ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သာသနာက (၃) ထောင်ထက်မပိုဘူး၊ သာသနာ နောက်ဆုံး

သာသနာက (၃) ထောင်ထက်မပိုဘူး၊ သာသနာ နောက်ဆုံး 

➖➖➖➖➖

 

 ➖သာသနာနောက်ဆုံး။ တို့ဥပဇ္ဇယ်မိန့်သွားတာ၊ (၃၀၀၀) ထက်မပိုဘူး သာသနာက။ 

➖ဘာဖြစ်လို့တုန်း၊ တဖြည်းဖြည်းနဲ့ အာရုံရဲ့ အတိုက်ကြမ်းမှု၊ ကိလေသာရဲ့ အတိုက်ကြမ်းမှု၊ ဟုတ်ကလား။ 

ပြီးတော့ တက်တဲ့အချိန်မှာ တို့အာရှတိုက်က ဦးဆောင်တယ်။ 

➖ဆုတ်တဲ့အချိန်မှာ တခြားတို်က်က ဦးဆောင်တာ။ ဆုတ်ခေတ်က တဏှာဦးစီးတာကိုး။ 

➖တက်ခေတ်က သဒ္ဓါဦးစီးရမှာကိုး။ တို့အာရှတိုက်ဆိုတာ စာလို "အရိယ"

➖"အရိယ" ကို ဘိုလိုရေးတော့ "အေးရှ" ဒါနဲ့ အခုလို အာရှဖြစ်လာတာ။ အဲဒါ ပါဠိစကား။ 

➖"အရိယာ" ကို ဘိုလိုရေးတော့ "အာရှ"ဖြစ်နေတာ အရိယတိုက်ဗျ။ 

➖အဲ့တော့ အတက်မှာ တို့က ဦးဆောင်ရတာ။ အကျမှာ သူတို့ဘက်က။ 

➖အဲ့တော့ သူတို့ဦးဆောင်တာ တော်တော်ကို ပီပြင်နေပြီဗျ။ အကုန်လုံး သူတို့နောက် လိုက်နေရတာလေ။ 

➖ကွဲမယ် အဲ့ခါကျ။ ဆန့်ကျင်ဘက်  ၊သူတို့က တဏှာ မာန ဒိဌိ ဦးဆောင်တယ် 

➖ဒါနဲ့ ချဲ့ရတာ မဟုတ်ဘူးလား။ သူတို့က တဏှာ မာန ဒိဌိ နဲ့ ချဲ့ရတာ။ 

➖တို့က သဒ္ဓါ ပညာ သမ္မာဒိဌိ နဲ့သွားရမှာ။ မတူဘူး ဆန့်ကျင်ဘက်။ 

➖အဲ့တော့ ဟိုဘက်က အားကောင်းရင် ဒီဘက်က အားလျှော့ပေးရမှာ။ (၃) ထောင်ထက် မပိုဘူး။ 

➖အဲ့တော့ အခုပဲ (၂၅၀၀) ကျော်နေပြီပဲ။ (၄၀၀) ကျော်လောက်ပဲ ကျန်တော့တာ။ 

➖အဲ့ဒီ (၄၀၀) ကျော်က နောက်တစ်ခါ လူလာဖြစ်ရင် ဒီသာသနာနဲ့ ကြုံပါဦးမလား?။ (၄၀၀) ကျော်ပဲ ကျန်တော့တာ။ 

➖ကျုပ်တို့က အထက်တက်မလား?၊  အောက်ဆင်းမလား? သိမှ မသိပဲ။ အထက်တက်လဲ တမျော်တခေါ်။ 

➖တို့ စတုမဟာရာဇ် နတ်မင်းရဲ့ သက်တမ်းက အနှစ် (၅၀၀)  ၊တို့ လူသက်နဲ့ဆို အနှစ် (၉) သန်း။ 

သူတို့ (၅၀၀) က တို့လူသက်နဲ့ဆို အနှစ်(၉) သန်း ညီမျှတယ်။ 

➖အခု ရုပ်ကစိုးနတ်တွေက စတုမဟာရာဇ်နတ်တွေပေါ့။ အနှစ်(၉) သန်းဗျ။ မှီမလား ဒီ(၄၀၀) ကျော်ကို။ 

 

မမှီပါဘုရား။ 

 

➖နောက်တခါ လူလာဖြစ်ရင် မမှီနိုင်ဘူး။ 

ငရဲသက်တမ်းလဲ တွက်ကြည့်ပေါ့ဗျာ။ 

➖ဟုတ်တယ်နော်။ အဲ နောက်ဆုံး။ 

➖ဒီအတိုင်းကြီးမနေနဲ့။ ဒါနောက်ဆုံး။ 

➖နောက်နှစ် ဒီ့ထက် တိုးလာမယ် မထင်နဲ့။ ဆုတ်သထက် ဆုတ်မှာ။ 

➖တို့အရွယ်တွေကကော နောက်ဆို ဒီ့ထက် အရွယ် ကောင်းမှာတဲ့လား? 

