ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

Chong Li, Taiwan R.O.C

ကွက်လပ်ဖြည့်ပါ (သို့) ရဟန်းသံဃာများ နှင့် ဒကာ ဒကာမများ

ကွက်လပ်ဖြည့်ပါ (သို့) ရဟန်းသံဃာများ နှင့် ဒကာ ဒကာမများ

 

      မန္တလေးမြို့က မစိုးရိမ်ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ဒကါအကြောင်းပါ။ တစ်နေ့ အဲ့ဒီဒကာအိမ်ကို 

သူ့မိတ်ဆွေတစ်ယောက်က ရောက်လာပြီး“ဟေ့ကောင် မင်းကတော့ မစားရက်မသောက်ရက်နဲ့စုပြီး

ကျောင်းတိုက်ကြီး လှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ

သင်္ကန်းခါးတောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ” ဆိုပြီး လာပြောသတဲ့။

 

အဲ့ဒါနဲ့ အဲ့ဒီဒကာကလည်း “ဟုတ်လား လာ ကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့ အတူ

နှစ်ယောက်ကျောင်းကိုသွားကြသတဲ့။ ကျောင်းရောက်တော့ သူ့သူငယ်ချင်းပြောတဲ့အတိုင်းပေါ့လေ။

ကျောင်းဝင်းထဲမှာ ဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို

“လာ ကျောင်းတိုက်ပေါ် ခဏတက်ဦး” ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။

 

ကျောင်းပေါ်ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ကိုရင်တွေ စာသင်တဲ့ဘုန်းတော်ကြီးတွေ တရားထိုင်နေ

တဲ့ ဘုန်းတော်ကြီးတွေ အစရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကိုတွေ့သတဲ့။ အဲ့ဒီအခါ ဒကါက သူ့သူ

ငယ်ချင်းဖက်ကိုလှည့်ပြီး “ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲလို့” မေးလိုက်ပါတယ်။ သူ့သူငယ်ချင်း

ကလဲ “မင်းမတွေ့ဘူးလား ဘုန်းကြီးငါးပါးခြင်းခတ်နေတာ။” ဒကါက ထပ်ပြီးတော့ “ဟော့ဒီကျောင်းပေါ်မှာ

စာအံ စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါးရှိမယ်ထင်သလဲ ” လို့ ထပ်မေးလိုက်ပါတယ်။ သူ့

သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီအခါ ဒကါက “အေးဟုတ်တယ် မင်းအပြင်မှာ ခြင်း

ခတ်နေတာကိုပဲ မြင်တာ ကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ပြောသတဲ့။

..........................
.............

အရှင်သူရိယ

ရဟန်းသံဃာနှင့် ပက်သတ်၍ အရှင်သူရိယ ဆုံးမဪဝါဒပေးခဲ့သာလေးကို မှတ်မိသလောက်

သင်ပြရလျှင် …

       တစ်ခါက တိုင်းတစ်ပါး၌ မိဘုရားကြီးသည် ဆဒန်ဆင်မင်း ဘုရားအလောင်းတော်၏ ဆင်စွယ်ကို

နားတောင်းလုပ်ပန်ချင်သည်ဟူ၍ ဘုရင်မင်းကြီးအား လျှောက်ထားလေရာ မင်းကြီးက မုဆိုးအတတ်

ပညာ၌ အကျွမ်းကျင်ဆုံးသူကို ရှာစေပြီ ဆဒန်ဆင်မင်းအား အသတ်ခိုင်းလေသည်။ မုဆိုးက ၇ရက်တိတိ

ဆဒန်ဆင်မင်း၏ တစ်နေ့တာ သွားလာကျက်စား သည့်နေရာများကို လေ့လာပြီး ဆဒန်ဆင်မင်းရေချိုးပြီး

နားလေ့ရှိသော နေရာသို့ ဥမင်လှိုင်ခေါင်းတူး၍ အစိမ့်လှူး လေးမြှားဖြင့် စောင့်၍နေ၏။ ဆဒန်ဆင်မင်း

လည်း ရေချိုပြီ နားလေ့ရှိသော နေရာတို့လာကာ နားလေသောအခါ မုဆိုးကြီးက အစိမ့်လှူးမြှားဖြင့်

