ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

အားကိုးရာရှိမှသာ

 
အားကိုးရာရှိမှသာ

သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေအားကိုး အားထားရာရှိသင့်သည်။ အထူးသဖြင့် သက်ရှိများသည် အားကိုးရှိသင့်သည်။ အားကိုးအားထားမရှိလျှင် မကြီးပွားမတိုးတက်နိုင်ပေ။ မတိုးတက်နိုင်ရုံမက၊ ဆုတ်နစ်ပျက်စီးနိုင်ပေ၏။ ထို့ကြောင့် မဟာရဟနီတိ၌ အောက်ပါအတိုင်းဆိုထားသည်ကို သိနိုင်၏။
  
   ဂုဏီ သဗ္ဗညုတုလျောပိ၊ သီဒတေကော အနိဿယော။
   အနဂ္ဃမပိ မာဏိကံ၊ ဟေမံ နိဿာယ သောဘတိ။

သဗ္ဗညုတုလျော-သဗ္ဗညုဘုရားနှင့်အတူ၊ ဂုဏီပိ-ဂုဏ်ကျေးဇူးရှိမူလည်း၊ ဧကော အနိဿယော-အမှီမရှိ တစ်ယောက်တည်း ဖြစ်မူကား၊ သီဒတိ-နစ်တတ်၏၊ မာဏိကံ-အမြတ်ရတနာသည်၊ အနဂ္ဃမပိ-အတိုင်းမသိ ထိုက်သည်လျင်မူလည်း၊ ဟေမံ-ရွှေကို၊ နိဿယ-မှီ၍၊ သောဘတိ-တင့်တယ်၏။

ဆိုလိုရင်းမှာ လောက၌ ဘုရားလောက်နီးနီးတော်သူ စွမ်းသူပင် ဖြစ်ပါစေ၊ အမှီသဟဲမရှိ အားကိုး ရာမရှိ တစ်ယောက်ထဲ ဖြစ်မူကား နစ်မွန်းပျက်စီးခြင်းသို့ ရောက်ရာ၏။ ဥပမာအားဖြင့် ပြောရသော် တန်ဘိုးမဖြတ်နိုင်အောင် အဘိုးတန်သော ပတ္တမြားရတနာသည် ရွှေကိုအမှီပြု၍၊ ရွှေပါမှ တင့်တယ်သကဲ့သို့ ဖြစ်သည်ဟု ဆိုလိုပါသည်။

    မှန်ပါသည်။ အဘိုးတန်ပတ်္တမြားရတနာကြီးကို ရွှေကွပ်လိုက်လျှင် ပတ္တမြားလက်စွပ်ဟု အသုံးဝင် ပစ်္စည်းဖြစ်လာနိုင်သည်။ ရွှေကွပ်လိုက်လျှင် ပတ္တမြားနားဍောင်းဟု အသုံးဝင်ပစ်္စည်းဖြစ်လာနိုင်သည်။ ရွှေကွပ်လိုက်လျှင် ပတ္တမြားလည်ဆွဲဟု ဖြစ်လာသည်။  ပတ်္တမြားသက်သက်ပဲထားပြီး ရွှေကို အဖော်အဖြစ် အမှီမပြုလျှင် အသုံးဝင်ပစ္စည်း မဖြစ်လာနိုင်ပေ။ ပတ္တမြားကြီးသည် ပတ္တမြားလက်စွပ်စသည်ဖြင့် တင့်တင့် တယ်တယ် ထယ်ထယ်ဝါ၀ါ ဖြစ်မလာနိုင်တော့ပေ။ လောက၌ မည့်သည့်အရာမဆို မှီခိုအားထားရာ လိုအပ်ပါသည်။

    တန်ခိုးအာဏာပါဝါ အလွန်ကြီးသောသူပင် ဖြစ်ပါစေ အဖော်သဟဲမရှိမူ တနည်း အားကိုးအားထား မရှိပါက တစ်ဦးတည်းမည်မျှပင် စွမ်းသူဖြစ်ပါစေ မည် သည့်ကိစ္စမျှ ပြီးစီးအောင် မလုပ်နိုင်ပေ။ ထို့ကြောင့် နီတိ၌ အောက်ပါအတိုင်း ဆိုထားပါသည်။

    “အသဟာယော သမတ္ထောပိ၊ တေဇသီ ကိံ ကရိဿတိ။ နိဝါတသဏ္ဌိတော အဂ်္ဂိ၊ သယမေ၀ူပသမ္မတိ။”
    တေဇသီ-ကြီးသောတန်ခိုးရှိသောသူသည်၊ အသဟာယော-အဖော်သဟဲမရှိမူ၊ သမတ္ထောပိ-စွမ်း နိုင်သော်လည်း၊ ကိံ-အဘယ်မှုကို၊ ကရိဿတိ-ပြုနိုင် လတံ့နည်း၊ နိဝါတသဏ္ဌိတော-လေလုံးဝမရှိရာ၌ တည် သော၊ အဂ်္ဂိ-မီးသည်၊ သယမေ၀-အလိုလိုသာလျှင်၊ ဥပသမ္မတိ-ငြိမ်းလေ၏။

