ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ရဟန်းအမ/မယ်တော် ၃ မျိုး

 ရဟန်းအမ/မယ်တော် ၃ မျိုး

*******************

 

❶ ဘဲမနဲ့တူတဲ့ သာသနမိခင်

 

ဘဲဆိုတာမျိုးက သူဥခဲ့တဲ့ဥကို ငယ်၏ကြီး၏ အကောင်ပေါက်၏ မပေါက်၏ ပြန်မကြည့်ဂရုမစိုက်တတ်ပါဘူး ။

[ဘဲဥက ဘဲကောင်လေးပေါက်ဖို့ မိခင်ဘဲမကတာဝန်အပြည့်ဝမယူတတ်ဘူး] တခါဥပြီး ပြီးရောပဲ ။

 

ဒီလိုပါပဲ…

တချို့သောသာသနမိခင်တွေက

 ဒကာ မဟုတ်ပါပဲ (တခါအလှူလုပ်ပြီး ပြီးရောနဲ့) ကိုယ့်ရဲ့သားရဟန်းကို ပြန်မကြည့်တတ်ကြဘူး ။

 

စာသင်ပျိုနု ရဟန်းငယ်လေးတွေ ဘဝက အင်မတန်ခက်ခဲလှပါတယ် အစစအရာရာကို မလိုချင် သလိုနဲ့နေနေကြရတာ နေလည်းနေတတ်ကြရတယ် ။

 

ရဟန်းတွေဆိုတာ ၉၀ ရာခိုင်နုန်းက ဆင်းရဲသူဆင်းရဲသားတောသူတောင်သားတွေဆီမှာ ပဋိသန္ဓေ ယူခဲ့ကြတဲ့တာတွေပါပဲ ။ လူ့ဘဝသူ့အရွယ်တွေမှာ ရသင့်ရထိုက် ခံစားသင့်ပျော်ပါးသင့်တဲ့ လူနဲ့ ဆိုင်ရာတော်တော်များများကို မျက်ကွယ်ပြုပြီး သာသနာတွက် ဗုဒ္ဓဝစနတွေသင်ယူရင်း အချိန်တွေ ဘဝတွေပေးဆပ်နေကြရသူတွေပါ ။

 

အဆင်ပြေတဲ့ကိုယ်တော်တွေရှိသလို မပြေလည်ဘဲ မိဘဆီဆွေမျိုးဆီ အလှူခံကြရတဲ့ ကိုယ်တော် တွေလည်းရှိတယ် ။

 

အရွယ်မရောက်ခင် (ဆရာတော်တပါးမဖြစ်ခင်မှာ) ဆွမ်းကစလို့ အားလုံးဟာ အထိုက်အလျောက် လိုကိုလိုအပ်ပါတယ် ။

 ဒါမဲ့ ဘယ်စာသင်သားမှ ဘာလိုတယ်ညာလိုတယ် ပြောမထွက်တတ်ကြပါဘူး ။ အမေတွေဆီ ကတောင်မတောင်းရဲတတ်ခဲ့တာ ကျန်ဘယ်သူ့ဆီပြောရဲပါ့မလဲ ( အကြောင်းအမျိုးမျိုးရှိတာပေါ့ )

 

တခါတခါ …

လိုအပ်တာရှိရင် အချိန်မရွေးပြောပါ ( မိန့်ပါ ) လျောက်ထားတဲ့အတိုင်း ဒကါမကြီးရေ, ဘာလိုနေလို့ လို့ လို့ သွားပြောမိတဲ့အခိုက်, အိမ်မှာအဆင်မပြေတဲ့အချိန်နဲ့သွားတိုးက ဘုန်းကြီးတွေအလိုက်ကို မသိဘူးလည်း အထင်ခံရနိုင်တာကိုး ။ လူဆိုတာ မိသားစုနဲ့နေတာဆိုတော့ အိမ်တွင်းမှုတွေ ရှိတာပေါ့ လူတွေသဒ္ဓါဆိုတာလည်း အနိစ္စသဘောရှိတာမို့ ဘုရားရဟန္တာတို့လို ကြည်ညိုဖွယ် အင်္ဂါတွေမညီနိုင်တဲ့ သာမံကိုယ်တော်လေးတွေရဲ့ အားနည်းချက်တွေကအများကြီးပေါ့ …