ပြစ်လိုက်ရာ ဆဒန်ဆင်မင်း၏ လည်ပင်းတို့သွား၍စိုက်လေ၏။ ထိုအခါ ဆဒန်ဆင်မင်း၏ အပေါင်းအဖော်

များကရန်သူကို အပြေးအလွှာ လိုက်ရှာကြသည်။ ဆဒန်ဆင်မင်းမှာမှူ မြှားက အောက်ဘက်က လာ၍

လည်ပင်းတို့စိုက်ရာ၏ ထို့ကြောင့် ရန်သူသည်အောက်မှာပင်ရှိရမည်ဟူ၍ သိလေသောအခါ မြေကြီးကို

တဖုန်းဖုန်းရိုက်လိုက်လေရာ လှိုင်ခေါင်းပြို၍ မုဆိုးအား ရှာတွေ့လေ၏။ ထိုအခါ ဒေါ သတကြီး နှင့် ဆဒန်

ဆင်မင်းက မုဆိုးအားသတ်ရန် လုပ်သောအခါ မုဆိုးက မိဘုရားကြီးကအဆောင်အဖြင့် ပေးတော်မှူထား

သော ရဟန်း သင်္ကန်း အစကို ထောင်ပြလိုက်လေရာ ဆဒန်ဆင်မင်း၏ ဒေါသသည် လျှပ်တပျက် ဆိုသ

လို ချက်ခြင်း ပျောက်ကွယ်သွားလေသည်။


       ထိုနောက် ဆဒန်ဆင်မင်းသည် မုဆိုးအား အကြောင်းရင်းမေး၍ သိလေသောအခါ ကိုယ်တော်တိုင်

အစွယ်ကိုဖြတ်စေ၍ မုဆိုးအားပေးလေ၏။ "ဆိုလိုရင်းက ရဟန်းသင်္ကန်းကို မြင်၍ ကိုယ့်အသက်ကို

သတ်သူကိုပင် မသတ်ပဲ ကူညီ၍ အသက်ပေးခဲ့လေသော ဆဒန်ဆင်မင်းကို စံနှမှူနာထား၍ ဒကာ ဒကာမ

များအနေဖြင့် အချို့သော ရဟန်သံဃာများ၏ အမြင်မတော်သော အပြုအမှူများ ကို မေတ္တာရှေ့ထားပြီး

ပြောဆိုခွင့်လွတ်သင့်ကြောင်းနှင့် ရဟန်းသံဃာများ အနေဖြင့်လည်း သင်္ကန်းအစကို မြင်၍ ဒေါ်သငြိမ်

သွားလေသော ဆဒန်ဆင်မင်းကို နှလုံးမှု၍ ဝတ်ထားသောသင်္ကန်းနှင့် ထိုက်တန်အောင်သော်လည်း

ကောင်း၊ ဒကာ ဒကာမများအကြည်အညို မပြတ်ရလေအောင် သီလ သမာတိ ဖြင့် ကြိုးစားပြီး နေသင့်

ကြာင်း" ဆုံးမဪဝါဒ ပေးခဲ့လေသည်။
..........................
........

ကွက်လပ်ဖြည့်ပါ


လူသားမှန်သမျှ သူတစ်ပါးအပေါ် အလွန်အပြစ်မြင်လွယ်ပါသည်။ သူ့ကျေးဇူးကို သိသူကား အလွန်ရှားပါ

သည်။ လူသားတို့သည် မိဘ၊ ဆရာ၊ ရဟန်းသံဃာများနှင့် ဆက်ဆံသောအခါ  အပြစ်ကို မကြည့်ဘဲ ကျေး

ဇူးကို ကြည့်တတ်ဖို့ အလွန်လိုပါသည်။ ထိုလိုသော အကွက်ကိုဖြည့်ရန် ဘုန်းကြီး တိုက်တွန်းပါသည်။


  ( ထီးချိုင့်တည်တောဆရာတော်ဘုရားကြီး )

Views: 356

Comment

You need to be a member of ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺 to add comments!

