ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

သက်ဝင်လှုပ်ရှားသော သမိုင်းကိုပြောသည့် ပန်းပုတိုင်းပြည် (သို့မဟုတ်) ပထမအကြိမ် အာရှဗုဒ္ဓဘာသာ

မိမိ အသက်ရှင်နေသရွေ့ ကာလပတ် လုံးမြတ်ဗုဒ္ဓ၏ တရားတော်နှင့် တိပိဋက ကျမ်းဂန်စာပေများကို အဓွန့်ရှည်တည်တံ့ အောင်ကြိုးစား နှလုံးသွင်းရမည်က ဗုဒ္ဓ ဘာသာဝင် လူမျိုးတိုင်း၏ တာဝန်ဝတ္တရား ဖြစ်သည်။ တိပိဋက မပျက်သုဉ်းသ၍ ဗုဒ္ဓ သာသနာမကွယ်ပ၊ ထွန်းလင်းတောက်ပနေ ဦးမည်ဟု ကျေးဇူးရှင် ဆရာတော်ကြီး   ဒေါက်တာ အရှင်ဥာဏိဿရက ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ကမ္ဘောဒီးယားနိုင်ငံဒေသ စံတော်ချိန် ည ၆နာရီတွင်ဖနွမ်းပင်မြို့၊ သီဟာနုလမ်းပေါ် မှ ဝသ်လန်ကာ(Wat Lanka) နန်းတော် ကြီးကျောင်းမှာ ကျင်းပသည့်တရားပွဲတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဟောပြောခဲ့ပါသည်။

ပုဂ္ဂလခံစားချက်ဖြင့်ဖြည့်စွက် ပြောရပါလျှင် နံနက် ခင်းတိုင်း မြတ်စွာဘုရား၏ ဂုဏ်တော်နှင့် ပဋ္ဌာန်း ပရိတ်တရားတော်များ၏ အနက်အဓိပ္ပာယ်ကို နားလည်သိစွမ်းနိုင်ရန် အချိန်ပေးရွတ်ဖတ်ဖြစ်သည့် အကျိုးကျေးဇူး   ကြောင့်  ယခုလို ကျေးဇူးရှင် သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏိဿရ၏ ဗုဒ္ဓပူဇနိယခရီးစဉ်ကို လိုက်ပါခွင့်ကြုံကြိုက် ရသည်ဟု အလေးအနက် ယုံကြည်မိ သည်။ ထိုခရီးစဉ်တွင် လိုက် ပါနိုင်ရန်စီစဉ်ပေးသော ဆရာ ဦးမောင်မောင်အေး (အလင်္ကာဝတ်ရည် စာပေနှင့်တေးဂီတ ထုတ်လုပ်ရေး)ကိုလည်း များစွာကျေးဇူး ဥပကာရ တင်ရှိရပါသည်။

ကျွန်မ အနေဖြင့် ဓမ္မဒေသနာတော်နှင့် နီးစပ်ခွင့်ကြုံကြိုက်ရသည်ကို အခြားသော ဂုဏ်ယူဖွယ်အကြောင်း အရာကိစ္စများ ထက် ပို၍တန်ဖိုးထားဂုဏ်ယူ မိပါသည်။ အကြောင်းမှာ မမြဲသောတရား၏ ကြောင်းကျိုး သက်ရောက်မှုအရ လူဖြစ်လာရသော ရခဲသည့်လူ့ ဘဝ၏ အတိုင်းအဆပမာဏကို မျက်တောင် တစ်ဆုံးမကြည့် ဘဲ  မျက်စိ တစ်ဆုံး ကြည့်မြင်တတ်ပါလျှင် လောကဓမ္မကို မမေ့မလျော့ဆင်ခြင် မျှော်တွေးတတ်မည်ဖြစ်သည်။ သို့မှသာ မိမိတို့၏ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းကာ အဆုံးသတ် လှပမည်ဟု ကျွန်မကိုယ်တိုင်လည်း အလေးအနက်ယုံကြည်မိသည်။

