ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

မဟာဗောဓိမြိုင် ဆရာတော်ကြီး မဟာမြိုင်တောကြီးမှ မိုးမိတ်သို့ ကြွတော်မူခြင်း -၃

မဟာဗောဓိမြိုင် ဆရာတော်ကြီး မဟာမြိုင်တောကြီးမှ မိုးမိတ်သို့ ကြွတော်မူခြင်း -၃

Share ပါးစပ်ရာဇဝင်အရ ဓားမြောင်(ဓားမြှောင်)မြို့လို့ခေါ်တဲ့ မိုးမိတ်မြို့အဝင်မှာ ဓားမြှောင်နဲ့ထောက်ပြီးမှ မွှေနှောက်လိုက်သကဲ့သို့ နှောင့်ယှက်ဟန့်တားခြင်းကို ကြုံလိုက် ရပြီး တဲ့နောက် မဟာဗောဓိမြိုင်ဆရာတော်ကြီးဟာ ရှေ့ခရီးကို တောက်လျှောက်မျှော် နေစဉ်မှာပဲ မောင်နိုင်နဲ့ နှင်းမှုန်ဆိုတဲ့ ပန်းရန် လင်မယားက ဆရာတော်ကြီး အနားရောက်လာဖူးမြော်ပါတယ်။ ဆရာတော်ကြီးရဲ့ မျက်နှာတော်မှာ ကြည်လင်ငြိမ်းချမ်း လှပါသော်လည်း ခြေဖမိုးတွေရောင်ကိုင်းလျက်၊ သွေးတွေရွှဲလျက်။ ဆရာတော်ကြီးက ခရီးဆက်မယ်ဆိုတဲ့အခါ ဆက်မကြွဖို့ ပန်းရန်လင်မယားက တောင်းပန်လျှောက်ထားကြပါတယ်။ ”ဆရာတော်ကြီးမှာ ခရီးလည်းပန်းလာပါတယ်။ သက်တော်လည်း ကြီးလှပြီမို့ ဆက်မကြွပါနဲ့ဘုရား” ပန်းရန်လင်မယားမှာ ဘဝအနေ ဆင်းရဲသော်ငြား သဒ္ဓါတရားချမ်းသာသူများ ဖြစ်ကြပါတယ်။

ဆရာတော်ကြီးကို အလွန်ကျော်ကြား ဘုန်းတန်ခိုးကြီးမားတဲ့ ‘မဟာဗောဓိမြိုင် ဆရာတော်ကြီး’ဆိုတာလည်း သူတို့မသိရိုးအမှန်ပါ။ သာမန်အာဂန္တုခရီးသွား သံဃာတော်အရှင်မြတ်တစ် ပါးအနေနဲ့ ရိုးရိုးသားသား ကြည်ညိုမိခြင်းပါ။ ထူးထွေဆန်းပြားတဲ့ စကားအလင်္ကာတို့နဲ့လည်း သူတို့ မလျှောက်ထားတတ်ပါ။ ရိုးရှင်းပွင့်လင်းတဲ့ စကားအားဖြင့်သာ… ”အရှင်ဘုရား ဆက်မကြွနဲ့ဘုရား။ မိုးမိတ်မှာပဲ သီတင်းသုံးတော်မူပါ”လို့ အကြိမ်ကြိမ် လျှောက်ထားခဲ့ပါသတဲ့။ ဘယ်နှကြိမ်လျှောက် ထားသလဲဆိုရင် ၁၈ ကြိမ်တိတိ၊ အကြိမ်ကြိမ်အပ်ကြောင်းထပ်ကာ အသနားခံလျှောက်ထား ရှာပါသတဲ့။ ဆရာတော်ကြီးလည်း ဆိတ်ဆိတ်နေဝန်ခံတော်မူလျက် ပန်းရန်လင်မယား ပို့ဆောင် ရာ ရွှေမြင်တင်ဘုရားပေါ် ကြွလှမ်းတော်မူခဲ့ပါတယ်။ ရွှေမြင် တင်ဆရာတော်ကြီးထံမှာ ခေတ္တသီတင်းသုံး ခွင့်လျှောက်ထားတော့..”ကိုယ်တော်သက်တော် (၇ဝ)ကျော်နေ ပြီ။ အိုကြီးအိုမနဲ့ ဘယ်တွေလျှောက်သွားဦးမှာလဲ”လို့ ရွှေမြင်တင်ဆရာတော်ကြီးက မိန့်တော်မူပါသတဲ့။

မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ခရီးစဉ်ဟာ မိုးမိတ်မှာ တစ်ထောက် နားသွားတဲ့အတွက် လက်ဦးဖူးခွင့်ရပြီး ဆက်မကြွဖို့ တောင်းပန်လျှောက်ထားတဲ့ မောင်နိုင်နဲ့ နှင်းမှုန်ဆိုတဲ့ ပန်းရန်လင်မယားကို အထူးကျေးဇူး တင်ပါတယ်။ ”ပဋ္ဌာန်းဆက်ဆိုတာ ၂၄ ပစ္စည်း၊ ဘယ်ပစ္စည်းနဲ့ဆက်ဆက် အကုန်ကျေးဇူးပြုတဲ့ တရားတွေချည်းပဲ။ တို့ရွာထဲ ဆွမ်းခံဝင်တယ် ဆိုပါတော့။ ”ကန်တော့ဆွမ်းပါ ဘုရား”လို့ အိမ်ထဲက လှမ်းအော်လိုက်တာဟာ ‘နတ္ထိပစ္စယော’နဲ့ ကျေးဇူးပြုလိုက်တာ မဟုတ်ဘူးလား။ မရှိခြင်း၊ ဆွမ်းမကောင်းခြင်းနဲ့ ကျေးဇူးပြုလိုက်တာလေ။ ကန်တော့ဆွမ်းပါ ဘုရားဆိုပြီးတော့ တို့ရဲ့ဆွမ်းလိုချင်တဲ့ လောဘကိုဖြတ် ပေးလိုက်တာ မဟုတ်ဘူးလား။ လောဘကိုသတ်ပေးတဲ့ ကန်တော့ဆွမ်းကို ကျေးဇူးတင်ရတယ်။

တစ်ခါ ဆွမ်းလောင်းပြန်တော့လည်း ‘အတ္ထိပစ္စယော’အနေနဲ့ ကျေးဇူးပြုတာပဲလို့ နှလုံးသွင်းရတယ်။ အဲဒီတော့ တစ်သံသရာ လုံးမှာ ၂၄ ပစ္စည်းနဲ့ လွတ်တာရှိပါဦးမလား” ”မရှိပါဘူးဘုရား” ”မရှိရင် ကျေးဇူးသိတတ်၊ ကျေးဇူးဆပ် ရပါသဗျ။ အဲဒါပဋ္ဌာန်းဗျ၊ ပဋ္ဌာန်းဆက်ဆိုတာ ၂၄ပစ္စည်း ဘယ်ပစ္စည်းနဲ့ ဆက်ဆက် ကျေးဇူး ပြုတတ်တဲ့သဘောမို့ ကျေးဇူး ဆပ်ရတယ်။ ကန်တော့ဆွမ်းလို့ အော်လိုက်တဲ့သူကိုလည်း ကိုယ်ကျွတ်တမ်းဝင်ခါနီးမှာ သူအလာကို စောင့်ခေါ်ရသေးတယ်။ ပဋ္ဌာန်းဆက်မှန်သမျှ တစ်သံသရာလုံး က တွေ့ကြုံဆုံကွဲတွေ အကုန်လုံး သိမ်းကျုံးပြီးတစ်ယောက်မကျန် စောင့်ခေါ်ပြီး ချေချွတ်ပြီးမှ တို့သွားချင်တဲ့ ခရီးဆက်သွားရတာဗျ”တရားကား လေးနက်လှပေစွ။ အရိယာ အရှင်မြတ်ကြီးတို့ရဲ့ သဘာဝကား လူသာမန် တို့ရဲ့ အမြင်မွဲဖြင့် ကွဲကွဲပြားပြားရှုမြင်တတ် ရန်ခဲယဉ်းပေစွ၊

