ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

(10)ပါး သီလ 十戒 Ten Precepts dasa-sila

၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူတစ်ပါး၏အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
1. Panatipata veramani sikkhapadam samadiyami
I undertake the precept to refrain from destroying living creatures.
我接受訓誡,離破壞生命。


၂။ အဒိန္န္န္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
2. Adinnadana veramani sikkhapadam samadiyami
I undertake the precept to refrain from taking that which is not given.
我接受訓誡,離不予而取。


၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏။
3. Abrahmacariya veramani sikkhapadam samadiyami
I undertake the precept to refrain from sexual activity.
我接受訓誡,離性事。


၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
မဟုတ်မမှန် လိမ်လည် ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
4. Musavada veramani sikkhapadam samadiyami
I undertake the precept to refrain from incorrect speech.
我接受訓誡,離不正言語


၅။ သုရာမေရယ မဇ္ဖပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
သေရည်အရက် သောက်ခြင်း၊ မူးယစ်ဆေး သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
5. Suramerayamajja pamadatthana veramani sikkhapadam samadiyami
I undertake the precept to refrain from intoxicating drinks and drugs which lead to carelessness.
我接受訓誡,離導致失慎的醉性飲料與藥品。


၆။ ၀ိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
နေလွဲ ညစာ စားသောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
6. Vikalabhojana veramani sikkhapadam samadiyami
I undertake the precept to refrain from eating at the forbidden time (i.e., after noon).
我接受訓誡,離非時食 [不在禁食期間進食,過午不食]


၇။ နစ္စ ဂီတ ၀ါဒိတ ၀ိသုက ဒဿနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
7. Nacca-gita-vadita-visuka-dassana veramani sikkhapadam samadiyami
I undertake the precept to refrain from dancing,singing, music, going to see entertainments.
我接受訓誡,離歌舞、音樂、演藝。

၈။ မာလာဂန္ဓ ၀ိလေပန ဓါရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
ပန်းပန်ခြင်း၊ နံ့သာလိမ်းခြင်း၊ အမွှေးနံ့သာတို့ဖြင့် တင့်တယ်ပြေပြစ်အောင် လိမ်းကျံ ချယ်သခြင်းတို့မှ ရှောင်ကြဉ်ပါ၏။
8. Mala-gandha-vilepana-dharana-mandana-vibhusanatthana veramani sikkhapadam samadiyami
I undertake the precept to refrain from wearing garlands, using perfumes, and beautifying the body with cos....
我接受训诫,離花環、香水與美容品。


၉။ ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
မြင့်သောနေရာ၊ မြတ်သောနေရာတို့ကို နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
9. Uccasayana-mahasayana veramani sikkhapadam samadiyami
I undertake the precept to refrain from lying on a high or luxurious sleeping place.
我接受訓誡,離高床與奢侈睡具。


၁၀။ ဇာတရူပ ရဇတ ပဋိဂ္ဂဟနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ
ရွှေ ငွေ ဒင်္ဂါး ပိုက်ဆံတို့ကို ကိုင်ဆောင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
10. Jatarupa-rajata-patiggahana veramani sikkhapadam samadiyami
I undertake the precept to refrain from accepting gold and silver (money).
我接受訓誡,離金銀[不接受錢幣]






Views: 208

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Pyaephyoaung is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 4
oplihon posted blog posts
Aug 20
oplihon is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
A Maris updated their profile
Aug 18

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service