Join ရတနာဝါသ ဘုရားကျောင်း 華緬 三寶寺

ဆင်ခြင်ဖွယ် လိုက်နာဖွယ်ရာ သြ၀ါဒ စကားများ

ပြောမှ သိ၊ ထိမှ နာ၊ သာမှ နေ၊    သေမှ ခင်၊ လူတွင် မကျင့်ရာ။ 

သူတော်ဆည်းကပ်၊ မြတ်တရားနာ၊

လျော်စွာအကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ။
(မိုးကုတ် ဆရာတော်)

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။
မယုံခဲ့ရင်တောင်
မိုက်မကြည့်နဲ့ လိမ္မာပါ။
(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

ရေကြောင့်ဖြစ်သော အညစ်အကြေးကို
ရေနှင့်သာ စင်ကြယ်အောင် ဆေးကြောနိုင်သလို
စိတ်ကြောင့်ဖြစ်သော
အညစ်အကြေးကို
စိတ်နှင့်သာလျှင် စင်ကြယ်အောင် ဆေးကြောနိုင်ပါ၏။
(ဗုဒ္ဓ)

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရီ
တရားစောင့်သောသူကို တရားကပြန်လည်စောင့်ရှောက်ပေး၏။ (ဗုဒ္ဓ)

အသက်ရှင်ဖို့စားပါ။ စားဖို့သက်သက် အတွက်တော့ အသက်ရှင် မနေပါနဲ့။ အများအတွက် သာသနာအတွက် လုပ်စရာတွေ အများကြီးပါ။

သူတော်ကောင်း သူတော်ကောင်း

သူတော်လာအောင် ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။
သူတော်ကောင်း သူတော်ကောင်း
သူမတော်လဲ ကိုယ်ကကောင်း
ဒါမှ သူတော်ကောင်း။

သူတော်ကောင်း သူတော်ကောင်း

သူမကောင်းလည်း ကိုယ်ကတော် 

သူမတော်လည်း ကိုယ်ကကောင်း

ဒါမှ သူတော်ကောင်း။
သူတော်ကောင်းလေးဖြစ်စေချင် စိတ်ထားလှဖို့ပြင်
သတိယှဉ်တယ် သစ္စာသုံး ဒါမှ အမြတ်ဆုံး။

ကတညတ ကတဝေဒီ
ကျေးဇူးတရားကိုသိခြင်း
ကျေးဇူးတရားကို ပြန်လည်ပေးဆပ်ခြင်းသည် မင်္ဂလာမည်ပါ၏။
(ဗုဒ္ဓ)

အတိတ်ကိုတွေး၊ မဆွေးနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂတ်ကိုမှန်းဆ မလွမ်းတနဲ့
အနာဂတ်ဆိုတာမသေချာဘူး။
ပစ္စုပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

ကြီးမြတ်သူတို့နေရာ

ကြီးမြတ်သူဟူသမျှတို့ 

ယူကြသည့် မြတ်နေရာ။ 
ရှောင်တခင်ခုချက်ချင်း 
လျှင်းမရပါ။ 
များသူတို့အိပ်နေရာ 
ညခါပင် သူမနား 
အမြင့်ကို သူမြင်လို့ 
သူအစဉ်နှစ်ဆတိုးလို့ရယ် 
ကြိုးကုတ်လေသား။

(ပြည်တွင်း၊ ပြည်ပသာသနာပြု  အရှင်ဥာဏိက-မြောင်းမြ)

သူတစ်ဖက်သား၊မျက်မာန်ပွါးသော် တရားမကွာ၊ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး၊ကိုယ်ကသုံးလျှင် အရှုံးဘယ်မှာရှိချိမ့်နည်း။
(မင်းကွန်း ဆရာတော်)

 

 

မြန်မာဝက်ဆိုက် ဘလော့များ                 လမ်းညွှန်

(ပုံပေါ်တွင် နှိပ်၍ မူရင်း နေရာသို့ သွားရောက် လေ့လာနိုင်ပါသည်။)

 


picoodle.com






    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၁)

 

    မြန်မာ သတင်းစာ ဂျာနယ်များ စုစည်းရာ (၂)

 

 

 

Click to play this Smilebox slideshow
Create your own slideshow - Powered by Smilebox

    "မြန်မာစာ မြန်မာစကား "

Birthdays

There are no birthdays today

Members

© 2021   Created by ukkmaung.   Powered by

Badges  |  Report an Issue  |  Terms of Service