ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

တည်ဆောက်သူတို့လမ်း



တည်ဆောက်သူတို့လမ်း
သော်ကပင်ရိပ်က လှမ်းထွက်လိုက်လျှင်ပင် နွေးထွေးသော နေငွေ့ကို ထိတွေ့ရသည်။ ဝန်ကျင်အားလုံးနေရောင်ကြောင့် ရှိရင်းစွဲ အရောင်ထက် တောက်ပ နေတော့သည်။ မြက်ခင်းသည် ပို၍ စိမ်းကာ ကြက်သွေးဖျော့၊ အဝါအနီ အရွှေစသော ပန်းဆုပ် ပန်းခိုင်တို့သည်လည်း ပို၍နီ ပို၍ဝါ နေကြတော့သည်။

ပန်းနံ့တင်လေကို တဝရှိုက်သွင်းလိုက်သည်။ ငြီးစီမှုသည် ပေါ့ပါးစပြုပြီ။ ဒီနေ့ဆရာ၏ သင်ကြားမှုသည် ငြီးငွေ့စိတ်ကြောင့် ထင့်၊ ဖိစီးလွန်းလှသည်၊ လက်ညှိုးနဲ့ လက်မကို ပြန်ကြည့်မိတော့ သွေးခြည် ဥနေတာကို တွေ့ရသည်။ လေးညှို့ကို အကြိမ် များစွာ ဆွဲတင်ခဲ့ရ ခြင်းကြောင့်ပင်။

သင်ကြားရသော အတတ်ဆယ့်ရှစ်ရပ်တို့တွင် ဤအတတ်ကို အငြီးငွေ့ဆုံးပင် လွှဲဖယ်မရသော ယောင်္ကျားတို့တတ်အပ်သည့် အတတ်တစ်ခု ဆို၍သာ၊ သင်္ချာအတတ်၊ မြင်းစီးဆင်စီး အတတ်စသည်တို့တွင် သူမတူအောင် တတ်လွယ်ခဲ့ပေမယ့် ဤအတတ်ကိုမူ သင်ကြားရသည့် နေ့တိုင်း လူပန်း စိတ်ညှိုး ဖြစ်ရတော့သည်။ ဘာကြောင့်များ ဒီအတတ်ကို မသင်ယူလိုပါလိမ့်ဆိုသည့် ပုစ္ဆာဟောင်းသည် အသံတိတ် မြည်လာတတ်မြဲ။

နောင်... နန်းရပ်ထီးဖြူ စိုးယူမည့် သူတိုင်း မိမိကို ကာကွယ်ဖို့ မျိုးဆွေတွေကို ကာကွယ်ဖို့ တိုင်းနိုင်ငံကို ကာကွယ်ဖို့တတ်ထားရသည်ဟု ဆရာ သင်တိုင်းလည်း ဒါဆို ... မအုပ်စိုးလျှင် သင်စရာမလိုဘူးပေါ့၊ စောဒက ဉာဏ် ဖြစ်မိသည်မှာအမှန်၊ နောက်ဆုံး အသုံးမချသင့်သော အတတ်သာ ရှိမည်၊ မတတ်ထားသင့်သော အတတ် မရှိနိုင်ဆိုသည့် အယူနှင့်ပင် ထိုအတတ်ကို သင်ယူနေမိသည်။ သို့သော် သင်ကြား ပြီးတိုင်း ပြီးပြီးပျောက်ပျောက် ထားလိုက်သည်သာ၊ အလေ့အလာမပြုမိ၊ ထို့ကြောင့်ပင် အမျိုးဆွေတွေက လေးမြားအတတ် မတတ်ဟု ထင်ကြသည်။ ဖျင်းညံ့သူဟု စကားတင်း ဆိုချင်ကြသည်။ သူတို့ကို အဆိုးမဆိုသာ၊ အခြားသူတွေနှင့် စရိုက်ခြားခဲ့သည်ကိုး၊ အခြားသူတို့ ထိုအတတ်ကို သင်ကြားရတိုင်းသွေးဖြကြွကြသည်။ မြူးသွက်ကြသည်၊ သင်ကြားပြီးလျှင်လည်း လေ့ကျင့်ကြ၊ စမ်းသပ်ကြတော့သည်။ ဥယျဉ်ထဲက ပင်စည်တို့သည် သူတို့၏ လေ့ကျင့်ရာ ပစ်ကွင်းများ၊ ကျေးငှက်သာရကာ တို့သည် သူတို့ထူးချွန်မြားသွေးရာ သင်ခန်းစာများ။