    တစ်ယောက်တည်း လူစွမ်းကောင်းလုပ်လို့မရ တန်ခိုးသြဇာ ကြီးချင်သလောက်ကြီး အစွမ်းသတ်္တိ ရှိချင် သလောက်ရှိ အဖော်မရှိ တစ်ယောက်တည်းဖြစ်လျှင် မည်သည့်ကိစ်္စကိုမျှ ပြီးအောင် အောင်မြင်အောင် မလုပ် နိုင်၊  ဥပမာ.. လေလုံးဝမရှိသော နေရာ၌ မီးသည် အလိုလိုငြိမ်းသကဲ့သို့ဟုဆိုလိုပါသည်။ မီးပင် အဖော် လေးရှိမှ တောက်လောက်နိုင်သည်။ လေ အဖော်မရှိ လျှင် မီးမတောက်လောင်နိုင်၊ အလိုလိုငြိမ်းသွားပေ မည်ဟု ဆိုလိုသည်။ ဆီးမီးတစ်တိုင်ထွန်းပြီး ထိုဆီမီးကို ခွက်တစ်ခုခုဖြင့် ဖုံးအုပ်လိုက်ပါ ချက်ခြင်း ငြိမ်းသွားပေ မည်။ အကြောင်းကား လေတည်းဟူသော အကူအညီ ကို မရသောကြောင့်တည်း။

    ဤကား သက်မဲ့များပင် အားကိုးရန် အဖော် အကူအညီရမှ ရပ်တည်နိုင်ကြောင်း ပြဆိုခြင်းဖြစ်သည်။ သက်ရှိများဖြစ်လျှင် ဆိုဖွယ်မရှိဟု ဆိုရာရောက်သည်။ အာဏာပါဝါ တန်ခိုးအစွမ်းသတ်္တိရှိသူပင် ဖြစ်ပါစေ အကူအညီမရရှိလျှင် အလုပ်တစ်ခုကို အောင်မြင်ပြီးစီး အောင် မလုပ်နိုင်ဟု ဆိုသောစကားနှင့် ပတ်သက်၍ မြန်မာရာဇ၀င်မှ အဖြစ်အပျက်တစ်ခုကို ထုတ်ပြီး သာဓကအဖြစ် ပြလိုပါသည်။

    မြန်မာရာဇ၀င်၌ အနှစ်လေးဆယ် စစ်ပွဲဟု စာတင်ထားသော အဖြစ်အပျက်တစ်ခု အင်းဝ၌ မင်းခေါင်အုပ်ချုပ်သည်၊ ဟံသာဝတီ၌ ရာဇာဓိရာဇ် အုပ်ချုပ်သည်၊ ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်နေသောကာလ ဆိုလိုရင်းမှာ အင်းဝက နိုင်လိုက် ဟံသာဝတီက နိုင်လိုက် ဖြစ်နေချိန် အင်းဝ၌ မင်းခေါင်၏သား မင်းရဲကျော်စွာက ဦးစီးသည်။ ဟံသာဝတီ၌ လူစွမ်းကောင်းများစွာ ရှိနေချိန် တနေ့သ၌ သို့မဟုတ် မင်းရဲကျော်စွာ၏ နောက်ဆုံးစစ်ပွဲနေ့ ကျားနှင့်ဆင် လယ်ပြင်တွေ့တော့မည်။

    ရာဇာဓိရာဇ်က စစ်ပရိယာယ်ကြွယ်ဝသည် မင်းရဲကျော်စွာက မင်းပျိုမင်းလွင်ဖြစ်၍ ရာဇာဓိရာဇ်လောက် စစ်ပရိယာယ် မကြွယ်ဝ။ တုံးဆိုတိုက် ကျားဆိုကိုက်သမားဖြစ်၏။ သို့သော် ၁၃ နှစ်ကတည်းက ဗိုလ်ချုပ်ဖြစ်လာသူဖြစ်၍ သတ်္တိအရာပြောဖွယ်မရှိ၊ တိုက်တိုင်းအောင် ဖြစ်နေ၏။ ရာဇာဓိရာဇ်က မင်းရဲကျော်စွာကို ရင် ဆိုင်ရန် စစ်တပ်ကြီးကို လေးဆင့်ထားပြီး ဗျုဟာ ခင်းထား၏၊ ရှေ့သုံးတပ်ကို ပေါက်အောင် ဖောက်နိုင်မှ ရာဇာဓိရာဇ်ထံ ရောက်မည်ဖြစ်၏။ 
 
ထို့အပြင် မင်းရဲကျော်စွာ၏ စစ်တပ် စစ်ထွက်ခါနီးတွင် ဆင်တပ် ဗယုတ်ဗယက်ဖြစ်အောင် ရာဇာဓိရာဇ်က သူလျှိုလွှတ်ကာ စီစဉ်ထားသည်။ စစ်ထွက်သောအခါ မင်းရဲကျော်စွာ တစ်ယောက်တည်း ဆင်တစ်စီးဖြင့်သာ ထွက်လာနိုင်တော့၏။ အခြားအကူ ဆင်တပ်ထွက် မလာနိုင်ပါ။ အကြောင်းကား ဆင်တပ်အတွင်း ရှုတ်ရှုတ်ရှက်ရှက် ဖြစ်နေသောကြောင့်တည်း။ 
 
