ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ရတနာဝါသကျောင်း ဆရာတော် ဦးဥက္ကံသ၏ သာသနာပြု လုပ်ငန်းများ

ကျူံးလိ ရတနာဝါသကျောင်းဆရာတော် ဦးဥက္ကံသ ဦးစီး၍ ရတနာဝါသဥပဋ္ဌာကအဖွဲ့နှင့်အတူ အလှူခံ ရရှိငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိသော သာသနာပြု လုပ်ငန်းများတွင် အတူပါဝင်ကာ လှူဒါန်းနိုင်သော နိဗ္ဗာန်ဆုများ။

၁။ ရတနာဝါသကျောင်း၊ သိမ်၊ ဘုရား။ (ထိုင်ဝမ်)

(၂ဝဝ၉) ခုနှစ်တွင်桃園市中壢區龍東路445巷19弄38號အိမ်ကို ငှါးရမ်းပြီး ရတနာဝါသ ကျောင်း三寶寺ကို စတင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုဆိုလျှင် (၉)နှစ်ရှိပါပြီ။

(၂ဝ၁၆)ခုနှစ်တွင် ထိုင်ဝမ်နိုင်ငံ桃園市平鎮區貿中街51號ကို ဝယ်ယူခဲ့ပြီး ယခုအခါ မြေဖိုးကို အကုန်ပေးဆပ်နိုင်ခဲ့ပါပြီ။ ဆက်လက်ပြီး ကျောင်းသစ် ဆောက်လုပ်ခြင်းကို တစ်နှစ်၊ နှစ်နှစ်ခန့် ရန်ပုံငွေ စုဆောင်းပြီးမှသာ စတင်နိုင်ပါမည်။ သို့ပါ၍

ရတနာဝါသကျောင်းဆောင်သစ်အတွက်
(1) စေတီရင်ပြင်(ကြမ်းခင်း) တစ်ပေပါတ်လည်အတွက် အလှူ ငွေ 9000 NT$ ။
(2) ဘုရားဆောင်(တတိယအထပ်ကြမ်းခင်း) တစ်ပေပါတ်လည်အတွက် အလှူ ငွေ 7000 NT$ ။
(3) အုတ်၊သဲ၊​ကျောက်၊ဘိလပ်မြေ၊သံချောင်း စသည် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန် အတွက် မတည်ငွေ၊တစ်စုလျှင်အလှူ ငွေ 1000 NT$ ။
အသေးစိတ်လုပ်ငန်းစဉ်များဖြစ်သော၊ ဘုရားခန်း၊ ဘုရားစင်၊ သံဃာများအိပ်ခန်း ၊တံခါး၊ အဲယားကွန်း၊ ဓါတ်လှေကား အစရှိသည်များကိုလည်း သတ်မှတ်ချက်မရှိ။ စေတနာရှိသ၍ လှူဒါန်းနိုင်ပါသည်။

၂။ ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော် ဘုရားဝတ္တကမြေ သံပန်းတံတိုင်း၊ မုခ်ဦး။ (ဇီးပင်ကန်ရွာ၊ တောင်သာ၊ မန္တလေး၊ မြန်မာ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇီးပင်ကန်ရွာနှင့် မိုင်ဝက် ကွာဝေးသောနေရာတွင် ဗဟုဇန ဟိတကာရီ တံတားကို နိုင်ငံတော်မှ ပံ့ပိုးငွေများနှင့်အတူ အများပြည်သူ လှူဒါန်သော အလှူငွေ များဖြင့် (2016)တွင် ဆောက်လုပ်လှူဒါန်းခဲ့ပြီး၊ ထိုတံတားဘေးတွင် (2300)ပေရှိသော မြေနေရာ တွင် ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော်ကို ထိုင်ဝမ် ဒကာ ဒကာမများ၏ လှူဒါန်းငွေတို့ဖြင့် (6.11.2014)တွင် စတင်တည်ဆောက်ခဲ့၍ (10.2.2016)ခုနှစ်တွင် အောင်မြင်စွာ ဆောက်လုပ် ပြီးစီးကာ ထီးတော် တင်လှူခဲ့ပါသည်။

ထိုစေတီဘေးတွင်(2300)ပေ ကျယ်ဝန်းသော ဘုရားဝတ္တကမြေကို သံပန်းတံတိုင်း ကာရံခြင်း၊ အဝင်တံခါး မုခ်ဦး ဆောက်လုပ်ခြင်းများကို ဆက်လက် ပြုလုပ်လျှက် ရှိပါသည်။

