ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဂဲကြီးတောင်တွင် လှိုဏ်ဂူနှင့် ဘုရားဆင်းတုတော် ထွင်းထု ပူဇော်ရန်


ဂဲကြီးတောင်တွင် လှိုဏ်ဂူနှင့် ဘုရားဆင်းတုတော် ထွင်းထု ပူဇော်ရန်


ဂဲကြီးတောင်တွင် ဗုဒ္ဓဘာသာ နိမိတ်ပုံရိပ်တို့ ရေရှည်တည်တံ့စေရန် လှိုဏ်ဂူနှင့် ဘုရားဆင်းတုတော် ထွင်းထု ပူဇော်ပါမည်။

မန္တလေးတိုင်း၊ တောင်သမြို့နယ်၊ ဇီးပင်ကန်ရွာ၊ တောင်မအိုတောင်၏ အရှေ့ဘက် တောင်အောက်ခြေတွင် “ဂဲကြီးတောင်” (ခဲကြီးတောင်) ခေါ်သော ကျောက်ခဲတုံးကြီးသည် တစ်ခုတည်းဖြင့် သာမန် တောင်လောက်နီးပါးမျှ ကြီးမားစွာ တည်ရှိလေသည်။ ထို့ကြောင့်ပင် ပတ်ဝန်းကျင်ရှိ ရွာသူ ရွာသားများက “ဂဲကြီးတောင်”ဟု ခေါ်တွင်ကြလေသည်။ ထိုဂဲကြီးတောင်သည် တောင်မြောက် အလျားအရှည် ပေ(၃ဝဝ)၊ အရှေ့ အနောက် အနံ(၄၄)ပေ၊ အမြင့်ဆုံးနေရာမှာ(၂၇)ပေအထိ မြင့်ပါသည်။

ထိုဂဲကြီးတောင်သည် ဘိုးဘွားအဆက်ဆက် ပြောလာကြသော ထူးခြားသော ပါးစပ်ရာဇဝင် မှတ်တမ်းများ ရှိလေသည်။ ရှေးလူကြီးများအဆိုအရ ဤဂဲကြီးတောင်တွင် ဥစ္စာစောင့်များ နေကြသည်။ လပြည့်နေ့၊ လကွယ်နေ့တိုင်း မောင်းသံ၊ ကြေးစည်သံများကြားရသည်။ ရွာရှိလူများ သားရှင်ပြုမင်္ဂလာ ပြုလုပ်သောအခါ နန်းဝတ်နန်းစားများ၊ ရှင်လောင်းဝတ် အဝတ်အထည်များ စသည်တို့ ငှါးရမ်း၍ အသုံးပြုခဲ့ကြဖူးသည်။ အချို့လူတို့က ငှါးရမ်းသော ပစ္စည်းများကို ပြန်လည် မပေးကြ၊ ကတိမတည်ကြသောကြောင့် နောင်အခါတွင်မူ ငှါးရမ်း၍ မရတော့ကြောင်း သိရသည်။ ထို့ပြင် သိုက်ဆရာ တစ်ချို့ ရောက်လာပြီး ထိုဂဲကြီးတောင်ကို သိုက်တူးရန် ကြိုးစားကြစဉ် ရှုံးနိမ်းခဲ့ကြ၍ ထွက်ပြေးကြရာတွင် သာမန်မြေပြင်ကို ရေပြင်အမှတ်ဖြင့် လက်ပစ် ကူးနေကြ သည်ကို လူအများ တွေ့မြင်ခဲ့ကြသည်ဟု ဆိုပါသည်။

ဤသို့ဤပုံ အတိတ်တဘောင် နိမိတ်ဆောင်ခဲ့သော ဤနေရာတွင် ဣစ္ဆာသယ ကျောင်းတိုက် ဆရာတော်ကြီး၏ သြဝါဒကို ခံယူလျက် ထိုင်ဝမ် ရတနာဝါသကျောင်းဆရာတော်မှ ဦးဆောင်ကာ ထိုင်ဝမ် ဒကာ ဒကာမများ၏ လှူဒါန်းငွေ၊ ဇီးပကန်ရွာသူ ရွာသားတို့၏ လုပ်အားဒါနတို့ဖြင့် ဂဲကြီးတောင် (ခဲကြီးတောင်) ပေါ်တွင် (၉)ပေအမြင့် စေတီတော်ငယ် တစ်ဆူကို တည်ထား ပူဇော်ပါမည်။ ဤဂဲကြီးတောင်တွင် ဗုဒ္ဓဘာသာ နိမိတ် ပုံရိပ်တို့ ကာလရှည်ကြာ တည်တံ့နေစေရန် ရည်သန်ချက်ကြောင့်လည်းကောင်း၊ ဂဲကြီးတောင်တွင် နေကြသော ပုဂ္ဂိုလ်များ (သိုက်နန်းရှင်များ) က ညိုးညိုးငယ်ငယ်ဖြင့် ဘုရားတည်ရန် တောင်းပန်လာသော အိပ်မက်ကြောင့်လည်းကောင်း၊ ဤဂဲကြီးတောင်နံရံ ကျောက်သားကို လှိုဏ်ဂူပြုလုပ်ပြီး၊ ထိုလှိုဏ်ဂူထဲတွင် ဥာဏ်တော် (၉)ပေ အမြင့်ရှိသော ဘုရားဆင်းတုတော် တစ်ဆူကို တောင်နံရံ ကျောက်သားကို ထွင်းထုကာ ပူဇော်လှူဒါန်းမည် ဖြစ်ပါသည်။

