှားဆိုတာ ...
မောဟမကင်းသေးသူတိုင်းရဲ့. ဘဝမှာ. ဖြစ်လေ့ဖြစ်ထရှိတဲ့ ...သဘာဝတစ်ခုပါ. ၊၊
မောဟကင်းတယ်ပဲ ထားဦး. အသိဉာဏ်. မပြည့်စုံရင် ...ကျွမ်းကျင်မှု အားနည်းရင်လည်း မှားတတ်တာပါပဲ ၊၊
မောဟကင်းရုံမက ...ပညာအရာမှာ အသာဆုံး. အမြတ်ဆုံးဖြစ်တဲ့ ...အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးတောင်မှ ...ရွှေပန်းတိမ်သည်သား. တပည့် ရဟန်းတစ်ပါးကို ...ကမ္မဋ္ဌာန်း အပေးမှားခဲ့ဖူးလို့. တပည့်ရဟန်းခမျာ ...စိတ်အဆင်းရဲကြီး. ဆင်းရဲပြီး. လူထွက်ဖို့အထိ ... စိတ်ဓာတ်ကျသွား.ခဲဖူးပါတယ် ၊၊ 


{*} လောကမှာ ...အမှားလုံးဝ. ကင်းတာ. ဘုရား နဲ့ ပစ္စေကဗုဒ္ဓါပဲ. ရှိပါတယ် ၊၊
မောဟဆိုတာကလည်း. ဘုရား ရဟန္တာ ဖြစ်မှ .( အရဟတ္တမဂ် ရပြီးမှ ) ပယ်သတ်နိုင်တာဆိုတော့ မောဟကို လုံးဝ မပယ်သတ်ရသေးတဲ့ ...ပုထုဇဉ် လူသားတွေ အနေနဲ့. အမှား တစ်ခုမဟုတ်. တစ်ခုကို. တစ်ချိန်မဟုတ်. တစ်ချိန်မှာ. ပြုမိနေကြမှာပါပဲ ၊၊

{*} လူတိုင်း လူတိုင်းမှာ ...အမှားကိုယ်စီ ရှိကြပါတယ် ၊၊
တစ်ယောက်ရဲ့ အမှားနဲ့. အခြားတစ်ယောက်ရဲ့. အမှားတော့ ... တူချင်မှ တူမှာပေါ့ .. ၊၊
တူညီတဲ့ အမှားတွေလည်း. ရှိနိုင်သလို ...မတူတဲ့ အမှားတွေလည်း  ရှိနိုင်ပါတယ်. ၊၊
ကိုယ့်အမှား နဲ့ သူ့အမှား. မတူရင်သာ နေမယ် ...ကိုယ့်မှာရော. သူ့မှာရော. အမှားကတော့ .. ရှိနေတာပါပဲ ၊၊
အမှား ချင်း မတူကြပေမယ့် ...အမှားရှိ ချင်းကတော့ ...တူကြပါတယ် ၊၊
အပြစ် ချင်း မတူကြပေမယ့်. အပြစ်ရှိ ချင်း ကတော့ ...တူကြပါတယ် ၊၊

{*} အမှားရှိချင်း အတူတူ. သူတစ်ပါးရဲ့ အမှားကို ...လက်ညိုးငေါက်ငေါက်ထိုးပြီး. အပြစ် မပြောသင့်ပါဘူး. ၊၊

အပြစ်ရှိချင်း. အတူတူ ...သူတစ်ပါး ရဲ့ အပြစ်ကို. နှုတ်ခမ်းမဲ့မဲ့ ရွဲ့ပြီး ...မကဲ့ရဲ့ သင့်ပါဘူး. ၊၊ အမှားရှိချင်း အတူတူ. သူတစ်ပါးရဲ့ အမှားကို ...နားလည် စာနာပေးသင့်ပါတယ် ၊၊

အပြစ်ရှိချင်း. အတူတူ. သူတစ်ပါး ရဲ့ အပြစ်ကို ...ခွင့်လွတ်သည်းခံ. ပေးသင့်ပါတယ် ၊၊

{*} ကိုယ့်မှာ. နားလည်စာနာမှု
ခွင့်လွတ်သည်းခံမှု ...ရှိတယ်. မရှိဘူး. ..

