ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ဗုဒ္ဓဘာသာကို “ကမ္ဘာ့ အကောင်းဆုံး” ဘာသာတရားတရားအဖြစ် ဆုရွေးချယ်ချီးမြှင့်



ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို “ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး” ဘာသာတရားအဖြစ် ဆုချီးမြှင့်ခဲ့ပါတယ်။ အဆိုပါ အထူးတစ်လည်ချီးမြှင့်ခဲ့တဲ့ဆုကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ၂၀၀ ကျော်ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး
ပို၍၀မ်းမြောက်အံ့သြဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေးခေါင်းဆောင် အများစုက အဆိုပါအဖွဲ့အစည်းတွင် အဖွဲ့ခွဲဝင်အနည်းဆုံးဖြစ်သော ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက်ကျော်လွန်ပြီး ဆန္ဒမဲပေးခဲ့ ကြခြင်းဖြစ်သည်။

ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးက ပြောဆိုခဲ့ရာတွင်…
အဆိုပါအဖွဲ့ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က ” ဒီကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာတရားဆုကို ဗုဒ္ဓဘာသာက ရရှိတာအံ့သြစရာမရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာမရှိခဲ့ပါဘူး။ တစ်ခြားဘာသာများနဲ့ မတူတာကအဲဒါပါပဲ။ တစ်ခြားဘာသာတွေက အကယ်၍ဘုရားသခင်သာ မှားယွင်းခဲ့ယင်ဆိုတဲ့ အတွေးနဲ့ လက်နက်တွေကို အရံသင့် ထားကြပါတယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကို တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ့အထနဲ့ ဆန့်ကျင်စွာပဲ ဗုဒ္ဓဘာသာဟာ ကိုယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာသူများကို ဟောကြားခဲ့တာပါပဲ” လို့ဆိုခဲ့ပါတယ်။ Belfast မြို့မှ ကက်သလစ်ဘုန်းတော်ကြီး Ted O’Shaunghnessy ကတော့ ကက်သလစ်သာသနာကို
မြတ်နိုးကိုကွယ်ပေမယ့် လူသားတွေကိုမေတ္တာဂရုဏာထားရန် ဟောကြားပြီး လူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်ရဲ့ အလိုဆန္ဒ နားလည်ပါတယ်လို့ ပြောကြတာက စိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ။ ဒါကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။

ပါကစ္စတန်က မွတ်ဆလင်ဘာသာရေးခေါင်းဆောင် Tal Bin Wassad ကလည်းဒီအဆိုကိုသဘောတူထောက်ခံခဲ့ပါတယ်။ အဆိုပါအဖွဲ့ကြီးရဲ့ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာ မဲပေးရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူက “ကျွန်တော်ဟာ
အစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ သို့သော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးကို အကြောင်းပြပြီး အမျက်ဒေါသတွေထွက်ကြ၊ သွေးမြေကျကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။
ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။ ပြောရယင်ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ တစ်ချို့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ ” လို့ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့ “ကျွန်တော်လဲ
ကျွန်တော့်ဘာသာဖြစ်တဲ့ ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်။ ကိုယ့်ဘာသာမို့ကိုယ် ဒါဟာကမ္ဘာ ပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့ လည်းထင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရယင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကိုကျင့်ကြံ အားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် အခုလို မဲပေးလိုက်ပါတယ်” လို့ ပြောလိုက်ပါတယ်။


သို့သော် စိတ်မကောင်းစရာ အချက်တစ်ခုက အဆိုပါအဖွဲ့ကြီးအနေဖြင့် ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကို မျှ မတွေ့ခဲ့ရပေ။ သူတို့ ဆက်သွယ်ပြောဆိုသမျှ ဗုဒ္ဓဘာသာဝင်အားလုံး ကထိုဆုကိုလက်ခံဖို့ ငြင်းပယ် ခဲ့ကြခြင်းဖြစ်သည်။
အဘယ်ကြောင့် ထိုဆုကိုလက်ခံရန် ငြင်းဆန်ရကြောင်းမေးမြန်ခဲ့ရာြ

မန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီး ဂုရတ္တက “ယခုလိုမိမိတို့ဘာသာကို အသိအမှတ်ပြုချီးမြှင့်သည့်အတွက် ၀မ်းမြောက် ကျေးဇူးတင်ကြောင်း၊ သို့သော် ဒီဆုကို အမြတ်ဆုံး လွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသား အားလုံးကို မိမိတို့ မျှဝေပေးအပ်ပါကြောင်း…” မိန့်ကြားခဲ့ပါတယ်။

သတ္တ၀ါ အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ........ဟု မေတ္တာပို့ သလျှက်......




မှတ်ချက်။ ။ ထာဝထရ သူငယ်ခင်းများထဲမှ သူငယ်ချင်း (၀င်းထက်ကို) W.H.K ၏ post ကို ထပ်ဆင့်ဖြန့်ဝေခြင်းပါ။

Views: 79

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Latest Activity

Pyaephyoaung is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Sep 4
oplihon posted blog posts
Aug 20
oplihon is now a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺
Aug 20
A Maris updated their profile
Aug 18

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service