ဆရာတော်ကြီးမှာ ဆေးစက်ကျရာအရုပ်ထင်ဆို သကဲ့သို့ ဘာပဲပြောပြော တရားသဘောသို့သာ တည့်တည့်ကြီးဆိုက် ပါလေတော့တယ်။ အမြိုက်ဓမ္မရေစင် သောက်သုံးချင်သောကြောင့်ပင် ကျေးဇူးရှင် ဆရာတော် ဘုရားကြီးဆီ ခရီးဘယ်လိုကြမ်း ပါစေ၊ အရောက်လာခဲ့ရပြီမဟုတ်ပါလား။မိုးမိတ်အဝင်မှာ ကျွန်တော်တို့ကား သုံးစီးခေတ္တနားလိုက်ကြတယ်။ တစ်စီးက ပါဂျဲရိုးကား၊ ကျွန်တော်နဲ့ ဗိုလ်မှူးမြသန်းစံ တို့အတွက် ဒေါ်နုနုလတ်က သီးသန့်စီစဉ်ပေး တဲ့ကား၊ စူပါကပ်စတန်ကားပေါ်မှာတော့ ဦးစိုးမင်း+ဒေါ်နုနုလတ်မိသားစု၊ မဟာမြိုင် တော ကြီးမှာ ကားပျက်လို့ ဆရာတော်ကြီးကို ဖူးခွင့်မကြုံခဲ့တဲ့ မောင်ဆက်ပိုင်(စစ်အင်ဂျင် နီယာကျောင်းဆင်းဗိုလ်ကြီး)လည်း ဒီတစ်ခါ တော့ အထူးကံကောင်းသွားပြီ။

ကျွန်တော်တို့ ကားနဲ့လိုက်ပါလာကာ ဗိုလ်မှူးမြသန်းစံနဲ့ စကားတပြောပြော။ ပြီးတော့ဆရာတော်ကြီး ရဲ့ လက်ဦးတပည့်ဒကာများဖြစ်တဲ့ ဦးကျော် မြင့်မိသားစုတို့က လည်း စူပါကပ်စတန်ကား တစ်စီးနဲ့။ သူတို့က ဗိုလ်မှူးမြသန်းစံနဲ့ ချိတ် ဆက်ပြီး ပြင်ဦးလွင်ကဆင်းလာတာ၊ မန္တလေး မှာ ဆုံဖို့စီစဉ်ထားပေမယ့် မိုးကုတ်အထွက် ရှုခင်း သာရောက်မှပေါင်းမိကြပြီး အတူတူ ထွက်လာကြတာ၊ ဦးကျော်မြင့်သမီးဒေါ်ခင် ခင်လေးတို့ကားပေါ်မှာ လူကနည်းနည်း၊လှူ စရာပစ္စည်းတွေက ကားနဲ့အပြည့်။ ”ပြောပါဦးဆရာ…အဲဒီပန်းရန် လင်မယားတော့ အတော်ကုသိုလ်ထူးတာပဲ။ ဆရာကြီးဦးသုခရိုက်ပြတဲ့ ရဟန်းစားရသော ဆွမ်းတစ်နပ်ဇာတ်ကားထဲက ဇော်လင်းကြီး လိုပေါ့။ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဆွမ်းလှူ ခွင့်ရလိုက်တဲ့အကျိုးကုသိုလ်ကံလိုပေါ့ဆရာ ရယ်။