 မင်းရဲကျော်စွာ တစ်ယောက်တည်း ဆင်တစ်ကောင်တည်းဖြင့်သာ ရာဇာဓိရာဇ်၏ စစ်တပ်ကို တိုက်ဖျက်ရာ ရှေ့သုံးတပ်ပျက်သွားသည်။ ထိုအချိန်၌ မင်းရဲကျော်စွာ စီးသောဆင်သည် ပင်ပန်းနေသည့်အပြင် လှံချက်ကလည်း တစ်ရာလောက်ထိထားသည်။ စစ်တပ်အကူကလည်း မရရှိ၍ အကူအညီမဲ့ဖြစ်နေသည်။ ထိုအခါ မင်းရဲကျော်စွာ စီး သောဆင်မှာ သတိလက်လွတ်ဖြစ်ပြီး ခါချလိုက် ရာ မင်းရဲကျော်စွာ ဆင်ပေါ်မှကျပြီး ပေါင်ကို ဆင်ခွါဖြင့် ရှတ်ထိသွားသည်။ အဖမ်းခံရပြီး အသတ်ခံရသည်။

    ဤအဖြစ်အပျက်ကိုကြည့်လျှင် မင်းရဲ ကျော်စွာသည် တစ်ယောက်တည်း ဆင်တစ် ကောင်တည်းဖြင့် ရာဇာဓိရာဇ်၏ စစ်တပ်သုံးတပ် ကို ပျက်အောင် တိုက်နိုင်သည်ကိုထောက်၍ အစွမ်းသတ်္တိကြီးမားကြောင်း သိရသည်။ သို့သော် အကူအညီမရ၍ တစ်ယောက်တည်းဖြစ်ပြီး မည် မျှပင် အစွမ်းသတ်္တိကြီးမားသူဖြစ်သော်လည်း ထိုစစ်ပွဲကြီးကို အောင်မြင်ပြီးစီးအောင် မဆောင် ရွက်နိုင်ခဲ့ပါ။ ထိုအဖြစ်အပျက်ကို ထောက်၍ ပင် ကိုယ်က အစွမ်းသတ်္တိကြီးမားသူပင် ဖြစ်ပါသော် လည်း အဖော်သဟဲ အကူအညီ လိုကြောင်း ထင် ရှားပါသည်။ 
 
အကူအညီမှာလည်း အကြီးအငယ် ရှိပါသေးသည် အကူအညီက ကြီးလျှင် ကြီးသ လောက် ခရီးရောက်သည် ခရီးရောက်ပုံကို မြန် မာများက ““အရှင်မွေး နေ့ချင်းကြီး”” ဟူသော စကားပုံဖြင့် သရုပ်ဖော်ထားပါသည်။ အားကိုး ရာအားထားရာ ပုဂ်္ဂိုလ်က ကြီးကြီးမားမား အကူ အညီပေးလျှင် ချက်ချင်း ကြီးပွားတိုးတက်နိုင် သည်ဟု ဆိုလိုပါသည်။ ထို့ကြောင့် နီတိ၌လည်း အောက်ပါအတိုင်း ဆိုထားပါသည်။

    “မဟန္တံ နိဿယံ ကတွာ၊ ခုဒ္ဒေါ ပီတိ မဟာ ဘဝေ။ ဟေမပဗ္ဗတမာပဇ်္ဇ၊ သောဝဏ္ဏာ ကိရ ပက်္ခိနော။”
    မဟန္တံ-ကြီးမြတ်သူကို၊ နိဿယံ ကတွာ-အမှီ ရလျှင်၊ ခုဒ္ဒေါပိ-ငယ်သောသူသည်လည်း၊ အတိမဟာ-အလွန်ကြီးမြတ်သည်၊ ဘဝေ-ဖြစ်၏၊ ဟေမပဗ္ဗတံ-နေရု မည်သော ရွှေတောင်သို့၊ အာပဇ္ဇ-ရောက်၍၊ ပက်္ခိနော-ငှက်တို့သည်၊ သောဝဏ္ဏာ ကိရ-ရွှေအဆင်းရှိကုန်သတဲ့။

    ဆိုလိုရင်းမှာ လောက၌ ကြီးသူကို အမှီရလျှင် ငယ်သူပင်သော်လည်း ကြီးမြတ်သူအဖြစ် ရောက်ရ၏၊ ဥပမာ နေရုမည်သော ရွှေတောင်သို့ရောက်၍ ရွှေ တောင်ကို အမှီပြုရသဖြင့် နေသော ငှက်အပေါင်း တို့သည် ရွှေအဆင်းရှိကုန်သလို ဖြစ်ပါသည်။

