ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဇရာလွှမ်းလဲ နွမ်းလို့မကြွေ



ဇရာလွှမ်းလဲ နွမ်းလို့မကြွေ


ကျောင်းစာသင်ခန်းများရဲ့ နောက်ဆုံးရာသီက တခုခု ထူးခြားနေသလို ထင်မိတယ်။ သုံးနှစ်ကျော်ကျော်မျှ လှုပ် ရှားသွားလာခဲ့တဲ့ ပတ်ဝန်း ကျင်တစ် ခုကို နှုတ်ဆက်ခွဲခွါ ထားခဲ့ရမှာမို့လေလား၊ ဆောင်းဦးရာသီရဲ့ ရွက်ကြွေစ တွေကပဲ လွမ်းချင့်ဖွယ် ရသတစ်ခုကို ဖန်တီးနေသမို့လေ လား။

ဒါမှမဟုတ် ဘဝအသိကပဲ ရင့်ရော်ခြင်းနိမိတ် တွေ ပိုမိုပေါ်ထင်အောင် ခေါ်ဆောင်ခဲ့လို့လေလားတော့ တိတိကျကျ ဝေခွဲမရနိုင်ပါဘူး။ ကြီးရင့်ခြင်း၊ အရွယ် လွန်ခြင်းဆိုတာနဲ့စပ်တဲ့ အတွေးတစ်ခုကိုတော့ မကြာခဏပဲ တွေးနေမိတယ်။

ခုလိုတွေးမိတတ်ကာမှ တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်းမှာ အဖိုးအဖွားတွေရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲများနဲ့ တော်တော်များများ ဆုံဖြစ်ရတယ်။ အဖိုးအဖွားဆိုတဲ့ စကားလုံးကို တမင်ထည့်ပြောရတာက မွေးနေ့ရှင်တွေက ကိုယ့်အဖိုးအဖွားအရွယ်တွေမို့လို့ပါ။ အသက်ထင်ထင် ကျန်ရှိနေသေးတဲ့ တစ်ဦးတည်းသော ကိုယ့်အဖွားက အသက် ၉ဝ ကျော်။ ကွယ်လွန်သွားကြတဲ့ ကိုယ့်အဖိုးအဖွားတွေ အသက်ထင်ထင် ရှိနေဦးမယ်ဆိုလျင်လည်း ခုဆို ၉ဝ ဝန်းကျင်လောက်စီပေါ့။ ဒါကြောင့် ၉ဝ ဝန်းကျင် အရွယ်တွေကို တွေ့တိုင်း ကိုယ့်အဖိုးအဖွားတွေပဲ ရယ်လို့ စိတ်မှာထင်မိတတ်တယ်။

ခုရက်ပိုင်းမှာ ၉ဝ ဝန်းကျင်အဖိုးအဖွားတွေရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲများကိုတွေ့ရတော့ ကိုယ့်အဖိုးအဖွားတွေ ကို ပြန်လည်သတိရမိပါတယ်။ ကိုယ့်ငယ်ဘဝရဲ့ အချိန်အတော်များများကို အဖွားနဲ့ကုန်ဆုံးခဲ့တာမို့ အခြားသူများ ထက် အဖွားကိုတော့ ပိုမိုသတိရမိတတ်ပါတယ်။ ကျေးဇူးရှိသူ အဖိုးအဖွားများရဲ့ ကျေးဇူးတရားတွေကို အမြတ် ဆုံးနည်းနဲ့ ကျေးဇူးမတုန့်ပြန်နိုင်လိုက်တာအတွက်လည်း တာဝန်မကျေသလို ခံစားစိတ် ပေါ်လာမိ တတ်တယ်။