အားကျစရာကောင်းလိုက်တာ” ဒေါ်နုနုလတ်က ဆရာတော်ကြီး ရွှေမြင် တင်ဘုရားပေါ်ရောက်သွားရာက ဘာတွေ ဆက်ဖြစ်ခဲ့တယ်ဆိုတာကို စူးစမ်းနေတယ်။”နှင်းမှုန်တို့လင်မယားလိုပဲ ပန်းရန် အလုပ်ကြမ်း ကြုံရာကျပန်းလုပ်တဲ့ ကိုဖြူဆို သူကလည်း ဆရာတော်ကြီးကိုလာဖူးတယ်။ သူက မဟာဗောဓိမြိုင်ဆရာတော်ကြီးမှန်းသိ သွားတယ်။ ဘာပြောကောင်းမလဲ ဆင်းရဲ သား ကိုဖြူဟာဒီကမ္ဘာမှာ အချမ်း သာဆုံး၊ အပျော်ဆုံးလူဖြစ်သွားသတဲ့။ ငါမဟာဗော ဓိမြိုင် ဆရာတော်ကြီးကို ဖူးရလေပြီလို့ ဥဒါန်း ကျူးရင်း သက်ဆိုင်ရာလူကြီးတွေဆီလည်း သတင်းပို့လိုက်တယ်” ”အဲဒါနဲ့ သာသနာရေးမှူးကြီးက ဆရာ့ ဆီဖုန်းဆက်တယ်ဆိုပါတော့” ”ဟုတ်တယ်..ကျွန်တော်လည်း ဦးမြ သန်းစံတို့၊ ဒေါ်နန်းကလျာဝင်းတို့ဆီချက်ချင်း သတင်းပို့တယ်။ သူတို့မသိလို့မဖြစ်ဘူး။ ဆရာ တော်ကြီးရဲ့သာသနာကို အတူတူ ပါဝင်ထမ်း ရွက်နေကြတာ။ ပြီးတော့ ဆရာတော်ကြီးရဲ့ ဓမ္မဒဿနတွေကို စတင်ဖော်ပြခဲ့တာလည်း ပေါ်ပြူလာဂျာနယ်ပဲ။ အခုထိ ဆယ်စုနှစ် တစ်စုကျော်ပြီ။ ကျွန်ေ တာ် ခရီးလွန်နေတဲ့ တစ်ပတ်က ဆရာတော်ကြီးရဲ့စာမူ ပေါ်ပြူ လာကို မပေးမိခဲ့ဘူး။ အဲဒီမှာ တစ်ပုဒ်တလေ ရှိလိုရှိငြားရှာကြပါဦးဟဆိုပြီး ပိုက်စိပ် တိုက်ရှာတော့ မှေ ပ်ါပြူလာမှာ လုပ်နေတဲ့ ကျွန်တော့်တပည့်လေး ဇော်ဝင်းမောင်ဆီမှာ ပုံမနှိပ်ရသေးတဲ့ ဆရာတော်ကြီးရဲ့ အဆို အမိန့်တစ်ခုရတယ်။ အဲဒါနဲ့ ပေါ်ပြူလာ ဂျာနယ်မှာ ဆရာတော့်အဆိုအမိန့်မပျက် မကွက်ပါဝင်တဲ့ အစဉ်အလာကို ဆက်ထိန်း နိုင်ခဲ့တယ်တဲ့။

ဒါတွေကို ကျွန်တော်ခရီးက ပြန်လာမှသိရတာ။ ဒေါ်နန်းကလျာဝင်းနဲ့ ဆုံတော့ ဆရာရယ် နောက်နောင်ခရီးရက် ရှည်သွားမယ်ဆိုရင် စာမူလေး ငါးပုဒ်ကြိုပေး ခဲ့ပါတဲ့။ ဆရာတော်ကြီးရဲ့ တရားဓမ္မတွေ အပေါ် ဒီလောက်တောင် အရိုအသေအလေး အမြတ်ထားပါလားဆိုပြီး ကျွန်တော် ဖြင့် အံ့အားသင့်လေးစားဂုဏ်ယူ မိတော့တယ်။ အဲဒီလိုတွေပါ။ ဆရာတော်ကြီးနဲ့ ပတ်သက်လေသမျှ အကြောင်းအကျိုးတွေက ကျွန်တော်ရော ဗိုလ်မှူးမှာပါ ပြောလို့ မကုန်ဘူး” မှိန်ပျပျ မီးရောင်လေးနဲ့အမှောင်ကို အံတုနေတဲ့ မိုးမိတ်မြို့လေးကို မျှော်ကြည့်ပြီး စကားတွေသွယ်တန်းသွားပါရော။ ”အားကျလိုက်တာဆရာရယ်၊ ကျွန်မတို့ လည်း ဆရာတော်ကြီးသာသနာမှာ တစ်တပ် တစ်အားပါဝင်ချင်ပါတယ်” ”အကောင်းဆုံးကတော့ တတ်အားသမျှ အားထုတ်နေခြင်းဟာ သာသနာမှာပါဝင်နေတဲ့ သဘောပါပဲ။

