ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဖိနပ်တရံကြောင့် သေရွာမှပြန်လာရသူ

ဖိနပ်တရံကြောင့် သေရွာမှပြန်လာရသူ

ကျနော့်နားမှာ ဆရာဝန်တွေ ပျာယာခတ်နေကြတယ် … ကျနော့်ခန္ဓာကိုယ်ကို စက်ကရိယာ အမျိုးမျိုးနဲ့ ဖိကြ နှိပ်ကြပေမယ့် လုံးဝ နာကျဉ်ခြင်းမရှိ ပကတိ လွတ်လပ်ပေါ့ပါးခြင်း အရသာလိုအေးချမ်းလိုက်တာ …ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ ကျနော့်ရုပ်ခန္ဓာကို တစ်ချက်စိုက်ကြည့်လိုက်ပီး အခန်းအပြင်ကို ထွက်လိုက်တော့ ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ကျနော့်ဇနီးနဲ့ ကျနော့်သားလေး …စိုးရိမ်ပူပန်မှုတွေ သောကတွေနဲ့ မျက်ရည်တွေစီးကျနေတဲ့ ဇနီးသည်နဲ့ သားလေးဆီကို သွားမလို့ ခြေလှမ်းလိုက်ချိန်မှာ အလွန်ကြီးမားတဲ့အင်အားတစ်ခုက ဆွဲယူလိုက်သလို ကျနော့်ခန္ဓာကိုယ်ဟာ ပြူတင်းပေါက်ကတဆင့် လမ်းမကြီး တစ်ခုပေါ်ကို ရောက်သွားပါတယ် …

ဖြောင့်တန်းနေတဲ့ လမ်းမကြီးပေါ်မှာ ကျနော့်ရှေ့က သွားနေကြတဲ့လူတစ်အုပ် ကလေးလူကြီး အရွယ်စုံ လူမျိုးစုံ သတို့အားလုံးဟာတစ်နေရာကို ရှေ့ရှုပီး ခပ်သုတ်သုတ်သွားနေကြတဲ့တွက် နောက်ကနေ အမီလိုက်ပီး သူတို့နဲ့အတူ ကျနော်ပါ လိုက်သွားခဲ့ပါတယ် …တအောင့်အကြာမှာ ပြေးကြဟေ့ ပြေးကြဆိုတဲ့ကြောက်လန့်တကြားအော်ဟစ်လိုက်တဲ့ အသံ
နဲ့ အတူ ဝရုန်းသုန်းကား ပြေးကြလွှားကြတာနဲ့ကျနော်ပါ ရောပီးပြေးမိပါတယ် ဘာဖြစ်လို့ပါလိမ့်လို့ နောက်ကို ရုတ်တရက်လှည့်ကြည့်လိုက်တဲ့ခါ …ဘုရားရှေ့က ခြင်္သေ့ကြီးတွေနီးပါးရှိတဲ့ ခွေးနက်ကြီးတွေဟာ နောက်ကလိုက်လာရင်း မှီရာလူကိုအစွယ်ဖွေးဖွေးကြီးတွေနဲ့ ကိုက်ခဲဝါးမြိုနေကြပီးကိုက်ခဲခံရတဲ့သူတွေဟာ သွေးသံရဲရဲ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့ မြင်ကွင်းကို သွေးပျက်ဖွယ်ရာ မြင်တွေ့လိုက်ရပါတယ် …

အောင်မလေး … ဘုရား ဘုရား …ကျနော်လည်း ရှေ့ကပြေးနေတဲ့လူတွေလို အသက်လုပြေးရင်း လဲကျကျန်ခဲ့သူတွေရဲ့ ငယ်သံပါအောင် အော်ဟစ်သံတွေ ကြားနေရပေမယ့် လှည့်မကြည့်အားပဲ ဆက်ပြေးနေရာကရှေ့ကလူတွေဟာ ခွေးကြီးတွေလက်က လွတ်အောင် အငွေ့တချောင်းချောင်းထပီး ဆူပွက်နေတဲ့ ရေကန်ကြီးတစ်ကန်ထဲကို တဝုန်းဝုန်းခုန်ချ နေကြပါတယ် …

ကျနော်လည်း သူတို့နဲ့အတူ ရေကန်ကြီးထဲကိုဝုန်းကနဲ ခုန်ချလိုက်တဲ့ခါ ရေနဲ့မထိခင် ကျနော့်ကိုယ်ကို ပိန်းကောမလောက်ကြီးတဲ့ ဖိနပ်ကြီးတစ်ဖက် ရုတ်တရက်ပေါ်လာပီး ထိုးခံလိုက်တာကြောင့် ဖိနပ်ကြီးပေါ်ကို အားယားမှောက်ကျသွားပါတယ် …ရေထဲခုန်ချသွားသူတွေဟာ ကယ်ပါယူပါ တစာစာအော်ဟစ်ရင်း ကမ်းပေါ်ကို အလုအယက်ပြန်တက်ပြေးတဲ့ခါမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ဧရာမလူကြီးတွေဟာ လှံစွပ်တွေနဲ့တစွပ်စွပ် ပြန်ထိုးချနေတဲ့တွက် တစ်ချို့ လည်းနောက်ပြန်ပြုတ်ကျရင်း ရေထဲကို စုန်းစုန်းမြုတ်ကုန်ကြပါတယ် ကြောက်လန့်တကြားကူးနေတဲ့ လူတွေဟာလည်း အသားတွေအလွှားလိုက်
ကွာကျ မျက်လုံးတွေ တဖောင်းဖောင်း ပေါက်ထွက်ကုန်ရင်း နစ်မြုတ်ကုန်ကြပါတယ် …