ဒီမနက်မှာ ကျောင်းစာကြည့်တိုက်ကိုသွားဖြစ်တော့ စာကြည့်တိုက်အတွင်းမှာ တခုခု ပြဿနာဖြစ်ဟန်ရှိတယ်။ ရှေ့မှာ ရဲကားအချို့ရောက်နေပြီး စာကြည့်တိုက်ထဲကို မဝင်ဖို့ ဝန်ထမ်းသုံးလေးဦးကလည်း ဆိုင်းဘုတ်တွေ ကိုင် ပြီး တံခါးဝမှာ ရပ်နေတယ်။ ဒါကြောင့်ကိုယ့်လိုပဲ စာကြည့်တိုက် ထဲဝင်ဖို့ စောင့်နေသူ၊ စာကြည့်တိုက်ဝန်ထမ်း တွေနဲ့ စာကြည့်တိုက်အောက်က ကော်ဖီဆိုင်ဝန်ထမ်းတွေ၊ စုစုပေါင်း လူတစ်ရာဝန်း ကျင်လောက် စာကြည့် တိုက်ရှေ့မှာ ရပ်စောင့်နေကြရတယ်။ အချိန်က တော်တော်လေးကြာလို့ ထသူထ၊ ထိုင်သူထိုင်၊ ပြန်သူကပြန် လာသူကလည်း လာပေါ့။ ကိုယ်ကတော့ စာကြည့်တိုက်ရှေ့မှာ တန်းစီစိုက်ပျိုးထားတဲ့ မေပယ်လ်ပင်တွေ အောက်မှာ ရပ်စောင့်နေဖြစ်တယ်။

ခုရာသီက ဆောင်းဦးရဲ့ အအေးဒဏ်ကြောင့် မေပယ်လ်ရွက်တို့ ကြွှေချိန်ဆိုတော့ တန်းစီစိုက်ပျိုးထားတဲ့ မေ ပယ်လ်ပင်တန်းအောက် မှာ မေပယ်လ်ရွက်ခြောက်များက ပြန့်ကျဲပြည့်နှက်လျက်ပေါ့။ မေပယ်လ်ရွက်ခြောက် တွေက အရောင်စုံ။ တချို့က အဝါ၊ တချို့ကတော့ အနီ၊ တချို့အရွက်တွေကြပြန်တော့ အညိုရောင်ရင့်ရင့်။ အရွက်စိမ်းစိမ်းအချို့လည်း ရွက်ကြွေထဲမှာ ပါဝင်လေသမို့ မေပယ်လ်ပင်တန်းအောက် မှာ ဆေးရောင်စုံသစ်ရွက် ကော်ဇောကျယ်တစ်ခု အလျားလိုက် ဖြန့်ခင်းထားသလိုပ။

အောက်မှာမှသာ ခုလို ရောင်စုံဖြာနေသလားဆိုတော့။ ဘယ်ဟုတ်လိမ့်မလဲ။ အပေါ်ဖက် မော့ကြည့်လိုက်တဲ့ အခါမှာလည်း နီတချို့၊ ဝါတသွယ်၊ ရောင်စုံချင်းလို့။ သစ်ရွက်တွေက ရင့်ရော်ပေမယ့် ပင်ယံမှာ ရောင်စုံဖြာကာ လှချင်တိုင်း လှနေသလို မြေမှာကြွေကျနေတဲ့ ရွက်ကြွေများ ကလည်း အလှရောင်စုံဖြာလို့။ အနေတတ်မယ်ဆို လျင်ဖြင့် ဇရာမီးတွေ ဘယ်လောက်ပင် လောင်မြိုက်ပါစေ၊ ဇရာကြားက ပွင့်နေတဲ့ ဘဝပန်းက လန်းမြဲလန်းနေ ဆဲသာပါပဲလို့ တွေးမိလိုက်ခဲ့တယ်။

ကိုယ့်အတွေးနဲ့ ဆက်စပ်နေလို့ အီးမေးကနေ ပေးပို့လာတဲ့ [B]The Rain[/B] ဆိုတဲ့ စာလေးတစ်ပုဒ်။ ဇရာလွှမ်းလဲ နွမ်း လို့မကြွေတဲ့ မေတ္တာပန်းတစ်ပွင့် အကြောင်း၊ ဒါမှမဟုတ် နွမ်းလျက်ကြေနေသော်လည်း လန်းလျက်ဝေနေဆဲ ရောင်စုံသစ်ရွက်လေးတစ်ခုအကြောင်းကို ဘာသာပြန်ပေးလိုက်ပါတယ်။ ဒါဟာ ဘဝတစ်ခုရဲ့ အလှစုလေး လည်း ဖြစ်ကောင်းဖြစ်နေမလားပဲပေါ့။