ဆရာတော်ကြီး မဟာမြိုင်မှာ မကြာခဏဟောလေ့ ရှိပါတယ်။ ဆိုင်ကဝယ်လာတဲ့ ပစ္စည်းတွေလာလှူတာ ကိုယ်ပိုင်အလှူ မဟုတ်သေးဘူး။ တရားအားထုတ်ပြီး တရားနဲ့ပူဇော်ခြင်းသာလျှင် အမြတ်ဆုံးတဲ့” ”အင်း နုတော့ ဆရာတော်ကြီး တရား တွေနာရတာ ဘဝအလှည့်အပြောင်း တစ်ခုကို ရောက်တော့မယ်ထင်တယ်” ”သေချာတာပေါ့။ အထင်ရှားဆုံး သက်သေကတော့ ကျွန်တော်တို့နှစ်ယောက်ပဲ။ ဗိုလ်မှူးမြသန်းစံဆိုရင် မြဝတီရုပ်သံတာ ဝန်နဲ့သုဝဏ္ဏသျှမ်တောင်မှာ လားဟူလီရှော ဗုဒ္ဓဘာသာခံယူပွဲကြီးကိုရောက်သွားတာ။ မနက်ဖြန်ဆရာတော်ကြီးကိုဖူးရတော့မှာ။ ဒီလိုနေ့အထိ သောက်ဖြစ်နေတုန်းပဲ။ ဆရာတော်ကြီးကိုလည်း ဖူးခွင့်ရ၊ တရားလည်း နာ ပြီးရော အရက်တွေ၊ ငှက်ဖျားတွေဘယ် ရောက်မှန်းမသိတော့ဘူး။ တကယ့်ဘဝ အသစ်ဖြစ်သွားတာ။ သူ့စာအုပ်ကြော်ငြာကို ခုထိမှတ်မိနေသေးတယ်။ လူငယ်တစ်ယောက်ရဲ့ အတွေးအမြင်များ ပြောင်းလဲသွားခြင်းနှင့် ဘဝအလှည့်အပြောင်းတစ်ခု စတင်ခြင်းဆိုပြီး “မေတ္တာဓမ္မအေးမြသော သာသနာ့ဆွဲငင်အား” စာအုပ် ကို ကြော်ငြာလိုက်တာ ဝက်ဝက်ကွဲ အောင်မြင်သွားတယ်။

ဟိုဘက်က သီချင်းရေးဆရာ မြသန်းစံရဲ့အောင်မြင်မှုနဲ့ မတူဘူးလို့ထင်တယ်။ ဒီစာအုပ်ပေါက်သွားတာက ဓမ္မရသ၊ ဓမ္မလမ်းကြောင်း..ဘဝအလှည့်အပြောင်းဆိုတာ အဲဒါကိုပြောတာ ဟုတ်တယ်နော် ဗိုလ်မှူး” ”ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီစာအုပ်ကို ပိုက်ဆံရကောင်းစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာမဟုတ်ဘူး။ ဓမ္မရသကို မျှဝေချင်တဲ့ စေတနာနဲ့ ရေးတာ။ ဒီစေတနာက အကျိုး ပေးသွားတာ။ ဓမ္မကစောင့်ရှောက်တာ။ ဒါနဲ့ အသိနဲ့အကျင့်က တွဲသွားရတာဆိုတော့ လောကီအာရုံတွေ ဖြတ်နိုင်သလောက်ဖြတ် ပြီး အားထုတ်ခဲ့ရတယ်” ဗိုလ်မှူးမြသန်းစံက ကျွန်တော်နဲ့စာရင် စကားနည်းပါတယ်။ သူ့မျက်နှာမှာ ဓမ္မရိပ် ထင်ဟပ်ပြီး ပကတိအေးချမ်းတည်ငြိမ်နေပါ တယ်။ သူ့ဘဝရဲ့မျှော်လင့်ချက်ဆိုတာလည်း အားထုတ်တဲ့ဘက်မှာ တိုးတက်လာဖို့ပါပဲ။ ”ဆရာအခုဘာတွေရေးနေသလဲ”ဒေါ် နုနုလတ်ကဆက်မေးပါတယ်။

