ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

(၃၈) ဖြာ မင်္ဂလာ (38) Mingalar in Daily Life (三八)吉祥

(၃၈) ဖြာ မင်္ဂလာ

(38) Mingalar in Daily Life

(三八)吉祥

၁။  အသေဝနာစ ဗာလာနံ။

လူမိုက်တို့ကို မဆည်းကပ်ခြင်း။

Not to Associate with Fools. 

不親近愚者,此事最吉祥.

၂။   ပဏ္ဍိတာနဉ္စ သေဝနာ။

ပညာရှိတို့ကို ဆည်းကပ်ခြင်း။

To Associate with the Wise. 

      宜親近智者,此事最吉祥.
၃။   ပူဇာစ ပူဇနေယျာနံ။

ပူဇော်ထိုက်သူတို့အား ပူဇော်ခြင်း။

To Honour Those Worthy of Honour. 

尊敬可敬者,此事最吉祥.

၎။   ပတိရူပဒေသ ၀ါသောစ

သင့်တင့်သောအရပ်၌ နေထိုင်ခြင်း။

Living in a Suitable Locality.
居所宜安適,此事最吉祥.

၅။   ပုဗ္ဗေစ ကတပုညတာ

ပြုခဲ့သောကောင်းမှု ရှိသူဖြစ်ခြင်း။

Good Deeds Done in the Past.
往昔曾修福,此事最吉祥.

၆။   အတ္တသမာပဏီဓိ

မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်း။

Setting Oneself in the Right Course .

引導心向正道,此事最吉祥.

၇။   ဗာဟုဿစ္စ။

အကြားအမြင်များသောသူ ဖြစ်ခြင်း။

Great Learning.

博愛,此事最吉祥.
၈။   သိပ္ပဉ္စ 

လက်မှု၊ နှုတ်မှုပညာ အစရှိသော အတတ်တို့ကို တတ်ခြင်း။ 

Practical Skill.

善於工巧,此事最吉祥.
၉။   ဝိနယောစ သုသိက္ခိတော။

ကောင်းစွာသင်အပ်သော ၀ိနည်းတရား ရှိခြင်း။

A Highly Trained Discipline.
善學於律儀,此事最吉祥.

၁ဝ။ သုဘာသိတ၀ါစာ

ကောင်းစွာ ပြောဆိုခြင်း။

Well-spoken Speech .

言語甚和婉,此事最吉祥.

၁၁။ မာတာပိတု ဥပဋ္ဌာနံ။

အမိအဘတို့ကို ကောင်းစွာ လုပ်ကျွေးခြင်း။

Looking After One’s Mother and Father.
侍奉親尊母,此事最吉祥.

၁၂။ ပုတ္တဒါရဿသင်္ဂဟ။

      သားမယားတို့အား ထောက်ပံ့ခြင်း။

Caring for One’s Wife and Children
護養妻與子,此事最吉祥

၁၃။ အနာကုလ ကမ္မန္တာ

အနှောင့်အယှက်မရှိသော အမှုတို့ကိုသာ ပြုခြင်း။

Unconfused Actions.
(十三)辦事不紊亂,此事最吉祥.

၁၄။ ဒါနဉ္စ

အလှူပေးခြင်း။

Generosity.
(十四)布施,此事最吉祥.

၁၅။ ဓမ္မစရိယ။

 မြတ်သော အကျင့်တို့ကို ကျင့်ခြင်း။

A Righteous Life.
(十五)行正道,此事最吉祥.

၁၆။ ဥာတကာနဉ္စ သင်္ဂဟ။

 ဆွေမျိုးတို့အား ထောက်ပံ့ခြင်း။

Caring for One’s Relatives.
(十六)扶助於親族,此事最吉祥.

၁၇။ အန၀ဇ္ဇာနိကမ္မာနိ

အပြစ်မရှိသော အမှုတို့ကို ပြုခြင်း။

Blameless Actions.
(十七)不做障礙業,此事最吉祥.

၁၈။ ပါပ အာရတီ

မကောင်းမှုမှ ဝေးစွာ ရှောင်ကြဉ်ခြင်း။

To Abhor All Evil.
(十八)禁絕造諸惡,此事最吉祥.

