ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အနှစ်ရှာရင်း အကာပစ်နိုင်ကြပါစေ

အနှစ်ရှာရင်း အကာပစ်နိုင်ကြပါစေ

 

ဘ၀မှာ​ဘုရားနဲ့​တွေ့လို့ ငြိမ်းချမ်းမူ့  ရတာ မဟုတ်​ပါဘူး..။ ငြိမ်းချမ်းသွားလို့သာ ဘုရားနဲ့​ တွေ့တာပါလို့​ ဆရာအိုရှိုးက​ ပြောဖူးတာပဲ၊၊ မြတ်ဗုဒ္ဓကလည်း မိန့်​ဖူးတာပဲ၊ သူ့ရဲ့တပည့်ဝက္ကလိဆိုတဲ့ ရဟန်းကို “တရားကို မြင်​မှ ဘုရားကို မြင်​မယ်..​”ဆိုတာ၊ ဒါ​တွေဟာ လက်​​တွေ့ကျတဲ့ ဘဝရဲ့​နေထိုင်​မူ့ဟန်​ဆိုင်​ရာ ပြဿနာ ချဉ်းကပ်​မူ့​တွေပါ။

 

ကြည့်​ကြည့်​ပါ ၊ ကမ္ဘာမှာ​ ရေတွက်​မနိုင်​တဲ့ နတ်​ဘုရား​တွေ ၊သူတို့ စံပယ်​တယ်​ဆိုတဲ့ စကြာဝဠာအရပ်ရပ်က ဘုံနန်း​တွေ ၊ ရှုပ်​​ထွေး​ပွေလီတဲ့ ဘာသာ​ရေးယုံကြည်​မူ့နဲ့ လုပ်​ထုံး​လုပ်နည်းတွေ ၊ အများကြီးမှအများကြီးပဲ၊ အနှီဘာသာ​ရေးဆိုတာ​တွေထဲမှာကို ဂိုဏ်း​တွေက so many ကွဲ​နေ​သေး၊ ၀ိနည်းနဲ့  ယဇ်​ပုံစံ​တွေက အ​သေင်္ချ ရှိကြ​သေး ၊ ကမ္မဌာန်း ထိုင်​နည်း​တွေ ၊ ဆု​တောင်း​တွေ ၊ ကပ်ကျော် ၊ လာဘ်ခေါ်ဂါထာမန္တာန်​​တွေလည်း အများကြီး၊ သူတို့ရှိ​နေတာလည်း နှစ်​​ထောင်​ချီ​နေပြီ။

 

ဘာသာ​ရေးနယ်​က ဆရာဂုရု၊ ဆာဒူး၊ ဘုန်းကြီး​တွေ၊ ရ​သေ့​ ၊ ယောဂီ ၊ တပဿီ​တွေလည်း​ ဟောရင်းသာ ပြန်လွန်​​တော်​မူကုန်​ကြတာ သူတို့သင်္ချိင်း​တွေ​က နေရာအနှံ့ ၊ များလိုက်​တဲ့သာသနိက (ဘယ်​သီးခြား ဘာသာ​ရေး အ​ဆောက်​အဦမှ မရည်​ရွယ်​)​ နေရာ​တွေလည်း ကမ္ဘာ့နိုင်​ငံတိုင်းလိုလိုပဲ၊​ ခေါင်း​လောင်းထိုးသံ၊​ ကြေးစည်​ထုသံ၊ ဆည်းလည်းသံ​တွေလည်း တ​​ဝေဝေ ၊ တစီစီနဲ့၊ ဘာသာ​ရေး ဆရာ​တွေ​ နေထိုင်​သီတင်းသုံးရာ နန်းတော်တမျှ ကျောင်း​တော်​တွေလည်း လက်​ညှိးထိုး မလွဲဘူး။

 

ဒါ​ပေမယ့်​ ခုထိလူ​တွေ ဘာမှား​နေကြသလဲ မသိဘူး၊ ​လောဘ၊​ ဒေါသ၊ ဣဿာ၊ မစ္ဆရိယ၊ မာန်​မာန​တွေ ထက်သန်​​နေတုန်း၊ ကာမတဏှာ၊ ဘဝတဏှာတွေလည်း ပိုပိုများ​နေတုန်းဆို​တော့ ကျ​နော်တို့ဟာ ဆင်​တစ်ကောင်​လုံး​ တွေ့​နေရက်​နဲ့ ဆင်​​ခြေရာ လိုက်​ရှာ​နေကြသူ​တွေနဲ့ တူ​နေတယ်​လို့ပဲ ရိုးသားစွာမြင်​မိတယ်။

 

