ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

လူလတ်ပိုင်းဘဝ သင်းခန်းစာ

လူလတ်ပိုင်းဘဝ သင်းခန်းစာ

လူလတ်ပိုင်းရောက်မှ သိလာတယ်၊

သူငယ်ချင်း ပေါင်းတယ်ဆိုတာကလည်း ရေထဲက ငါးနဲ့ တူပါတယ်။ ရေနက်ငါးနဲ့ ရေတိမ်ငါး ဘယ်တော့မှ မပေါင်းဖြစ်ကြဘူး၊

ထိုနည်းတူပါပဲ..... ဆင်းရဲသူနဲ့ ချမ်းသာသူ၊ အရာရှိနဲ့ အရပ်သား၊ ဂုဏ်သရေ ရှိပုဂ္ဂိုလ်များနဲ့ အောက်ခြေလူတန်းစား၊ ဘယ်တော့မှ သူငယ်ချင်း ကောင်း၊ မိတ်ဆွေစစ်စစ် မဖြစ်နိုင်ပါဘူး၊ မတူလို့ မတန်လို့၊ အဆင့်အတန်း ကွာခြားလို့ မဆိုလိုပါ။ ခံစားချက်ချင်းလည်း မတူညီသလို၊ ရင်ခုန်သံခြင်းလည်း မတူပါ။ မြင်ပုံချင်းလည်း မတူညီသလို၊ သုံးသပ်ပုံချင်းလည်း မကိုက်ညီကြပါ။

ဒါဆိုရင် မေးစရာ ရှိလာတယ်။ ချမ်းသာတဲ့လူ အချင်းချင်း၊ ရာထူးကြီးတဲ့လူ အချင်းချင်း၊ ဂုဏ်မြင့်သူလို့ ယူဆသူတွေ အချင်းချင်းကကော အစစ်အမှန် ပေါင်းလို့ ရပြီလား၊ မဟုတ်ပါ။ အကျိုးအမြတ်ရှိနေလို့ပါ၊ကွာဟချက်ရှိနေလို့ပါ။ ရှင်ပြိုင်မှုလည်း ရှိနေကြလို့ပါ။

 လူဆိုတာ.... အကျိုးအမြတ်များလေလေ၊ အကျိုးအမြတ်နောက်လိုက်လေလေပါ။ ဂုဏ်များတယ်လို့ ထင်လေလေ၊ ဂုဏ်နောက်ကို လိုက်လေလေပါ။ အဲဒါတွေရဲ့ နောက်ကို တစ်ကောက်ကောက်လိုက်နေမှတော့..... ဘယ်မှာလာ မိတ်ဆွေစစ်စစ် ရှိနိုင်တော့မှာလဲ။

 

လူလတ်ပိုင်းရောက်မှ သိလာတယ်၊

နုပျိုခြင်းဟာ အလွန်လှပပါတယ်။ အားကျစရာလည်း ကောင်းလှပါတယ်။ ဒါပေမဲ့ အရွယ်နည်းနည်း ရလာတာနဲ့.. ရင့်ကျက်ခြင်းကို ပိုပြီးအထင်ကြီးလာတယ်၊ ပိုပြီးလည်း မက်မောလာတယ်။  ရင့်ကျက်မယ်၊ တည်ငြိမ်မယ်၊ ဖာတိဖာသာ နေတတ်ပြီး ရိုးရှင်းမယ်၊ သဘောထားပြည့်မယ်၊ ခွင့်လွတ်တာကို ဦးစားပေးတတ်မယ်။ ကိုယ်သာ ဒီလို ရင့်ကျက်မှုမျိုး ရရှိအောင်၊ ကြိုးစားနိုင်ခဲ့မယ်ဆိုရင်.. ဒီဘဝကို အားရ ကျေနပ်လှပါပြီ။

 

လူလတ်ပိုင်း ရောက်မှ သိလာတယ်၊

ဒီဘဝမှာ၊အနန္တော အနန္တ ငါးပါး အပြင်.. ဒီဘဝမှာ ကျေးဇူးတင်သင့်တဲ့လူတွေ အများကြီးပါ။ အေးအတူ၊ ပူအမျှ နေလာခဲ့တဲ့ အိမ်ရှင်မကို ကျေးဇူးတင်ရမယ်။ ငါဘဝဟာ ပင်လယ် ထဲမှာ ခုတ်မောင်းနေတဲ့ သဘောင်္နဲ့ တူခဲ့ရင် မင်းဟာ ငါ့ရဲ့ နားခိုစရာ ပင်လယ်ကွေ့ပါ။ မုန်တိုင်းကြုံတိုင်း မင်းကယ်လို့ပေါ့ ကျေးဇူးတင်ပါတယ်၊