သို့ပါ၍ တောင်မအိုတောင်ပေါ်တွင် ရှေးဟောင်း ဆုတောင်ပြည့်စေတီ၊ တံခွန်တိုင်၊ ဇရပ်၊ ဗောဓိပင်နှင့် ပလ္လင်ခုံ၊ နဂါးရုံဘုရားတို့ တည်ဆောက် ပူဇော်ပြီးသောအခါ တောင်မအိုတောင်နှင့် ကပ်လျှက်တည်ရှိနေသော ထိုဂဲကြီးတောင်ပေါ်တွင် စေတီငယ် တစ်ဆူ တည်ထား ပူဇော်ခြင်း၊ ထိုဂဲကြီးတောင်နံရံကို ဘုရား ဆင်းတုတော် ထွင်းထု ပူဇော်ခြင်း၊ လှိုဏ်ဂူ ပြုလုပ်ခြင်း လုပ်ငန်းတို့ကို ဆက်လက် ပြုလုပ် လှူဒါန်း ပူဇော်မည် ဖြစ်ပါသောကြောင့် စေတနာသဒ္ဓါ တတ်အားသ၍ နည်း-များမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော် တိုက်တွန်းအပ်ပါသည်။

သဒ္ဓါကြည်လင်စွာ ပါဝင်လှူဒါန်းခဲ့ကြသော အလှူရှင်အပေါင်း၊ ဒကာ ဒကာမအပေါင်း၊ ဓမ္မမိတ်ဆွေ အပေါင်း၊ သူတော်ကောင်းတို့သည် ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ ပြောသမျှ ဆိုသမျှ၊ လုပ်သမျှ ကိုင်သမျှ၊ အစစအရာရာ အောင်မြင်ကြပါစေ။ ဆထက်တိုး၍ လှူနိုင် တန်းနိုင် သာသနာပြုနိုင်ကြ ပါစေ။ ဒါနပါရမီ၊ သီလပါရမီစသော ပါရမီတို့ကိုလည်း ရင့်သည်ထက် ရင့်အောင်၊ မြင့်သည်ထက်မြင့်အောင် ဖြည့်ကျင့်နိုင်ကြပါစေ။

မူရင်း။ဘဒ္ဒန္တဥက္ကံသ
သာသနတက္ကသီလမဟာဓမ္မာစရိယ
M.A(Buddhism)

p.s,ဂဲကြီးတောင်စေတီစီမံကိန်းကုန်ကျစရိတ်မှာစုစုပေါင်းကျပ်သိန်း(၂၀၀)နီးပါး
ဖြစ်ပါ၍ စေတနာသဒ္ဓါ တတ်အားသ၍ နည်း-များမဆို ပါဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော် တိုက်တွန်းအပ်ပါသည်။

ဆက်သွယ်လှူဒါန်းရန်။
၁။ ဆရာတော်ဦးဥက္ကံသ(中壢)
03-4162397
0911024009
၂။ဆရာတော်ဦးခန္တီစာရ
(မြန်မာပြည်-ဇီးပင်ကန်)
440831334
၃။ဆရာတော်ဦးစက္ကိန္ဒ
0965252598
၎။ဆရာတော်ဦးသောဘိတ
+959454230804
၅။Shelly (新莊)
0975253725

Views: 40

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

သူတစ်ပါးအတွက် ချွတ်ယွင်းချက်
ကိုယ့်အတွက် သင်ခန်းစာ။

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Aye Thida Moe is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
21 hours ago
ukkmaung posted photos
yesterday
ukkmaung posted photos
Oct 7

Birthdays

There are no birthdays today

Members

© 2018   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service