    ထို့ကြောင့် မြန်မာစကားပုံ၌ ““ရွှေပင်နား ရွှေ ကျေး””ဟုဆိုထားပါသည်။ ရွှေတောင်ကြီးကို အမှီရ သဖြင့် တောင်၌ နေကြကုန်သော ငှက်အပေါင်းတို့ သည် ရွှေငှက်တွေ ဖြစ်ကုန်ရသည်။ ရွှေငှက်တွေ ဖြစ်ဘို့ ရွှေတောင်ကြီးကို အမှီရဘို့ လိုပါသည်။ ဤကား နီတိအလိုဖြစ်ပါသည်။ နီတိ၌ ““သဗ္ဗညုတုလျောပိ”” ဘုရားရှင်လောက်နီးနီးတော်သူဟု ဆိုထားပါသည်။ တ ပည့်တော်များ စာပေ၌ ““ဂေါတမဗုဒ္ဓ””သည် ဗောဒီ ညောင်ပင်ကို အမှီပြု၍ ပွင့်သည်၊ ““အရိမေတ္တေယျ”” ဘုရားရှင်သည် ဗောဒီကန့်ကော်ပင်ကို အမှီပြု၍ ပွင့် မည်ဟု ဆိုထားသည်။
 
 ဗုဒ္ဓစာပေအလို ဘုရားပင် အမှီ ရှိမှ ပွင့်နိုင်သည်ဟု သိရသည်။ ထို့ကြောင့် မြန်မာစကား ပုံ၌လည်း ““ဘုရားတောင် အမှီရှိမှ ပွင့်သည်””ဟု ဆို ထားပါသည်။ နီတိနှင့် ဗုဒ္ဓစာပေနှစ်မျိုးတို့၏ အလိုအရ မည်သည့်ပုဂ်္ဂိုလ်မဆို အမှီရှိမှ ဖြစ်ပေါ်နိုင်သည် တိုး တက်နိုင်သည် ကြီးပွားနိုင်သည်ဟု ကောက်ချက်ချ နိုင်ပါသည်။

    ဤကား တပည့်တော်၏ ပြောလိုရင်း စကား အတွက် နိဒါန်းဖြစ်ပါသည်။ ““ပင်စည်ထက် အခေါင်းက ပိုကျယ်သွားသည်””ဟုဆိုလျှင် ခွင့်လွတ်ပါ စေတနာပို ဖြစ်ပါလိမ့်မည်။

    တပည့်တော်၏ ပြောလိုရင်း စကားကို ပြောပါ တော့မည်ဘုရား ပြောလိုရင်းက သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္က သိုလ်သို့ တက်ရောက်သင်ကြားမည့် ကျောင်းသားသစ် လည်း အားကိုးရာရှိဖို့ လိုအပ်သည်ဟူသော စကားပါ ဘုရား။ ကျောင်းသားများ၌ ရဟန်းက အများစုဖြစ်၍ ရဟန်းများကို အလေးထား၍ ပြောကြားသွားပါမည် ကျန်ပုဂ်္ဂိုလ်များလည်း ပါဝင်ပြီးသားဟု မှတ်ပါ။

    ရဟန်းများ၌ ဘ၀နှစ်ခု ရှိပါသည် ၎င်းင်းတို့ကား စာသင်သားဘ၀နှင့် ကျောင်းထိုင်ဘ၀တို့ ဖြစ်ပါသည်။ ထိုနှစ်ဘ၀တို့တွင် ယခုအခါ စာသင်သားဘ၀ဖြစ်၍ စာ သင်သားဘ၀၌ အားကိုးရားလိုအပ်မှုကို အဒီကထား ပြောသွားပါမည်။ စာသင်သားဘ၀၌ အားကိုးရာဟူ သည် ဆရာကောင်းဖြစ်သည် ဆရာကောင်းနှင့် တွေ့မှ သာ ပညာတတ်ဖြစ်နိုင်သည်။ ထို့ကြောင့် နီတိ၌ အောက်ပါအတိုင်းမိန့်ထားသည်။

    ““နိပုဏေ သုတမေသေယျ၊ ၀ိစိနိတွာ သုတတ်္ထိကော။    ဘတ္တံဟုက္ခလိယံ ပက္ကံ၊ ဘာဇနေပိ တထာ ဘဝေ။””
သုတတ်္ထိကော-အကြားအမြင်ကို အလိုရှိသော သူသည်၊ နိပုဏေ-သိမ့်မွေ့နက်နဲသော ပညာရှိသော သူတို့ကို၊ ၀ိစိနိတွာ-စူးစမ်း၍၊ သုတံ-အကြားအမြင်ကို၊ ဧသေယျ-ရှာရာ၏။ ဟိ-ဥပမာဖြင့် ထင်စွာပြုအံ့၊ ဘတ္တံ-ထမင်းသည်၊ ဥက္ခလိယံ-ထမင်းအိုး၌၊ ပက္ကံ-ကျက်မူကား၊ ဘာဇနေပိ-ထမင်းပန်းကန်၌လည်း၊ တထာ-ထိုထမင်း အိုးတွင် ကျက်သောအတူ၊ ဘဝေ-ဖြစ်၏။

