ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မဟာဗောဓိမြိုင် ဆရာတော်ကြီး မဟာမြိုင်တောကြီး မှမိုးမိတ်သို့ကြွတော်မူခြင်း-၂

မဟာဗောဓိမြိုင် ဆရာတော်ကြီး မဟာမြိုင်တောကြီး မှမိုးမိတ်သို့ကြွတော်မူခြင်း-၂


ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ‘မိုးမိတ်’မှာ ရောက်နေ ကြောင်း၊ ရွှေမြင်တင်ဘုရားပေါ်မှာ ယာယီ သီတင်းသုံးနေကြောင်း၊ လူတွေဝိုင်းအုံဖူး နေလို့ တရားဦး ပင်ဟောပြီးဖြစ်ကြောင်း ဒေါက်တာလှထွန်းဝင်း၊ ဒေါက်တာအိုကေနဲ့ ဦးဝင်းဆွေတို့ဆီ ဖုန်းဆက်အကြောင်းကြား လိုက်ပါတယ်။ သူတို့ရဲ့သဘောထားကို တီးေ ခါက်ကြည့်ခြင်းလည်းဖြစ်ပါတယ်။ ဒေါက်တာလှထွန်းဝင်းနဲ့ ဦးဝင်းဆွေတို့ ကတော့ဆရာတော်ကြီးကို ကားနဲ့လိုက်ပို့ခဲ့ သူများပီပီ ဆရာတော်ကြီး ကြွချီတော်မူမည့် ဦး တည်ရာဒေသမိုးမိတ် (သို့ မဟုတ်) မဘိန်း ဆိုတာ သိပြီးဖြစ်နိုင်လောက်ပါတယ်။

သို့သော် ခရီးဆုံးထိ ပို့ခွင့်မရခဲ့ကြ။ ယခု ဆရာတော်ကြီး ဘယ်မှာရောက်နေတယ် ဆို တာ အတိအကျပြောလိုက်တော့ အလွန် အံ့သြနေပါတယ်။ သမာဓိအားကောင်းလို့ ပဲလားမသိ၊ အေးတိအေးစက်တုံ့ပြန်နေ တာကိုကျွန်တော်တို့မှာ ရုတ်တရက် အား မရ။ဒေါက်တာအိုကေကတော့ မဟာမြိုင်မှာ ကျန်ရစ်ခဲ့သူပီပီ ”ကျုပ် ဆွေးနေတယ်ဗျာ။ အခုဆရာတော်ကြီး သတင်းရတော့ အားတက်သွားပြီ။ဆရာသွေးတို့ ဘယ်လို စီစဉ်ထားသလဲ”လို့ ပြန်ပြီးညှိနှိုင်းပါတယ်။

”ကျွန်တော်တို့ကအဓိကတာဝန်ရှိ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဒေါက်တာလှထွန်းဝင်းနဲ့ ဦးဝင်းဆွေ ‘ဝင်းနှစ်ဝင်း’ကို ကျော်လုပ်လို့ မဖြစ် ဘူးလေဗျာ။ ဝင်းဝင်းပေါ်လစီရဲ့ အရိပ် အခြည်ကိုကြည့်ပြီးလှုပ်ရှားရမှာ၊ကျွန်တော်တို့  ရှေ့ကရောက်သွားရင် လူကျွံဘောဖြစ်သွား မယ်။ ဒီတော့ ဆရာအသင့်ပြင်ထား။ အခြေ အနေပေးတာနဲ့ မန္တလေးမှာဆုံပြီး မိုးမိတ် ကြောင်းချီကြတာပေါ့”လို့ ကျွန်တော့်သဘော ထားကို တင်ပြလိုက်တယ်။တစ်ပြိုင်နက်တည်းမှာ ကိုမြတ်သူဆီက  မိုးမိတ် အစီရင်ခံစားချက်ချင်းတက်လာပါတယ်။”မိုးမိတ်၊ တည်းခိုးခန်း သုံးခုရှိ၊ ရွှေဝတ် မှုန်တည်းခိုခန်းက ဒေါ်ချောနဲ့ ဒေါ်ရင်လွမ်း တို့ ညီအစ်မတွေနေ့တိုင်းဆွမ်းလောင်း၊ ဖူးမြော်သူတွေရာဂဏန်းရှိလာ၊ မကြာမီ ဆရာတော်ကြီးရေပြာဂူသို့ ပြောင်းမယ်ဟု သိရ။ ဆရာတော်ကြီးမှာ အစာအိမ်ရောဂါ ကြီးရှိနေ၍ ဆွမ်းပျော့ပျော့ချက်လောင်းရန်၊ ဆွမ်းဟင်းတွင် ငရုတ်သီးလုံးဝမထည့်ရန် ညွှန် ကြားပြီးဖြစ်…”အဲဒီမှာ မိုးမိတ်သာသနာရေးမှူးဦးထွန်း ရီဆီကအရေးပေါ်ဖုန်းဝင်လာပါတယ်။