သူတို့က ထိုအတတ်နှင့် လုံခြုံစေမည်ဟု ယုံကြည်ကြသည်။ မယုံကြည်နိုင်၊ ငင်ထားသော လေးညှို့ကို လွှတ်၍ချွန်မြသော မြားတံနှင့် တစ်ဖက် ရင်ကို ဖောက်ထွင်း စူးနစ်နိုင်ယုံနဲ့ မိမိလုံခြုံသွားပြီလား ... အခြားအရာ တစ်ခုကို အသုံးပြုလျှင်ကော လုံခြုံမှုကို မတည်ဆောက်နိုင်ဘူးလား ...။ ဧကန်တည်ဆောက် နိုင်ရမည်သာ... ဒါဆို အဲဒီအရာ ...ဘာလဲ ... ဘယ်မှာလဲ ...။

တွေ၍ ရပ်နေရင်း တောင်ဘက် ကောင်းကင်ဆီ အကြည့်ရောက်တော့ ဟင်္သာတွေ ပျံသန်းလာတာကို တွေ့လိုက်ရသည်။

လတ်ဆတ်သော လေနှင့် ပန်းနံတို့ ပူးပေါင်းမိချိန်၊ နေရောင်နှင့် မြက်ခင်းပန်း ရောင်တို့ ပျော်ဝင်ကြချိန်၊ပွင့်ဖတ်ပွင့်ဆံတို့နှင့် လိပ်ပြာတို့ အလွမ်းသင့် ချိန်။ သန္တရသကို ကိုယ်တည်း ခံစားမိစဉ် ရိပ်ကနဲ တစ်စုံတစ်ခု ကျလာသည်ကို သတိထား လိုက်မိသည်။ ထိုအရာ၏မြေကြီးနှင့် ထိတွေ့သံကိုလည်း “ဘုတ်” ခနဲ ကြားလိုက် ရသည်။ စူးစမ်းကြည့်မိတော့ ...။ “အလို ... ဟင်္သာလေးတစ်ကောင်ပါလား”

အဆောတလျှင် သွားကြည့်မိသောအခါ မြားထုတ်ခတ်စူးလျက် သွေးတွေတွေစီးလျက်။ တိုးတိမ်သော ညည်းတွားသံကို သတိထားမိမှ ... “မသေသေးဘူး ထင်ရဲ့”

ညင်သာစွာ ကောက်ယူလိုက်သည်။ ဒဏ်ချက်ကို ရှာကြည့်မိသောအခါ ညာဘက်ပေါင်တံနှင့် တောင်ပံကိုမြားထုတ်ခတ်စူးနေတာ တွေ့ရသည်။ အင်း ... ကံသီပေလို့သာ တကယ်လို့ မြားဟာ စဉ်းငယ်ရှေ့နားရောက်ခဲ့ တယ်ဆိုရင်နှလုံး သည်းပွတ်ဆီ ... အလိုလေး ... ကျွတ် ... ကျွတ် ...။ ရက်စက်လိုက်ကြတာ၊ ဘယ်လို သူကများ ... အပြစ်မဲ့ အားနည်းသူကို ခုလို ... ဝန်းကျင်ကို လှည့်ဖွေမိ စဉ်...