    ဆိုလိုရင်းမှာ ထမင်းအိုးကပင် မကျက်လျှင် ထမင်းပန်းကန်ထဲ၌လည်း မကျက်တော့ပေ။ ထို့ အတူ ဆရာမတတ်လျှင် တပည့်လည်း မတတ်ပဲ ဖြစ်တတ်သည်။ ထို့ကြောင့် ဆရာကောင်းနှင့် တွေ့ဘို့လိုအပ်သည်။ ကျမ်းပေါင်း (၆၀)ကျော်ကို ပြုစုသွားတော်မူသော ခေတ်သစ် ရှင်မဟာဗုဒ္ဓ ဃောသ အမည်တော်ရ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူစာတတ်ခြင်းမှာ ဆ ရာကောင်းများ၏ စောင်မ ကြည့်ရှုမှုကြောင့် ဟု သူ၏ “တစ်ဘ၀သံသရာခရီး”ဟူသော ကိုယ်တိုင် ရေး အတ္ထုပ္ပတ်္တိကျမ်းစာအုပ်ကြီးတွင် နေရာ အ တော်များများ၌ ဖော်ပြထားသည်။ သူ၏ ဆရာ များကိုလည်း အလေးထားချီးကျူး ဖော်ပြထား သည်။

    ထိုအမရပူရဆရာတော်ကပင် စစ်ကိုင်း တောင်ရိုး အဘယာရာမဆရာတော် ဦးပညာဝန္တ အား ““ဉဏ၀ံသရေ စာတတ်ချင်ရင်၊ ဆူတတ် တဲ့ဆရာသမားကို ရှာထားပြီး ဆည်းကပ်ရတယ် ကွ။ တို့လည်း ဆူတတ်ပါတယ်ကွာ””ဟု မိန့်တော် မူဘူးကြောင်း အဘယာရာမဆရာတော်ကြီးက အမိန့်ရှိဘူးပါသည်။ အဘယာရာမဆရာတော် ၏ဘွဲ့မှာ ဦးပညာဝံသဖြစ်သော်လည်း အမရပူရ တောင်မြို့ဆရာတော်က ဉဏ၀ံသဟု ခေါ်လေ့ ရှိပါသည်။ ဆူတတ်ဟူသည် တပည့်အပေါ် အ လွန်ဂရုစိုက်သူဟု အဒီပ္ပာယ်ရှိပါသည်။ တပည့် တော်တို့ တက္ကသိုလ်၏ အဒီပတိဆရာတော်ကြီး ကလည်း ထိုကဲ့သို့သော ဆရာတစ်ပါးဖြစ် ကြောင်း ပြောပါရစေ။

    ဤနေရာ၌ ပညာရှိတို့၏ ဆိုစကားတစ် ခုကို စကားစပ်လာ၍ ကြားညှပ်ပြောပါရစေ။ ထို စကားမှာ ““နည်းပြဆရာ၊ ပညာရည်ငံ၊ မကုံထံမှု၊ နည်းခံတပည့်၊ ပေါ့သွပ်သွမ်း၏”” ဖြစ်ပါသည်။ ဆင်ဆရာခြေကျိုးနေ၍ ဆင်ဖြူတော်ပါ ခြေကျိုး ဖြစ်သွားဘူးကြောင်း ဇာတ်တော်၌ ဟောထား ချက်များ ရှိပါသည်။ရှေဆောင်နွားလား ဖြောင့် ဖြောင့်သွားက နောက်နွားတစ်သိုက် ဖြောင့်ဖြောင့် လိုက်၏ ဟူသော စကားမှာလည်း ထိုအဒီပ္ပာယ် ကိုပင် ညွှန်းပါသည်။ 
 
ဆရာကစပြီး မဟန်လျှင် တပည့်လည်း ဟန်တော့မည် မဟုတ်သည်မှာ သေချာပါသည်။ ထို့ကြောင့် စာတတ်, အကျင့် ကောင်းဆရာဟူသော မှီခိုရာကို ရဘို့လိုသည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။ ဆရာထော့ကျိုးဖြစ်လျှင် တပည့်လည်း ထို့အတူဖြစ်မည်မှာ သေချာလှပါ သည်။

    ဤနေရာ၌ အလျဉ်းသင့်၍ အရှင်ဘု ရားတို့၏ ဆရာအဓိပတိဆရာတော်၏ ဂုဏ်ပုဒ် ကို တပည့်တော်မြင်သည့် ရှုဒေါင့်မှ ထုတ်ဖော်၍ Message ပေးပါရစေ။ အဒီပတိဆရာတော်၏ အားကိုးရာထိုက်ပုံကို ပေါ်လွင်သွားစေမည် ဖြစ် ပါသည်။