”ဆရာရေ..တန့်ဆည်က ဦးသန်းရှိန်နဲ့ လေးယောက်အဖွဲ့ ဒီနေ့ရောက်လာပါတယ်”
”သူတို့ဘယ်လိုလုပ်သိသွားတာလဲ”
”တန့်ဆည်က မြို့နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်နဲ့ အင်မတန်ရင်းနှီးပါတယ်။ ဒါနဲ့ သူ့ကိုဖုန်းဆက်ပြောလိုက်တာ။ တန့်ဆည် တစ်နယ်လုံးကလည်းဆရာတော်ကြီး သတင်း  နားစွင့်နေတာ အတော်ဖြစ်သွားတာပေါ့။ ဒါနဲ့ ကိုသန်းရှိန်တို့ ရောက်လာပြီး မဟာမြိုင် ကိုပြန်ပင့်တယ်လို့ကြားတယ်။ဆရာတော်ကြီး က ကန်တော့ဆွမ်းတဲ့ဆ ရာရေ။ ပြန်မကြွဘူး တဲ့။ဒါနဲ့သူတို့အဖွဲ့လည်း ဆရာတော်ကြီး အနားမှာ ဝေယျာဝစ္စလုပ်ကူနေကြပါတယ်”မဟာမြိုင်ရောက်ဖူးသူတိုင်း ဦးသန်းရှိန် ကို မသိသူမရှိပါ။ သူက ဗီဒီယိုဆရာ၊ ဆရာ တော်ကြီး၏ မဟာမြိုင်သာသနာပြုမှတ်တမ်း  ဗီဒီယိုဓာတ်ပြားတွေ အကုန်နီးပါးသူ့မှာရှိပါ တယ်။ ဆရာတော်ကြီး မဟာမြိုင်ရောက်က တည်းက သူပဲမှတ်တမ်းတင်ရိုက်ကူးခဲ့တာ မဟုတ်လား။အားလုံးကိုကျော်ပြီး ဦးသန်းရှိန်တို့အဖွဲ့ မိုးမိတ်ရောက်သွားတာ အံ့ဖွယ်သတင်းထူးပါ ပဲ။ ဒီသတင်းကိုချက်ချင်းပဲ တင်ပြ လိုက်ပါ တယ်။တာဝန်ရှိပုဂ္ဂိုလ်များ အင်မတန်လှုပ်လှုပ် ရှားရှားဖြစ်သွားပါတယ်။ သူတို့အေးတိအေး စက်မနေသာတော့၊ အခုပဲလိုက်သွားတော့ မယ့် နိမိတ်လက္ခဏာတွေ ထင်ရှားတွေ့ မြင်နေရပါတယ်။


”သူတို့လိုက်သွားပြီးရင် တို့လိုက်လို့ရပြီ ထင်တာပဲ။ အာပတ်လွတ်တာပေါ့ကွာ။ ကဲ မင်းဘာသတင်းတွေရသေးလဲ”
”ဧပြီလ ၁၃ ရက် ဆွမ်းခံကြွပြီးရင် ဆရာတော်ကြီးဟာ မနက် ၈နာရီခွဲတိတိမှာ ဂူထဲကိုကြွတော့မယ်လို့ သိရပါတယ်။ အခု ဆွမ်းခံကြွနေတဲ့ ညောင်နီရွာနဲ့ သုံးမိုင်ေ လာက် ဝေးပါတယ်”
မြတ်သူက မိုးမိတ်က ရသမျှ ဖုန်းနံပါတ် တွေ အကုန်လျှောက်ဆက်စုံစမ်းထားပါတယ်။ သာသနာရေးမှူးကြီးကလည်း အလွန်ကျေးဇူး တင်စရာကောင်းလောက်ေ အာင် သတင်းတွေ  ပုံမှန်ပို့ပေးနေပါတယ်။ ”ဒေါက်တာလှထွန်းဝင်း၊ ဒေါက်တာ အိုကေနဲ့ ဦးဝင်းဆွေတို့ ရောက်လာကြပါပြီ။ အင်း..ဟုတ်ကဲ့၊ ဦးသန်းရှိန်တို့အဖွဲ့နဲ့လည်း နားလည်မှုရသွားပါပြီ။