”ဓမ္မရသအတိုအထွာကဗျာလင်္ကာ လေးတွေလောက်ပဲ အာသာပြေရေးဖြစ်ပါတယ်။ ဆရာတော်ကြီးက စာမရေးစေချင်ဘူးလေ။ စာရေးတယ်ဆိုတာ တွေးရတာကိုး၊ အတွေးဝင်လာရင် တရားကနောက်ဆုတ် သွားတာပဲ။ ဆရာတော်ကြီးမိန့်တော်မူတာပဲ။ တရားအားထုတ်တယ်ဆိုတာမတွေးမိအောင် နေတာရယ်ပါတဲ့။ ချဲ့လိုက်ရင် အကျယ်ကြီးပေါ့။ သိပ်လေးနက်ပါတယ်။ ဆရာတော်ကြီး သြဝါဒပေးလိုက်တာက ယောဂီမြသန်းစံကို စာရေးဆရာမြသန်းစံက လိုက်နှောင့်ယှက် နေတာတဲ့။ ရေးစရာ ရှိတာတွေလည်း တော် တော်ရေးပြီးပြီဆိုတော့ ကျွန်တော်က ယောဂီ မြသန်းစံဘဝကို ပိုပြီး တောင့်တပါတယ်” အနှစ်နှစ်၊အလလတည်ဆောက်ခဲ့ရတဲ့ ‘အောင်မြင်မှု’ကို စွန့်လွှတ်ရတာ အခက်သားပါလေ။ ဆရာမြသန်းစံရဲ့ဘဝက တရားလမ်းပေါ်မှာ။ သူ့ရဲ့ဓမ္မခရီးက ဆရာတော်ကြီး ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ပြန်လေပြီ။

မိုးမိတ်မြို့ရဲ့ရွှေဝတ်မှုန်ည အလွန်မှာတော့ မိုးမိတ်တစ်မြို့လုံး အုန်းအုန်းကျွက်ကျွက်၊ နံနက်ခင်းနဲ့ အတူ နိုးထလာပါတော့ တယ်။ ညောင်နီရွာအဝင်မှာကားတွေ၊ ဆိုင်ကယ်တွေ အပြည့်အသိပ်၊ ဆွမ်းလောင်းဖို့တန်းစီနေတဲ့ လူတန်းကြီးကလည်း ရွာထိပ်ကနေ ရွာလယ်အထိ၊ ကျွန်တော် တို့အတွက် ဆွမ်းနဲ့ ဆွမ်းဟင်းကို “ဒေါ်ရင်လွမ်း”ဆိုတဲ့ အမျိုးသမီးကြီးက ဒါနပြုပါတယ်။ ပိုက်ဆံပေးလို့မယူပါဘူး။ ဆိုင်တွေမှာ လှူဖွယ်ဝတ္ထုတွေ သွားဝယ်တော့လည်း ”ဆရာတော်ကြီးကို လှူဖို့ဆိုရင် ပိုက်ဆံမယူပါဘူး။ လိုချင်တာ အလကားယူသွားပါ”တဲ့။ မိုးမိတ်ရဲ့သဒ္ဓါတရားက မကြုံဘူးအောင် အံ့သြစရာပါပဲ။ မိုးမိတ်ကို ‘ဓားမြို့’လို့ခေါ် ရာက ‘တရားမြို့’လို့ နာမည်သစ်တွင် ပါတော့မယ်။ ဟော့ဟိုမှာ ဆရာတော်ကြီးဆွမ်းခံကြွလာပေပြီ။ အရှေ့ဘက်ငွေတောင်တန်းများပေါ် တရွေ့ရွေ့မြင့်တက် ထွန်းလင်းလာနေတဲ့ နေမင်းကြီးပမာ၊ မင်္ဂလာအပေါင်း ခညောင်းပါလို့လေ။

