ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

နှုတ်ထွက်ကြမ်းသော အမ္ဗပါလိ၏ ဘ၀ကံကြမ္မာ !

နှုတ်ထွက်ကြမ်းသော အမ္ဗပါလိ၏ ဘ၀ကံကြမ္မာ !
အမ္ဗပါလီသည် ဝေသာလီပြည်၌ အလှဂုဏ်တို့ဖြင့် ထင်ရှားကျော်ကြားသော ပြည့်တန်ဆာမတစ်ဦး ဖြစ်ခဲ့သည်။ သူမသည်သိခီဘုရားရှင်လက်ထက်၌ ရဟန်းမပြုခဲ့ပြီး မိခင်ဝမ်း၌ ပဋိသန္ဓေနေရသည်ကို စက်ဆုပ်သဖြင့် ဥပပတ်ပဋိသန္ဓေနေရန် ဆုတောင်းခဲ့သော ကုသိုလ်ကြောင့် ယခု ဂေါတမဘုရားရှင် လက်ထက်ဝယ် ဝေသာလီပြည် မင်းဥယျာဉ်အတွင်းရှိ သရက်ပင်ဂွကြား၌ ဥပပါတ်ပဋိသန္ဓေ (ခန္ဓာကိုယ်အထင်
အရှားဖြင့်) လူဖြစ်လာသူဖြစ်သည်။ 

သူမသည် ဖုဿဘုရားရှင်လက်ထက်က ဘုရားရှင်၏ နှမတော်ခဲ့သူဖြစ်ပြီး ရုပ်အဆင်းလှပစေရန် ဆုတောင်းခဲ့သောကြောင့် ယခုဘ၀တွင် တုနှိုင်းမမှီ အလှရှင်ဖြစ်ခဲ့ရသည်။ သရက်ပင်ဂွကြားတွင် လူဖြစ်ခဲ့ရသောကြောင့် အမ္ဗပါလီဟု အမည်တွင်ခဲ့သည်။ အမ္ဗပါလီ၏ အလှသည် အလွန်ကြည့်မ၀ ရှုမ၀ဖြစ်ခဲ့ရ၍ ဝေသာလီရှိ လိစ္ဆ၀ီမင်းသားတို့ သူရထိုက်သည် ငါရထိုက်သည် အငြင်းအခုံ ဖြစ်ကြလေသည်။
ထိုအခါ ဝေသာလီခေါင်းဆောင်တို့က ထိုငြင်းခုံခိုက်ရန် ငြိမ်းမှုအေးစေရန် အမ္ဗပါလီသည် မင်းသားအားလုံးတို့နှင့်ဆိုင်စေဟု အမိန့်ချကာ အများဆိုင် ပြည်တန်ဆာမ ပြုလုပ်စေသည်။ သူမနှင့် တစ်ခါသွားပျော်ပါးလိုပါက အသပြာငါးဆယ်ပေး၍ သွားလာရန်လည်း သတ်မှတ်ထားသည်။အမ္ဗပါလီသည် ရာဇဂြိုလ်ပြည် ဘုရင်ဗိမ္ဗိသာရမင်းသားနှင့် တိတ်တိတ်ပုန်းချစ်ကြိုက်ခဲ့၍ သားတော်တစ်ယောက်မွေးဖွားခဲ့သည်။ 

ထိုသားတော်လည်း နောင်အခါ ဘုရားသာသနာ၌ ၀ိမလကောဏ္ဍညမထေရ်ဟု ထင်ရှားခဲ့သည်။ အမ္ဗပါလီသည် ပြည်တန်ဆာအဖြစ် နေလာခဲ့ရာမှ အသက်အရွယ် အိုမင်းလာသော် ဘုရားရှင်နှင့်ဖူးတွေ့ရပြီး ဘုရားရှင်ကို ဆွမ်းကျွေးကာ တရားနာခဲ့သည်။ မိမိဥယျာဉ်၌လည်း ကျောင်းဆောက်၍ ဘုရားအမှူးရှိသော သံဃာကိုလှူဒါန်းသည်။
မိမိ၏ သားတော် အရှင်ကောဏ္ဍညမထေရ်ထံမှ တရားနာပြီး ရဟန်းမ ပြုခဲ့သည်။သူမသည် အိုမင်းလာသော မိမိခန္ဓာကိုယ်ကို ယှဉ်ကြည့်၍ ၀ိပဿနာတရားအားထုတ်ရာ မကြာခင် ဆဠာဘိညာပဋိသမ္ဘိဒါပတ္တရဟန္တာမ ဖြစ်ရလေသည်။ သူမသည် ရဟန္တာမဖြစ်ပြီးနောက် မိမိဘ၀ပြည့်တန်ဆာမ ဖြစ်ရသည့် အကုသိုလ်
အပြစ်ကို ပြန်လည်မိန့်ကြားခဲ့သည်။

သိခီဘုရားရှင် လက်ထက်ကဖြစ်သည်။ အမျိုးကောင်းသမီးတစ်ဦးသည် သာသနာ့ဘောင်ဝင်ရောက်ကာ ရဟန်းမ ပြုခဲ့သည်။ ထိုရဟန်းမသည် တစ်နေ့တွင် အဖော်ရဟန်းမများနှင့်အတူ စေတီကိုရှိခိုး၍ လက်ယာရစ်လှည့်လည် ပူဇော်စဉ် ရှေ့ဆုံးမှသွားနှင့်သော ရဟန္တာထေရီမတစ်ပါးသည် နှာချေသဖြင့် နှာရေပေါက်သည် စေတီရင်ပြင်ပေါ်၌ အမှတ်တမဲ့ ကျသွားလေသည်။

ထိုနှာရေပေါက်ကိုမြင်လျှင် ရဟန်းမသည် ဒေါသဖြစ်လျှက် ``ဘယ်ကပြည်တန်ဆာမ ဒီမှာတံတွေးထွေးခဲ့ပါသလဲ``ဟု ဆဲရေးတိုင်းထွာခဲ့သည်။

ဤနှုတ်ထွက်ကြမ်းသော စကားကြောင့် သူမသည်ငရဲ၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရပြီး ငရဲမှလွတ်ပြီးနောက်ဘ၀ပေါင်းတစ်သောင်းတိုင်တိုင် ပြည့်တန်ဆာမ ဖြစ်ခဲ့ရသည်။

ယခုနောက်ဆုံးဘ၀၀ယ် ထိုအကုသိုလ်ကံ ၀ဋ်ကျွေးက လိုက်လာပြီး ပြည့်တန်ဆာမဖြစ်ခဲ့ရပြန်သည်။ ဆဠဘိညာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာမလောင်းကြီးပင်လျှင် တစ်ချက်မှားသော ၀စီနှုတ်ထွက်စကားကြောင့် ဤမျှဆိုးဝါးသော ပြည့်တန်ဆာမဘ၀သို့ ရောက်ခဲ့ရသည်။

နှုတ်ထွက်ဝစီကြမ်း ဘေးဘျမ်းများသည်ကို သတ်ပြုကြပါလော့။

Credit: တက္ကသိုလ်သျှင်သီရိ ( ဓမ္မာစရိယ၊ ဘီအေ )

Views: 27

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2018   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service