ဟုတ်ကဲ့ ဆရာတော် ကြီးနေကောင်းပါတယ်။ ဒါပေမဲ့ အစာအိမ် ရောဂါပြန်ထနေသလိုပဲ။ ဒီကြားထဲက ကြိုး စားပြီးတရားဟောနေလျက်ပါပဲ။ တို့အစာ အိမ်ကြီးက ပူနေလိုက်တာကွယ် ဝင်လေ ထွက်လေတောင် ပူလို့ဟဲ့လို့ မိန့်ပါတယ်။ တို့ရောဂါက စကားများများပြောမရတဲ့ ရောဂါ လို့လည်း မိန့်ပါတယ်။ သင်္ကြန် တွင်း တရားချီး မြှင့်ပြီးရင် ဆက်မဟောတော့ဘူးထင်တယ် ”ကျွန်တော်တို့ အမြန်လိုက်သွားဖြစ် အောင် တွန်းအားပေးလိုက်တဲ့သတင်းစကား များပါပဲ။ ဟုတ်ပါတယ်။   နှစ်ပေါင်းသုံးဆယ် ကျော် တောတောင်အသီးသီးမှာ ဓုတင် ဆောင်အားထုတ်ခဲ့တဲ့ဆရာတော်ကြီးမှာ အစာအိမ်ရောဂါဖြစ်နေတာကြာခဲ့ပါပြီ။ တစ် နပ်တည်းသောဆွမ်း ကို ၁၁ လုတ်သာ အဓိဋ္ဌာန်ဖြင့်ဘုန်းပေးခဲ့တာလည်းကြာလေပြီ။ ”တို့ ကိုယ်ထဲမှာ လူသတ်လက်နက်ကြီး (အစာအိမ်ရောဂါကိုဆိုလိုသည်)လွယ်ပိုးပြီး သွားနေရတာပါ” လို့မိန့်ဖူးပါတယ်။

လမ်းများ များလျှောက်လျှင်(ဆွမ်းခံကြွလျှင်)ပြတ်နေ သော ခြေမတစ်ဖက်မှ သွေးစိမ်းရှင်ရှင်ယိုစီး ကျနေလေ့ရှိတာလည်း ကျွန်တော်တို့မျက်မြင် ကိုယ်တွေ့ပါပဲ။ ကျွန်တော်ကား သင်္ကြန်ရက် များအတွင်း ဆရာတော်ကြီး၏ အကျင့်မြတ် ဂုဏ်ရည်များကို ‘စွမ်းစွမ်းတမံ သံဃံပူဇေမိ’ ဟူသော ခေါင်းစဉ်အောက်မှာရေး သားပူဇော် လျက်ရှိပါသော်လည်း စာရေးရတာ မဖြောင့် တော့ပေ။ စိတ်ကလည်းမိုးမိတ်သတင်းတွေ ချည်း နားစွင့်ထားရလေရာ စာထဲမှာ အာရုံ ထည့်မထားနိုင်၊တယ်လီ ဖုန်းက တောက် လျှောက်မြည်နေ၊ ဧည့်သည်တွေက တဖွဲဖွဲ ရောက်လာ၊ ဆရာတော်ကြီးသတင်းတွေ  လာမေးနေကြနဲ့၊ စာဖြောင့်ဖြောင့်မရေးရ တော့ပါ။ အခြေအနေေ ပါ် မှာ အဖြေရှာလိုက် တော့ ဗိုလ်မှူးမြသန်းစံက.. ”ကျွန်တော်တို့ အချိန်စောင့်မနေတော့ ဘဲ လိုက်သွားရင် ကောင်းမယ်၊ သင်္ကြန်ပြီးရင် ဆရာတော်ကြီးတရားမဟောေ တာ့ဘဲဝစီပိတ် သွားရင်ခက်မယ်။ဒေသခံဂေါပက အဖွဲ့သစ်နဲ့ စည်းကမ်းချက်တွေထုတ်ပြန်လာရင်ဝင်ရထွက်ရ လျှောက်ထားရတာခက်ကုန်မယ် ကျွန်တော် တို့လိုက် သွားရအောင်။ ခရီးစဉ်အတွက် ကျွန်တော်ပဲတာဝန်ယူပါတယ်။ ကျွန်တော် ကားလက်မှတ်စုံစမ်းကြည့်မယ်”လို့ နှိုးဆော် ပါတယ်။”သင်္ကြန်တွင်းအဝေးပြေးကားတွေ အ သွားအလာမရှိဘူး။