မြတ်ဘုရား၏ တရားဒေသနာနှင့်အတူ သာသနာတော် ထွန်းကားစဉ်မှာမက၊   မြတ်စွာ ဘုရားရှိစဉ် ကာလကတည်းကပင် ဘုရားဝေး၊ တရားဝေးသည့် အယူလွဲမှားသော မိစ္ဆာဒိဋ္ဌိများရှိခဲ့သည်။ ယခုလည်း ရှိနေကြသည်။ ထိုဘဝမျိုးသို့ မသက်ဆင်း မရောက်ရှိ လိုပါ။ ထို အဖြစ်အပျက် သဘောတရားကို ဆရာတော်ကလည်း မြတ်စွာဘုရား ပွင့်တော်မူခဲ့ရာ ဘင်္ဂလားဒေ့ရှ်တွင် သာသနာကွယ်သွားခြင်း အကြောင်းကို အထူးပြု ဥပမာပေး ဟော ကြားခဲ့ပါသည်။


ရေပွက်ပမာလူ့ဘဝရခိုက် သုံးသပ်ဆင်ခြင်မိတိုင်း သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုသည့် စိတ်ဆန္ဒများဖြစ်ပေါ်မိတတ်သည်။ ထိုအခါ ဥာဏ်မီသမျှ အတိုင်းအတာဖြင့် အားကိုးရာအမှန်ဖြစ်သော မြတ်ဗုဒ္ဓ၏ တရားဒေသနာများကို နှုတ်မှရွတ်ဖတ် အာရုံပြုရုံမျှဖြင့်ပင် အေးချမ်းမှုကို သိသိသာသာ ခံစားရမြဲဖြစ်သည်ကို ထူးထူးခြားခြား သတိ   ပြုမိမြဲဖြစ်သည်။ ထို့အတွက် ပင်ကိုပါရမီအခြေခံရှိ၊ မရှိ မိမိကိုယ်မိမိ မဆန်းစစ်မိစေကာမူ ဗုဒ္ဓ၏တရားအရိပ်တွင် ခိုလှုံလိုစိတ် ဖြစ်ရသည်။

အထူးသဖြင့် ဘုရားရိပ် တရား ရိပ်နှင့် နီးနီးစပ်စပ်ရှင်သန်ခွင့်ရဖို့ ဆုတောင်းဖြစ်လာသည်။ ကျွန်မ၏ မိရိုးဖလာ ဘာသာရေးအသိစိတ် အခြေခံ အနုအရင့်ကိုအကြောင်းပြု၍ မြတ်ဗုဒ္ဓ၏ တရားဒေသနာ   တော်များကို နီးစပ်ရာဘာသာရေး စာပေများမှ အနက်အဓိပ္ပာယ်ရှာ လေ့လာနေဆဲမှာပင် ဒီဇင်ဘာလ ၁၃ ရက်မှ ၁၇ ရက်တိုင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီယမ်ရိ(ပ်) (Siem Reap) တွင် ကျင်းပသည့် ပထမအကြိမ် အာရှဗုဒ္ဓနိုင်ငံများ၏ ယဉ်ကျေးမှုပွဲတော်ကို တက်ရောက်ခွင့်ရဖို့ အကြောင်းဖန် လာခဲ့သည်။

သာသနာ့အာဇာနည် တစ်ပါးဖြစ် သည့် ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ၏ သီတဂူဂီတဉ္ဇလီ အဖွဲ့သားများ နှင့် လိုက်ပါရမည် ဆိုသောကြောင့် ဝမ်းမြောက်ဝမ်း သာဖြစ်ရသလို တစ်နှစ်တာလုံး သာသနာပြုခရီးစဉ်များဖြင့် ပြည်တွင်း ပြည်ပခရီးများ ထွက်နေသည့် ဆရာတော်ကို ဖူးတွေ့နိုင်ဖို့အလွန်ပင်ခဲယဉ်းသည်ဟု သိထားရသည့် အတွက် ယခုကဲ့သို့ ဆရာတော် ၏ ခရီးစဉ်တွင် လိုက်ပါရမည်ဟု သိရသည့်အခါ အထူးပင် ဝမ်းမြောက်ရပါသည်။ တစ်ပြိုင်နက်တည်း ကျွန်မအနေဖြင့် ယခုကဲ့သို့ ဘာသာရေး ပွဲတော်တွင် ပါဝင် အားဖြည့် ခွင့်ရသော်လည်း တစ်စုံတစ်ရာ ချို့ယွင်းချက်များ ဖြစ်မည်ကို အလွန်ပင်စိုးရိမ်ကြောင့် ကြနေခဲ့ရပါသည်။