အိမ်ရှင်မရေ........ ကြုံခဲ့သမျှ ကိုယ့်ကို မုန်းတဲ့လူတွေကို ကျေးဇူးတင်ရမယ်၊ မင်းတို့ ဆဲခဲ့တဲ့ စကားတွေကြောင့် ငါ့ကိုငါ ဆန်းစစ်နိုင်ခဲ့တာလေ၊ မင်းတို့ရဲ့ အမုန်းစကားတွေ၊ ငါ့အတွက် တွန်းအားဖြစ်ခဲ့တယ်၊ ဒါကြောင့် မင်းတို့ကို ငါကျေးဇူးတင်ရမယ်။ ငါ့ကို ချစ်ခဲ့တဲ့ လူတွေအားလုံးကိုလည်း ကျေးဇူးတင်ရမယ်။ မင်းတို့ကြောင့် ငါမေတ္တာ အကြောင်းကို သိခဲ့တယ်လေ၊ ငါ့ကိုလိမ်ခဲ့သူတွေကိုလည်း ကျေးဇူးတင်ရမယ်။

မင်းတို့ သာမရှိခဲ့ဘူးဆိုရင်၊ ငါလူ့အကြောင်းကို ဒီလောက်ဘယ်သိမလဲ၊ လူလတ်ပိုင်းရောက်မှ သိလာတယ်။ လူ့လောကကြီးဆိုတာ၊ ရူတ်လည်းရူတ်တယ်၊ ရှင်းလည်းရှင်းတယ်။ မင်းအတွင်းစိတ်က ရူတ်နေရင်၊ လောကကြီးတစ်ခုလုံး ရူတ်ထွေးသွားပြီး၊ မင်းအတွင်းစိတ်က ရှင်းနေရင်တော့၊ လောကကြီးလည်း ရှင်းသွားတာပဲ၊

 

လူလတ်ပိုင်းရောက်မှ သိလာတယ်။

အနာခံမှ အသာစံတယ်ဆိုတာ တကယ်မှန်တယ်၊ ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ စိတ်နေစိတ်ထားနဲ့ပဲ သက်ဆိုင်တယ်။ သူများကို ခွင့်လွတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ခွင့်လွတ်ခြင်းဖြစ်တယ်။

 

လူလတ်ပိုင်းရောက်မှ အသိဝင်လာတယ်၊

လူဘဝဆိုတာ အချိန်နဲ့ အပြေးပြိုင်ခြင်းဖြစ်တယ်။ ဘဝဟာ တိုးတောင်းတယ်ဆိုတဲ့ စကား တကယ်မှန်ကန်တယ်။ ကျန်ရှိနေသေးတဲ့ အချိန်ပိုင်းမှာ... ပစ္စုပန်တည့်တည့်ပဲ အာရုံပြုချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်တယ်။ မိမိကိုယ်မိမိ အစစ်အမှန်နဲ့ အသက်ရှင်မယ်၊ မိမိကိုယ်မိမိ ယုံကြည်မှု တိုးတိုးလာအောင် ခရီးဆက်ချင်တယ်။

စဉ်းစားသင့်တာရှိရင် စဉ်းစားရအုံးမယ်၊ လုပ်သင့်တာရှိရင် လုပ်ရအုံးမယ်။ ကိုယ့်ကိုယ်ကို ချစ်မယ်၊ သူများကိုလည်းချစ်ရမယ်။ တွေ့ကြုံဆုံကွဲ၊ ဖြစ်မြဲဓမ္မတာ သဘောအရ.. တန်ဖိုးထားသင့်တဲ့လူအားလုံးကို တန်ဖိုးထားရမယ်။ နောင်တ တကယ် မရချင်လို့ပါ။

အောင်ကိုလတ်

Views: 108

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Pyaephyoaung is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 4
oplihon posted blog posts
Aug 20
oplihon is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
A Maris updated their profile
Aug 18

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service