ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကျောင်းလှူရသောအကျိုး ကြီးမားပုံ

ကျောင်းလှူရသောအကျိုး ကြီးမားပုံ

 

သင်္ခစကြာဝတေးမင်းနှင့် မဟာပနာဒမင်းတို့သည် အတိတ်ဘဝရှေးအခါကကျုထရံသည် သားအဖ နှစ်ယောက် ဖြစ်ခဲ့ဖူးစဉ် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ရှစ်ပါးကို ကျူရိုးသဖန်းသားတို့ဖြင့် သစ်ရွက်မိုး ကျောင်း ဆောက်လုပ်လှူဒါန်းပြီး ဘုရားတပည့်တော်တို့ သားအဖနှစ်ယောက်သည် ဘဝဖန်ခါ သံသရာကြီးထဲတွင်ကျင်လည်ကျက်စား ပြေးလွှားကြသည်ရှိသော် မြင့်မြတ်သောပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဆန်းကျယ်သော ဘုံဗိမာန်ကြီးကို ရရှိ၍ အဆုံးဘဝ နောက်ကာလ၌ မဂ္ဂင်ဖောင်ကြီး ငြိမ့်ငြိမ့်စီးလျက် ဘေးအတန်တန် အေးငြိမ်းရာအမှန် နိဗ္ဗာန်အောင်ခန်း မြို့တော်နန်းသို့ ကူးမြောက် နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ရပါစေသား အရှင်မြတ်ဘုရားဟု ဆုတောင်း၍ ပစ္စည်းလေးပါးဖြင့် အသက်ထက်ဆုံး ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သားအဖနှစ်ယောက် သေလွန်သောအခါ နတ်ပြည်တွင် အတူဖြစ်ကြရသည်။ အဖသည် နတ်ပြည်တွင်ကျန်ခဲ့ပြီး သားသည် နတ်ပြည်မှ စုတေ၍ လူ့ပြည်တွင် သုရုစိမင်း သုမေဓာ၏သား မဟာပနာဒမင်း ဖြစ်လာခဲ့သည်။ အတိတ်ဘဝက ပစ္စည်းလေးပါးဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ် ရှစ်ပါးကို ကျောင်းဆောက်၌ လှူဒါန်းခဲ့သော ကုသိုလ်ကံကြောင့် သိကြားမင်းက မဟာပနာဒမင်း နေရန် အတွက် အမြင့်(၂၅)ယူဇနာ အကျယ်(၈)ယူဇနာ ဘုံစဉ်အထပ်(၁၀၀)ရှိသော ပြာသာဒ်ကို ဝိသကြုံ နတ်သားအား ဖန်ဆင်းပေးခိုင်းသည်။

မဟာပနာဒမင်း စုတိသောအခါ ပြာသာဒ်ကြီးသည် ပျက်စီးမသွားဘဲ နတ်ပြည်တွင်ကျန်ခဲ့သော အဖနတ်သားအတွက် ဂင်္ဂါ မြစ်ထဲတွင်မြုပ်နေပြီး အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူသောအခါမှ ဂင်္ဂါ မြစ်ထဲမှ ထွက်ပေါ်လာ၍ ကေတုမတီမြို့လယ်၌ သင်္ခစကြဝတေးမင်း စံမြန်းဖို့ရန်အတွက် ထွက်ပေါ်လာလိမ့်မည်။ ထိုအခါမှ အဖနတ်သားသည် နတ်ပြည်မှ စုတေ၍ ကေတုမတီပြည်၌ သင်္ခစကြဝတေးမင်းဖြစ်လျက် အတိတ်ဘဝက သားတော်စပ်ခဲ့ဘူးသော မဟာပနာဒမင်း စံမြန်း ခဲ့သော အထပ်တစ်ရာရှိသော ပြာသာဒ်ကြီး၌ စံမြန်းလျက်နေစဉ် လူ့ဘောင်လောကကို ငြီးငွေ့လာ သောအခါ ရဟန်းမဝတ်မှီမှာပင် ငါ၏ပြာသာဒ်ကြီးသည် အစိတ်စိတ် အမွှာမွှာဖြစ်ပါစေသတည်းဟု အဓိဋ္ဌာန်လျက် ထိုပြာသာဒ်တွင် ရဟန်းပုဏ္ဏား ဆင်းရဲသား အထီးကျန် သူတောင်းစားတို့အား အလှူပေး၍ ဝိသာခါမိဖုရားနှင့်အတူ အနီးအပါး ခစားကြကုန်သော ကုဋေကိုးသောင်းကျော်သော လူအပေါင်းတို့သည် တစ်ယောက်မကျန် သင်္ခစကြဝတေးမင်းနှင့်အတူ ဧဟိဘိက္ခူရဟန်းများ ဖြစ်ကြလိမ့်မည်။

စကြဝတေးမင်းနှင့် အတိတ်ဘဝက သားတော်စပ်ခဲ့ဖူးသော မဟာပနာဒမင်းသည် လူ့ပြည် နတ်ပြည် တို့၌သာဖြစ်လျက် ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူသောအခါ ဘဒ္ဒိယမြို့၌ ဘဒ္ဒိယသူဌေး ဖြစ်လျက် ပြာသာဒ်သုံးဆောင်ကို နွေ မိုး ဆောင်း ရာသီတို့၌တလှည့်စီခံစားနေစဉ် မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားရ၍ ရဟန္တာဖြစ်လေသည်။