သို့သော် ဆရာတော် ဦးဥာဏိဿရကို စတင်ဖူးမြင်ရစဉ်မှာပင် စိုးရိမ်သောကများ ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို လွင့်စင်ကင်းပျောက်ခဲ့ပါသည်။ ဆရာတော်ကြီး၏ သီလသမာဓိ ဂုဏ်တော်များနှင့် မေတ္တာတရား ရိပ်ကြောင့်ဖြစ်   ကြောင်း လက်တွေ့ ခံစားသိရှိလိုက်ရစဉ်တွင် ကျွန်မ ရှေ့ဆက်ပါဝင်ရမည့် ဘာသာရေးပွဲတော် ခရီးစဉ်လုပ်ဆောင်မှုများ ကိုစိတ်အေးချမ်းသာစွာ ယုံယုံကြည်ကြည်   ဆောင်ရွက်နိုင်ခဲ့တော့သည်။ တတ်စွမ်းသမျှ ဘာသာရေး အသိစိတ်ဖြင့် ကျွန်မသည် သာသနာအကျိုးကို သယ်ပိုးနိုင်ခဲ့ပြီဟု The First Asian Festival of Buddhist Culture ပွဲတော်တွင် အခိုင်အမာ သက်သေပြုနိုင်ခဲ့ပြီ ဖြစ်သည်။

ပွဲတော်လာ အာရှနိုင်ငံပေါင်း (၂ဝ)အနက် ဗုဒ္ဓပွဲတော်သို့ တက်ရောက် ဖြစ်ကြသော သီရိလင်္ကာ၊ ဗီယက်နမ်၊တရုတ်၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့မှ မြတ်ဗုဒ္ဓ၏ဂုဏ်တော်၊ မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များ ကိုဖော်ကျူးသော ရိုးရာအကအဆိုများဖြင့် First Asian Festival of Buddhist Culture ပွဲတော်ကိုကမ္ဘာ့အံ့ဖွယ်သမိုင်း ဝင်အဆောက် အအုံဖြစ်သည့် အန်ကောဝတ် ဘုရားကျောင်းတော်ရှေ့ မြေပြင်တွင် စင်မြင့်   ဆောက်ကာ တင်ဆက်ဖျော်ဖြေခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့ညနေမြင်ကွင်းကလည်း  ညခင်းဆည်းဆာ၏ သဘာဝအလှ တရားတို့ဖြင့် ပန်းချီဆန်ဆန် ဂန္ထဝင်မြောက် ခဲ့သည်။

အရှေ့ တောင် အာရှနိုင်ငံများ၏ ပုံစံအမျိုးမျိုးဖြင့် ဗုဒ္ဓ၏ ဂုဏ်တော်ကိုချီးမွမ်းကြသောအကများအနက် ခေါင်း၊ ခါး ၊ခြေ၊ လက် စုံလင်စွာအသေးစိတ် ကပြရသော   မြန်မာကကြိုး ကကွက်များ၏ နူးညံ့သိမ်မွေ့မှု၊ သီးခြား ရပ်တည်နေသောမြန်မာ့ ဂန္ထဝင်အဆိုအက များ၊ စင်မြင့်ဖျော်ဖြေမှု နှင့်လိုက်ဖက်ညီသော အောင်ခြင်းရှစ်ပါး၊ ထူးမခြားနား၊ စွယ်တော် ကြိုးတို့ကိုမြန်မာမှုဖြင့် သရုပ်ဖော်သောအက အလှဆင်ယင်ထုံးဖွဲ့မှုများ၊ ဆီမီးခွက်အက၊ ဘီလူး၊နဂါး၊ဗြဟ္မာဝတ်စုံများနှင့် အရိုးပေါ် အရွက် မဖုံးစေဘဲမြန်မာ့ ယဉ်ကျေးမှု အနုပညာ အမွေအနှစ်အစစ်အမှန်ကို အခြားနိုင်ငံ သားများရှေ့မှောက် အရောက်ဖော်ထုတ်တင် ဆက်ပေး သွားနိုင်သော   ကျေးဇူးတော်ရှင် ဆရာတော်ဒေါက်တာ အရှင်ဥာဏိဿရ၏ ဦးဆောင်မှု၊ဦးမောင်မောင်အေး(အလင်္ကာ ဝတ်ရည်တေးဂီတအဖွဲ့)၊ ၏စီစဉ်ညွှန်ကြားမှု၊