ကျွန်တော်စီစဉ်ကြည့် ပါဦးမယ်။ ဖုန်းပြန်ဆက်မယ်။ အဆင်သင့် လုပ်ထားပါ”လို့ အကြောင်းပြန်လိုက်ပါတယ်။အဲဒီမှာ သင်္ကြန်အကျနေ့ ဧပြီလ ၁၃ ရက်နေ့မနက်ပိုင်းမှာပဲဖုန်းဝင်လာပြန်ပါတယ်။”ဆရာမှတ်မိလား၊ ကျွန်မ မနွယ်၊ အခု ဆရာတော်ကြီးဂူဝက ဆက်နေတာ၊ဒီမှာ တော့ ပရိသတ်တွေပျားပန်းခပ်နေတာပါပဲ။ ကျွန်မတို့လည်း ကိုမြတ်သူအတင်းတိုက်တွန်း တာနဲ့ချက်ချင်းလိုက်လာတာပါ။ ဟုတ်ကဲ့။ကိုခိုင်ဇော်လင်းလည်းပါပါတယ်။ ဒီမှာဟန့် တားတာမရှိပါဘူး။ ဆရာတော်ကြီး ကို ဖူးလည်းဖူရ၊စကားပြောခွင့်လည်းရပါတယ်။ ဟုတ်ကဲ့-ဒီက ဒေသခံတွေနဲ့တိုင်ပင်ပြီး လို အပ်တာတွေ လှူသွားပါမယ်။ အခု..ဆရာ တော်ကြီးကို ဆွမ်းကပ်ဖို့ပြင်နေပါ တယ်။ မိုး မိတ်က သံဃာတစ်ပါးလည်း ရှိနေပါတယ်” စသဖြင့် စီအန်အန်(CNN)သတင်းဌာနမှ တိုက်ရိုက်သတင်းလွှင့်နေသကဲ့သို့ မနွယ်က သတင်းပေးပို့နေပါတယ်။


ကိုခိုင်ဇော်လင်းနဲ့မနွယ်နွယ်ထွန်းတို့ ဟာ ကိုမြတ်သူရဲ့ငယ်သူငယ်ချင်း အင်ဂျင်နီယာ တွေ၊ ကျွန်တော်နဲ့လည်း ရင်းနှီးတယ်။ မန္တလေးက  သူတို့အိမ်မှာ တစ်ညလုံးပဲ ဘာ သာသာသနာဆိုင်ရာစကားတွေပြောခဲ့ကြ ဖူးတယ်။ သူတို့ဆီက နောက်ဆုံးသတင်းတွေ ရလိုက်တော့ ချက်ချင်းလိုက်သွားဖို့ ဆုံးဖြတ် ချက်ကျသွားပါတယ်။ ဗိုလ်မှူးမြ သန်းစံက လည်း အဆင်သင့်ပါပဲ။”ကျွန်တော့်ရဲ့ဓမ္မမိတ်ဆွေတွေ ဦးစိုး မင်း+ဒေါ်နုနုလတ်တို့မိသားစုကလည်း ဆရာ တော်ကြီးကို ဖူးချင်စိတ်ပြင်းပြနေတယ်။ သူတို့ ကားနှစ်စီးစီစဉ်ထားတယ်။ ဗိုလ်မှူးနဲ့ မိုးညှင်း သိ င်္ဂီရိပ်သာမှာ ဆုံးဖူးတယ်လို့ ဒေါ်နုနု လတ် ကပြောပါတယ်။ အားလုံးအဆင်ပြေပါတယ်”ဒီလိုနဲ့ကျွန်တော်တို့ဧပြီ၁၅ရက်၊ သင်္ကြန် အကြတ်နေ့ညနေရန်ကုန်ကထွက်ခဲ့ပါတယ်။ ကံအားလျော်စွာပါပဲ။ ဦးစိုးမင်းက လည်း မေမြို့(ပြင်ဦးလွင်)မှာ ပဋ္ဌာန်းအဓိဋ္ဌာန် အောင်ပြီး ပြန် အလာနဲ့တိုက်ဆို င်နေပါတယ်။ ”ပဋ္ဌာန်းတန်ခိုးနဲ့ဆရာတော်ကြီးကို ဖူးခွင့်ရ တော့မယ်”လို့ ဝမ်းသာစကားဆိုပါတယ်။ သူက လမ်းတံတားအင်ဂျင်နီယာကြီးဆိုတော့ မိုးမိတ်ဘက် လမ်းေ တွဖောက်၊တံတားတွေ ဆောက်ခဲ့ဖူးတယ်လို့ ပြောပါတယ်။