(1)  သံပန်းတံတိုင်း ကမ္ပည်းထိုး ၁ခန်း ၅သောင်းကျပ်​။

(2)  ဘုရားဝတ္တကမြေ အဝင်ဝ မုဒ်ဦး တံခါးပေါက်အတွက် သတ်မှတ်ချက်မရှိ။ စေတနာ ရှိသ၍ လှူဒါန်းနိုင်ပါသည်။

(3)  အရိပ်ရ သစ်ပင်၊ အလှပန်းပင်များ စိုက်ပျိုးရန်။

ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော် ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေရန်နှင့် ဘုရားဖူး လာရောက်သူများ စိတ်ရွှင်လန်း အေးချမ်းစေရန် အရိပ်ရ သစ်ပင်၊ အလှပန်းပင်များ စိုက်ပျိုးလျှက် ရှိပါသည်။ ထိုအရိပ်ရ သစ်ပင်၊ အလှပန်းပင်များ စိုက်ပျိုးရန်အတွက်လည်း သတ်မှတ်ချက်မရှိ။ စေတနာ ရှိသ၍ လှူဒါန်းနိုင်ပါသည်။

၃။ ရေတွင်း ရေကန် တူးဖော်ပြုပြင်ရန်​။ (ဇီးပင်ကန်ရွာ၊ ရွာဝန်းကျင်၊ ကြက်တတ်တောရွာ၊ တောင်သာ၊ မန္တလေး၊ မြန်မာ)

(၁)ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော် မင်္ဂလာကန်၊                       

(၂)ဦးရုန်ကန်၊                                                    

 (၃)သီ်းပင်ဝကန်၊                                                      

(၄)ဗထူးကန် (အောက်ကန်)၊                                         

(၅)မြောက်ကုန်းကန်တို့ကို တူးဖော်ခြင်း၊ ပြန်လည်ပြုပြင် ကန်သင်း(ကန်ဘောင်)ဆည်ခြင်းတို့ကို ပြုလုပ်လှူဒါန်းခဲ့ပါသည်။                       (၆)ကျောက်တံခါးကန်နှင့်                                    

(၇)အိုးပုံကန်တို့ကိုလည်း ဆက်လက်ကာ ပြန်လည် ပြုပြင် တူးဖော် ဆည်ယူမည်ဖြစ်ပါသည်။

အများသောက်သုံးရန်အတွက် အဝီစိ စက်ရေတွင်းကိုလည်း ဇီးပင်ကန်ရွာတွင်                

(၁) ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော် ရေတွင်း၊                

(၂)အနောက်ကျောင်းရေတွင်း၊                                           

(၃)ရွာလယ် အလယ်တန်းကျောင်းရေတွင်း၊                          

(၄)ရွာမြောင်ပိုင်း(ဦးရွှေ) ရေတွင်းတို့ကို တူးဖော်၍ ရေစုပ်စက်၊ အုတ်ရေကန်တို့နှင့် အတူတကွ လှူဒါန်းခဲ့ပါပြီ။  

(၅)ခုမြောက် အဝီစိစက်ရေတွင်းကိုလည်း ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော်ကြီး၏ လမ်းညွန် ဆိုင်းဘုတ် ဘေးပတ်ဝန်းကျင်တွင်ရှိသော ကြက်တက်တောရွာတွင် ရေရှားပါးသော ရွာသူ ရွာသားများအတွက် လှူဒါန်းနိုင်ရန် ဆက်လက် တူးဖော်လျက်ရှိပါသည်။ ထိုရေတွင်း ရေကန်အလှူများကိုလည်း သတ်မှတ်ချက်မရှိ။ စေတနာရှိသ၍ လှူဒါန်းနိုင်ပါသည်။

လမ်းခင်း လမ်းပြင် မီးသွယ်ခြင်း၊ လမ်းမီးတိုင်စိုက်ခြင်း။ (ဇီးပင်ကန်ရွာ၊ တောင်သာ၊ မန္တလေး၊ မြန်မာ)

