ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အထူး တရားပွဲ သတင်း

မဟာသွံသာရ ဆရာတော် ဘဒ္ဒန္တကုမာရ

ပထမကျော် ဓမ္မာစရိယ B.Sc (Maths)

အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ

ပြည်တွင်းပြည်ပ သာသနာပြု သြ၀ါဒါစရိယအဖွဲ့အကျိုးတော်ဆောင်(အတွင်းရေးမှူး) ၏

ထေရုပ္ပတ္တိ အကျဉ်း


ငယ်ဘ၀။ ။


ဆရာတော်လောင်းလျာကို ၁၃၀၂ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၂)ရက်၊ တနင်္လာနေ့ (25.11.1940) တွင် ဖခမည်းတော် ဦးသောင်၊ မယ်တော် ဒေါ်မြတွန့် တို့မှ ဖွါးမြင်တော်မူခဲ့ပါသည်။ မွေးချင်း (၅)ယောက်အနက် အကြီးဆုံး သားရတနာ ဖြစ်ပါသည်။ (၁၀)နှစ်သားအရွယ်ကပင် သာမဏေပြုခဲ့ပြီး၊
အသက်(၂၀)တွင် ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်။


ယခုအခါတွင် ဆရာတော်သည် သက်တော်(၇၀)နှစ်၊ ၀ါတော် (၅၀)ရှိပြီ ဖြစ်ပါသည်။



ပညာရေး။ ။


ဆရာတော်သည် ပထမလတ်တန်း၌ တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး ပထမဖြင့်လည်းကောင်း၊ ပထမကြီးတန်း၌ တစ်နိုင်ငံလုံးတွင် အမှတ်အများဆုံး ပထမ(ပထမကျော်)ဖြင့်လည်းကောင်း၊ ဓမ္မာစရိယတန်း၌ တစ်နိုင်ငံလုံးတွင် ဒုတိယအမှတ်အများဆုံး ဖြင့်လည်းကောင်း ဖြေဆိုအောင်မြင်တော်မူပြီး
ပထမကျော်နှင့် ဓမ္မာစရိယ ဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။ ထိုမှတဖန် လောကီပညာရေးကို ရဟန်းဝတ်နှင့်ပင်
ဖြေဆို၍ သင်္ချာဘာသာအထူးပြူဖြင့် သိပ္ပံဘွဲ့ B.Sc (Math) ဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။



သာသနာပြု။ ။


ရန်ကုန်တိုင်း သံဃနာယက ၀န်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယက ဗဟိုဝန်ဆောင်အဖြစ်လည်းကောင်း(၈)နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး၊ ယခုအခါ ကျန်းရေးကြောင့် အနားယူခဲ့ပါသည်။ ကမ္ဘာအေးရှိ နိုင်ငံတော် ပရိပတ္တိသာသနာ့တက္ကသိုလ် မော်ကွန်းထိန်း ဆရာတော်အဖြစ်(၄)နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယက၏ ပညာရေးအဖွဲ့တွင် ပထမပြန်စာမေးပွဲ
အတွက် မေးခွန်းးထုတ်ခြင်း(ပု စ္ဆက)တာဝန်ကိုလည်း(၈)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နိုင်ငံတော်
သံဃမဟာနာယက ပြည်တွင်း ပြည်ပ သာသနာပြု သြ၀ါဒါစရိယအဖွဲ့၏ အကျိုးတော်ဆောင်(အတွင်းရေးမှူး)
အဖြစ် ယခုတိုင် တာဝန်ထမ်းဆောင်လျှက် ရှိပါသည်။



ဆရာတော်နှင့် မဟာသွံသာရဘုရား။ ။


တန်ခိုးကြီးဘုရား တစ်ဆူဖြစ်သော မဟာသွံသာရဘုရားနှင့် ကျောင်းကို သာသနာသန့်ရှင်းရေးကာလတွင် နိုင်ငံတော်မှ သိမ်းယူခြဲ့ပီး၊ ဆရတော် တက္ကသိုလ် မော်ကွန်းထိန်းရာထူးမှ အနားယူသောနှစ် (၁၉၈၉ ခုနှစ်) တွင် အဆိုပါ မဟာသွံသာရဘုရားနှင့် ကျောင်းကို ဆရာတော်ကို လှူဒါန်းကာ ကျောင်းထိုင်စေခဲ့ပါသည်။
ဆရာတော်သည် မဟာသွံသာရဘုရားကျောင်းတွင် နေထိုင်သာသနာပြုရင်း နွေရာသီကျောင်းပိတ်ရက်များတွင်
ရဟန်းတော်များအတွက် (အထူးသဖြင့် ပထမကြီးတန်၊ ဓမ္မာစရိယတန်းနှင့် ဘွဲ့ရ ရဟန်းတော်များအတွက်)
အင်္ဂလိပ်စာ၊ မြန်မာစာ၊ ကွန်ပျူတာသင်တန်းများကို အခမဲ့ ဖွင့်လှစ် သင်ကြား ပို့ချပေးတော်မူခဲ့ပါသည်။


ဆရာတော်သည် နိုင်ငံတော်မှ လှူဒါန်းထားသော မဟာသွံသာရ ဘုရားကျောင်းတွင် နေထိုင်သာသနာပြုနေသော်လည်း ဆရာတော်၏ ကိုယ်ပိုင်လည်းဖြစ်၊ နာယကဆရာတော် အဖြစ် ဆောင်ရွက်နေသော ကျောင်းခွဲများလည်းရှိပါသည်။ ယင်းတို့မှာ…………….


၁။ရွှေပြည်သာမြို့နယ်၊ သာဓုကန်ရွာဦး ပရိယတ္တိ စာသင်တိုက်။


၂။ ရွှေပြည်သာမြို့နယ်၊ အုတ်ဖို မြသိန်းတန် ကမ္မဋ္ဌာန်း ရိပ်သာကျောင်း။


၃။ ရွှေပြည်သာမြို့နယ်၊ ဘုံရှည်ကုန်း ရန်ပျိုအေး မင်းကျောင်း။


၎။ မင်္ဂလာဒုံမြို့နယ်၊ ကျိုက်ကလဲ့ မင်းကျောင်း ပရိယတ္တိစာသင်တိုက်။


၅။ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းတာဆုံ ဘုရားကျောင်းတို့ဖြစ်ပါသည်။


ဤသည်ကား မဟာသွံသာရ ဆရာတော်၏ ထေရုပ္ပတ္တိ အကျဉ်းချုပ်
ဖြစ်ပါသည်။

Views: 164

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Profile IconCara Lima and Gigi Jenner joined ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
4 hours ago
Gigi Jenner posted a blog post
10 hours ago
Cara Lima posted a blog post
Tuesday
Cara Lima posted a blog post
Monday

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service