”မိုးကုတ်လမ်းက မသွားဘဲ တွင်းငယ် လမ်းက သွားရင် အချိန်နှစ်နာရီသက်သာ တယ်။ လမ်းအခြေအနေ ကျွန်တော်မေး ကြည့်မယ်”ဦးစိုးမင်းက တွင်းငယ်လမ်းဘက်က သူ့ ဝန်ထမ်းတွေဆီ ဖုန်းဆက်ပြီး မေးကြည့်ပါ တယ်။ လမ်းလွှဲရှိတဲ့နေရာတွေမှာ ပါဂျဲရိုးလို ကားတွေေ မာင်းလို့ရပေမယ့် စူပါကပ်စတန်လို ကားတွေ လမ်းနဲ့ဗိုက်နဲ့မလွတ်ဘူးလို့ အကြောင်းပြန်ပါတယ်။ ဒါနဲ့ ကျွန်တော်တို့ မိုးကုတ်လမ်းအတိုင်းခရီးနှင်ခဲ့ပါတယ်။ လက်ပံ လှကစပြီး သပိတ်ကျင်းလမ်းခွဲထိ လမ်းမ ကောင်းလှပါ။ နွယ်ရုံ၊ကျည်တောက်ပေါက်၊ ဇရပ်ကွင်းစတဲ့ ရွာစဉ်တစ်လျှောက်မှာ ကား တွေ ခုန်ပေါက်နေတော့ရဲ့။ ဒီရွာတွေ ဟာ ရွှေထွက်တဲ့ရွာတွေ၊ ရွှေတောသွားတော လားကား ကြမ်းလှပါဘိ။

မိုးကုတ်အထိ တောင်တက်လမ်းကလည်းအကွေ့အကောက် များလှပါတယ်။ အကွေ့ပေါင်း၉၉ေ ကွ့ ရှိတယ်လို့ ဆိုပါတယ်။မဟာမြိုင်လမ်းနဲ့စာရင်တော့ အများကြီး သက်သာပါတယ်။ တန့်ဆည်မြို့မှ မဟာမြိုင် တောကြီးထိ ပါဂျဲရိုးလို၊ ဆာ့ဖ်လိုကားကြီး တွေ ဗွက်နစ် ဖူးတယ်။ ဖုန်ထုကြီးတွေထဲ ဘီး တွေနစ်ပြီး တဟဲဟဲရုန်းရဖူးတယ်။ အကြောင်း မရှိ အကြောင်းရှာပြီး ကားပျက်ကြတယ်။ မဟာမြိုင်လမ်းမှာ ကားဘီးပေါက်တာ   လောက် ကတော့ ရိုးနေပြီဆိုတာလိုပါပဲ။တော ကြမ်း၊ လမ်းကြမ်း နတ်ကလည်းကြမ်း သေး သနဲ့။ သြော်-ခုတော့လည်း လွမ်းစရာလေး တွေ ဖြစ်ကုန်ပြီ။


”ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထု ခေါင်းစဉ်လိုပဲဗျာ၊ ဆရာတော်ကြီးကတော့ သာ၍ဝေးရာဆီသို့ပါ..”
”မိုးမိတ်လောက်နဲ့ပြီးပါ့မလား၊ ဘယ်ဆက်ကြွဦးမှာလဲ”
”တပ်အပ်မပြောနိုင်ပါဘူး၊ ရွှေလီမြစ် ကိုဖြတ်ပြီး မဘိန်းဘက်က တောနက်နက်ကြီး ထဲက ဂူတွေဆီလည်း ကြွသွားနိုင်တာပဲ”
”ဘာအဓိပ္ပာယ်လဲ”
”ငြိမ်းချမ်းရေးပေါ့၊ငြိမ်းချမ်းရေးဓမ္မဓာတ်၊ မေတ္တာဓာတ်ကသာလျှင်ငြိမ်းချမ်းရေးကို ပေးနိုင်တာ”
မိုးမိတ်နှင့် မြန်မာနံသင့်ဂဏန်းချင်း အတူတူ မိုးမိတ်က မဟာဓမ္မဓာတ်အားကြီး ကြောင့် မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေသား။ ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေသား။


”မိုးမိတ်က ရှမ်းကိုးပြည်ထောင်မှာအရေး ပါတဲ့မြို့၊ ဘုရင့်နောင်မင်းတရားကြီး ကိုယ်တိုင် တပ်စခန်းချပြီး ရှမ်းပြည်အရေး စိတ်အေးရ အောင် စီမံခဲ့တဲ့မြို့။ သက္ကရာဇ် ၉၁၈ခုနှစ် အထိ ဘုရင့်နောင်ဟာ မြန်မာတစ်ပြည်လုံးကို  အောင်တော်မူခဲ့ပေမယ့် ရှမ်းကိုး ပြည်ထောင် ကျန်နေတယ်။ အုန်းဘောင်စော်ဘွားလို မိစ္ဆာ ဒိဋ္ဌိအယူရှိတဲ့သူက အင်းဝကို တက်သိမ်းပြီး မြတ်စွာဘုရားသာသနာကြီးကို ဖျက်ဆီးခဲ့ဖူး တယ်။ဒီမှာက စော်ဘွားတစ်ယောက်သေရင် ဆင်၊ မြင်း၊ ကျေးကျွန်တွေကိုပါ သတ်ပြီး တစ်ကျင်း တည်းမြှုပ်တဲ့ဓလေ့ရှိတယ်။  ဘုရင့် နောင် မိုးမိတ်ကိုသိမ်းပြီးတာနဲ့ အဲဒီ မိစ္ဆာဒိဋ္ဌိ အယူတွေကို ပယ်ဖျက်စေခဲ့တယ်။ ဘုရား၊ စေတီ၊ ကျောင်းကန်တွေ တည်ပေးခဲ့တယ်။

စာတတ်သံဃာတွေနဲ့အတူ ပိဋကတ်သုံးပုံ  ပင့်လာတယ်။စော်ဘွားကစပြီး မြို့သူ၊ရွာသား တွေ တရားနာခိုင်းတယ်။ ဥပုသ်စောင့် ရတယ်။  ဓမ္မဓာတ်အားကြီးနဲ့ တိုင်းကား   ပြည်ရွာသာယာအောင် ဘုရင့်နောင်က စွမ်း ဆောင်ခဲ့တယ်လို့  မှန်နန်းရာဇဝင်မှာ ဖတ် ခဲ့ရတယ်ဗျ”ကျွန်တော်တို့ဟာ စကားတပြောပြောနဲ့ ပဲ နေဝင်ရီတရောအချိန်မှာ မိုးမိတ်မြို့ကလေး ဆီ ချဉ်းကပ်လာမိပါတယ်။ မိုးမိတ်သို့ ၂ဝဝ၉ ခုနှစ်ကပင် ရောက်ခဲ့ဖူးပြီးဖြစ်ပါတယ်။ သစ် ထုတ်လုပ်ရေးမန်နေဂျာ ဦးခင်မောင်ကြည် ဖိတ်လို့ ရောက်ခဲ့ တာပါ။ မိုးမိတ်နဲ့ မိုးကုတ်နယ် ခြားက အံ့ဖွယ်တောင် (ပေ၈ဝဝဝကျော်မြင့်) ပေါ်တက်ပြီး ဆုတောင်းပြည့်ဘုရားမှာ ပုတီး စိပ်ခဲ့ဖူးပါတယ်။ ရွှေမြင်တင်ဘုရားပေါ်မှာ လည်း အဓိဋ္ဌာန်ဝင်ခဲ့ပါသေးတယ်။