ဗဟုဇနဟိတကာရီ တံတားကို အများစုပေါင်းငွေတို့ဖြင့် (၉.၂.၂ဝဝ၇)တွင် ပန္နက်ချ၍ ဆောက်လုပ်ခဲ့ရာ (၁၇.၈.၂ဝဝ၇)တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။တည်ဆောက်ပြီး (၇)နှစ်အကြာတွင် ကျောက်တစ်လုံးဆည်မှ ရေလွှတ်လိုက်ရာမှ ရေတိုက်စားပျက်စီးသွား၍ ဒုတိယအကြိမ် ပြန်လည် ပြုပြင်ရာတွင် အများစုပေါင်းလှူဒါန်းငွေ (၈ဝ)သိန်းနှင့် နိုင်ငံတော်မှ ကူညီငွေ (၅ဝဝ)သိန်းတို့ဖြင့် ပြန်လည် တည်ဆောက်ခဲ့ပါသည်။ ထို့ကြောင့် နာမည်ကိုလည်း နိုင်ငံတော်မှ ဇီးပင်ကန်တံတားဟု အမည်သစ်ပေးခဲ့ပါသည်။

လမ်းခင်း လမ်းပြင် မီးသွယ်ခြင်း၊ လမ်းမီးတိုင်စိုက်ခြင်း။ 

ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ လမ်းညွန်ဆိုင်းဘုတ်ရှိရာမှ ဣစ္ဆာသယ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး တည်ရှိရာ နေရာသို့ မိုင်ဝက်ခန့် ရှိပြီး၊ ထှိုဣစ္ဆာသယ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးမှသည် ဇီးပင်ကန်ရွာတိုင်အောင် မိုင်ဝက် ရှိပါသည်။ ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ လမ်းညွန်ဆိုင်းဘုတ်ရှိရာမှ ဇီးပင်ကန်ရွာအထိ ဆိုလျှင် (၁)မိုင်ရှိပါသည်။

ထို(၁)မိုင်ရှည်လျှားသော သာမန်လှည်းလမ်းကို ကားသွားလာနိုင်ရန် လမ်းချဲ့ထွင်ခြင်း၊ လမ်းဘေး ရေမြောင်း တူးဖော်ခြင်းတို့ကို နိုင်ငံတော်မှ ပံ့ပိုးငွေနှင့်အတူ အများပြည်သူ လှူဒါန်းငွေများဖြင့်  (၂ဝ၁၇)ခုနှစ်တွင် ဖောက်လုပ် ပြီးစီးခဲ့ပါပြီ။ ထိုမြေသားလမ်းကို ကျောက်လမ်းဖြစ်အောင် ကျောက်ခင်းခြင်းများကို ဆက်လက် ပြုလုပ် လှူဒါန်းမည်ဖြစ်ပါသည်။

ထိုအပြင် မီးမရှိသော ဇီးပင်ကန်ရွာနှင့် ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် မီးရရှိစေရန် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် မီးသွယ်တန်းနိုင်ရန် ဆက်လက် လှူဒါန်းပါမည်။ သို့ပါ၍     

(1) လမ်းခင်းကျောက်ကြမ်း ကားတစ်စီးလျှင် (၅)သောင်းကျပ်။                         

(2) ကွန်ကရစ်လမ်းမီးတိုင် (၁)တိုင်၊ ကမ္ပည်းထိုး ၁သိန်း၅သောင်းကျပ်။                 

(3) လမ်းမီးကြိုး။ သတ်မှတ်ချက်မရှိ။ စေတနာရှိသ၍ လှူဒါန်းနိုင်ပါသည်။

 

၅။ ဓမ္မစာပေ တရားစာအုပ်များ ပုံနှိပ်ကာ ဓမ္မဒါန လှူဒါန်းခြင်း။ (ထိုင်ဝမ်၊ မြန်မာ) 

(၁) ရတနာဝါသကျောင်း၊ ဘုရားရှိခိုး ဝတ်ရွတ်စဉ် (ပါဠိ၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်) (ဂ)ကြိမ် ဓမ္မဒါန လှူဒါန်းပြီးပါပြီ။                               (၂) ပရိတ်ကြီး(၁၁)သုတ် ဝတ်ရွတ်စဉ် (ပါဠိ၊ မြန်မာ၊ တရုတ်၊ အင်္ဂလိပ်) (၂)ကြိမ် ဓမ္မဒါန လှူဒါန်းပြီး။                                                 (၃) အနန္တဂိုဏ်းဝင် ထာဝရမေတ္တာရှင် (၃)ကြိမ် ဓမ္မဒါန လှူဒါန်းပြီးပါပြီ။                        