    အဓိပတိဆရာတော်တို့ အင်္ဂလိပ်စာ သင်ရသည့်ခေတ်မှာ ““အင်္ဂလိပ်စကားဆိုလျှင် တိရိစ္ဆာန်စကား၊ အင်္ဂလိပ်စာဆိုလျှင် တိရိစ္ဆာန် အတတ်ဟူသော အယူအဆကြီး အားကောင်းနေ သော အချိန်ဖြစ်ပါသည်။ ဆရာသမားကရော ဒကာဒကာမများကပါ အင်္ဂလိပ်စာသင်သော ဘုန်းကြီးကို အထင်သေးနေသော ခေတ်ကြီးပါ၊ ယနေ့ထိလည်း အကြွင်းကျန်များ အငွေ့အသက် များ ရှိနေပါသေးသည်။ အင်္ဂလိပ်သင်လျှင် လူ ထွက်လိမ့်မည် သားစာမယားစာ သင်နေသော လောကီဘုန်းကြီးဖြစ်သည်ဟု သတ်မှတ်ချက်ကြီး ကြီးဖြင့် အပြစ်ဒဏ်ကြီးပေးနေသော ခေတ်ကြီး ပါ။ အဓိပတိဆရာတော်သည် ထိုခေတ်ကြပ်ကြီး ထဲတွင် လူဖြစ်လာရသူပါ။

    အဓိပတိဆရာတော်သည် ထိုအတွေ့အကြုံကို နင့်နေအောင်ခံစားလာရသူဖြစ်၍ ထိုအယူအဆကြီးကို ဖောက်ခွဲလိုသူပါ။ အင်္ဂလိပ်စကားကို လူစကား၊ အင်္ဂ လိပ်စာကို လူစာအဖြစ်ပြောင်းလဲလိုသူပါ။ ဆရာတော် က တက္ကသိုလ်တည်ထောင်မည်ဟု  တနည်းပြောရလျှင် ““ပိဋကတော်များကို အင်္ဂလိပ်စာဖြင့် သင်ပေးမည်ဟု အသံလွှင့်ရုံတစ်ခုမှ လူတွေ့မေးမြန်းခန်းတွင် ကြေငြာ လိုက်သည့်အချိန်အထိ တိရိစ္ဆာန်စကားနှင့် တိရိစ္ဆာန်ပညာဟူသော အယူအဆကြီး အားကောင်း နေပါသေးသည်။ ခေတ်တစ်ခေတ်ကို ပြောင်းပစ်ဘို့ ကိစ္စမှာ သာမန်လူ လွယ်လွယ်ကူကူ လုပ်နိုင်သော အ လုပ်မဟုတ်ပါ။ ပုဂ်္ဂလ၀ိသေသတို့သာ လုပ်နိုင်သော ကိစ်္စဖြစ်ပါသည်။

    ဤနေရာ၌ စကားစပ်လာ၍ ဝေရဉ္ဇပုဏ္ဏားနှင့် ဘုရားရှင်တို့ ပြောသောစကားများကို ထည့်သွင်းပြော ပါရစေ။ ဝေရဉ္ဇပုဏ္ဏားနှင့် ဘုရားရှင်တို့ တွေ့သည့် အချိန်က ဘုရားသည်(၄၇)နှစ်အရွယ်မျှ ရှိပါသေး သည်။ သိပ်ချောသိပ်လှနေသည့် အရွယ်ပါ။ ရှေးအသုံး ဖြင့် ပြောရလျှင် သိပ်သပ္ပာယ်နေသည့် အချိန်ပါ။ ဝေရဉ္ဇပုဏ္ဏားက ဘုရားထက်ကြီးသည်ဟု သိရသဖြင့် အတော်အိုနေလောက်ပါသည်။

    ““အဒ္ဓ ဂတ ၀ယော အနုပ္ပတ္တ””တို့ကို ထောက် ပါ။ ဘုရားနှင့် တွေ့သောအခါ ဘုရားက ဝေရဉ္ဇအား အလေးမပြုပါ။ ဝေရဉ္ဇပုဏ္ဏားက သူ့အား အလေးဂရု ပြုစေချင်သည်။ ရှိခိုးစေခြင်သည်။ ရှိမခိုးသည့်အတွက် ဘုရားရှင်အား မကျေနပ်ပါ။ ထိုကြောင့် စကားနာ ထိုးသည်။ အရှင်ဘုရားသည် ကြီးသူကို အရိုအသေ ပေးရိုးထုံးစံကို ဖောက်ဖျက်သူဖြစ်သည်ဟု စွပ်စွဲသည်။

    ဤနေရာ၌ ဘုရားရှင်က ဝေရဉ္ဇပုဏ္ဏားအား ကြီးသူ(၂)မျိုးကို ခွဲခြားပြသည်။ ပုဏ္ဏားကြီး ကြီးသူဟာ (၂)မျိုးရှိသည်။ ထို(၂)မျိုးကား အသက်းကြီးသူနှင့် ဂုဏ် ကြီးသူတို့ ဖြစ်သည်။ ထို (၂)မျိုးတို့တွင် ဂုဏ်ကြီးသူသာ အဒီကဖြစ်သည်။ ဂုဏ်ဟူသည် ၀ိဇ္ဇာဉဏ်များဖြစ် သည်။ အ၀ိဇ္ဇာဥခွံမှ ဖောက်ခွဲထွက်သူများတွင် ငါဘုရား သည် ပထမဆုံးပုဂ်္ဂိုလ်ဖြစ်သည်။ 
 