ဘဒ္ဒိယ ရဟန်းဖြစ်သောနေ့မှာပင် ဘဒ္ဒိယ ရဟန်းဟူသော အမည်ဖြင့် ရဟန္တာဖြစ်လျှက် မြတ်စွာဘုရားရှင်နှင့်အတူ ရေကြောင်းခရီး ကြွတော်မူစဉ် မြတ်စွာဘုရားက ဘဒ္ဓိယသည် ပုထုဇဉ်လော ရဟန္တာလောဟု အခြားသော ရဟန်းတော်များ သံသယ လွတ်ကင်းစေခြင်းငှာ ချစ်သားဘဒ္ဒိယ သင် အတိတ်ဘဝ မဟာပနာဒမင်းဖြစ်ခဲ့စဉ် အခါတုန်းက စံမြန်းခဲ့သော ပြာသာဒ်ကြီး ဘယ်နားမှာလဲ ဟုမေးလိုက်သောအခါ ဘဒ္ဒိယရဟန္တာမထေရ်မြတ်သည် ဈာန် အဘိညာဉ် ဝင်စားပြီး ပြာသာဒ်ကြီး၏ အထွဋ်ကို ခြေမဖြင့် ညှပ်ယူ၍ မလိုက်သောအခါ ပြာသာဒ်ကြီး ရေပေါ်၌ ယူဇနာနှစ်ဆယ်အမြင့်သို့ရောက်လေသော် ငါး လိပ် ပုဇွန် နဂါး မိချောင်း စသော သတ္တဝါများ ပြုတ်ကျလာသောအခါ မြတ်စွာဘုရားက ချစ်သားဘဒ္ဒိယ အတိတ်ဘဝတုန်းက အတူနေခဲ့ တော်စပ်ခဲ့ဘူးသော မောင်းမမိဿံနှင့်တကွ ဆွေမျိုးတွေ ပြာသာဒ်ကြီးကို စွဲလမ်းပြီး တိရိစ္ဆာန်များဖြစ်နေကြသည်။ ယခုပြုတ်ကျ၍ မင်းဆွေမျိုးတွေ ပင်ပန်းကုန်ကြပြီ။ ပြန်လွှတ်ပေးလိုက် ပါတော့ဟု မိန့်ကြားတော်မူသဖြင့် ပြာသာဒ်ကြီးသည် နေမြဲတိုင်းနေရာဖြစ်သော မြစ်လယ် ကောင်၌ပင် နစ်မြုပ်သွားလေသည်။

ကျောင်းလှူခဲ့သော ဆင်းရဲသား သားအဖနှစ်ယောက်တွင် သားဖြစ်သူသည် ဂေါတမမြတ်စွာ ဘုရားထံတွင် ရဟန္တာဖြစ်၍ နိဗ္ဗာန်ကိုရသည် အဖေဖြစ်သူသည် အရိမေတ္တေယျမြတ်စွာဘုရား ပွင့်တော်မူသောအခါမှ သင်္ခစကြဝတေးမင်းဖြစ်လျက် ရဟန္တာဖြစ်၍ နိဗ္ဗာန်ကို ရလိမ့်မည် ဖြစ်ပါသတည်း။


အကျိုးကြီးမားလှသော ကျောင်းအလှူ လှူဖြစ်အောင်သာ လှူ................................။



ကျောင်းလှူရခြင်းအကျိုး(၇)ပါး
      .....................

နတ်နှင့်လူဝယ်၊ သန္ဓေတည်၍
စိတ်ဝယ်တောင့်တ၊ ဆောက်အုံရ၏။
မထကြက်သီး၊ ကိုယ်လည်းမလှုပ်
ကြောက်ရွံ့မထင်၊ ထိတ်လန့်စင်၏။
ခြင်္သေ့သစ်ကျား၊ သားရဲများနှင့်
ဖမ်းစားကလူ၊ နှိပ်စက်မူသား
တောသူ,ဖုတ်,ပြိတ်၊ အဆိပ်ထန်ပြင်း
မြွေနှင့်ကင်းက၊ အဆင်းဖောက်ပြန်
ကုမ္ဘဏ် ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း
ဘေးလွတ်ရှောင်း၏။
မကောင်းအိပ်မက်၊ မမြင်မက်ဘူး
ထင်လျှက်သတိ၊ မြဲခိုင်ဘိ၍
ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း
ရူးသွပ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း
ကျိုးဆက်ကောင်း၏။
နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်
ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု
ထိုထိုကျေးဇူး၊ လွင့်ပျံ့ကျူးသည်
ဆောက်ဦးလှူကျိုး၊ ခုနှစ်တည်း။


(မင်းကွန်းဆရာတော်ဘုရားကြီး)

 

Credit to Daw Yusandi

 

Views: 167

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

ukkmaung posted a discussion
14 hours ago
Candima is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
14 hours ago
ukkmaung posted a blog post
17 hours ago
ukkmaung posted a blog post
Monday

Birthdays

Birthdays Tomorrow

Members

© 2020   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service