ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ထိုင်ဝမ်နိုင်ငံ ရတနာဝါသကျောင်း သတင်း


ရတနာဝါသကျောင်းသစ်သို့ တိုက်တိုက်ဆိုင်ဆိုင်ထူးထူးဆန်းဆန်း ကြွတောာ်မူလာသော ဆုတောင်းပြည့် ရှေးဟောင်းဘုရား ရုပ်ပွါးတော်


လာခြင်းကောင်းသောဘုရားရှင်။ ။


(၁၆.၈.၂၀၁၀) ၁၃၇၁ခုနှစ်၊ ၀ါခေါင်လဆုတ် (၁၁)ရက် တနင်္ဂနွေနေ့၌ ရတနာဝါသကျောင်းသစ်ဖွင့်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်သောကြောင့် ဧည့်သည်များကို ဖိတ်ကြားရာတွင် ဒေါက်တာရွှေဝင်းကို ဖုံးဆက်၍ ဖိတ်ကြားခဲ့ပါ၏။ ဖွင့်ပွဲသတင်းကို ကြားလျှင်ကြားခြင်း ဦးရွှေဝင်းက “တပည့်တော်မှာ အင်တာနက်မှ ၀ယ်ယူ ပူဇော်ထားသော ရှေးဟောင်းဘုရား တစ်ဆူရှိပါသည်။ ကျောင်းသစ် ဖွင့်ပွဲနှင့် အတော်ပင၊် ‘ရေကန်အသင့်၊ ကြာအသင့်’ ဖြစ်ပါ၏။ အဲဒီဘုရားကို အရှင်ဘုရားတို့ ရတနာဝါသကျောင်းကို လာလှူမယ်ဘုရား။” ဟု ၀မ်းသာအားရ ပြောပြလျှောက်ထားလာပါ၏။



ဘုရားဒကာနှင့် မိသားစုများ။ ။


ဘုရားဒကာ ဒေါက်တာ ရွှေဝင်းသည် “တရုတ် မြန်မာ အဘိဓာန်” ကို ရေးသားခဲ့သော ဆရာကြီး ဦးရည်စိန်၏ သားပင်ဖြစ်ပါ၏။ ဒေါက်တာ ရွှေဝင်းသည် ထိုင်ဝမ်တွင် နေထိုင် အလုပ်လုပ်နေသော်လည်း သူ၏မိသားစုများဖြစ်ကြသော ဇနီး ဒေါ်လှရန်နှင့် သမီး ကလော်ဒီယာ၊ စင်သီယာ၊ ကက်စန္ဒရာ တို့မှာ အမေရိကန်နိုင်ငံ၊ Rosemead မြို့၊ L.A.၌ နေထိုင်လျက်ရှိကြ၏။ ထိုကြောင့် ဒေါက်တာ ရွှေဝင်းသည် အမေရိကန်သို့ မကြာခဏ သွားလာနေသူ ဖြစ်ပါ၏။ သို့ဖြစ်၍ ဒေါက်တာ ရွှေဝင်းသည် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေစဉ် အင်တာနက်တွင် ရှေးဟောင်းဘုရားနှင့် မြန်မာပေစာထုပ်ကို ရောင်းချရန် လေလံတင်ထားသည်ကို တွေ့ရှိရသောကြောင့် ရှေးဟောင်းဘုရားကို US$-500 လည်းကောင်း၊ ရှေးဟောင်းမြန်မာ ပေစာထုပ်ကို US$-300 ဖြင့်လည်းကောင်း ၀ယ်ယူပူဇော်ကာ ထိုင်ဝမ်သို့ ပင့်ဆောင်လာခဲ့ခြင်း ဖြစ်ပါသည်။