“ငါ ပစ်လိုက်တာ သိဒ္ဓတ္ထ” “ဟင် ... ဒေဝဒတ္ထ”

ညာလက်ကလေးကိုကိုင်၍ ဘယ်လက်က ခါးထောက်လျက် ရပ်နေသော ဒေဝဒတ္ထကို တွေ့ရသည်။ သူ့သဏ္ဌာန်က သူ့စွမ်းရည်ကို ဂုဏ်ယူကျေနပ် ဟန် အကြည့်ပင်။ မျက်နှာတွင်လည်း အပြုံးရိပ်က နေရာယူလျက်။ “ဟုတ်တယ် ... ငါ တစ်ချက်တည်းနဲ့ ပျံသန်းနေတဲ့ ငှက်ကို ခွင်းလိုက်တယ်” “ဒါ... ဂုဏ်ယူစရာ မဟုတ်ဘူး ဒေဝတ္ထ” “ဟုတ်တယ်... လေးနဲ့ မြားကို ကိုင်ရမှာ ရွံ့ကြောက်သူတွေအတွက်တော့ ဂုဏ်ယူစရာ မဟုတ်ပေဘူးပေါ့” “နေပါဦး ငှက်တစ်ကောင်ကို ပစ်သတ်လိုက်နိုင်ရုံနဲ့ ဂုဏ်ကြီးမြင့်သွားရောလား” “ဒါပေါ့ ငါ့ရဲ့ စွမ်းရည်အတွက် ဒီငှက်က သက်သေပဲ”

“ မြားသင့်တဲ့ ဟင်္သာနေရာမှာ သင် ... ဒါမှမဟုတ် သင့်မျိုးဆွေတစ်ယောက်ယောက် ဆိုရင်ကော” “ဒီမယ် ... ဒီမယ် ... သင့်ရဲ့ အချိန်ပိုဝိတက် တွေကို ငါ့လာပြောမနေပါနဲ့၊ လက်ထဲက ဟင်္သာကိုသာ မြန်မြန်ပေးစမ်း” “မပေးနိုင်ဘူး” “ဘာ ... မပေးနိုင်ဘူး ... ဒါ ငါပစ်ခွင်းလိုက်တာ” “ဟုတ်တယ် ဒါပေမယ့် ငါရတယ်” “သင်ခွင်းလို့မှ မဟုတ်ဘဲ၊ ငါ့စွမ်းရည်ကြောင့်သာ ငါပိုင်ရမှာပေါ့” “သင်ပစ်လိုက်တာ မှန်တယ်၊ ငါ မငြင်းဘူး ... ဒါပေမယ့် ဟင်္သာမသေသေးဘူး” “အို ... သေသေ မသေသေ ငါနဲ့ပဲ ဆိုင်တယ်၊ ပေးလိုက်စမ်း သိဒ္ဓတ္ထ” “မပေးနိုင်ဘူး” “ငါ လေးမြား လေ့ကျင့်ရဦးမယ်၊ အချိန်လင့်တယ် ကဲ ပေးမလား မပေးဘူးလား” သူ့မျက်လုံးတို့ ဝင်းတောက်ကာ မျက်ထောင့်တို့ နီလာသည်။ တင်းနေသော မေးကြောတို့က အံကျိတ်ထားကြောင်းသိသာသည်။ တည်ငြိမ်စွာ သူ့ကို ပြန်ကြည့်ရင်း ...

“ဟင်္သာမသေသေးဘူး ... ဒေဝတ္တ ဆံခြည်တစ်ဗီဇနာဖြစ်စေ သူရှင်သန်ခွင့် ရှိတယ်၊ အဲဒီ ရှင်သန်ခွင့်ကို ငါကူညီရမယ်၊ ဆေးကုပေးရမယ်၊ တကယ်လို့ သေဆုံးသွားပြီ ဆိုရင်တော့ ငါ သင့်ထံ အရောက်ပို့လိုက်မယ်” “အို ... စကားတံရှည်တယ်၊ ပေးမလား ... မပေးဘူးလား”

“ပြောပြီးပြီပဲ မပေးနိုင်ဘူး” သူ ရှေ့တိုးလာသည်။ နောက်ဆုတ်မပေးမိ၊ အကြည့်တို့ အဟုန်ပြင်းစွာ ဆုံကြစဉ် .... “ဟေ့ ဘာဖြစ်နေကြတာလဲ?