 

အေး ဘာပဲဖြစ်စေ ရဟန်းခံ သိက္ခာထပ်ပြီဆိုရင် တခါဥပြီး ပြီးရော့ဆိုတဲ့ ဘဲမလို မိခင်မျိုး မဖြစ်ပါစေအောင် သတိပြုရမည်။ သာသနာသည်ရဟန်းသက်က်ပြုလို့မရဘူး လူဒကါ/မတွေ ဘက်ကလည်း တဘက်တလမ်းကတာဝန်ရှိကြသည်ကို သိရှိနားလည်ပြီး အိုမင်းလာပြီဖြစ်တဲ့ သာသနာကို ဝိုင်းဝန်းကူညီစေကြဦးမှ

 

❷ လိပ်မနဲ့တူတဲ့ သာသနမိခင်

 

လိပ်ဆိုတာမျိုးက ကိုယ်တိုင်အစစရာရာတာဝန်တော့ ယူနိုင်စွမ်းမရှိဘူး မိမိရဲ့ဥလေးတွေကိုတော့ သတိတရရှိတတ်ကြပါတယ် ။

 

အေး…ဒီလိုပါပဲ တချို့ရဟန်းအမေတွေက ရဟန်းခံပြီးတော့မေ့မေ့လျော့လျော့ပေါ့ပေါ့ဆဆ နေတတ်ကြလေတယ် ဘာတွေဘယ်လိုဆက်လက်တာဝန်ရှိမှန်မသိဘူး မလေ့လာဘူး တိုက်ဆိုမှု တခုခုရှိတော့မှ အော်! အေ! အင်! ငါတို့ဦးဇင်းလေးအဆင်ပြေလားဘုရား သတင်းလေးဘာလေး တခါတရံ မေးမြန်းဖေါ်တော့ရသား ။

 

ဤသည်ကိုပင် ရှေးဆရာတော်ကြီးတွေက လိပ်မနဲ့တူတဲ့ သာသနာ့မယ်တော်တွေလို့ ခိုင်းနှိုင်း ဆိုဆုံးမကြလေတယ် ။

 

ခုခေတ်လည်း ဒီလိုရဟန်းအမေတွေရှိတယ် တွေ့လည်းတွေ့နိုင်တယ်။ အစစအရာရာလို ဘာလိုလို လှူရမည်မဆိုလိုဘူး မိခင်တိုင်းလည်း သားသမီးတွေကို ပေးသင့်ခါမှပေးတတ်ကြတာပါပဲ ဘယ်လောက်အဆင်မပြေတဲ့ အမေဖြစ်ပါစေဦး လောကမှ နွေးထွေးတဲ့မေတ္တာတော့ အမေတိုင်း ပေးနိုင်ကြသည်သာ

 

ကာယကံမေတ္တာ ဝစီကံမေတ္တာတွေနဲ့လည်း ကိုယ့်သားရဟန်းကို သာသနာကဖယ်ခွါ မသွားလေအောင် ဂရုစိုက်တတ်ကြရမည်လို့ သတိမူနိုင်ပါသည် ။

 

❸ ကြက်မနဲ့တူတဲ့ သာသနမိခင်

 

အေး… နောက်ဆုံး ကြက်မဆိုတာသိကြတဲ့အတိုင်းပေါ့လေ သူ့ဥလေးတွေကို ကလေးလေးတွေ ဖြစ်စေတဲ့ အချိန်ထိ စောင့်ရှောက်တယ် (တခါတခါ တခြားဥတွေကိုပါသူက ရင်ငွေ့တွေ ပေးတတ်သေး) အကောင်လေးတွေပေါက်လာတော့လည်း

