ဘုန်းကံဘာကြောင့်နိမ့်သလဲ?
လူတွေငယ်စဉ်သိတတ်သောအရွယ်မှစ၍ ယခုအရွယ်အထိ ဘုန်းကံဟူသော စကားကို ကြားသိခဲ့ရဖူးမှာပါ၊ ဘုန်း နှင့် ကံ သည်အတူတူပင်ဖြစ်ပါသလားဘုရား၊ဘုန်းကံနိမ့်ခြင်း မြင့်ခြင်းဟူ၍ ရှိပါသလားဆိုသောအတွေးတွေရှိတတ်ပါတယ်။
တံတားအောက် ကြိုးတန်းအောက် ညစ်ညမ်းနိမ့်ပါးသည့် အောက်သို့ ၀င်ခြင်းတို့ကြောင့် ဘုန်းနိမ့်တတ်သည်ဆိုသည်မှာလည်း ဆိုသောအတွေးများလည်းတွေးတတ်ပါတယ်။
ကဲအရင်ဘုန်းကံကိုပြောကြည့်ကြမယ်..မြန်မာလို ဘုန်းကံ-ဟူ၍ တွဲခေါ်သည့်အားလျော်စွာ ပါဠိဘာသာအားဖြင့် ပုညကမ္မ-ဖြစ်၍ ပြုလုပ်သော ကုသိုလ်ကောင်းမှု-ကိုပင် ဘုန်းကံ-ဟု ခေါ်ပါသည်။ ရှေးပညာရှိတွေက ကုသိုလ်ပုန်းကံ သင့်ဆီပြန်သော် မကြံလည်းပြီး ကြံလည်းပြီး၏တဲ့ အဆိုရှိခဲ့ကြတယ် ဒါကြောင့်ဘုန်းကံဆိုတာပုညသဒ္ဒါကလာတာသေချာပါတယ်။
နောက် သတ္တာနံ ခန္ဓသန္တာနံပုဏာတိ သောဓေတီတိ ပုဏံ-ဟု ပရိတ်ဋီကာက ဆိုထားပြန်ပါသည်၊ သတ္တ၀ါတို့၏ခန္ဓာအစဉ်ကိုသုတ်သင်တတ်၍ပုဏ၊ပုညဟုဆိုသဖြင့်ပုညဟု ခေါ်ဆိုသော ကောင်းမှု ကုသိုလ်ကံသည် အကျိုးပေး၍ ကောင်းကျိုးချမ်းသာများ ဖြစ်ပေါ်နေခြင်းကိုပင် ဘုန်းကံ ဘုန်းရှိသည်၊ ဘုန်းကြီးသည်ဟု အဆိုပြုကြတာ။
တနေ့က စာရေးသူကိုဆေးရုံကိစ္စ အားလုံးကို လိုက်လံကူညီပေးခဲ့တဲ့ ဗုဒ္ဓဘာသာဆရာမ အိမ်သို့ သွားသည့်အခါ သူတို့အိမ်ရှေ့မှာအဝတ်လှမ်းတဲ့ကြိုးအောက်ကသွားခဲ့ရတယ် ပြောချင်သော်လည်း ပြောခွင့်မကြုံခဲ့ပေ နောက်နေ့ တူတူသွားတဲ့သူငယ်ချင်းတပါးခွေးကိုက်ခံရတယ် သူတွေးတယ် မနေ့က ကြိုးတန်းအောက်ဝင်မိလို့တဲ့။
သူပြောချင်တာကကြိုးတန်းအောက်ကဝင်လို့သာဘုန်းနိမ့်ပြီးခွေးကိုက်ခံရသည်ဆိုသည့်သဘော
တကယ်တော့ ဘုန်းကံသည် မိမိပြုလုပ်သောကုသိုလ် အကျိုးပေးခြင်းသာ ဖြစ်၍ လမ်း တံတားအောက် ၀င်ခြင်း၊ အိမ်အောက်ထပ်မှာ နေခြင်း၊ မြေအောက်မြေတွင်းမှ ရေစသည်တို့ကို သုံးဆောင်ခြင်းကြောင့် နိမ့်ခြင်း၊ ပျက်ပြားခြင်း ဖြစ်နိုင်စရာ မရှိပါ။
သို့သော် ကုသိုလ်ကံ ပုည-သည် အကျိုးပေးရာ မျက်မှောက်ကောင်းမှု မကောင်းမှုများ၌လည်း အနည်းအများ အမှီပြုသေးသဖြင့် ရှေးကုသိုလ်ကံကောင်း၍ အကျိုးပေးချင်သော်လည်း မိမိက မကောင်းမှု ဒုစရိုက်များကိုသာ ပြုလုပ်နေလျှင် အကျိုးပေး ဖွံ့ဖြိုးလိမ့်မည်မဟုတ်ပါ၊
ထိုအရာကိုသာ ဘုန်းနိမ့်သည်ဟု ဆိုလိုက ဆိုနိုင်ပါသည်၊ ယခုခေတ် လမ်းများအထက်၌ တံတားများရှိ၍ ထိုလမ်းများ၌ သွားလာ၍ ဘုန်းနိမ့်ကြရမည်ဆိုလျှင် အိမ်မှ ဘယ်မျှမထွက်ဘဲ နေရတော့မလို ဖြစ်နေပါသည်၊ ထိုအယူစွဲကို ဖျောက်ပယ်ဖို့လိုပါတယ်။
ဆရာတော်ဦးဇနကာဘိဝံသမိန်ခဲ့ဘူးတဲ့စကားလေးကိုသတိရမိတယ် ဘာတဲ့…။ ဘုန်းကံ ဆိုတာ ရှေးက ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ကလဲ ရှိရတယ်၊ စင်စစ်တော့ ကံ ဆိုတာ ရေလာ မြောင်းပေး လုပ်မှလည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး မကောင်းမှု့ရှိရာ မကောင်းကျိုး လာမှာပဲ၊တဲ့ သိပ်ကောင်းပါတယ်
ဒါကြောင့်ဘာကြောင့်ဘုန်းနိမ့်တာလဲ ကိုယ့်ဘာသာကိုဆုံးဖြတ်ပေတော့….။
ဓမ္မစမ်းရေ.
ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊ သေမှ ခင်၊ လူတွင် မကျင့်ရာ။
သူတော်ဆည်းကပ်၊ မြတ်တရားနာ၊
လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)
မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)
ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)
ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)
အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။
သူတော်ကောင်း သူတော်ကောင်း
သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမကောင်းလည်း ကိုယ်ကတော်
သူမတော်လည်း ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။
ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)
အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)
သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။
သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)
မြန်မာဝက်ဆိုက် ဘလော့များ လမ်းညွှန် (ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။) |
မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)
မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)
![]() |
![]() |
"မြန်မာစာ မြန်မာစကား "
There are no birthdays today
© 2019 Created by ukkmaung.
Powered by
You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!
Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