အဆိုပညာရှင် ဦးကေတုဝင်းထွတ်နှင့်   ဒေါ်ယဉ် ဝေယံထွန်း၊ အကနှင့် စောင်းပညာရှင်၊ မြန်မာမှု တူရိယာ ပညာရှင်များဖြစ်သော နှဲနှင့် ပလွေ (ဦးစဘဌေး)၊ ဦးသန်းဝင်း(ဗုံ)၊ဦးဌေးဝင်း (စည်းနှင့်ဝါး)၊ မီဒီယာ မှတ်တမ်းတင်ဒေါ်တူး တူးမြင့်သိန်း (အယ်ဒီတာချုပ်-အလင်္ကာဝတ် ရည်မဂ္ဂဇင်း)၊ ဦးဇော်မိုး(အလင်္ကာဝတ်ရည် ရုံးအဖွဲ့မှူး)၊ ပတ္တလားဦးခင်လှ၊   စောင်း ဒေါ်ဌေးဌေးမော်၊   စောင်းနှင့်အက အဖွဲ့ နည်းပြ ခေါင်းဆောင်ဒေါ်ခင်ဌေး၊ ဒေါ်ခင် ဝင်းမြိုင် (အကအဖွဲ့မှူး) နှင့်အကအဖွဲ့ဝင် ၇နှစ်ဦးတို့နှင့်အတူ မြန်မာပိုင်း အဆိုနှင့်အက အစီအစဉ်အတွက် အစီအစဉ်ကြေညာသူ အဖြစ်တာဝန်ပေးအပ်ခံရသည့် အတွက် သာသနာရေးတွင်တတ်စွမ်း သမျှပါဝင် အားဖြည့်ခွင့်ရခဲ့သည်။

ထို့အတွက် မြတ်ဗုဒ္ဓ ၏ဖြစ်စဉ်သမိုင်းဆိုင်ရာ ပါဠိဘာသာအခေါ် အဝေါ်နှင့်ဆက်စပ်သော အင်္ဂလိပ်ဘာသာ ဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုမှုတို့ကိုကျေးဇူးတော်ရှင် ဆရာတော်ဦးဥာဏိဿရ ၏သြဝါဒ   ပေးလမ်းညွှန်မှုဖြင့် သာသနာ့ အကျိုးကို တစ်ထောင့်တစ်နေရာမှ အကျိုးဆောင်နိုင် ခဲ့ပါသည်။ ဗုဒ္ဓပွဲတော်၏ အခမ်းအနားတင် ဆက်မှုရည်ရွယ်ချက်နှင့်လိုက် ဖက်အောင် ကြိုးစား တင် ဆက်နိုင်ခဲ့သော ဆရာဦးမောင်မောင်အေး(အလင်္ကာဝတ်ရည်)၏ စီစဉ်ညွှန်ကြားမှု၊ အခမ်းအနားစီစဉ် တင်ဆက်ရာ တွင်အကူအညီပေးခဲ့သော ဒေါက်တာမစ္စတာ ဆမ်အမ်းဆမ် (အကြံပေးနှင့် ပရော်ဖက်ဆာ- ကမ္ဘောဒီးယားနိုင်ငံယဉ် ကျေးမှုနှင့်ပန်းချီ အနုပညာဝန်ကြီးဌာန)၊ မစ္စ(စ်) ချာဗီဆမ်း (ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် ပန်းချီ အနုပညာဝန်ကြီးဌာန) တို့အားလည်း အစဉ် ကျေးဇူးတင်ရှိသတိတရရှိနေဦးမည်ဖြစ်သည်။