 သူ့ကလေးတွေကို တပြေးညီညီစုစုရုံးရုံး နွေးနွေးထွေးထွေး ရင်ခွင်ထဲထည့်ထားပြီးတော့ ခွေးမြွေ စသည့်အန္တရာယ် အရိပ်ရောင်တွေရှိပြီဆို မားမားမတ်မတ်ရပ်တည်စောင့်ရှောက်တယ် ဂရုစိုက် ပေးတယ်ပေါ့ ။ ထိုကြက်မမိခင်မျိုးကို ဆန်တွေသွားပေးချေဦး သူ့ရဲ့ဘာသာစကားသံနဲ့ ကလေးတွေ ကို တကော့ကော့… ခေါ်ကာ နည်းသည်များသည် ဖြန့်ကြက်ပြီးအကုန်းလုံးကို စားစေတယ်ပေါ့ ။

 

ဒါတောင်ဘယ်ကမလဲ …

အမှိုက်ပုံတွေ ကိုလည်းမရွံ့မရှာ လက်သည်းခြေသည်းများကိုများ အနာကျင်ခံပြီး နုတ်သီး ငယ်လေးနဲ့ မနိုင်တနိုင်အားပြုကာ မိမိဝမ်းတောင်မက အကုန်လုံးသူ့ကလေးတွေပါအဆင်ပြေလှဖို့ ရုန်းကန်ပြီးကျွေးမွေးပြုရှာတယ်ပေါ့ ။

 

အေး… ဒီလိုပါပဲ တချို့သောရဟန်းမိခင်သည်

 ဆင်းရဲပေမယ့် တခုခုရှိတာနဲ့ကို မနေနိုင်ဘူး ကျောင်းကသားကိုယ်တော်တွေ သားကိုယ်ရင် လေးတွေတွက်ဆိုပြီး ရည်မှန်းကာဘာမဆို ကျောင်းတွက် သံဃာတွက်ဆိုတဲ့စိတ်နဲ့ ကုသိုလ်တွေ အချိန်တိုင်ယူနေလိုက်ကြတာ ကိုယ်မအားလည်း သူများကိုနှိုးဆော်တယ် တိုက်တွန်းတယ် ကိုယ်စားလှူပေးဖို့အကူညီတောင်းတယ် ။ ဒီလိုဒကါမမျိုးက ရဟန်းခံ သိက္ခာထပ်ပေးထားတဲ့ သီးသန့် (နယ်ပယ်ကျဉ်းကျဉ်း) ငါ့ဦးငါ့တို့ကိုယ်တော်မရှိလည်း တချို့ဆွမ်းခံအိမ်တွေမှာ တွေ့ဖူးကြရ ပါတယ် ။ တနေရာရာသွားစရာရှိသည့်တိုင် ဆွမ်းဝတ်ကိုအပျက်မခံပါပဲ အိမ်ကိုကြွနေတဲ့ သားရဟန်း သားကိုရင်လေးတွေကို ဂရုစိုက်ရှာအလေးမြတ်ထားရှာတယ် ။

 

ဆွမ်းကိစ္စတွက်တခုခုနဲ့အဆင်ပြေအောင်ကို အားထုတ်ရှာလေတယ်။ တချို့သော အမျိုးကောင်း အိမ်တွေက မလှူမဒါန်းရရင်ကိုပဲမနေတတ်တော့တာလည်း ရှိတာပေါ့ ။

 

အင်… ကိုရင်ဦးဇင်းတွေကလည်း ဒီလိုဒါယိကာမမျိုးကို ဘယ်သို့ဆင်းရဲပါစေ အိမ်ကဘယ်သို့ပင် ခပ်ငယ်ယ်လေးဖြစ်ပါစေ ရင်ထဲမှာဆွေမျိုးလိုအမေ့အိမ်လိုနွေးထွေးတယ် မေတ္တာတွေလည်း ပိုစီးဆင်းတယ် ။

 