တိုက်တိုက်ဆိုင်ဆိုင် ထူးထူးဆန်းဆန်း ကြွတောာ်မူလာပုံ။ ။


ဒေါက်တာရွှေဝင်းသည် ဤရှေးဟောင်းဘုရားကို ၀ယ်ယူပူဇော်စဉ်က ရတနာဝါသကျောင်းသို့ လှူရန်အတွက် ၀ယ်ယူပူဇော်ခဲ့ခြင်းလည်း မဟုတ်သလို ရတနာဝါသကျောင်းသစ်ဖွင့်ရန် အစီစဉ်ရှိကြောင်းလည်း ဒေါက်တာရွှေဝင်း ကိုယ်တိုင်
မသိခဲ့ရိုး အမှန်ပေ။
သည့်အပြင် ဤရှေးဟောင်းဘုရားသည် မြန်မာပြည်မှသည် အမေရိကန်သို့ ဒေသစာရီခရီးကြွရောက်ခဲ့ပြီး၊ ထိုမှတစ်ဖန် ထိုင်ဝမ်နိုင်ငံသို့ ဒေသစာရီ ကြွရောက် သီတင်းသုံးတော်မူခြင်းဖြစ်ပါ၏။ အမှန်မှာ ဤရှေးဟောင်းဘုရားရှင်သည်

ရတနာဝါသကျောင်း၌ သီတင်းသုံး သာသနာပြုရန်အတွက် ဒေသစာရီ ခရီးဖြင့် အမေရိကန်မှ တစ်ဖန် ပြန်လည်ကြွရောက်တော်မူလာခြင်း ဖြစ်နိုင်ပါ၏။



ရှေးဟောင်းဘုရားတန်ခိုးအစွမ်းနှင့် ဣ စ္ဆာသယ ဆုတောင်းပြည့်ခြင်း။ ။


ဤရတနာဝါသကျောင်းသစ်ဖွင့်ရန်အတွက် ငှါးရမ်းခဲ့သော တိုက်ခန်းမှာ ပတ်ဝန်းကျင်က အလွန်စည်ကားသော အရပ်ဒေသတွင်ရှိသော်လည်း လူမနေသည်မှာ (၃)နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ယခင်က ဤအိမ်တွင် နေခဲ့သူမှန်သမျှ မမြဲကြောင်း သိရ၏။ အစစအရာရာ သက်သာ၍ ကျောင်းသစ်ဖွင့်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။


မည်သို့သော အခြေအနေမျိုးရှိခဲ့ပါစေ၊ ရတနာဝါသကျောင်းဖွင့်ရာ၌ ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့ပါပေ။ အစစအရာရာ အဆင်ပြေ ချောမွေ့ခဲ့ပါ၏။ ဤသို့ဖြစ်ခြင်းမှာလည်း ရှေးဟောင်းဘုရား၏ တန်းခိုးအစွမ်းကြောင့်ဟုလည်ုး ယူဆနိုင်ပါသည်။ ကျောင်းသို့ ရောက်လာကြသော ဒကာ ဒကာမများ၏ ပြန်ပြောပြချက်အရ သိလာရသည်မှာ “ဤရှေးဟောင်းဘုရားသည် ဆုတောင်းပြည့်သည်။ ဘေးအန္တရာယ်ကင်းဝေးစေသည် ” ဟူ၍ပင် ဖြစ်ပါ၏။ ဆုတောင်းပြည့်ခြင်းအပြင် ဘေးအန္တရာယ်လည်း ကင်းဝေးစေကြောင်း သိရပါ၏။ ဤသို့သော ထူးခြားချက်များကြောင့် ကျောင်းသို့လာရောက် ဘုရားဖူးမျှော်သူများတွင် မြန်မာပြန် တရုတ်လူမျိုးများသာမက ဒေသခံဖြစ်သော ထိုင်ဝမ်လူမျိုးများပါ လာရောက်ကာ ဘုရားဖူး ဆုတောင်းကြပါသည်။


တိုက်တွန်းနှိုးဆော်လိုသည်မှာ ဘေးဆိုး ကပ်ဆိုး အန္တရာယ်ဆိုး ရောဂါဆိုး အမျိုးမျိုးမှ ကင်းဝေးလွတ်မြောက်၍ ကောင်းကျိုး ချမ်းသာ ကျက်သရေမင်္ဂလာ အဖြာဖြာတို့ တစ်နေ့တစ်ခြား တိုးပွါးလိုသူတိုင်း ရတနာဝါသကျောင်းသို့ လာရောက်၍
ရှေးဟောင်းဘုရားကို ဖူးမျှော်နိုင်ပါကြောင်း အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းလိုက်ပါသည်။ ။


ဦးဥက္ကံသ M.A.(Buddhism)


Views: 264

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service