(၄) ဓမ္မယတြာနှင့် လက်ရွေးစင်ဆောင်းပါးများ (၂)ကြိမ် ဓမ္မဒါန လှူဒါန်းပြီးပါပြီ။               

(၅) ပရိတ်ကြီး(၁၁)သုတ် ဝတ်ရွတ်စဉ် (ပါဠိ၊ မြန်မာ အသံထွက်) (၅)ကြိမ် ဓမ္မဒါန လှူဒါန်းပြီးပါပြီ။ 

(၆) ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ (ပါဠိ၊ မြန်မာ အသံထွက်) (၅)ကြိမ် ဓမ္မဒါန လှူဒါန်းပြီးပါပြီ။           

(၇) ဣစ္ဆာသယ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ သမိုင်းမော်ကွန်း။ ဆက်လုပ် ထုတ်ဝေ၍ ဓမ္မဒါန လှူဒါန်းသွားပါမည်။


၆။ ရွှေကန်မြေဓမ္မစကူးလ်ကျောင်း။ (ဇီးပင်ကန်ရွာ၊ တောင်သာ၊ မန္တလေး၊ မြန်မာ)


မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇီပင်ကန်ရွာတွင် “ရွှေကန်မြေ ဓမ္မစကူးကျောင်း”ကို (6.12.2015) ဖွင့်လှစ်သင်ကြားခဲ့သည်မှာ (၂)နှစ်ကာလသို့တိုင်ခဲ့လေပြီ။ ရွှေကန်မြေ ဓမ္မစကူး ကျောင်းသူ ကျောင်းသားများသည်လည်း ယခုအခါ (၁၆ဝ)အထိ တက်ရောက် လေ့လာ သင်ယူလျှက် ရှိပါသည်။

အမိမြေ၌ ဘာသာခြား အယူဝါဒများ အားမကောင်းမီ၊ ဗုဒ္ဓဘာသာ အင်အား မယုတ်လော့မီ၊ စစ်မှန်သော ဗုဒ္ဓမြတ်စွာ၏ တရားတော်မြတ်များကို မျိုးဆက်သစ် လူငယ် မောင်မယ်တို့လက်ထဲသို့ ၊ နှလုံးသားထဲသို့ အချိန်မီ ထည့်ပေးနိုင်ရန်၊ ဗုဒ္ဓဘာသာ သာသနာအတွက် မရှိမဖြစ် ရေသောက်မြစ် တစ်ခုဖြစ်သော ဓမ္မစကူး၊ ဘာသာ သာသနာမျက်လုံးကို ဖွင့်ပေးမည့်နေရာ ဓမ္မစကူးခေါ် ဘာသာရေး တရားသန်တန်းများကို ရေရှည်ရပ်တည်နိုင်ရန် ဝိုင်းဝန်း အားပေးသင့်ကြပါသည်။

(1) ဓမ္မစကူးလ်လစဉ်အလှူ။ (သတ်မှတ်ချက်မရှိ။ စေတနာရှိသ၍ လှူဒါန်းနိုင်ပါသည်။)

(2) ဓမ္မစကူးလ်အဟာရဒါန။

  (က) မုန့် (၂)သောင်းကျပ်။

  (ခ) ဖျော်ရည်(၁)သောင်း(၅)ထောင်ကျပ်။

  (ဂ) ကြာဇံကြော်(၆)သောင်းကျပ်။

  (ဃ)ကြာဇံချက်(၆)သောင်းကျပ်။

  (င)နေ့ဆွမ်း ၁သိန်း၁သောင်း (ကျောင်းသူ ကျောင်းသား(၁၆ဝ)နှင့် ကျောင်းရှိ သံဃာ(၅)ပါး၊ ကိုရင်များအားလုံး)

(3) ဓမ္မစကူးလ်ထာဝရငွေပဒေသာပင်။ (သတ်မှတ်ချက်မရှိ။ စေတနာရှိသ၍ လှူဒါန်းနိုင်ပါသည်။)

(4) ဓမ္မစကူးလ်အခင်းဖျာများလှူ ဒါန်းရန်။ (တစ်ချပ် 50 NT$) (အချပ် 500 လှူရန်)