( ဦးဇင်းလည်း ခုထိဒီလိုဆွမ်းခံအိမ်တွေကို အထူးသတိတရရှိတယ် ) ဘယ်ဆရာတော်ကြီဆီပဲ သွားမေးမေး ငယ်ယ်က ဘောပင်လေးတွေစာအုပ်လေးတွေ ငှက်ပျောသီးလေးတွေ လှူဖူးတဲ့ ဒကါမတွေ ဖျားနေနာနေ အအေးမိတဲ့ခါတွေမှာ ရေနွေးတွေဆန်ပြုတ်တွေနဲ့တကြိမ်တခါပြုစုဖူးတဲ့ ဒကါမကြီးတွေကို အထူးသတိတရရှိနေကြဆဲပင်ရှိတတ်ကြပါတယ် ။

__________________________________

 

{အနည်းငယ်ဆက်ပါဦးအံ့}

 

ကိုယ်ရင်ငယ်လေးတွေဆိုတာ မြို့ထဲရွာထဲရွယ်တူကလေးတွေ ဆော့စရာတွေနဲ့ပျော်နေတာတွေ မြင်တော့လည်း မဆော့တတ်တဲ့လူသားလေးလိုနေကြရတယ် ( ဦးဇင်းတို့ကိုယ်တိုင်လည်း သီးခံခဲ့ရတာတွေပေါ့ ) အော် ရွယ်တူကလေးလေးတွေ ကျောင်းစိမ်းဝတ်စုံလေးတွေနဲ့ အမေတွေ အမတွေက စာသင်ကျောင်းကို အထူးတလေပို့ပေးခြင်းခံနေရချိန် ကိုယ်ရင်လေးတွေခမျာ… နေပူထဲချွေးဒီးဒီးနဲ့ဆွမ်းဂျိုင့်တွေ မနိုင်တနိုင်ဆွဲကြရတယ် ။

 

အော်… မိုးရွာထဲ သပိတ်တွေဖက်ပြီး ကားတိုက်မည့်အရေးလည်းစိတ်ပူပေးဖေါ်လိုက်ပို့ပေးဖေါ်မဲ့စွာ သစ်ကိုင်းလေးတွေကျိုးကျလို့ ခေါင်းကွဲစရာကလည်းရှိနိုင်တာပဲ တချို့ဆွမ်းခံအိမ်တွေက ရေတွေတက်ပြီးတော့ အော်မြောင်းထဲကျလို့ မကြားကောင်းစရာ တွေလည်း ရှိနိုင်တာပါပဲ ။

 

မိုးလေးအနည်းငယ် ကြိမ်းရင် လူကြီးတွေတောင်ကြောက်တတ်ပေမဲ့ ကိုရင်တွေက အသည်း မပါသလိုမိုးရေချွဲချွဲကြီးပဲ ။ တချို့အမေတွေဆို သားလေးရေဒီနေ့ တရက်မတက်လို့ ဘာမှ မဖြစ်လောက်ပါဘူး ဒီနေ့ကျောင်းမတက်နဲနော် ( ဆရာမရေ သားလေးက……… ကျောင်းမတက်နိုင် တော့ဘူး ခွင့်ယူပေးကြပြီး ) ရင်ခွင်ထဲစောင်ထဲထွေးပွေ့ သားငယ်လေးရဲ့နဖူးပြင်တွေ လက်ဖမိုးတွေလက်ဝါးပြင်တွေသုံးသပ် အနွေးဓါတ်တွေနဲ့နှပ်နေကြရချိန် အမေ့အနမ်းတွေ အမေ့လက်တွေဝေးစွာ့ မချမ်းတတ်ဘူးမလွမ်းတတ်ဘူး ပုံစံတွေနဲ့ကိုယ့်ခြေနဲ့ကိုယ့်ဝမ်းကို တာဝန်ယူနေရပြီ။ တချို့ကလွမ်းစရာအမေရှိပေမဲ့ တချို့အမေဆိုတာဓါတ်ပုံမျှပင်မမြင်ဖူးတဲ့ သူလည်းအများကြီးပေါ့ ။

 