ထို့ကြောင့် လောကရှိ သတ္တ၀ါအပေါင်းတို့တွင် ငါသည် အကြီးဆုံးဖြစ်သည်။ ငါ့ထက် ကြီးသူမရှိ။ ထို့ကြောင့် ငါက သင့်ကို ရှိမခိုးတာ ငါက သင့်အား ရှိခိုးလျှင် သင်၏ဦးခေါင်း (၇)စိတ် ကွဲ သွားပါလိမ့်မည် ဟု ရှင်းပြသည်။ ကြီးသူတို့အား ရှိခိုးမှု ရှေးဓလေ့ထုံးစံကို ဖေါက်ဖျက်သူ မဟုတ်ကြောင်း အ သက်ကြီးသူနှင့် ဂုဏ်ကြီးသူ(၂)ယောက်တို့တွင် အသက် ကြီးသူသည် အဒီကမဟုတ်။ ဂုဏ်ကြီးသူသာ အဒီက ဖြစ်ကြောင်းရှင်းပြကာ ဝေရဉ္ဇပုဏ္ဏားကြီးအား ကျေနပ် စေသည်။

    ဤနေရာ၌ ပြောလိုသည်မှာ ဘုရားရှင်သည် အ၀ိဇ္ဇာဥခွံထဲမှ ပထမဆုံး ထွက်လာသူဖြစ်သည်ဟူသော စကားရပ်ဖြစ်ပါသည်။ ထို့အတူ အဒီပတိဆရာတော် သည် အင်္ဂလိပ်စကားသည် လူ၏စကား အင်္ဂလိပ်စာ သည် လူ့စာဖြစ်သည်ဟူသော အယူအဆသစ်ဖြင့် အယူ အဆဟောင်းမှ ပထမဆုံးဖောက်ထွက်လာသော ပုဂ္ဂိုလ် ဖြစ်သည်ဟု ပြောလိုရင်းဖြစ်ပါသည်။

    ယခုအခါတွင် အဒီပတိဆရာတော်၏ ကျေးဇူး ကြောင့် အင်္ဂလိပ်စာကို ဂုဏ်ရှိရှိ သင်ယူနေရပြီ ဖြစ် ပါသည်။ ဣနြေ္ဒရရ သင်ယူနေရပြီဖြစ်ပါသည်။ ထို့ ကြောင့် အဒီပတိဆရာတော်သည် အားကိုးရာ အစစ် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားပါ။

    အဓိပတိဆရာတော်သည် အားကိုးအားထား ရာ အစစ်ဖြစ်နိုင်ကြောင်းကို ကိုယ်တွေ့ အတွေ့အကြုံ များကို သာဓကပြု၍ ထောက်ခံချက်ပေးလိုပါသည်။ တပည့်တော်သည် အင်္ဂလိပ်စာကို လူမှန်းသိတတ်ကထဲက သင်ယူလိုသော ဆန္ဒရှိ ခဲ့သည်။ ဆရာသမားများနှင့် မိဘများကို ကြောက်၍ ပါးစပ်ပင်မဟရဲပေ။  ပါဠိပထမပြန် စာမေးပွဲများအားလုံးပြီးသွားသောအခါ သတ်္တိ အနည်းငယ် ၀င်လာသည်။ ဘာသာရေးစာမေးပွဲ များ ပြီးသွား၍ ရဲလာကာ ထိုခေတ်အဆို လော ကီထဲသို့ ၀င်လိုက်ပါသည်။ တနည်းပြောလျှင် အင်္ဂလိပ်စာသင်လိုက်ပါသည်။ ထိုအခါ အခက် က တစ်မျိုးဝင်လာသည်။ ၀င်လာသောအခက် အခဲက မည်သည့်ကျောင်းတိုက်ကြီးကမှ လက်မ ခံလိုကြခြင်းဖြစ်သည်။ လောကီလုပ်လျှင် လက် မခံဟူသောဝါဒကို တင်းတင်းကြပ်ကြပ် ဆုတ် ကိုင်းထားကြသည်။ ထို့ကြောင့် နေစရာ, နေရာ အခက်အခဲတွေ့ခြင်းပင်ဖြစ်သည်။ 
 
 
ထို့ပြင် တိုက် ကြီးများထဲတွင် နေသော မိတ်ဆွေအပေါင်း အသင်းများက အထင်သေးပြီး လက်ခံတွေ့ဆုံ ဘို့ပင် ၀န်လေး နေတတ်ကြပါတော့သည်။ ဆက် ဆံပေါင်းသင်းရမှာ တွန့်နေကြခြင်းဖြစ်သည်။ အင်္ဂလိပ်စာသင်တန်းသွားရာမှာလည်း အခက် အခဲတွေ့ရပြန်သည်။ အခက်အခဲတစ်ခုက သင် တန်းတက်နေတာကို အသိများတွေ့သွားမှာ စိုးရိမ်ရခြင်းဖြစ်ပါသည်။ 
 