ရှီရင်လည်း. ဘယ်လောက်အတိုင်းအတာထိ မြင့်မားတယ်. မမြင့်မားဘူးဆိုတာကို. 
သူတစ်ပါး ရဲ့ အမှား. သူတစ်ပါးရဲ့ အပြစ်တွေ နဲ့ ...လက်တွေ့စမ်းသပ် ကြည့်နိုင်ပါတယ်. ၊၊

{*} သူတစ်ပါးရဲ့ အမှား. သူတစ်ပါး ရဲ့ အပြစ်တွေကို. ထိပ်တိုက်မြင်တွေ့ ...ကြားသိရတဲ့ အခါ. 
ကိုယ်ဘယ်လို. တုန့်ပြန်သလဲ. 
ကိုယ်ဘယ်လို စိတ်ထားသလဲ. ဆိုတာ ကို ...သတိပြု လေ့လာကြည့်ရင် ...
ကိုယ့်ရဲ့ နားလည်စာနာမှုစွမ်းရည်. 
ခွင့်လွှတ်သည်းခံမှုစွမ်းရည် ...အဆင့်အတန်းကို. အမှန်အတိုင်း သိနိုင်မှာပါ. ၊၊

{*} ကိုယ့်ကိုယ်ကိုယ် စင်းလုံးချော. အပြစ်ကင်းစင်သူလို့ ...အာမခံနိုင်တဲ့သူ. ဘယ်သူများ. ရှိလို့လဲ. ထပ်တူအပြစ်မျိုး. ကိုယ့်မှာ မရှိတာနဲ့ပဲ ...သူတစ်ပါး ရဲ့ အပြစ်ကို. လက်ညိုးထိုး. မေးငေါ့ပြီး. 
” ငါသာဆို. ဒီလိုမလုပ်ဘူး. ငါသာ သူ့နေရာမှာဆို. ဒီလိုလုပ်မယ် " နဲ့ ...ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်ဝေဖန်နေတာဟာ ...

ကိုယ့်ကိုယ်ကိုယ်. လုံးဝ. အပြစ်ကင်းစင်သူလို့ ...အထင်ရောက်. ဘဝင်မောက်နေတာပါပဲ. ၊၊

{*} ကိုယ့်အမှား. ကိုယ့်အပြစ်ကို သူတစ်ပါးက. နားလည်ပေးရင်. ခွင့်လွှတ်ရင်. 
ကိုယ်ဘယ်လောက်. စိတ်ချမ်းသာသလဲ ...
သူ့အမှား. သူ့အပြစ်ကို. ကိုယ်က နားလည် ပေးမယ် ခွင့်လွှတ်မယ် ဆိုရင်လည်း. ... သူဘယ်လောက်. စိတ်ချမ်းသာသွားမလဲ ... ၊၊
ကိုယ်ချင်းစာတရားသာ. လက်ကိုင်ထားမယ်ဆိုရင်. ဘယ်သူ့အပေါ်မှာမှ ... နားလည် မပေး နိုင်စရာ. ခွင့်မလွှတ်နိုင်စရာ. မရှိတော့ပါဘူး. ၊၊

{*} နားလည်မှု နဲ့ခွင့်လွှတ်မှု ဆိုတာ ...
ကိုယ်ချင်းစာတရား. အားကောင်း သူ တွေရဲ့. နှစ်သက်မြတ်နိုးဖွယ်ရာ...အဖိုးတန် ရတနာတွပါပဲ. ၊၊

~*~ အရှင်ဆန္ဒာဓိက. ~*~
( ရွှေပါရမီ တောရ )

Views: 69

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a blog post
20 hours ago
ukkmaung posted photos
Nov 30
Abiola Bawauh is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 29
Mya Kye Mone Soe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Nov 23

Birthdays

There are no birthdays today

Members

© 2019   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service