၇။ ပညာအလင်းစာကြည့်တိုက် ဆောက်လုပ်ရန်။ (ဇီးပင်ကန်ရွာ၊ တောင်သာ၊ မန္တလေး၊ မြန်မာ)

ပညာသမာ အာဘာ နတ္ထိ ပညာနှင့်တူသော အလင်းရောင် မရှိ။ ပညာရွှေအိုး လူမခိုးနိုင်။ စသည်တို့သည် လူ့ဘဝတွင် ပညာအရေးကြီးပုံကို ဆိုလိုပါ၏။ ထို့ကြောင့် ဇီးပင်ကန် ရွာသူ ရွာသားများ၊ ဇီးပင်ကန်ရွာ ပတ်ဝန်းကျင် နယ်သူ နယ်သားများအထိ အသိညာဏ်ပညာ တိုးတတ် ပွင့်လင်းစေရန်အတွက် “ပညာအလင်းစာကြည့်တိုက်”ကို ဇီးပင်ကန်ရွာဦးကျောင်း သိမ်ထဲတွင် ယာယီဖွင့်လှစ်၍ စာအုပ်အဟောင်းများ စုဆောင်းအလှူခံခြင်း၊ စာအုပ်အသစ်များ ဝယ်ယူ လှူဒါန်းခြင်းနှင့် စာအုပ်ဗီဒို၊ စာအုပ်စင်များကိုလည်း လှူဒါန်းခဲ့ပါသည်။ ယခုအခါတွင် သိမ်ထဲတွင် စာကြည့်တိုက်ရေရှည် ဆက်လက်ဖွင့်လှစ်ထားရန် မဖြစ်နိုင်တော့၍ စာကြည့်တိုက်လေးကို သီးသန့် ဆောက်လုပ် လှူဒါန်းရန် စီစဉ်ရခြင်းဖြစ်ပါသည်။

(၁)စာအုပ် စာပေများ။                                                           

(၂)စာအုပ်ဗီဒို စာအုပ်စင်များ။                                                  

(၃) စာကြည့်တိုက် အဆောက်အဦး။ စသည်တို့ကို သတ်မှတ်ချက်မရှိ။ စေတနာရှိသ၍ လှူဒါန်းနိုင်ပါသည်။


၈။ မေတ္တာရှင် နာရေးလူမှုကူညီမှု ထာဝရငွေပဒေသာပင်။ (ဇီးပင်ကန်ရွာ၊ တောင်သာ၊ မန္တလေး၊ မြန်မာ)

 

ဇီးပင်ကန်ရွာသူ ရွာသား အများစုသည် ဆင်းရဲနွမ်းပါးကြ၏။ ရွာတွင် ဆေးပေးခန်း မရှိ။ ဆရာဝန် မရှိ၍ ရောဂါဖြစ်လျှင် တောင်သာမြို့၊ ဝဲလောင်မြို့ပေါ်ရှိ ဆေးရုံများကိုသာ အားကိုးကြရ၏။ ထို့ကြောင့် နာရေး ဖြစ်လာလျှင် အခက်အခဲ တွေ့ကြရသည်။ ငွေမတတ်နိုင်သူများသည် ရွာတွင်ပင်လျှင် သေဆုံးသွားကြရသည်။

ထိုသို့သော အခက်အခဲများကို ကူညီနိုင်ရန် ဇီးပင်ကန်ရွာတွင် “မေတ္တာရှင်နာရေး လူမှု ကူညီမှု အသင်း”ကို (20.3.2015)ခုနှစ်တွင် တည်ထောင် ဖွဲ့စည်ကာ အလှူကောက်ခံ ရရှိငွေဖြင့် second hand ကားလေးတစ်စီးကို ဝယ်ယူ၍ လူမှုကူညီရေးကို စတင် ဆောင်ရွက်ခဲ့ပါသည်။ လူနာများကို လုပ်အားပေးနိုင်သော ရွာသားများက ငွေတတ်နိုငသူဆိုလျှင် ဆီဖိုးယူ၊ ငွေမတတ်နိုင်သူများကို အခမဲ့ဖြင့် နီးစပ်ရာ မြို့ပေါ်ဆေးရုံသို့ ရောက်အောင် ပို့ဆောင်ကူညီနိုင်ခဲ့ကြပါသည်။