ဥပမာ။ ။ သာမန်လူတစ်ယောက် အတွေးပေါ့လေ။ မနက်​​စော​စော ဘုရားသွားတယ်​၊ ကိုယ့်​ဂြိုလ်​တိုင်​မှာ​ ရေသပ္ပါယ်​ ဆု​တောင်းမယ်​၊ အမျှ​ဝေပြီး အလှုခံပုံးထဲ​ ငွေစတစ်​ချို့ ထည့်​လှူမယ်​၊​ နောက်​ပြီး ဘုရားက ပြန်​ဆင်းလာမယ်​၊ လုပ်​ငန်းခွင်​ထဲ၊ မိသားစုထဲ ပြန်​ဝင်​တာနဲ့ ခုနက ဗုဒ္ဓါနုဿတိဟာ​ ပျောက်​ခြင်းမလှ​ ပျောက်​သွားပါပြီ၊ တရားစခန်း​တွေ ဝင်​မယ်​၊ ဥပုပ်​သီလ​ စောင့်​မယ်​လို့ ဆိုကြတယ်​၊ တရားစခန်းက ထွက်​တာနဲ့  ဥပုသ်နေ့ လွန်​တာနဲ့ ခုနရခဲ့တဲ့ သတိပဌာန်​နဲ့ ဝါရိတ္တသီလက​ မေ့​ပျောက်​သွား​တော့တာပဲ။ တခြားတခြား သာမန်ordinary ဘာသာဝင်တွေလည်း ဘာထူးလဲ? ဘုရားကျောင်းတွေ ၊ ၀တ်ပြုနတ်နန်းနဲ့  ဗလီတွေကနေ အပြင်ပြန်ရောက်တာနဲ့  ဘုရားတခြား လူတခြား ဖြစ်သွားတတ်ကြသေးတာကလား?

 

ဒါဘာ့​ကြောင့်​လဲ​ တွေးမိတယ်​၊ ​လောကမှာ မတရားမူ့ အများကြီးရှိသူ တစ်ချို့က ဘုရားကို ပိုဖက်​တယ်​၊​ တစ်ချို့ ဝိဘဝတဏှာ အရာမှာ လောဘကြီးသူက ပိုလှူတယ်​လို့ စိတ်ခွဲပညာ ရှုထောင့်က သုံးသပ်​ကြတာ ရှိတယ်။ မတရားမူ့များ​တော့ ခုဘဝ ကံမ​ကောင်းမှာ ​ကြောက်​တယ်​။ နောက်​ဘဝ ဂတိမ​ကောင်းမှာ စိုးတယ်​။ ဒီ​တော့ ဘုရားနဲ့ နီး​အောင် ​မသိစိတ်​က တွန်းပို့​ပေးမူ့အရ​ ပြုလုပ်နေကြတယ်​။ ​ဖြတ်လမ်းနည်းတွေ ရသလောက် သုံးလာကြတယ်။ လောဘကြီးသူက ​သောက်​​လေ​သောက်​​လေ ငတ်​မ​ပြေ ပင်​လယ်ရေနဲ့ တူတဲ့ ဓနဗလ၊​ဘောဂဗလမှာ သာယာနေကြတယ်​။

 

သူ့အတွက်​ ဘယ်​လက်​က တဆုပ်​ကြဲရင် ညာလက်​က တစ်​လှည်​ဝင်​ ဆိုတာ နား​သောတ အရသာ အစစ်​ပဲ၊​ညောင်​​စေ့​လောက်​လှုပြီး​ ညောင်​ပင်​​လောက်​ရ ဆိုတဲ့ capitalist investment မှာ သာယာတယ်​၊ ဒါ့​ကြောင့်​လှုတာ​တောင်​ နဲနဲရင်း များများမြတ်​ပဲ​ ရွေးချယ်​တယ်​။ ဂန္ဓီ​ပြောဖူးတဲ့ သဘာဝလောကဟာ လူတို့လိုအပ်​ချက်​အတွက်​ လုံ​လောက်​​ပေမယ့်​ အလို​လောဘအတွက်​​တော့ မဖြည့်​ဆည်းနို​င်​ဘူး (Nature had enough for everybody's needs but not for everybody's greed) ဆိုတာ​လေး သတိရတယ်​။

 