၁၉။ ပါပ ၀ိရတီ

မကောင်းမှုမှ အထူး ရှောင်ကြဉ်ခြင်း။

To Avoid All Evil.
(十九)禁絕造諸惡,此事最吉祥

၂ဝ။ မဇ္ဇပါန သံယမော

 သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်ခြင်း

Abstention from Intoxicants

(二十)不飲服酒類,此事最吉祥
၂၁။ အပ္ပမာဒေါစ ဓမ္မေသု

 ကောင်းမှုကုသိုလ်တို့၌ မမေ့လျော့ခြင်း 

Diligence in Righteousness
(二一)專志於正法,此事最吉祥

၂၂။ ဂါရဝ။

      ရိုသေထိုက်သူတို့အား ရိုသေခြင်း။

Reverence.
(二二)恭敬,此事最吉祥.

၂၃။ နိဝါတ။

မိမိကိုယ်ကို နှိမ့်ချခြင်း။

Humility.
(二三)謙遜,此事最吉祥.

၂၄။ သန္တုဌီ

 ရောင့်ရဲလွယ်ခြင်း။ 

Contentment.
(二四)知足,此事最吉祥.

၂၅။ ကတညုတ

      သူပြုဖူးသော ကျေးဇူးကို သိခြင်း။

Gratitude.
(二五)感恩,此事最吉祥.

၂၆။ ကာလေန ဓမ္မဿဝန

သင့်တင့်လျောက်ပတ်သော အခါ၌ သူတော်ကောင်းတရားကို နာယူခြင်း။

Hearing the Dhamma at the Right Time.

(二六)按時聽聞法,此事最吉祥.
၂၇။ ခန္တီ  

သည်းခံခြင်း။ 

Patience.
(二七)忍辱,此事最吉祥.

၂၈။ သောဝစဿတာ။ 

သူတော်ကောင်းတို့ ဆုံးမအပ်သော စကားကို နာလွယ်ခြင်း။ 

Compliance.
(二八)受教,此事最吉祥.

၂၉။ သမဏာနဉ္စ ဒဿန    

ရဟန်းပုဏ္ဏားတို့အား ဖူးမြင်ခြင်း  

Seeing the Monks
(二九)見行者沙門,此事最吉祥

၃ဝ။ ကာလေန ဓမ္မသာကစ္ဆာ 

သင့်တင့် လျောက်ပတ်သော အခါ၌ တရားတော်ကို ဆွေးနွေးမေးမြန်းခြင်း 
Opportune Discussion of the Dhamma
(三十)依時討論法,此事最吉祥

၃၁။ တပေါ 

ခြိုးခြံစွာကျင့်ခြင်း 

Self-restraint

(三一)精進,此事最吉祥

၃၂။ ဗြဟ္မစရိယ 

 မြတ်သော အကျင့်တို့ကို ကျင့်ခြင်း 

 A Holy Life
(三二)行梵行道,此事最吉祥

၃၃။ အရိယသစ္စာနဒဿန    

အရိယသစ္စာတို့ကို သိမြင်ခြင်း 

Seeing the Four Noble Truths
(三三)澈見四聖諦,此事最吉祥

၃၄။ နိဗ္ဗာန သစ္ဆိကိရိယာ 

 နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း 

Realising Nibbāna
(三四)親證悟涅槃,此事最吉祥

၃၅။ နကမ္ပတိ 

လောကဓံတရားတို့နှင့် တွေ့သော် တုန်လှုပ်သောစိတ် မရှိခြင်း 
When Affected by Worldly Conditions, if One’s Mind Remains Unshaken
(三五)雖接觸世法,此事最吉祥

၃၆။ အသောက 

 လောကဓံတရားတို့နှင့် တွေ့သော် စိုးရိမ်သောစိတ် မရှိခြင်း 

 Sorrowless
(三六)解脫苦,此事最吉祥

၃၇။ ဝိရဇံ 

 လောကဓံတရားတို့နှင့် တွေ့သော် စိတ်၌ ရမ္မက်မရှိခြင်း 

Stainless
(三七)不沈溺於性慾和情慾,此事最吉祥

၃၈။ ခေမံ  

 လောကဓံတရားတို့နှင့် တွေ့သော် စိတ်၌ ဘေးမရှိခြင်း 

Secure
(三八)保持平靜心,此事最吉祥

Views: 158

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service