အမေရွယ် ဒကါမတွေတွေ့ရင် ငါ့အမေနဲ့များတူနေသလား အသံတူသလား မျက်လုံးတူသလား အတွေးများနဲ့ပန်းချီဆွဲကာ တမင်တူအောင်အာရုံပြုပြီး အမေဆိုတဲ့အငွေ့သက်ကို အစားထိုး ဖြေနေခဲ့ကြရလေတယ် တခါတခါအသားကျမာကျောသလိုလိုနဲ့ တခါတခါ နေမကောင်းတဲ့ခါတွေ ဆိုပေါ့ စိတ်လည်းမမာနိုင်တော့ဘဲ ( အမေ့ရင်ငွေ့သေလောက်အောင်လွမ်းတတ်ကြတယ် ) အမေမေလို့ဒုက္ခကိုညီးညူချင်ပေမဲ့ ဟူးး ဟီးးးး ဆိုတဲ့အသံတွေနဲ့အစားထိုးကြရတယ် ။

 

ထိုချိန် အမေ့အစား အမေလိုတဖက်သတ်ခိုးပြီးခင်တွယ်နေမိတဲ့ ဆွမ်းခံအိမ်က ဒကါမများ ကိုယ်ချင်းစာတတ်လေ မြင်တတ်လေ သိတတ်လေ သူ့အိမ်ကသားတွေကိုချစ်သလို နည်းည်းလေး မျှပေးလေမယ်ဆိုရင် … … … စိတ်ကတောင်းတနေမိတတ်ကြတယ် ။

 

နောက်ဆုံး အမေလို့တခွန်းလေးပဲဖြစ် တကြိမ်လောက် ခေါ်ခွင့်လေးရှိရင် ဒါမှမဟုတ် သားလေးရေလို့ ခေါ်ပေးလိုက်ရင် ဆေးသောက်စရာမလိုဘဲ ပျောက်ကင်းမယ်ပင် ယုံကြည်တတ်ကြတယ် ။

 

အော်…………ဆက်မဖတ်ကြပါနဲ့တော့ ဒီမှာတင်ရပ်ပါတော့မည် ။

 

ဆိုလိုရင်းက … ဘုန်းကြီးတွေဟာလည်း စစ်သားတွေလိုပဲ အစွမ်းရောက်အောင်ရင်ဘတ်တွေ တမင်မာခဲ့ကြရပေမဲ့ အထဲကအသည်းတွေက ( ပန်းနုရောင်လေးတွေနဲ့ပါ ) အမေချစ်တတ်တာ ကတော့ အတော်တူကြတယ် ။

 

ကဲ … ရဟန်းသားတွေ ဦးဇင်းပျိုတွေကိုချစ်ခင်ကြည်ညိုလေးစား မြတ်နိုးတန်ဖိုး ထားတတ်ကြ ကုံသော ဝိသာခါနွယ်ဝင် ဒကါမများ သာသနအမေများသည်လည်း ဤ စာကိုဖတ်ပြီးပါက မိမိတို့၏ရဟန်းတော်တွေအပေါ် ဘယ်နံပါတ်နဲ့ ဘယ်လိုအမေတွေပါလဲ

..........................................

ပေါက်တောဝဆရာတော် ဘဒ္ဒန္တသြဘာသ၏ ရဟန်းခံသိက္ခာထက်အလှူတွင်ဟောကြားအပ်သော

{ရဟန်းမိခင်သုံးမျိုးသြဝါဓမ္မကထာ}ကို မှတ်မိသလောက် မှီငြမ်းလျက်

 

[ ရဟန်းခံ သိက္ခာထပ် ရဟန်းဒကါမများနှင့် ရဟန်းသံဃာများကို ခင်မင်တတ်သော ဆွမ်းဒကါမများ အတွက် ]

 

ဦးဇင်း ပြုံး

Views: 23

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted videos
yesterday
ukkmaung posted videos
Nov 9
ukkmaung posted a blog post
Nov 9
ukkmaung posted photos
Nov 3

Birthdays

There are no birthdays today

Members

© 2017   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service