#ဘာသာတရားဟာ ရိုးရိုးသားသား ပြောရရင် လူသား ပေါ်ပေါက်ပြီးမှ ရလာတဲ့ အမွေ ဖြစ်ပါတယ် ၊(human being precedes religion)၊ ဘာသာ​ရေးကို လူ​တွေပဲ ဖန်​တီးတယ်​၊​ နောက်​ သူတို့ကပဲ ဖျက်​စီးကြတယ်။၊ ခရတ်ရှနား၊ မဟာဝီရ၊ ဗုဒ္ဓ၊ ခရစ်​​တော်​၊ မယ်တော်မာရီတို့ရဲ့ ရုပ်​ပွား​တွေ ပုံ​တော်​​တွေ​ ရှေ့မှာတင်​ မျက်​နှာကို  အိုးမဲသုတ်​ရက်​သူ​တွေ ရှိနေပြန်​တယ်​၊ လက်​​တွေ့ချဉ်းကပ်​ဘဝ​ နေထိုင်​မူ့ ရှာ​ဖွေချင်​ရင်​​တော့ ကျ​နော်​တို့ အခွံတွေ ၊ ဟန်​​ဆောင်​ပန်​​ဆောင်​ ဘာသာ​ရေးယုံကြည်​မူ့​တွေက​နေ​ ဝေးရာကို သွားသင့်​တယ်​ ထင်​တယ်။

#အိုရှိုးကတော့ ဘယ်ဂိုဏ်းဂဏ မျက်နှာမှ မကြည့်ဘဲ လူတွေကို ခုလို ဆုံးမခဲ့တယ်။

#ဒါကြောင့်လည်း ဘာသာရေး ကွန်ဆာဗေးတစ်တွေက သူ့ကို သတ်ပစ်ချင်လောက်သည်အထိ မုန်းကြတယ်။

 

ကျ​နော်​တို့ ဘုရား​တွေ၊ မအို မနာ မ​သေရာ ဘုံ​တွေ၊ ဓါတ်​သ​ဘော၊ အသင်္ခတတရား စတာ​တွေ ရှာ​နေခဲ့တာ နှစ်ပရိ​စ္ဆေဒ မနည်း​တော့ဘူး​လေ၊ ခုနက ဥဒါဟရုဏ်​လို ဆင်​​ကောင်​ကြီး​ရှေ့​ တွေ့​နေရက်နဲ့​ ဆင်​​ခြေရာ ရှာနေသလိုပါပဲ။ လူအများစုလည်း အ၀ိဇ္ဇာနဲ့ တဏှာ ရမ္မက်နယ်​မှာ တ၀ဲဝဲလည်​​နေဆဲ၊ လူလူချင်း ထားအပ်​တဲ့ ဗြဟ္မစိုရ်​နဲ့ လူသားစိတ်​ထားကို​တောင်​ တစ်​ချို့မထားနိုင်​တာ ရှိနေသေးတယ်​၊။

ဘယ့်​နှယ့်​လို့ ဘုရားနဲ့ ပိုနီးမလဲ? ဘယ်​လိုလုပ်​ပြီး လက်​​တွေ့ဝ သံသရာဆင်းရဲ ဆိုတဲ့​​သောက ၊ ဗျာပါဒ ဒေါမနဿ ဖြစ်​ရမူ့က​နေ ကင်းမလဲ? ​တွေးမိတယ်​။

 

သံယုတ်ပါဠိထဲက လောဟိတဿသုတ်​မှာ ဗုဒ္ဓ​ဟောဖူးသလို "မိမိဆီမှာ (တိတိကျကျ ဆိုရင်​ တစ်​လံမျှ ပမာဏရှိတဲ့ ကိုယ်​ခန္ဓာမှာ) ပဲ​ လောကရဲ့ ဒုက္ခနဲ့ အနှီဒုက္ခ လွတ်​ရာကို ရှာသင့်​တယ်​' ထင်​ပါတယ်​။ ပြင်​ပ ဗဟိဒ္ဓ​ သာသနိက တွေမှာသာ ငြိမ်း​အေးရာ ရှိတာ အမှန်​ဆိုရင်​​ ဂေါပကလူကြီး​တွေ ၊ ကပ္ပိယနဲ့ ဘုရားက တံခါး​စောင့်တွေ အားလုံး နိဗ္ဗာန်​ဝင်​ဖို့ ရှိ​တော့တယ်။ အဓိက ကတော့ ကျနော်တို့  နှလုံးသွင်းမှန်ဖို့ လိုရင်းရယ် ၊ ဘုရားဟောခဲ့တဲ့ ဝက္ကလိသုတ်ထဲက တရားလေး ပြန်ညွှန်းမယ်..

#ယောဓမ္မံပဿတိ...သောဟံပဿတိ။

#တရားကိုမြင်မှ ဘုရားကိုမြင်ပါမယ်။

အိုရှိုးလည်း ဒါကိုပဲ ရည်ညွန်းခဲ့ပါတယ်။

#Osho #Recall  edited

Views: 76

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service