အလုပ်များတဲ့ တမနက်ခင်းမှာပေါ့။ အချိန်က နံနက် ဂ နာရီ ၃ဝ ခန့်။ အဘိုးအိုတစ်ယောက်။ အသက်က ဂဝ ဝန်းကျင်။ လက်မမှာ စည်းထားတဲ့ပတ်တီး ဖြေဖို့ရောက်လာတယ်။ ကိုးနာရီမှာ ချိန်းထားလို့။ အရေးတကြီး လာ ခဲ့ရကြောင်း။ သူကပြောတယ်။


သူ့အမူအယာက အရေးကြီးနေပုံပါ။ သူ့ကိုကြည့်မယ့်အလှည့်။ တစ်နာရီကျော်ကျော်လောက် စောနေသေး တယ်ဆိုတာ ခန့်မှန်းမိလို့။ ခဏထိုင်ပါဦးလို့ သူ့ကိုပြောခဲ့တယ်။ လက်ကနာရီကို မကြာမကြာကြည့်နေတဲ့ သူ့ အမူအယာက။ သူ့မှာ အခြားအရေးတကြီး တွေ့ဖို့ချိန်းထားတာ ရှိဟန်ပါပဲ။


အခြားအရေးကြီးလူနာမရှိလို့ သူ့လက်ကအနာရဲ့ အခြေအနေကို ကြည့်ရှုပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အနာ က အတော်သက်သာနေပါပြီ။ စမ်းသပ်စစ်ဆေးပြီး လိုအပ်တဲ့ဆေးဝါးများပေးလို့။ စကားစမြည်ပြောရင်း။ “အဘိုး။ အဘိုးကိုကြည့်ရတာ အရမ်းအရေးကြီးနေပုံရတယ်။ အခြားဆရာဝန်တစ်ဦးဦးနဲ့များ ဒီမနက်မှာတွေ့ဖို့ ပြောထားတာ ရှိနေသေးလို့လား”လို့ သူ့ကို မေးမြန်းကြည့်မိပါတယ်။

အဘိုးအိုက ဖြေတယ်။ သူ့မှာ တခြားတွေ့ဖို့ ပြောထားတာ မရှိပါဘူး။ ဒါပေမယ့် သူလူအိုရုံကို သွားရမယ်။ အဲဒီ မှာ သူ့ဇနီးနဲ့ မနက်စာ စားဖို့ရှိတယ်တဲ့။ ဒါနဲ့ သူ့ဇနီးရဲ့ ကျန်းမာရေး အခြေအနေကို မေးဖြစ်ပါတယ်။ သူကပြော တယ်။ သူ့ဇနီး လူအိုရုံမှာ နေနေတာ အတန်ကြာပြီ။ သူမက အတိတ်မေ့ရောဂါဖြစ်နေတယ်-တဲ့။

အချိန်နည်းနည်းနောက်ကျရင် သူကစိတ်ဆိုးတတ်လို့ ခုလိုအရေးတကြီးဖြစ်နေရတာလားလို့ သူ့ကိုမေးဖြစ်လိုက် တယ်။ သူ့အဖြေက ကျနော့်ကို အံ့အားသင့်သွားစေတယ်။ သူဇနီးက သူ့ကို မမှတ်မိတာ ငါးနှစ်ကျော်ကျော် ရှိနေ ပြီ-တဲ့။ ကိုယ့်ကိုယ်ဘယ်သူလဲလို့ မသိတဲ့သူတစ်ယောက်ဆီကို ခုလိုပဲ မနက်တိုင်း အချိန်မှန်မှန်သွားသလားလို့ သူ့ကိုဆက်မေးဖြစ်တယ်။ ဒီတော့ သူက တောက်ပစွာ ပြုံးပါတယ်။ ပြီးကျနော့်လက်ကို အသာကိုင်ပြီး သူက စကားတိုးတိုးပြောပါတယ်။

သူ့စကားက ကျနော့်ကို ဆွံ့အသွားစေတဲ့အထိ အံ့သြမိရပါတယ်။ “သူမက အဘိုးကို မသိပေမယ့် အဘိုးက တော့ သူမ ဘယ်သူလည်းဆိုတာကို သိနေဆဲပဲလေ” တဲ့။