 

မကောင်းပါဘုရား။ 

 

ဆုတ်မှာ ခင်ဗျားတို့ တနှစ်ထက် တနှစ်။ 

➖အခုက အချိန်ကောင်းလေး၊ ယူထားတော့။ စာလိုပြောရရင်တော့ သောတပန်အဆင့်က ခေါင်းပါးတဲ့ အကျင့် ကျင့်ဖို့မလိုဘူး။ 

➖၅ ပါးနဲ့ရပါတယ် ။ ဖြစ်ပျက်ရှု့ပြီး ထိသိ မြင်ရမှာ မဟုတ်လား။ 

➖ထိသိမြင်ရင် ငါစွဲဒိဌိ ရှိဦးမလား။ သူက ဒိဌိတစ်လုံး ပြုတ်တာလေ။ 

➖အဲ့တော့ သတိနဲ့ ရှု့နေလို့ဖြစ်ပျကိမြင်နေတဲ့ ပုဂ္ဂိုလ်၊ ထိသိမြင်နေတဲ့ ပုဂ္ဂိုလ် ဘယ်လိုလုပ် ငါစွဲဝင်နိုင်မှာလဲ။ 

ငါတွေး မတွေးမိတာ ကြာရှည်လေလေ၊ အစွဲပြုတ်လေပဲ။ 

➖ငါစွဲ ပါးရာကနဲ၊ နဲရာက စဲသွားမှာပေါ့။ ခေါင်းပါးတဲ့ အကျင့် ကျင့်ဖို့မလိုဘူး။ 

➖ရွာထဲနေရင်လည်း ရနိုင်ပါတယ်။ ရိပ်သာသွားပြီး ၁၀ ရက်၊ ၁၅ ရက်၊  တစ်လ၊ နှစ်လ ဒီလိုပြောတာ မဟုတ်ဘူး

➖လုပ်စမ်း အချိန်မရှိဘူး။ ဝမ်းစာနဲ့ အသက်မွေးဝမ်းကြောင်းကတော့ ဓာတ်ကောင်နဲ့ ဓာတ်ဥာဉ်က လုပ်လိမ့်မယ်။ 

➖သူတို့အလုပ် ခင်ဗျားတို့တောင် ဝင်မရှုပ်နဲ့။ တို့က ကိုယ့်အလုပ် ကိုယ်လုပ်ရင် မရနိုင်ဘူလား? 

➖သူတို့ ဓာတ်ရုပ်၊ ဓာတ်ကောင်ကတော့ ဓာတ်ရုပ်၊ ဓာတ်ဥာဉ်က ဦးဆောင်ပြီး လုပ်လိမ့်မယ်။ 

ကိုယ်တောင် လိုက်လုပ်နေဖို့တောင် မလိုပါဘူး။ ကိုယ်က ကိုယ့်အလုပ် ကိုယ်လုပ်ရင် မရနိုင်ဘူလား။ 

 

ရနိုင်ပါတယ် ဘုရား။ 

 

➖တခါတည်း ၂လုပ် လုပ်ထား။ သာသနာနောက်ပိုင်း။ 

 

➖ခုဏက စကားကျန်ရစ်သေးတယ်၊ ခုဏက ငါသေရတော့မယ် ဒါနံပါတ် ၁စည်း။ 

➖ငါ့မိသားစုနဲ့ ခွဲရတော့မယ် နံပါတ် ၂ စည်းနော်။ 

➖နံပါတ် ၃ စည်းက ဝေဒနာပြင်းထန်လာရင် ကျော်ဖို့ရာ ဒီစိတ်စည်းလုံးမှု အားမကောင်းရင် ကျော်နိုင်ပါ့မလား? 

 

မကျော်နိုင်ပါဘုရား။ 

 

ဝေဒနာ ဖြစ်ပျက်မမြင်နိုင်ပဲနဲ့ မကျော်နိုင်ဘူး။ 

➖ဝေဒနာကျော်ဖို့ အရေးကြီးဆုံး။ ကျော်နိုင်ပါ့မလား? 

➖ကျော်နိုင်အောင် လုပ်နော်။ နံပါတ် ၃ စည်း အခက်ဆုံး။ 

➖အဲ့ဒီ အချိန်မှာ သတိလွတ်မယ်။ သတိလွတ်ရင် ပင်ကိုယ်စိတ်လွတ်တော့မှာ။ 

➖ပင်ကိုယ်စိတ်လွတ်ရင် အစွဲစွဲရာ ပါရမှာ။ ပင်ကိုယ်စိတ် မလွတ်သေးရင်တော့ ကိုင်လိုချင်သလိုရတာပေါ့။ 

➖ပင်ကိုယ်စိတ် လွတ်ရင် သွားပြီ။ အဲ့ဒီ သေခါနီးရဲ့စည်းကျော်ဖို့က စိတ်စည်းလုံးမှု ကိုယ့်ဘက်က စိတ်အားကောင်းထားမှ ကိုယ့်ဘက်က ဥာဏ်အရှိန်အဟုန်ကောင်းမှ ကျော်နိုင်မှာနော်

➖အဲ့လောက်ထိ လုပ်ထားရမှာဗျ။ လူ့ဘဝရောက်တုန်းလေး  ၊သာသနာနဲ့ ကြုံတုန်းလေး တို့လက်ဆောင်ပေးလိုက်တာဗျာ။ 

 

【 #မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး 】

   ဟောကြားသော "တကယ်ကြောက်ရင် အဟုတ်လုပ်" တရားတော်မှ  ကောက်နုတ်ချက် . . .

 

Views: 37

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service