မိုးမိတ်သူမိုးမိတ်သားတို့ ဆွမ်းလောင်းပုံမှာ ဆွမ်း၊ ဆွမ်းဟင်းခွက်ကလေးတွေ ဦးထိပ်ပေါ် မြှောက်တင်ပြီးကာမှ ဆရာတော်ကြီး သပိတ်ထဲလောင်း လှူကြတာလား။ သာသနာတော်ကြီးကို ဦးထိပ်တင်ထားပါတယ်ဆိုတဲ့ အမှတ်သင်္ကေတ၊ သိပ်လှတဲ့ မြင်ကွင်းလေးပါပဲ။ ဒီမြင်ကွင်းလေးကို ဓာတ်ပုံရိုက်သူ ဗီဒီယိုရိုက် သူတွေလည်း အလုအယက်ပါပဲ။ ဆရာတော်ကြီးမှာ တစ်နာရီနီးပါး ဆွမ်းခံပေးရရှာတယ်။ ပြီးတာနဲ့ရွာလယ်အိမ်ရှေ့ တလင်းပြင်မှာ လျှံထွက်နေအောင် များပြားလှတဲ့ ပရိသတ်ကြီးကို တရားဟောဖို့ ဆရာတော်ကြီး ကြွတော်မူလာပါတယ်။ ကျွန်တော်တို့ တစ်ဖွဲ့လုံးရှေ့ဆုံးက နေရာယူထားကြပါတယ်။ ”ဟာ ဒီရန်ကုန်တွေ ဘာလာရှုပ်တာတုံး။ တို့က မိုးမိတ်ကိုပဲ ဟောမှာပါဆို” မိုးမိတ်တရားနာပရိသတ် ပွဲကျသွားပါ တယ်။ ကျွန်တော်တို့ ဆရာတော်ကြီးကိုဖူးကြ ပုံမှာလည်း ဣနြေ္ဒမရ၊ အငမ်းမရ၊ မိဘရင်ခွင် ထဲ တိုးဝင်နေတဲ့ကလေးလိုပါပဲ။ ”ဟောရတာလည်း မောလှပြီဗျ။

မိုးမိတ်တွေ သဘောပေါက်ရဲ့လား။ မနေ့က မုသာဝါဒထိ ဟောခဲ့ပြီ။ ဒီနေ့သုရာမေရယကို ဆက်ရမှာ” ဆရာတော်ကြီးက သီလအကြောင်း နိဒါန်းပျိုးလိုက်စဉ်မှာပင် ပရိသတ်ဗိုလ်ပုံ အလယ်မှ ပီသကြည်မြတဲ့ အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ”တပည့်တော်မ သီလဖြင့် ပူဇော်ချင်လို့ သီလရှင်ဝတ်ခွင့်ပေးပါဘုရား” ထိုအသံရှင်ကား ဒေါ်နုနုလတ်၊ လောကထုံးစံအရ ‘ဒေါ်’တပ်၍ခေါ်နေရသော်လည်း သူ့အသက်ကလေးဆယ်ကျော်စ၊ ချောမောလှပနေတုန်း၊ ဗြုန်းစားကြီး သီလရှင် ဝတ်မယ်လို့ လျောက်ထားတဲ့အခါ “ဆရာတော်ကြီးကို ဖူးတွေ့ရလျှင် ဘဝအလှည့်အပြောင်း ဖြစ်တတ်သည်”ဆိုတဲ့ မိုးမိတ်အဝင် ပြောလာတဲ့စကားတွေက တစ်ဖန်ပြန် ပြီး အသက်ဝင်လာပါတော့တယ်။ ”ခေါင်းတုံးတုံးဆံပယ်ပြီး သီလရှင် အဝတ်ဝတ်တာနဲ့သီလရှင်ဖြစ်ကရောလားဟဲ့။

သီလရှိမှ သီလရှင်ဖြစ်တာ။ တို့က ရုပ်သီလ ရှင်မလိုချင်ဘူး။ စိတ်သီလရှင်ဖြစ် စေချင်တာ။ အရာရှိများ ရုံးစိုက်တဲ့နေရာမှန်းသိအောင် အလံထူပြထားသလို စိတ်မှာ သီလ လုံပါပြီ ဆိုတာ ကြေညာတဲ့အနေနဲ့ သီလရှင် အဝတ် ဝတ်ရတာ။ နင်ကြေညာရဲလို့လား” ”ကြေညာရဲပါတယ်ဘုရား။ စိတ်မှာ သီလလုံအောင်ထိန်းပြီး ဘာဝနာတရားပွား များချင်ပါတယ်ဘုရား” ဒေါ်နုနုလတ်က ဝံ့ဝံ့စားစားပြန်လည် လျှောက်ထားပါတယ်။ သူ့ခင်ပွန်းဦးစိုးမင်း သော်က အံ့သြသွားပုံရပါတယ်။ သြော်.. ဘဝတစ်ခုရဲ့အလှည့်အပြောင်း၊ ဓမ္မလမ်း ကြောင်းပေါ်မှာလေ။ ဆက်ပါဦးမည်။

မောင်သွေးချွန်

Views: 368

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service