ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အလှူခံက အရေးကြီးသလား... အလှူရှင်က အရေးကြီးသလား

* အလှူခံက အရေးကြီးသလား...အလှူရှင်က အရေးကြီးသလား.*

❀ မြတ်စွာဘုရားအလောင်းတော်ဝေဿန္တရာမင်း လက်ထက်တုန်းက ဇူဇကာပုဏ္ဏားကြီးကို သားတော်နဲ့ သမီးတော်တွေ လှူလိုက်တုန်းက ဇူဇကာပုဏ္ဏားဟာ ဘယ် သီလရှိတဲ့ပုဂ္ဂိုလ်ဟုတ်မှာ လဲ၊ မိန်းမကြောက်လို့ ကလေးတွေကို အဝေးကြီး ကနေ လာပြီးတော့ တောင်းတာ၊ သူ့မှာ သီလ လုံးဝ မရှိဘူး။

❀ အဲဒီ သီလမရှိတဲ့ ပုဏ္ဏားကို မြတ်စွာဘုရား အလောင်းက သားတော်နဲ့ သမီးတော်ကို ရက်ရက်ရောရော လှူလိုက်တယ်။

❀ အဲဒီ အလှူဒါနဟာ ဇူဇကာဆိုတဲ့ အလှူခံ ပုဂ္ဂိုလ်ကြောင့် အကျိုးကြီးတာ မဟုတ်ဘူး။ 
ဝေဿန္တရာမင်းဆိုတဲ့ ကိုယ်ကျင့်တရားကောင်းတဲ့ ဘုရားလောင်းဘက်က အကျိုးကျေးဇူးဟာ အများကြီးရတာ။ အများကြီးရရုံတင် မဟုတ်ဘူး၊ သူ့ရဲ့ စေတနာစွမ်းအားကြောင့် သားသမီးတွေကို လှူလိုက်တဲ့အခါ မြေငလျင်တောင် တုန်ဟီးသွား အောင် လှုပ်တယ်လို့ ပြောတယ်။

❀ လှူတဲ့ အခါမှာ အလှူခံပုဂ္ဂိုလ်က ပိုပြီးတော့ အရေးကြီးသလား၊ အလှူဒါယကာက ပိုပြီးတော့ အရေးကြီးသလားဆိုတာကိုတော့ နှစ်ဖက်စလုံး အရေးကြီးတယ်လို့တော့ ပြောရမယ်။ သို့သော် တကယ် ပြင်ရ ဆင်ရမှာက လှူတဲ့ ပုဂ္ဂိုလ်က ပိုပြီးတော့ ပြင်ရဆင်ရမယ်။ အလှူခံပုဂ္ဂိုလ် ဆိုတာ ကိုယ်က သိနိုင်တာ မဟုတ်ဘူး။ ကိုယ်ကျင့်သီလ ရှိသလား မရှိဘူးလား ဆိုတာကို မသိနိုင်ဘူး။

❀ မြတ်စွာဘုရားဟောထားတာ လောကမှာ `အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နောက်ချေးခံ´ ဆိုတာလို ကိုယ်ကျင့်တရားမရှိပေမယ့် ကိုယ်ကျင့် တရားရှိတဲ့ အသွင်သဏ္ဍာန်ပေါ်အောင်နေတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်၊ ဒါကြောင့်အလှူခံ ပုဂ္ဂိုလ် သီလရှိမရှိ အတိအကျ မသိနိုင်ဘူးပေါ့။

❀ ဒါယကာ တစ်ယောက်က မြတ်စွာဘုရားကို လာပြီးတော့ ဖူးစဉ် မြတ်စွာဘုရားက မေးတယ်၊ ဒါနကောင်းမှုတွေပြုသလားလို့ ဆိုတော့
`ပြုပါတယ်၊ တပည့်တော်ရဲ့ အလှူကိုကြွကြတဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးဟာ ရဟန္တာတွေ ချည်းပဲ ဘုရား၊ တပည့်တော်က ရဟန္တာတွေမှ ရွေးပြီး လှူတာ´ လို့ ပြောတယ်။ အဲဒီတော့ မြတ်စွာဘုရား က သတိပေးတယ်။

`ဒါယကာ၊ သင်လို လူတစ်ယောက်အနေနဲ့ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာလား၊ ဒီပုဂ္ဂိုလ်ဟာ ရဟန္တာ မဟုတ်ဘူးလားဆိုတာ မသိနိုင်ဘူးတဲ့ ။         အဲဒီတော့ လှူတဲအခါ သံဃာကိုသာ ရည်စူးပြီး တော့ လှူပါ´ လို့ မြတ်စွာဘုရားက ဆုံးမဖူးတယ်။ 


ရဟန္တာပုဂ္ဂိုလ်ဆိုပြီးတော့ ရွေးလှူတာမျိုး မလုပ် ပါနဲ့တဲ့။ သံဃာကိုသာ ရည်စူးပြီးတော လှူပါတဲ့။

ဒီစာလေးကို ဖတ်ပြီး သံဃာကိုလှူတဲ့အခါမှာ ပုဂ္ဂိုလ်ကို မရည်ညွှန်းဘဲ သံဃာတော်အများကို ရည်ညွှန်းပြီးလှူနိုင်ကြပါစေ.../

Credit -
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

ပြန်လည်မျှဝေပေးပါတယ်

Views: 83

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service