“ဟင် ... နောင်တော် မဟာနာမ” နှစ်ဦးစလုံး သံပြိုင် ထွက်လာကြသည်။ ဖြစ်ကြောင်း ကုန်စင်ကို ရှင်းပြဖို့ လက်ဦးမှု ယူသူကတော့ ဒေဝဒတ္တပင်။

“ ဒီလိုပါ နောင်တော် ကျွန်တော် ပစ်လိုက်တဲ့ ဟင်္သာကို အချောင်ကောက်ယူထားပြီး ပြန်တောင်းတော့ ငြင်းဆိုနေတယ်” “ဟုတ်လား ... သိဒ္ဓတ္ထ” “ဟုတ်တယ် နောင်တော် ...” “ ကျွန်တော် ဟင်္သာကို ကောက်ယူထားတယ်” “သင်ပစ်ချတာလား သိဒ္ဓတ္ထ”

“မဟုတ်ဘူး ဒေဝဒတ္ထပါ” “ဒါဖြင့် မပေးနိုင်ခြင်းအကြောင်းက ...” “ဟင်္သာမသေသေးဘူး နောင်တော်” “သေမှ ပေးမယ် ဆိုပါတော့”

“ဟုတ်တယ် ... မည်သူမဆို အသက်ရှင်သန်ခွင့် ရှိတယ်၊ ဒီအခွင့်ကို ဘယ်သူကမှ မဖျက်ဆီးသင့်ဘူး၊ ဒါကြောင့် တစ်ဆံခြည်ဖြစ်စေ တစ်ဗီဇနာဖြစ်စေ၊ သူ ရှင်သန်ခွင့် ရှိတယ်၊ ဒီအခွင့်ကို ကျွန်ုပ်လေးစားတယ်၊ ဟင်္သာကို ဆေးကုပေးမယ်..အဲ ... အကြောင်း မသင့်လို့ ဟင်္သာသေခဲ့လျှင်တော့ ဒေဝဒတ္ထရဲ့ အလိုအတိုင်းရှိစေ”

မဟာနာမ ဆိတ်ဆိတ်နေသည်၊ လေးနက် တည်ငြိမ်ဟန်က ပြဿနာရဲ့အဖြေ တစ်ခုကို ရှာနေဟန်၊ စဉ်းငယ်ကြာမှ..။ “ငါ ဆုံးဖြတ်မယ်၊ နှစ်ဦးစလုံး နာယူမလား”

ကြီးသူကို ရိုသေခြင်း၊ နာခံခြင်းဆိုတာ “သကျ” တို့ရဲ့ ထုံးစံတစ်ခုပေပဲ၊ ဆတ်ကနဲ ခေါင်းညိတ်ပြလိုက်သည်။ ဒေဝဒတ္ထကို လှမ်းကြည့်လိုက်တော့ ...

“သဘောတူတယ်” ခက်ထန်တဲ့ သူ့ အမူအရာနှင့် မာကြောသည့် သူ့အသံကို တစ်ထပ်တည်း ကျသည်ကို မဟာနာမလည်း ရိပ်မိမည်သာ။

ဟင်္သာကို ရင်မှာပိုက်ရင်း မဟာနာမ စကားစသည်။
“ဟောဒီ ... လောကကြီး စည်ပင်တာနဲ့ ဆုတ်ယုတ်တာ ဘယ်ဟာ ပိုမြတ်သလဲ ဖြေကြပါ”

“ စည်ပင်ခြင်းက မြတ်ပါတယ်၊ နောင်တော် မဟာနာမ”

“ဒါဆို ရှင်သန်ခြင်းဟာ စည်ပင်ခြင်းကို တိုးမြှင့်စေပြီး သေဆုံးခြင်းကတော့ ဆုတ်ယုတ် ခြင်းကို ဖြစ်စေတာထင်ရှားတယ်၊

ဒီတော့ ရှင်သန်စေသူဟာ လောကကို တည်ဆောက်သူဖြစ်ပြီး သေစေသူက လောကကို ဖျက်ဆီးသူသာဖြစ်တယ်၊

အဲဒါကြောင့် ဒီဟင်္သာကိုတည်ဆောက်သူဖြစ်တဲ့ သိဒ္ဓတ္ထ ပိုင်ဆိုင်သင့်တယ်၊ အကယ်လို့

ဟင်္သာသေဆုံးရခဲ့ရင်တော့...။

မဟာနာမ၏ စီရင်ချက် မဆုံးမီမှာပင် ဒေဝဒတ္ထ လှည့်ထွက်သွားသည်။ သူ့အတွက် မြားတစ်စင်းဟာ အခါမရွေး ဟင်္သာတစ်ကောင် ဖြစ်နိုင်သည်ဟု ယုံကြည် ထားဟန်ပင်။