ဗုဒ္ဓသာသနာတော်ထွန်းကားသော ဘဒ္ဒကမ္ဘာ ခေတ်တွင် လူဖြစ် ခွင့်ရခြင်း၊ ဗုဒ္ဓဘာသာ ဝင်ဖြစ်ခွင့်ရခြင်းအတွက် သက်ဆိုင်သူမိဘ၊ ဆရာသမား၊ သင်ဆရာ၊ မြင်ဆရာ။ကြား ဆရာအားလုံးနှင့် ဘဝအဆက်ဆက်တော် စပ်ခဲ့သူများ အားလုံးကိုမှန်းဆကာ မေတ္တာပို့ ပါသည်။ ထိုမျှမကရှင်သန်ဖြစ်သော ယခုဘဝတွင် ဘာသာ၊ သာသနာနှင့်ကင်း လွတ်၍မရသောယဉ်ကျေးမှု အနုပညာရပ် များ ဖြစ်သည့် ပန်းဆယ်မျိုးပန်းချီပန်းပုပညာ၊ အဆို၊ အကပညာရပ်တို့နှင့်  နီးစပ်ခွင့်ရ သည့်အတွက်ကျေနပ်အားရမိသည်။ ထို့အတူ ကမ္ဘောဒီးယားနိုင်ငံ၏ အနုပညာယဉ်ကျေးမှု တို့ကို ထင်ဟပ်ပြသသော ကိုးကွယ်ယုံကြည် မှုနှင့်သာသနိက အဆောက်အအုံများအား ပုံဖော်သော ပန်းချီပန်းပုလက်ရာမွန်များကို လက်ညှိုးထိုးမလွဲ အပြည့်အဝရှုစားလေ့ လာခွင့်ရခဲ့၍ကျေးဇူးတင်ထိုက်သူများအား အတိုင်းမသိ ကျေးဇူးတင်မဆုံးဖြစ်ရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ဗုဒ္ဓပူဇနိယခရီးစဉ်တွင် သွားလေရာ နေရာတိုင်း   ရှေးခမာ မင်းတို့ ခေတ်အဆက်ဆက်က တည်ထားခဲ့သော ပန်းပုရုပ်တုများနှင့်  လက်မှုပညာရပ်များ အဆင့်အတန်း  မြင့်မားမှုကိုခိုင်မာသော သမိုင်းယဉ်ကျေးမှုအမွေအဖြစ် ကမ္ဘောဒီး ယားနိုင်ငံတွင်ချန်ရစ်နိုင်ခဲ့သည်ကို အားရ ဖွယ်မြင်တွေ့ရသည်။

ပြည်တွင်းစစ်ဖြစ်လင့် ကစား  ၉ ရာစုမှ ၁၅ ရာစုတိုင် တည်ထားခဲ့ သောအန်ကောဝတ်နှင့် ဟိန္ဒူနတ်ဘုရားကိုး ကွယ်မှုရောယှက်နေ သောဗုဒ္ဓသာသနိကအ ဆောက်အအုံများကို ရှေးမူမပျက်စောင့် ရှောက်နိုင်ခြင်းများ၊ ဖနွမ်ပင်မြို့မှ ခေတ်သစ် နှင့်   ခေတ်ဟောင်း ခမာ ရုပ်တုများကို မြို့တည် နန်းတည်အထင်ကရ အဆောက်အအုံများ နှင့်လမ်းများပေါ်တွင် တခမ်းတနားအနုပညာ ရသမြောက်စွာတည် ဆောက်ထားနိုင်ခြင်း၊ ကာကွယ်ထိန်းသိမ်းထားနိုင်ခြင်းက ကမ္ဘော ဒီးယားနိုင်ငံသားများ၏နိုင်ငံချစ်စိတ်ကို သက်သေပြသောအနုပညာ အင်အားပြယုဂ် များဖြစ်ကြောင်း မည်သူမှငြင်းဆိုနိုင်ဖွယ် မရှိ။


ထိုသို့ယုံကြည်ကိုးကွယ်မှုနှင့် သာသနိက အဆောက်အအုံများပေါကြွယ်ဝသည့် ကမ္ဘောဒီးယားမှ ဗုဒ္ဓပွဲတော်ခရီးစဉ်မတိုင်ခင် အိန္ဒိယနိုင်ငံသို့ ဆရာတော်ကြီး   ရောက်ရှိ    နေခဲ့သည်။ သာသနာ့ဝန်တာများထမ်း ဆောင် ပြီးအိန္ဒိယနိုင်ငံမှအပြန်တွင် ဆရာတော်ကြီး မှာအနားမယူလိုက်ရပြန်။ ကျွန်မတို့လိုက်ပါ ကြမည့် ဆရာတော် ကြီး၏ ဂီတဉ္ဇလီ အနုပညာ ကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘောဒီးယား နိုင်ငံမြို့တော်ဖနွမ်ပင်နှင့် ဆီယမ်ရိ(ပ်)သို့ ဦးဆောင်ဦးရွက်ပြုကာ ခေါ်ဆောင်ခဲ့သည်။  