ယခုအခါတွင် ဇီးပင်ကန်ရွာအနီး ဝန်းကျင် အခြားရွာများမှ အကူအညီတောင်းခံလာလျှင်လည်း ထပ်တူ ကူညီခဲ့ကြပါသည်။ ထိုမေတ္တာရှင်နာရေး လူမှု ကူညီမှုအသင်း တည်တံ့စေရန်၊ လူမှုရေး လုပ်ငန်းများ ရေရှည်ဆောင်ရွက် ကူညီနိုင်ကြရန် သတ်မှတ်ချက်မရှိ။ စေတနာရှိသ၍ လှူဒါန်း နိုင်ပါသည်။

 

၉။ ရှေးဟောင်းစေတီများ ပြုပြင်ခြင်း။ လှူဒါန်းခြင်း (မြန်မာ)

(၁) တောင်မအိုတောင်၊ ရှေးဟောင်း ဆုတောင်းပြည့်စေတီ။

တောင်မအိုတောင်ပေါ်ရှိ နှစ်ပေါင်းရာကျော် ပျက်စီးလျှက်ရှိသော ရှေးဟောင်း ဆုတောင်းပြည့် စေတီတော်ကို ပြန်လည် ပြုပြင်တည်ထားခဲ့ပါသည်။ ထိုသို့တည်ထားရာတွင် ထိုတောင်မအို တောင်သည် ရှေးအကျဆုံး အမြင့်ဆုံး အကြီးဆုံးတောင် ဖြစ်သည်။ ထိုတောင်ပေါ်သို့ နွားလှည်းဖြင့်လည်း တတ်လို့ မရနိုင်သလို၊ ကားဖြင့်လည်း တတ်၍ မရနိုင်ပေ။ ကိုယ့်အား ကိုယ်ကိုးကာ ခြေလျင်ဖြင့်သာ တောင်ပေါ်သို့ ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် ဇီးပင်ကန်ရွာနှင့် ပတ်ဝန်းကျင်ရွာများမှ လုပ်အားဒါနကို အားကိုး၍ ဘုရားတည်ရန် ပစ္စည်းများကို တောင်ပေါ်သို့ လူအားဖြင့်သာ ပို့ဆောင်သယ်ယူကြရပါသည်။ ထီးတော်တင်ပွဲကို (၂ဝ.၆.၂ဝ၁၆) တနင်္လာနေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ထိုတောင်မအိုတောင် ရှေးဟောင်း ဆုတောင်းပြည့်စေတီတော် ဘေးတွင် တံခွန်တိုင်၊ ဇရပ်တို့ကိုလည်း ဆက်လက် ဆောက်လုပ် ပူဇော်လှူဒါန်းမည် ဖြစ်ပါသည်။

 

(၂) တောရကျောင်း၊ ဘုရားလေးကုန်း၊ ဘိုးဘွားများစေတီ။

ထီးတော် ပြိုကျပျက်စီးလျှက်ရှီသော တောရကျောင်း၊ ဘုရားလေးကုန်း၊ ဘိုးဘွားများ စေတီတော် ကိုလည်း ပြန်လည်ပြုပြင်ကာ  ထီးတော်တင်ပွဲကို ၁၃၇၇ ခုနှစ်၊ ပြာသိုလဆန်း (၁၅)ရက်၊ တနင်္ဂနွေနေ့။ (24.1.2016)တွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

ဆက်လက်၍ ထို တောရကျောင်း၊ ဘုရားလေးကုန်း၊ ဘိုးဘွားများစေတီ ဘေးတွင် ဇရပ်ကို ဆက်လက် ဆောက်လုပ် ပူဇော်လှူဒါန်းမည် ဖြစ်ပါသည်။

 

(၃) ပုဂံဘုရားများ ပြုပြင်ရန်အလှူ။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ပုဂံဘုရားများ ပြုပြင်ရန်အတွက် လောကနန္ဒာ စေတီတော်အတွက် (၅)သိန်းကျပ်၊ ထီးလိုမင်းလိုစေတီတော်အတွက် (၅)သိန်းကျပ် လှူဒါန်း ခဲ့ပါသည်။

 