သူထွက်ခွါသွားချိန်မှာ ရပ်မနေနိုင်တော့လို့ ထိုင်ခုံပေါ်ကို မှီချလိုက်ရတယ်။ ကျနော့်ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေက တားမရနိုင်စွာ တသွင်သွင်စီးလျက်။ ကျနော့်တစ်ကိုယ်လုံးမှာလည်း ကြက်သီးဖျန်းဖျန်းထလို့။ ကျနော့်စိတ်ထဲမှာလည်း “ဒါပေါ့။ ဘဝမှာ ကျနော်တောင့်တခဲ့ရတဲ့ တကယ့်ကြင်နာမှုဆိုတာ ဒါမျိုးပေါ့။ အချစ်စစ် ဆိုတာ ရုပ်ဝတ္ဃု တစ်ခု မဟုတ်သလို စိတ်ကူးယဉ်သက်သက်တစ်ခုလည်း မဟုတ်ဘူးလေ။ အချစ်စစ်ဆိုတာ ဘယ်လိုပဲ ဖြစ်နေနေ။ ဖြစ်နေတာကို လက်သင့်ခံနိုင်ခြင်းပဲပေါ့”။ “အချစ်စစ်ဆိုတာ အတိတ် ပစ္စုပ္ပန် အနာဂတ်၊ အချိန်မရွေး အမြဲထာဝရ ရှင်သန်နေတတ်တဲ့ အရာပဲလေ”။

“အပျော်ရွှင်ဆုံး လူသားတစ်ဦးဖြစ်ဖို့ဆိုတာ အရာရာအားလုံးမှာ အကောင်းဆုံးတွေချည်းသာ ပိုင်ဆိုင်ဖို့ မလို အပ်ပါဘူး။ ရှိတဲ့အရာနဲ့သာ အကောင်းဆုံးနေနိုင်အောင် နေတတ်ဖို့လိုတာပါ”။“ဘဝဆိုတာ မုန်တိုင်းကြားမှာ အသက်ရှင်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ မိုးရေကြားမှာ ဘယ်လိုကခုန်နိုင်မလဲဆိုတာ မျိုးပါ”

ဒို့အားလုံးဟာ တဖြည်းဖြည်း အိုအိုလာပါတယ်။ အဖိုးအဖွားတို့ပြီးလျင်ဖြင့် မဝေးတော့တဲ့ အချိန်မှာ အိုမင်း ချင်းက ဒို့အလှည့်ကို သေချာပေါက် ရောက်လို့လာမှာပါ။

ဆွတ်ပျံ့ဖွယ် အကြင်နာတရားရဲ့ ထူးခြားလှပတဲ့ လက္ခဏာဟာ အခြားဘယ်အရာတွေနဲ့မှ နှိုင်းစာလို့ မရနိုင်၊ အစားထိုးလို့ မရနိုင်ဆိုတဲ့ အသိတစ်ခုကို ရလိုက်ပါတယ်။ နာကျင်နေသူတွေအတွက် ပေးသင့်တဲ့ ဒို့တွေ အားလုံးရဲ့ အကြင်နာတွေ၊ ကိုယ်ကြင်နာသူအတွက် ပေးလိုက်ရတဲ့ အကြင်နာတွေဟာ ခံယူသူတွေ နားလည် နိုင်တာ နားမလည်နိုင်တာ အဓိက မဟုတ်လေဘူးဆိုတာကိုလည်း နားလည်မိပါတယ်။ အကြင်နာဆိုတာ အစဉ် ထာဝရ ရင်မှာရှင်သန်ဖွံ့ထွားနေအောင် ပျိုးထောင်လို့ရနိုင်တဲ့ အရာသာပါလေ။


ကြင်နာတတ်တဲ့နှစ်လုံးသားရှိသူတွေအတွက်တော့ မွန်မြတ်လှပတဲ့ ပေးဆပ်မှုဆိုတာက ရင်မှာ အစဉ်သာ ကိန်း နေမယ့် ကုဋေသိန်းမက ရတနာတစ်ပါးသာပဲ ဖြစ်နေမှာပါလေ။ ။



ဉာဏ်ဦးမောင်



မေတ္တာများဖြင့်

2011-ခု၊ မတ်လ ၂၅-ရက်၊ သောကြာနေ့

Views: 58

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service