အဟာနာမ ကမ်းလိုက်သော မြားခç ဟင်္သာကို ညင်သာစွာ ခံယူလိုက်သည်၊ ပြီး ... စူးသော မြားကို အသာအယာ...။

ခုဆိုလျှင် ဟင်္သာငယ် ခန့်ကျန်းစြုပပြီ။ အရိုင်းဆန်မှုကတော့ ပျောက်နေပြီ။ လူရိပ်ကို တွေ့သည်နှင့် အသံပေးကာ တစ်ကောက်ကောက် လိုက်နေတတ်သည်။ သြူုပစုခဲ့သော ကာလအပိုင်းအခြားသည် သူ့ကို အယဉ်ဆန်စေခဲ့ပြီတည့်။

သို့သော် ဗီဇကိုတော့ မစွန့်၊ တစ်ခါတစ်ရံ ကောင်းကင်ဆီမှ အမျိုးအဆွေတွေ ပျံသန်းလာလျှင် မဖိုခေါ်ထူးသံကြားလျှင် လည်တဆံ့ဆံ့၊ အတောင်တဖြန့်ဖြန့် ရှိတော့သည်။ မပူနဲ့ဟင်္သာရေ ... မင်းပျံသန်းနိုင်တဲ့နေ့ဟာ မင်းဆွေမျိုးဆီ ရောက်မည့်နေ့ပဲ။

ထိုစဉ် စားဆဲအစာကိုရပ်ကာ ဟင်္သာလည်ကိုဆံ့သည်။ အတောင်တို့ကို ခတ်သည်။ ပြီးတော့ ပီသသောအသံကြိုပသည်။ သူမျှော်ရာ လှမ်းကြည့်လိုက်တော့ ...။

“အလို ... တောင်ဘက်ဆီက သူ့ဆွေမျိုးတွေ ပျံသန်းလာလို့ကိုး”

“ကဲ ... ဟင်္သာရေ ... ဒီနေ့ကစပြီး ဘဝတူတွေနဲ့ လွတ်လပ်တဲ့ကောင်းကင်မှာ လှည့်လည်လေတော့၊ အေးမြတဲ့ရေ ကန်မှာ ကူးခတ်ပေတော့ ... ဟော ... ဟိုမှာ ... မင်းဆွေမျိုးတွေ ...” လက်မှ လွှတ်တင်ပေးလိုက်သည်။ ဟင်္သာ အုပ်နောက် ဦးတည် နေရာမှ မြည်သံ တစ်ချက်ပေးကာ ပြန်လှည့်လာပြီး ပခုံးထက် နားသက်လာပြန်သည်။ ဪ သြော် ... ဟင်္သာငယ်ရယ် “ရဲရဲပျံလိုက် ဟင်္သာလေး ... မင်းအတွက် အဆင်ပြေဆုံးဝန်းကျင်ဟာ အဲဒီမှာ ရှိလေရဲ့ ... အဖော်တွေ ဝေးမသွားခင် ပျံပေတော့။ ဒုတိယအကြိမ် လွှတ်ပေးလိုက်သည်။ ဟင်္သာငယ် ခွန်းဆက်မြည်ကျူးရင်း ကောင်းကင်ထဲ တိုးဝင်သွားတော့သည်။ ပျပျထင်နေသေးသော ဟင်္သာငယ်ကို ငေးကြည့်ရင်း .လေးမြား လက်နက်နဲ့ တည်ဆောက်လို့ မရနိုင်တဲ့ အရာကို အခြား အရာတစ်ခုနဲ့ တည်ဆောက်လို့ ရနိုင်တယ်ဆိုတာ ဒေဝဒတ္ထကို ပြောပြချင်စမ်းပါဘိ။

ကံထွန်းသစ်

[သုခချမ်းသာ။ ။အောက်တိုဘာလ၊ ၁၉၉၉]

Views: 171

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service