(၄) ရွာသူ၊ ရွာသားများအတွက် ဆင်းတုတော်များ လှူဒါန်းခြင်း။

ဇီးပင်ကန်ရွာသူ၊ ရွာသားတို့သည် ဗုဒ္ဓဘာသာဝင်များဖြစကြ်၍ အိမ်တိုင်းတွင် ဘုရားစင် ရှိကြပါ၏။ ထိုဘုရားစင်တွင် ဘုရားပန်း၊ ရေ၊ ဆွမ်းကပ်ကြပါ၏။ သို့သော် အိမ်တိုင်း ဘုရားဆင်းတုတော် မရှိကြပေ။ ထို့ကြောင့်ပင် ဇီးပင်ကန်ရွာသူ၊ ရွာသားများ မိမိတို့အိမ်တွင် ကိုးကွယ် ပူဇော်ရန် (၉)လက္မအရွယ်ရှိသော (က)မဟာမြတ်မုနိပုံ ဆင်းတုတော်၊ (ခ)အောင်တော်မူဘုရားပုံ ဆင်းတုတော် (၃၄၆)ဆူတို့ကို လှူဒါန်းခဲ့ပါသည်။ ဇီးပင်ကန်ရွာသူ ရွာသားများအပြင် ရုံးတောရွာ၊ ကြက်တတ်တောရွာ၊ သပွတ်ပင်တဲရွာ၊ မြင်းခြံကုန်းရွာ၊ အင်းကြင်းသာတောရွာ၊ ခိုစင်ရွာ၊ တောင်ရိုးဇလုတ်ရွာများကိုလည်း လှူဒါန်းခဲ့ပါသည်။

 

(၁ဝ) ပညာရေး ဖွံ့ဖြိုး တိုးတတ်ရန်အလှူ။

 

ဇီးပင်ကန်ရွာတွင် ယခင်က မူလတန်းအဆင့် ကျောင်းသာ ရှိပါ၏။ ဆက်လက်၍ အလယ်တန်းအဆင့် ကျောင်း ဖြစ်ပေါ်လာစေရန် အများစုပေါင်း၍ လုပ်ဆောင်ခဲ့ရာ ယခုအခါတွင် တွဲဖက် အလယ်တန်းအဆင့် ကျောင်းကို စတင်ဖွင့်လှစ် သင်ကြားလျှက် ရှိပါသည်။ တွဲဖက် အလယ်တန်းကျောင်းဟူသည်မှာ အစိုးရက တရားဝင် အသိအမှတ်ပြုသောအဆင့်သို့ မရောက်သေးပါ။ အစိုးရ၏ အကူအညီကိုလည်း ရာနှုန်းပြည့် မရသေးပါ။ ထို့ကြောင့် ကျောင်းအဆောက်အဦး၊ ဆရာမ လစာ စသည်တို့ကိုလည်း ရွာသူရွာသားများက စုပေါင်း လှူဒါန်းကာ တွဲဖက် အလယ်တန်းကျောင်း ဖြစ်ပေါ်လာစေရန် ကြိုးစားလာကြရခြင်း ဖြစ်ပါသည်။ ထိုတွဲဖက် အလယ်တန်းကျောင်း ဖြစ်ပေါ်လာစေရန် လိုအပ်သော မျက်နှာကျက်အတွက်လည်းကောင်း၊ တံတိုင်း အတွက်လည်းကောင်း၊ စာသင်ခုံအတွက်လည်းကောင်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းခဲ့ပါသည်။

 

ထိုသို့အမျိုးမျိုးသော သာသနာပြု လုပ်ငန်းများတွင် စေတနာသဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်း နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်အပ်ပါသည်။

 

သဒ္ဓါကြည်လင်စွာ ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်အပေါင်း၊ ဒကာ ဒကာမအပေါင်း၊ ဓမ္မမိတ်ဆွေအပေါင်း၊ သူတော်ကောင်းတို့သည် ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ ပြောသမျှ ဆိုသမျှ၊ လုပ်သမျှ ကိုင်သမျှ၊ အစစအရာရာ အောင်မြင်ကြပါစေ။ ဆထက်တိုး၍ လှူနိုင် တန်းနိုင် သာသနာပြုနိုင်ကြ ပါစေ။ ဒါနပါရမီ၊ သီလပါရမီစသော ပါရမီတို့ကိုလည်း ရင့်သည်ထက်ရင့်အောင်၊ မြင့်သည်ထက်မြင့်အောင် ဖြည့်ကျင့်နိုင်ကြပါစေ။  

 

Views: 55

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး
ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2017   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service