ကျနော်ဟာ ကြောက်လွန်းလို့ အသားတွေ တဆတ်ဆတ်တုံနေသလို ပွက်ပွက်ဆူနေတဲ့ ရေထဲ ပြုတ်မကျအောင် ဖိနပ်သဲကြိုးကြီးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့ချိန်မှာ ဖိနပ်ကြီးဟာ ရေထဲကို တအိအိနဲ့ နစ်လာပါတယ် …

ကျနော် သေရတော့မှာလားဆိုတဲ့ အသိတစ်ချက်ဝင်လာတဲ့ချိန်မှာ ဘုရားကို ရုတ်တရက်သတိရလာပီး ဘုရား ဘုရား ကယ်တော်မူပါတပည့်တော် လူမှန်းသိကတည်းက အရက်သေစာ လုံးဝ မသောက်ခဲ့ပါဘုရား တပည့်တော်ကို ကယ်တော်မူပါဘုရားလို့ ကြောက်လွန်းလို့ အသံတွေတုံပီး နှုတ်ကနေ တတွတ်တွတ် ရွတ်ဆိုနေမိပါတယ် …

ဖိနပ်ကြီး တအိအိနစ်မြုတ်ပီး ကျနော့်ကိုယ်နဲ့ရေနဲ့မထိခင်လေးမှာ တစ်စုံတစ်ယောက်ကကျနော့်ကို ရုတ်တရက်ဆွဲယူလိုက်ပြီး ပြန်သွားလို့ တွန်းလွှတ်လိုက်တာကြောင့် ကုတင်ပေါ်မှာရှိတဲ့ ကျနော့်ကိုယ်ပေါ်ကို မှောက်လျက်သား ကျသွားခဲ့ပါတော့တယ် …

ကျနော်သံချောင်း ကံကောင်းလို့ မသေခဲ့ပါသေရွာပြန် ကျနော့်အဖြစ်ကို တစ်ရွာလုံးသာမက ကျနော်ကိုယ်တိုင်လည်း အံ့သြနေမိပါတယ် … ပိန်းကောမဖိနပ်ကြီး ကျနော့်ကိုကယ်တင်လိုက်တဲ့ ပိန်းကောမဖိနပ်ကြီး ဒီဖိနပ်ကြီး ကျနော့်ကို ဘာဖြစ်လို့ကယ်လိုက်ပါလိမ့် …အခါခါ ပြန်စဉ်းစားရင်း အဖြစ်အပျက်တစ်ခုကို ကျနော့်မျက်စေ့ထဲ ပြန်လည်မြင်ယောင်
လာပါတော့တယ် …

အဲသည်နေ့က ရန်ကုန်တစ်ဖက်ကမ်းကနေအပြန် သဘောင်္ဆိပ်မှာ ကျနော့်ရှေ့က သွားနေတဲ့ ရဟန်းအိုကြီးတစ်ပါး သူစီးထားတဲ့ဖိနပ် ရုတ်တရက် ပြတ်သွားတာမြင်ပီး အမြင်မတော်တာနဲ့ သွပ်နန်းကြိုးလေးရှာပီး ဆက်ပေး လိုက်ပါတယ် …

ထော့နဲ့ထော့နဲ့ သွားနေတာကို စိတ်မကောင်းဖြစ်မိလို့ ရပ်တော်မူပါဦးဘုရားလို့ လျောက်ထားပီး ရဟန်းအိုကြီးအတွက် ကတ္တီပါ ဖိနပ်တစ်ရံ အပြေးအလွှားဝယ်ပီး လှုဒါန်းလိုက်ပါတယ် ကျနော့်မှာ လမ်းစရိတ်သာ ကျန်တော့ပေမယ့် ကျနော်လှုလိုက်တဲ့ဖိနပ်ကို စီးပြီးတင့်တယ်စွာ ကြွလှမ်းသွားတဲ့ ရဟန်းကြီးကိုကြည့်ပီး ကျနော်ပီတိဖြစ်လိုက်တာလေ …

ကျနော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သိပ်ကြောက်လွန်းလို့ ခုဆို ငါးပါးသီလကို လုံခြုံအောင်ထိန်းနိုင်ခဲ့ပါပြီ ကျနော့်သားလေး အရွယ်ရောက်လာတဲ့ချိန်မှာ ရဟန်းဘောင် အပြီးတိုင် တက်ဖို့ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ …မထင်မှတ်ပဲ ပြုခဲ့ရတဲ့ ကျနော့်ရဲ့ ကောင်းမှုကုသိုလ်ကို အမျှ အမျှ အမျှ ပေးဝေပါတယ်ကျနော်နဲ့ ထပ်တူထပ်မျှ ကုသိုလ် ရကြပါစေသာဓု ခေါ်ဆိုပေးကြပါ ခင်ဗျာ …

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw

Views: 113

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Pyaephyoaung is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 4
oplihon posted blog posts
Aug 20
oplihon is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
A Maris updated their profile
Aug 18

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service