အသိများတွေ့သွား ပါက ရွာရှိဆရာသမား၊ မိဘများ၊ ဆွေမျိုးများကို သတင်းပေးနိုင်သည်။ ထိုသို့ဖြစ်လျှင် ဆရာ သမားကလည်း ရွာကျောင်းပြန်လာခွင့် ပြုတော့ မည်မဟုတ်၊ မိဘများတွင် အဖေကပြောပြလျှင် နားလည်းနိုင်သေး၏။ အမေကား ရှေးရိုးစွဲ အယူအစွဲသန်သူဖြစ်၍ နားလည်အောင်ပြော၍ ရ မည်မဟုတ်။ အစကထဲက အင်္ဂလိပ်စာသင်လျှင် အမေသေမှာနော်ဟု ကြေငြာထားသူ ဖြစ်၏။
 
 နောက်ထပ် အခက်အခဲတစ်ခု ရှိသေးသည်။ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများထံ အလည်သွားပါက အင်္ဂလိပ်စာအုပ်ကို ကိုင်မသွား ရဲပေ။ ကိုင်သွားပါက ““ခင်ဗျားကလည်းဗျာ ဒီစာ အုပ်ကြီးကို လက်ထည်းကမချဘူး ကျုပ်တို့ထံလာ လျှင် အဲ့ဒီစာအုပ်ကြီးကို ယူ,ယူမလာစမ်းပါနဲ့””ဟု အပြောခံရပါသည်။ ထိုအချိန်က အင်္ဂလိပ်စာ သင်တာကို ပြစ်မှုတစ်ခု(ရာဇ၀တ်မှုတစ်ခု) ကျူး လွန်နေသူအဖြစ် ထင်နေကြသည်။ ကိုယ်တိုင် လည်း ရံခါရာဇ၀တ်မှုများ ကျူးလွန်နေမိသလား ဟု ခံစားရသည်။ ထိုအချိန်က အင်္ဂလိပ်စာသင် သူ မည်သည့်ဘုန်းကြီးကိုမဆို ထောက်ခံသူမရှိ ပါ။ ထိုအခက်အခဲများကို ကြည့်ပါ အဓိပတိ ဆရာတော်အား အဘယ်မျှ ကျေးဇူးတင်ထိုက် သည်ကို တွေ့ရပါလိမ့်မည်။

     ယခုအဓိပတိဆရာတော်၏ ကျေးဇူး ကြောင့် အင်္ဂလိပ်စာကို ခိုးကြောင် ခိုးဝှက်လည်း သင်စရာမလိုတော့ပါ။ ဗြောင်ပင် သင်ခွင့်ရကြပါပြီ၊ ဂုဏ်ရှိရှိလည်းသင်ယူခွင့်ရနေပါပြီ၊ ဆရာ သမားများရှေ့တွင်လည်း ရဲရဲကြီးရပ်တည်ခွင့် ရကြပါပြီ။ မိဘများကိုလည်း ကြောက်စရာ မလို တော့ပါ။ ရပ်ရွာရှိဆွေမျိုးများရှေ့တွင်လည်း ရင်ကော့ပြနိုင်ပါပြီ။ ရှေးက အင်္ဂလိပ်စာသင်လျှင် ဆွမ်းမလောင်းချင်ပါ။ မလှူချင်မတန်းချင်ပါ။ အခြေမဲ့အနေမဲ့အဖြစ် သတ်မှတ်ကြပါသည်။ ယခုအခါ ထိုသို့မဟုတ်တော့ပါ။ အခြေမြင့်၍ အနေတင့်ဘ၀သို့ ပြောင်းလဲသွားပါပြီ။ ထိုသို့ ပြောင်းလဲသွားခြင်းမှာ ဆရာတော်၏ အတွေး အခေါ်သစ်ကြောင့် ဖြစ်ကြောင်း တပည့်တော် များ အရှင်ဘုရားများက, ၀န်ခံရပါမည် ဖြစ်ပါ သည်။

    ယခုအခါ အရှင်ဘုရားများနှင့် တပည့် တော်များဘ၀မှာ အနိမ့်မှ အမြင့်သို့ ပြောင်းသွားပါပြီ။ အမှောင်မှ အလင်းသို့ ပြောင်းသွားပါပြီ။ မှောင်ခိုဘ၀မှ တရားဝင်ဘ၀သို့ပြောင်းသွားပါပြီ။ အဖိအနှိပ်ခံဘ၀မှ အမြင့်စံဘ၀သို့ ရောက်သွားပါပြီ။ အပယ်ခံဘ၀မှ တကယ်အမှန်ဘ၀သို့ ပြောင်းသွားပါပြီ။ တိုးတိုးဘ၀မှ ဟိုးဟိုးကျော်ဘ၀သို့ ပြောင်းသွားပါပြီ။ ထိုကဲ့သို့သော အပြောင်းအလဲများကို ဘယ်သူပေးခဲ့သလဲ တပည့် တော်ဖြေစရာမလိုတော့ပါ။ ရှေ့တွင် ဖေါ်ပြခဲ့သည် များကို စဉ်းစား၍ အရှင်ဘုရားတို့ ကိုယ်တိုင်ရှာကြပါဟု ပြောကြားရင်း တပည့်တော်၏ ““အားကိုးရာရှိမှသာ”” ဟူသော သြ၀ါဒကို နိဂုံးချုပ်ပါသည်ဘုရား...။

အရှင်တေဇနိယ (အုတ်ဖို)

Views: 184

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service