မိုးမိတ်မြို့  ရွှေကျောင်းဆရာတော်ကြီး (ပြည်နယ်သံဃာ့ နာယက) ရေးတဲ့ သမိုင်းစာအုပ်ကိုကိုးကားပြီး နဘယံမဂ္ဂဇင်းမှာ အံ့ဖွယ်တောင် အကြောင်း ၅ လဆက်ရေးခဲ့ဖူးပါတယ်။ မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်းမြို့များဟာ မင်းညီနောင်သုံးပါးတည်ခဲ့တဲ့ မြို့ညီနောင် တွေပါ။ ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါး ဟာ မြေးတော်သုံးဦးကို မြို့တည်ပြီး ထီးနန်း စိုးစံကြဖို့ စီစဉ်ပေးခဲ့တယ်။ မြေးအကြီးဆုံး ‘ခွန်ရံ’ ကို ဓားမြောင်ပေးလိုက်တယ်။ ဓား မြောင်စိုက်ရာအရပ်မှာ မြို့တည်ပါ လို့ဆို တယ်။  နမ့်မိတ်ချောင်းနဲ့ နမ့်မောင်းချောင်း ကြားလွင်ပြင်မှာ ဓားမြောင်စိုက်တယ်။

ဒီနေ ရာမှာ မြို့တည်တယ်။ ရှမ်းလို’မိန်းမစ်’ ကနေ ‘မိုးမိတ်’ ဖြစ်လာတယ်။ ဓားမြို့ လို့ အဓိပ္ပာယ် ရတယ်။ မြေးအလတ်ကို စည်တော်ကြီးပေးလိုက် တယ်။ စည်မြည်ရာအရပ်မှာ မြို့တည်တယ်။ ရှမ်းဘာသာနဲ့ ‘မိမ်းကောင်း’ လို့ခေါ်ရာက ‘မိုးကောင်း’ ဖြစ် လာတယ်။ မြန်မာလို ‘စည် မြို့’ လို့ အဓိပ္ပာယ်ရတယ်။ မြေးအငယ်ကို ဆင်တစ်ကောင်ပေးလိုက်တယ်။ ဆင်ဦးကင်း ပေါ် ဗျိုင်းနားရာအရပ်မှာ မြို့တည်တယ်။ ရှမ်းလို ‘မိမ်းယမ်း’ကနေ ‘မိုးညှင်း’ ဖြစ်လာ တယ်။ မြန်မာလို ‘ဗျိုင်းမြို့’ လို့ ဆိုလိုတယ်။”မိုးမိတ်က ဓားမြှောင်မြို့မို့လို့လား မသိပါဘူးဗျာ။ 

ဆရာတော်ကြီး မိုးမိတ်အဝင် ဓားမြှောင်နဲ့ အထောက်ခံရသေးတယ်။ ဆရာတော်ကြီးက တွင်းငယ်လမ်းက ကြွလာ တာဗျ။  ကျောက်မဲလမ်းခွဲအလွန် ‘မိုးဘို’ ရွာကိုကျော်လာပြီး အင်ပင်ကြီးတစ်ပင် အောက်မှာ နားနေတုန်း ဆိုင်ကယ်သုံးစီး ရောက်လာပြီး ဆရာတော်ကြီးကို ဝိုင်းထား တယ်။ စစ်ဆေးမေးမြန်း ကြတယ်။ မချေမငံ အကုသိုလ်ဆန်တဲ့မေးခွန်းတွေမို့ဆရာတော်ကြီး က မဖြေတော့ဘူး။ မောင်တို့သိချင်ရင် တို့ကို လိုက်ပို့တဲ့ ပါဂျဲရိုးကားကြီးကို မီအောင်လိုက် ပြီး သိချင်တာမေးပေတော့လို့ မိန့်လိုက်တော့ မှ ဆိုင်ကယ်သမားတွေ ထွက် သွားတာတဲ့။ မိုးမိတ်ဆိုတာ ဓားမြို့၊ ဓားမြှောင်မြို့၊ မိုးမိတ် မြို့နယ်အဝင် ဓားမြှောင်နဲ့အထိုးခံ၊အထောက် ခံလိုက်ရပါသဗျားလို့ ဆရာတော်ကြီးက ရယ်ရယ်မောမော နဲ့   ပြန်ပြောပြခဲ့ပါသတဲ့။


ဆက်ပါဦးမည် –

မောင်သွေးချွန်

Views: 565

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

Birthdays Today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service