နေထိုင် စားသောက်ရေး အားလုံးကို အဆင် ပြေချောမွေ့အောင် အကြားအလပ်မရှိ ဂရု တစိုက်ဆောင်ရွက်ပေးပြန်သည်။ ဆရာတော် မှာကျွန်မတို့အဖွဲ့သားများကို အန်ကောဝတ် နယ်မြေအတွင်း အနှံ့လှည့်လည်လေ့ လာ နိုင်အောင် အားပေးတိုက်တွန်းခဲ့သည်။ကျွန်မ တို့အားအသိပညာ၊ အတတ်ပညာများပွင့် လင်းအောင် စေတနာထားစွမ်းဆောင်ခဲ့ သည်ကို   ကျေးဇူးတင်နားလည်ခဲ့ရသည်။ ကျွန်မတို့လိုက်ပါသော The First Asian Festival of Buddhist Culture ပွဲတော်ခရီး စဉ်အပြီးတွင် ဆရာတော်ဘုရားမှာ နားနေ ချိန်မရှိဟုသိရပြန်သည်။ ပြည်ပသာသနာ ပြုခရီးများကိုမပြတ်သွားရောက်နေရသည့် အပြင် ပြည်တွင်း လူမှုရေးလုပ်ငန်းများကို လည်း အပတ်တကုတ် ဆက်လက်   ဆောင် ရွက်ရန် ပြည်တွင်း ခရီးစဉ်များကို စီစဉ်ပြီး ဖြစ်နေပြန်သည်။

ဆရာတော်ကြီးသည် သူ၏ လူမှုရေးလုပ်ငန်းများကို အမည်နာမမတပ်၊ မကြေညာပါ။ တစ်နှစ် ပတ်လုံး အလှူအတန်း ကြီးများကို ရက်ရက်ရောရော ပေးကမ်းပြုလုပ် နေသည်မှာ ဆရာတော်ကြီး၏ နိစ္စဓူဝ လုပ်ငန်းဆောင်တာများ  ဖြစ်သည်ဟု ဆရာတော်ကြီး၏ တပည့် ဒကာဒကာမများထံမှ နားစွင့်ဖြစ်သည်။ ရန်ကုန်သို့ပြန်ရန် ဆီယမ်ရိ(ပ်)လေဆိပ်အရောက် ဆရာတော် ကြီးကိုလာရောက်ဖူးမြော်ကာ   မေးမြန်းကြသော   နိုင်ငံခြားသား များကိုလည်း ဆရာတော် ဘုရားက စိတ်ရှည်စွာရှင်းလင်းဖြေကြား ပေးသည့်အတွက် မြတ်ဗုဒ္ဓ၏ သားတော် သာသနာ့ အာဇာနည်တစ်ပါး အသွင်မြင်တွေ့ ရသည်မှာ ကြည်ညိုဖွယ်ကောင်းလှသည်။

အပြောနှင့်အလုပ်ညီသောဆရာတော်၏ သာသနာပြုလုပ်ငန်းများမှာစေတနာ၊ မေတ္တာ စွမ်းအားကြောင့် အောင်မြင်မှုရှိကြောင်း ကြားသိဖူး သည်မှာ အမှန်ဖြစ်ကြောင်း ခရီး စဉ်တစ်လျှောက်ဆရာတော်၏ လှုပ်ရှားသွား လာမှု၊နေထိုင်ပြောဆိုပုံများကို လက်တွေ့မြင် တွေ့သိရှိရကာ ကြည်ညိုလေးစား ရပြန်သည်။ အပြန်ခရီးတွင်မနားဘဲ လွိုင်ကော်မြို့မှ ဆေး ရုံတစ်ရုံကိုဆရာတော်ဘုရားက သွားရောက် ဖွင့်လှစ်ပေးဦးမည်ဟုသိရပါသည်။

ဗုဒ္ဓ သာသနာပြန့်ပွား စည်ပင်   ရေး၊ ထိန်းသိမ်း   စောင့်ရှောက်ရေးတာဝန်ကို နေ့မနားညမနား ဆောင်ရွက်နေသော

ကျေးဇူးရှင်ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၏ သာသနာပြု ခရီးများနှင့် လုပ်ငန်းစဉ်များ ထာဝစဉ် အောင်မြင်ပါစေကြောင်းဆုတောင်းလျက်။ ။
ရည်မွန် (ယဉ်ကျေးမှုတက္ကသိုလ်)

Views: 228

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service